← Chapters

မိုးကြိုးနှင့်မီး

Vol. 102 Ch. 4.1050

မိုးကြိုးနှင့်မီး

Vol. 102 Ch. 4.1050

ဆရာကြီးထျန်းဟော်သည် စိတ်ဆင်းရဲစွာ အော်ဟစ်ပြီး ရေထဲတွင် အားကြိုးမာန်တက် လှိမ့်နေတာကြောင့် နေရာတိုင်းတွင် ရေများ ပက်ကျဲနေတော့သည်။ သူ့အော်သံက ဆိုလျှင် လူတိုင်း၏ နားထဲတွင် ခြောက်ခြားဖွယ် ကောင်းလောက်အောင် ကြောက်စရာ ကောင်းလှသည်။

ဆရာကြီးထျန်းဟော်လို့ လူသိများတဲ့ သခင်ဟာ တကယ်တော့ မီးတောက်ထဲမှာ တုန်လှုပ်နေပြီ။ အဆုံးသတ်ကို ကြည့်လိုက်ရင် ဘယ်လောက်ထိ ကမောက်ကမ ဖြစ်လာဦးမလဲ ဆိုတာ မပြောနိုင်သေးပါဘူး။

လုရွှမ်ကို ကြည့်​နေသော မျက်လုံးများက အံ့သြထိတ်လန့် ကြောက်ရွံ့နေ​ပြန်သည်။ ဒီကလေးက အရာအားလုံးကို ဘယ်လိုလုပ်ရမယ် ဆိုတာ တကယ်သိနေတာပဲ။

"ကယ်ပါ.... ငါ့ကိုကယ်ပါ!"

ဆရာကြီးထျန်းဟော်သည် စိတ်ဆင်းရဲစွာ အော်ဟစ်နေဆဲ ဖြစ်ပြီး သူ့အသံက ပိုပိုပြီး ကျယ်လောင်လာသည်။ တဖြည်းဖြည်း ပိုနက်ရှိုင်းလာကာ သူ့ကောင်းကင်မီးကတောင် သူ့ကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းစေခဲ့သည်။

လူတစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းနေပြီး လူ့ပုံစံကိုပင် မမြင်နိုင်တော့ပေ။

"​ကောင်​​လေး... ဒါ​လောက်​ပဲ တော်တော့!"

အဘိုးကြီး နှစ်ယောက် ပြေးထွက်လာပြီး တညီတညွတ်တည်း အော်လိုက်သည်။

ဒီအခြေအနေဆိုးကြီးကို သူ မခံနိုင်တော့ဘူး။

လုရွှမ်သည် စိတ်ဆင်းရဲစွာ အော်ဟစ်နေသော ဆရာကြီးထျန်းဟော်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

"လုံလောက်ပြီ ဟုတ်လား? မလုံလောက်​​သေးဘူး! တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံးမှာ ဒေသခံကျင့်ကြံသူ တစ်သိန်းပဲ ကျန်တော့တယ်.... သူ့ကို သတ်လိုက်တာနဲ့ လုံလောက်ပြီလို့ ထင်နေလား!"

“မင်းတို့ တောင်တစ်သောင်းကမ္ဘာက လူတွေကို လွှတ်သင့်တယ်လို့ တွေးဖူးလား... မတွေ့ဖူးဘူး... မင်းတို့ သူတို့ကို ဆက်လိုက်ရှာတယ် ဆက်သတ်တယ်... အစတုန်းက မင်းတို့ သူတို့​ကို ဘယ်လို ဆက်ဆံလဲ အခုငါကလည်း မင်းတို့ကို အဲဒီအတိုင်းပဲ ပြန်ဆက်ဆံမယ်... ငါစိတ် အခြေအနေ ပိုဆိုးလာပြီး မင်းတို့ကို လုံးလုံးရိုက်လိမ့်မယ်... မသန်မစွမ်း ဖြစ်လာတဲ့အထိ ရိုက်ပစ်မယ်! အဲဒီအခါမှ သူတို့ရဲ့ ဝေဒနာကို မင်းတို့သိမှာ ကြောက်တတ်မှာ ကျင့်ဝတ်လည်း သိမှာ..

