← Chapters

သူငယ်ချင်းတွေက လာကြိုပြီ

Vol. 103 Ch. 4.1051

သူငယ်ချင်းတွေက လာကြိုပြီ

Vol. 103 Ch. 4.1051

"လုရွှမ် ပြန်လာခဲ့ပါတော့... မင်းသူတို့ကို တစ်ယောက်တည်း အနိုင်ကျင့်​နေတာ ငါတို့တောင် ရှက်လာပြီ... ငါတို့ထွက်ပြီး လှုပ်ရှားလိုက်မယ်... မင်း ဘာမှမလုပ်ဘဲ စောင့်ကြည့်နေပေး..."

ပေါင့်တာထင်းက ရယ်​ပြီး ပျံသန်းလာခဲ့ရာ လုရွှမ်လည်း လှည့်ထွက်လာခဲ့သည်။

"ကောင်းပြီ"

ပေါင့်တာထင်း ပျံထွက်လာတာကို မြင်လိုက်ရပြီး သူတို့နှစ်ယောက်ကြားက အထင်အမြင်သေးသံကို ကြားရတော့ လူအုပ်ကို လုံးဝ ဂရုမစိုက်ကြောင်း ထင်ရှားသွားရာ ဘယ်သူမှ သည်းမခံနိုင်တော့ပေ။ ထိုအချိန်တွင် မျှော်စင်နယ်ပယ်က လူတစ်ယောက် ထွက်လာသည်။

"အငယ်တန်းလေး... သိပ်မာနကြီးမ​နေနဲ့ ငါ လော့ယန်မင် မင်းနဲ့ တိုက်မယ်"

ပေါင့်တာထင်း အမြန်ကြည့်လိုက်သော် ဤပါရမီရှင်သည် မျှော်စင်နယ်ပယ် တတိယအဆင့်မှ လူသာဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး သူ၏ အစွမ်းမှာတော့ သာမန်ထက် သာလွန်​ပေသည်။ ပေါင့်တာထင်းကတော့ နတ်မီးနယ်ပယ် အဆင့်၉ တွင်ရှိနေပြီ ဖြစ်ကာ သူသည် နတ်မီးနယ်ပယ်၏ ပြီးပြည့်စုံသော ကာလသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လို​တော့သည်။

ဒီလိုလူတစ်ယောက်က သူ့ကို လျှော့တွက်ပြီး သူ့ကို စိန်ခေါ်ဖို့ သတ္တိရှိတယ်တဲ့လား။

"မင်း အားနည်းလွန်းပေမယ့် သိပ်တော့လည်း မဆိုးလှပါဘူး... ဒီလိုလုပ်ရအောင် ငါမင်းကို ရိုက်မယ် မင်းရှောင်နိုင်ရင် ငါမင်းအသက်ကို ချန်ထားပေးမယ်..."

ကျယ်လောင်သော ကျိန်ဆဲသံများ ထွက်ပေါ်လာလေသည်။ လုရွှမ်တစ်ယောက်နဲ့တင် ယခင်က ရူးသွပ်နေပြီဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သူသည် အမှန်တကယ်ပင် ရူးသွပ်သော အစွမ်းသတ္တိရှိကြောင်း သက်သေပြခဲ့သည်။

ဒီကျပန်းလူက လုရွှမ်ထက်ပင် ပိုမောက်မာနေတာလား။ တစ်ဖက်လူသည် မျှော်စင်နယ်ပယ် တတိယအဆင့်ရှိ လူဖြစ်သော်လည်း လျှော့တွက်၍ မရနိုင်သော လူဖြစ်သည်။ နတ်မီးနယ်ပယ်က လူတစ်ယောက်ရဲ့ မထီမဲ့မြင်ပြုခြင်းကို ခံရတာက သည်းခံနိုင်စရာ ကိစ္စမဟုတ်ဘူးလေ။

လုရွှမ်တို့ဘက်က ရယ်မော လှောင်ပြောင်သံများ ထွက်ပေါ်လာရာ မျှော်စင်နယ်ပယ်ရဲ့ မျက်နှာလည်း မည်းမှောင်သွား​တော့သည်။ သူက ဒေါသတကြီး အော်ပြောလိုက်သည်။

"မင်း မိုက်မဲတဲ့ အစီအစဥ်တွေနဲ့ လာကစားဖို့ မလိုဘူး.... ငါ့ဓားကိုပဲ အရင် ရှောင်စမ်းပါ ပြီးမှ ဆက်ပြော!"