ရှက်လည်း ရှက်တက်မှာ"

လုရွှမ်သည် မီးတောက်ရဲ့အပိုင်းတစ်ခုကို ကောက်ယူဖို့ လက်ကိုဝှေ့ယမ်းပြီး ပြန်ပေးကာ ဆရာကြီးထျန်းဟော်ရဲ့ ပုံစံကို ထုတ်ဖော်လိုက်ပါသည်။

"မင်းတို့ သူ့အတွက် အချိန်ဆွဲပေးနိုင်မယ် ထင်ရင်တော့ မှားသွားပြီ... ငါ သူ့ကို အသက်ပိုရှည်လေ နာကျင်မှုတွေ ပိုခံစားရလေ ဖြစ်အောင် လုပ်နေမှာ!!"

လုရွှမ်၏ အသံနောက်တွင် ဆရာကြီးထျန်းဟော်၏ ဝမ်းနည်းဖွယ် အော်ဟစ်သံကြီး တစ်ဖန် ထွက်ပေါ်လာပြီး သူ ခံနိုင်ရည်ရှိသော နာကျင်မှုကို ကျော်လွန်လာပြီမလို့ ပို၍ပို၍ မခံနိုင်​တော့မှန်း သိသာလာသည်။

"မင်းက နတ်ဆိုးပဲ!! မင်းသေရင်တောင် ကောင်းကောင်း မသေစေရဘူး"

လုရွှမ် အော်ရယ်လိုက်သည်။

"မင်းတို့ရဲ့ကျိန်စာက ငါ့အတွက်တော့ ခွေးထက်တောင် မသာဘူး... မင်းတို့နှစ်ယောက်က မတ်တပ် ထရပ်လာတာက ဘာကိုဆိုလိုတာလဲ ငါ့ကို တိုက်ချင်​​နေတာလား... ဒါဆိုလည်း လှုပ်ရှားလိုက်တော့!!"

"ကောင်းပြီ မင်းကို ငါသတ်မယ် နတ်ဆိုးကောင်!"

ကျင့်ကြံသူ နှစ်ယောက်သည် တစ်ယောက်က ဘယ်ဘက်မှ နောက်တစ်ယောက်က ညာဘက်မှ ဝန်းရံလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့လက်ထဲမှ စွမ်းအင်များသည် လျှပ်တစ်ပြက်အတွင်း မိုးကြိုးလျှပ်စီးကြောင်းများ တောက်ပသွားသည်။

"မိုးကြိုး.... ဆင်း!"

"နတ်မိုးကြိုး သတ်!"

နှစ်ယောက်သား ကောင်းကင်ကို လက်ညိုးထိုးကာ အော်ဟစ်လိုက်၏။ ထိုအခိုက် ကောင်းကင်တွင် နတ်မိုးခြိမ်းသံများနှင့် မှောင်မိုက်နေသော တိမ်တိုက်များ စုဝေးလာကာ လူနှစ်ယောက်၏ မှော်စွမ်းအားများဖြင့် စုစည်းလာကြသည်။

"နတ်မိုးကြိုးပဲ! မြန်မြန် ဆုတ်ကြ!"

ရုတ်တရက် ကျင့်​ကြံသူတို့ကြားထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားလေသည်။ လက်ကောက်ဝတ်လောက် ထူထဲသော ရွှေရောင်မိုးကြိုး နှစ်ချောင်း ဆင်းသက်လာ၏။ နတ်မိုးကြိုးတွေက သိသာထင်ရှားစွာ ဒေါသထွက်နေပုံဖြင့် လုရွှမ်ဦးခေါင်းထိပ်ကို တိုက်ရိုက် ထိမှန်သွားသည်။

လုရွှမ်သည် မိုးခြိမ်းသံကြောင့် မလှုပ်မယှက် လေထုထဲတွင် ရပ်တန့်နေတုန်း ဖြစ်ပြီး ရုတ်တရက် ပါးစပ်ကို ဖွင့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုအခါ လုရွှမ်၏ပါးစပ်ထဲသို့ လျှပ်စီးကြောင်းနှစ်ချောင်း စီးဝင်သွားလေသည်။

လုရွှမ်၏ သူငယ်ချင်းများမှလွဲ၍ ဝိုင်းအုံနေသော လူများအားလုံး အံ့အားသင့်သွားကြသည်။ လုရွှမ် နတ်မိုးခြိမ်းသံကို သူ့ပါးစပ်ထဲကို တကယ် စုပ်ယူလိုက်တာ ကောင်းကင်က မိုးခြိမ်းသံကြောင့် အစိတ်စိတ် အမွှာမွှာ ဗုံးကြဲခံရမှာကို မကြောက်ဘူးလား။

မိုးခြိမ်းသံ၏ ပြင်းထန်မှုကို ကြည့်ပါက ၎င်းသည် နတ်မီးနယ်ပယ် အထွတ်အထိပ် ကာလက မိုးကြိုးအတိဒုက္ခထက် မနည်းလှပေ။

"မင်း!!"

အဘိုးအို နှစ်ယောက်လည်း အံ့ဩသွားခဲ့ကြပြီး လုရွှမ်က ဒါကို ခံနိုင်ရည်ရှိမယ်လို့ ထင်ခဲ့ကြပေမယ့် တိုက်ရိုက် မျိုချခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါဘူး။

"မိုးကြိုးပစ်!"

တစ်ယောက်သည် ဒေါသတကြီးအော်ကာ ကောင်းကင်မှ မိုးခြိမ်းသံကို ထပ်မံဖြိုခွင်းချရန် ကြိုးစားသည်။ လုရွှမ်ကတော့ မလှုပ်ရှားဘဲ လေထဲတွင် ရပ်တန့်နေဆဲပင်။ ယခင်ကထက် နှစ်ဆပိုထူလာပြီး စည်ပိုင်းထက် ထူထပ်သော မိုးကြိုးက ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် လုရွှမ်သည် မိုးခြိမ်းသံကို သူ့ခန္ဓာကိုယ်ထဲသို့ မစုပ်ဘဲ မိုးကြိုးကို တစ်ချက်ကြည့်လိုက်ပြီး မိုး​ကြိုးသံအောက်တွင် ရပ်နေလိုက်သည်။ ဤအဆင့်၏ မိုး​ကြိုးသည် ခရမ်းရောင် နတ်မိုး​ကြိုးအဖြစ်သို့ မပြောင်းထားတာကြောင့် လုရွှမ်အပေါ် ခြိမ်းခြောက်မှု လုံးဝ မရှိပါ။

မိုး​ကြိုး​နှင့် လျှပ်စီးကြောင်းတို့သည် လုရွှမ်၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်တာနဲ့ ရေအင်တုံ တစ်ခုထဲ စီးဆင်းသွားရသလို လုရွှမ်၏ ခန္ဓာကိုယ်ကို ဆေးကြောလိုက်သလို ထိခိုက်မှု တစ်စုံတစ်ရာ မရှိလာခဲ့ပေ။

"မင်းတို့ရဲ့ မိုး​ကြိုးနဲ့ လျှပ်စီးတွေက အားနည်းလွန်းတယ်!"