သူ အော်ဟစ်ပြီး ပေါင့်တာထင်းထံ ပြေးဝင်သွား၏။ ပေါင့်တာထင်းကလည်း လက်ညိုးကို မြှောက်လိုက်ပြီး ထိုလူဘက်သို့ ညွှန်ပြလိုက်သည်။

သူတို့နှစ်ယောက်ကို နှိုင်းယှဥ်ကြည့်တော့ တစ်ယောက်က ပြေပြစ်တယ်၊ နောက်တစ်ယောက်က မဆင်မခြင် ဒေါသကြီးပြီး ကြည့်ရတာ သည်းမခံနိုင်စရာပဲ။ ပေါင့်တာထင်းက သူ့ခေါင်းကို ထိသွားတဲ့ ဓားကို လျစ်လျူရှုထားကာ မြဲမြံတဲ့ လမ်းကြောင်းတစ်လျှောက် ပြေးဝင်လာတဲ့ တစ်ဖက်လူရဲ့ နဖူးကိုပဲ လက်ညိုးထိုးထားသည်။

လူတိုင်း နားမလည်နိုင်စွာ ကြည့်နေကြသော်လည်း လူအုပ်ထဲမှ ကျွမ်းကျင်သူ တချို့က ၎င်းတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်ရလိမ့်မည်။

ဒီလူငယ်လေးက အံ့သြစရာပဲ။

ဒီလက်ချောင်းမှာ သူ့စွမ်းရည်တွေ ရှိပြီးသား။

မျှော်စင်နယ်ပယ်က လူသည် ရဲရင့်ပုံရပြီး ဓား၏အရှိန်ကလည်း အလွန်မြန်ပေမယ့် တကယ်တိုက်ခိုက်ဖြစ်လျှင် သူသေမည်မှာ သေချာပါ၏။ ထိုလူကလည်း မမိုက်မဲပါဘူး။ အနည်းဆုံးတော့ မျှော်စင်နယ်ပယ်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီမလို့ ဓားနဲ့ထပ်ခုတ်လို့ မထိခင် လက်နဲ့ထိမိနိုင်တယ်လို့ သူ့စိတ်က ခန့်မှန်းမိနေပါသေးသည်။

သူသည် ထိုလက်ချောင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့မျက်လုံးများ နေရာ မရွှေ့နိုင်တော့ပေ။ လက်ချောင်းတစ်ချောင်းက စွမ်းအင်နဲ့ စိတ်ဝိညာဉ်ကို လုံး၀ စုစည်းထားတဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ထားသည့်အတိုင်းပင်။

ဒီလှုပ်ရှားမှုကို ပိတ်ဆို့ထားမှ ဖြစ်မည်။ မဟုတ်ရင် သူသေမှာ သေချာသည်။ တစ်ဖက်လူသည် ထိုအချက်ကို ချက်ချင်းသဘောပေါက်ပြီး လက်ညှိုးကို ခုခံရန် ဓားကို အမြန် ဝှေ့ယမ်းလိုက်သည်။ အရာအားလုံးသည် တခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။

ပေါင့်တာထင်း၏ လက်ချောင်းသည် တစ်ဖက်လူ၏ ဓါးကိုဖြတ်သွားကာ လက်ချောင်းပေါက်တစ်ခုကို ဓားသွားထဲ ထိုးဖောက်၍ နောက်ဆုံးတွင် တစ်ဖက်လူနဖူးကို ထိမှန်သွားတော့မလို ဖြစ်လာသည်။ တစ်ဖက်လူကလည်း ရှောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပြီး သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ လျှံထွက်နေ၏။

သို့သော် ပေါင့်တာထင်း၏ လက်ချောင်းအောက်တွင် အခွင့်အလမ်း လုံးဝ မရှိသဖြင့် လက်ညှိုးဖြင့် အရှင်လတ်လတ် အသတ်ခံခဲ့ရသည်။ တစ်ဖက်လူ၏ ရုပ်အလောင်းသည် မြေပြင်နှင့် ထိမှန်ကာ နဖူး၊ ပါးစပ်မှ သွေးများ စီးကျလာသဖြင့် ငြိမ်သက်စွာ အနားယူရန် ငြင်းဆိုနေကြောင်း သိသာလှပေသည်။

"ဟမ့် နယ်ပယ်က မဆိုးပေမယ့် အရည်အချင်းက ညံ့လိုက်တာ.... မျှော်စင်နယ်ပယ် တတိယအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာက ကံကောင်းလို့ပဲနေမှာ..."

ပေါင့်တာထင်းမှာ မထီမဲ့မြင်ပြုကာ ကျိန်ဆဲလိုက်သည်။ တကယ့်တိုက်ပွဲအပြီးမှာ ဒီလူတွေက တကယ်ကို အားနည်းနေမှန်း သူသဘောပေါက်သွား၏။ နယ်ပယ်၊ စင်ကြယ်သောကျွမ်းကျင်မှု ရူပါရုံစသည်ဖြင့် မည်သို့ပင်ဖြစ်စေ ၎င်းတို့အားလုံးသည် ကြယ်တစ်​သောင်းကမ္ဘာထက်ပင် ဆိုးရွား​နေ​သေး​သည်။

မမျှော်လင့်ဘဲ မျှော်စင်နယ်ပယ် တတိယအဆင့် လူတစ်ယောက်က သူ့လက်ညှိုးဖြင့် အသတ်ခံခဲ့ရသည်။ ဒါက မြန်ဆန်လွန်းပြီး မယုံနိုင်လောက်အောင်ပါပဲ။ ကြယ်တစ်သောင်းကမ္ဘာက လူတွေဟာ တကယ်ပဲ တန်ခိုးကြီးသလားဟု လူတိုင်းလိုလို တွေးလာကြသည်။

"ကောင်းပြီ ငါလာပြီး လှုပ်ရှားပါရစေဦး...." ရွှမ်ကျီးက ဆိုလိုက်သည်။

"ဟူး.....ပျင်းစရာကြီး..."