လုရွှမ် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်သောအခါ ခရမ်းရောင် နတ်မိုးခြိမ်းသံ အနည်းငယ် ထွက်လာသည်။ ရန်သူကြောင့် သူ့ခန္ဓာကိုယ် အနှံ့ လှည့်ပတ်နေသော ရွှေမိုးကြိုးသည် လုရွှမ်၏ လက်ဖဝါးဆီသို့ အလိုအလျောက် ရောက်ရှိလာသည်။

ထို့နောက် သူသည် ခရမ်းရောင် မိုး​ကြိုးနှင့် လျှပ်စီးကြောင်းတွေ ပျောက်ကွယ်သွားကာ လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။

"မလေးစားဘဲ လာမှတော့ သနားစရာ ကောင်းတာပေါ့... မင်းတို့လည်း ငါ့ရဲ့ နတ်မိုးကြိုးကို မြည်းစမ်းကြည့်သင့်တယ်"

လုရွှမ် အော်လိုက်စဥ် သူ့လက်တွေ တုန်ခါသွားပြီး ခရမ်းရောင် နတ်မိုးခြိမ်းသံက သူ့ကိုယ်ထဲက ကျယ်လောင်စွာ ထွက်လာသည်။

ကောင်းကင်ယံ၌ မပျံ့လွင့်သေးသော မိုးတိမ်တိုက်နှစ်ခုသည် လှိုင်းလုံးကြီးနှင့်အတူ လူးလိမ့်နေ၏။ လုရွှမ်ဆီမှ ပေါက်ကွဲသံများ ထွက်လာပြီး နတ်မိုးခြိမ်းသံ နှစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ကာ နတ်မိုးကြိုး နှစ်ခုအဖြစ် လျင်မြန်စွာ ပေါင်းစပ်သွားကာ ၎င်းတို့ထံမှ ရွှေအနည်းငယ် တောက်ပလာသည်။

ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များသည် ယခင်ကထက် နှစ်ဆ ပိုမိုအားကောင်းလာကြောင်းကို အောက်ဖက်က မည်သူမဆို ခံစားနိုင်သည်။

"သွား!"

အသံဆုံးသည်နှင့် ခရမ်းရောင် နတ်မိုးကြိုးနှစ်စင်း ပေါက်ကွဲထွက်ပြီး ၎င်းတို့နှစ်ဦးကို ထိမှန်သွားသည်။

သူတို့နှစ်ဦးစလုံးသည် မိုးကြိုး လေ့ကျင့်သူများ ဖြစ်သောကြောင့် လုရွှမ် ယင်းကို ထိန်းချုပ်ရန် သူ့ကိုယ်ခန္ဓာကို မည်မျှအထိ သတ္တိရှိရှိ လေ့ကျင့်ခဲ့ကြောင်း သဘောပေါက်သည်။ သူတို့ရဲ့ လက်နက်တွေကို ထုတ်ပစ်ပြီး စွမ်းအင်တွေကို တဟုန်ထိုး တက်လာစေကာ ခုခံဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

နတ်မိုးခြိမ်းသံသည် လူနှစ်ယောက်၏ လက်နက်ကို ထိမှန်ကာ လျှပ်စီးဒဏ်ကို ခံနိုင်ရည် မရှိသော လက်နက်နှစ်ခုက တဖြောင်းဖြောင်း အသံ​ဖြင့် ကျိုးပဲ့သွားသည်။

လုရွှမ်: "မဆိုးပါဘူး... ပထမတစ်​​ချက်ကို ခုခံနိုင်သားပဲ...ထပ်လာမယ်!"

နှစ်ယောက်သား စိတ်ထဲမှာ တိတ်တိတ်လေး ညည်းညူနေကြသည်။ ဤနတ်မိုးခြိမ်းသံက အလွန်ကြောက်စရာ ကောင်းလှသည်။ သူတို့ အတိဒုက္ခများကို ကျော်ဖြတ်ပြီး မျှော်စင်နယ်ပယ်ကို ရောက်ခဲ့သည့် အချိန်လိုပင် ဖြစ်တာကြောင့်မလို့ သူတို့ ထိုနာကျင်မှုမျိုးကို ထပ်၍ မခံစားချင်တော့ပါ။

သို့သော် နတ်မိုးခြိမ်းသံကြောင့် ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားလေရာ ဘယ်လောက် အားကောင်းသလဲ တွေးကြည့်နိုင်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံ့သြနေကြတာကို တွေ့လိုက်ရသည်။

'ဖျင်း ဖြောင်း' ဟူသော အသံနှစ်ချက်နဲ့အတူ ၎င်းတို့၏ လက်နက်များ ကွဲထွက်သွားခဲ့သည်။ အဲဒီနောက် တတိယမြောက် နတ်မိုးကြိုးက ဆက်၍ တိုက်ခတ်လာသည်။

သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း လှည့်ထွက်ကာ တစ်ယောက်ကို တစ်ယောက် စွန့်ပစ်၍ ထွက်ပြေးသွားကြသည်။ နတ်မိုးခြိမ်းသံနှစ်ခုကတော့ သူတို့နှစ်ဦးကို လျင်မြန်စွာပဲ ဖမ်းမိသွားသည်။ သနားစရာကောင်းသော အော်ဟစ်သံများကြားတွင် နှစ်ယောက်သား မြေပြင်ပေါ်သို့ လဲကျသွားရှာ၏။

မိုးခြိမ်းသံသည် ကိုးကြိမ်ဆက်တိုက် ဆင်းသက်လာခဲ့ကာ ၎င်းတို့နှစ်ဦး၏ အလောင်းများကို မီးသွေးခဲများ ဖြစ်သည်အထိ တိုက်ခိုက်ခဲ့သည်။

လုရွှမ်ကတော့ သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး တစ်ဖက်က သူ့လက်ဖဝါးတွေကို ပိတ်၍ မီးလုံးလေးလုံးကို သိမ်းယူလိုက်သည်။ ထိုမှသာလျှင် ဆရာကြီးထျန်းဟော်မှာ ဘယ်အချိန်ကမသိ လုံးဝ မီးလောင်ပြီး သေဆုံးသွားကြောင်းကို သိလိုက်ရသည်။

"နောက်ထပ် ဘယ်သူလာမလဲ"

လုရွှမ် ဆိုလိုက်သည်။ လူများစွာမှာ ဒေါသထွက်သော်လည်း အကူအညီ မဲ့သွားပြန်သည်။

ကောင်းကင်ကြီး ဘယ်လောက်မြင့်မှန်း မသိတဲ့ ဒီအငယ်တန်းလေးကို သခင်တချို့က မတ်တပ်ရပ်နည်း သင်ပေးလိမ့်မယ်လို့ မျှော်လင့်ရင်း တစ်ယောက်ပြီး တစ်ယောက် လှည့်ပတ်ကြည့်နေကြသည်။ သူတို့အတွက် ဤသည်မှာ သူတို့၏ နယ်မြေဖြစ်ပြီး လုရွှမ်က မကောင်းဆိုးဝါး ကျူးကျော်သူ ဖြစ်သည်။

လုရွှမ်သည် ဤလူများ တွေးနေသည်ကို ဂရုမစိုက်ဘဲ သူ့မျက်လုံးများက လူအုပ်ကိုသာ လှည့်ပတ်ကြည့်နေသည်။

အရင်က ထွက်လာတဲ့လူတွေက ဘာမှမဟုတ်သေးပေ။ လူအုပ်ထဲမှာ ပိုပိုပြီး အားကောင်းတဲ့လူတွေ ပုန်းနေတယ်ဆိုတာ သူကောင်းကောင်းသိသည်။ အဲ့လူတွေက သူ့ကိုရှင်းဖို့ မထွက်လာခင် အရင် သူရဲကောင်းတွေ ရှုံးဖို့ စောင့်မျှော်နေကြပြီး သူ့ရဲ့ အားနည်းချက်၊ အားနည်းချက်တွေကို စောင့်ကြည့်နေကြတာပဲ ဖြစ်သည်။

All Chapters