ပေါင့်တာထင်း ပြောပြီး ပြန်လှည့်ထွက်သွားသည်။ ရွှမ်ကျီးက လူအုပ်ရှေ့တွင် ခံ့ညားထည်ဝါစွာ ပျံသန်းလာပြီး လူအုပ်ဘက်သို့ လက်သီးဆုပ်လျက် ဂါဝရပြုလိုက်သည်။

"ငါ့ကို စိတ်မပျက်စေနဲ့နော်.... တချို့ သခင်အတွက်ကတော့ ဖုံးကွယ်ဖို့ ခက်တယ်တဲ့ ဟုတ်တယ်မလား.... မင်း! ဟန်ဆောင်မနေနဲ့ ထွက်လာခဲ့!"

ရွှမ်ကျီးသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက်မှ လူအုပ်ထဲ ကြည့်လိုက်သော် ရုတ်တရတ် လေထုက အရှိန်ပြင်းပြင်း လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရပြီး လူအုပ်နောက်တွင် ခွဲထွက်သွားသော လူလတ်ပိုင်းတစ်ဦး ထွက်ပေါ်လာသည်။

"လာ လာ.... တိုက်ကြရအောင်... ဒီရန်ပွဲက ရှောင်လွှဲလို့ မရဘူးဆိုတာ အားလုံးလည်း သိကြတာပဲကို ဘာလို့ ဟန်ဆောင်နေရတာလဲ"

ထို​ပုဂ္ဂိုလ်သည် အသက်ကြီးသော်လည်း ကျင့်ကြံသူအနေဖြင့် သူ့ကိုယ်ရောင်ဝါက ထူးကဲလှ၏။ ထိုနေရာ၌ ရပ်နေသော ဆရာကြီး၏ အမူအရာဖြင့် ပေါ်လာသည်။

"ကြယ်တစ်သောင်းကမ္ဘာက လူတွေအားလုံးက ဒီလောက်​တောင် ကြီးစိုးတတ်တာလား"

လူလတ်ပိုင်းအရွယ်က လှမ်းအော်လေ၏။ လူတိုင်းက သူ့ကိုကြည့်နေပြီမလို့ ပုန်းအောင်းနေလို့ မရတော့ပေ။ လူအုပ်ထဲ ဆွေးနွေးမှုများစွာ ရှိလာခဲ့ပြီး ဤပုဂ္ဂိုလ်၏ လက္ခဏာသည် ထူးထူးခြားခြား ဖြစ်ကြောင်း ထင်ရှားလာသည်။

"ရွှမ်ကျီးပါ... မင်းကိုဘယ်လိုခေါ်လဲ"

"ဟန်ရှောင်... ဝိညာဥ်တစ်သောင်းကမ္ဘာ"

"ငါတစ်ခါမှမကြားဖူးဘူး"

ရွှမ်ကျီးက ပြုံးပြီး ပြောပြန်၏။

"မင်းက မျှော်စင်နယ်ပယ် အဆင့်၇ ခွန်အား ရှိတယ်...နယ်ပယ်က အရမ်းမြင့်ပြီး မင်းပုံစံကလည်း ထူးထူးခြားခြားပဲ ဒါပေမဲ့ မင်းရဲ့စစ်မှန်တဲ့ အင်အားကရော ဘယ်လိုလဲ မသိဘူးနော်.... ကောက်ရိုးအိတ် ခေါင်းအုံးလိုများလား"

"မာနကြီးချက်!"

ဟန်ရှောင်က အော်လိုက်သည်။ သူ့မှာ မျှော်စင်နယ်ပယ် အဆင့်၇ ကျင့်ကြံမှု ရှိသည်။ ဘယ်မှာနေပါစေ တစ်စုံတစ်ယောက်နဲ့တွေ့တဲ့အခါ သူ့ကို ချက်ချင်း နှုတ်ဆက်ပြီး "အကြီးအကဲ" လို့သာ ခေါ်ရလိမ့်မယ်။

သို့သော် ကြယ်တစ်သောင်းကမ္ဘာမှ ဤလူများရှေ့တွင်တော့ မည်သူကမျှ သူ့ကို အလေးအနက် မထားခဲ့ကြပေ။ ဒေါသက အရမ်းထွက်နေပြီ။ လုရွှမ်ရဲ့ ကျင့်ကြံမှု အဆင့်ကိုလည်း သူ ခန့်မှန်းနေပါသည်။

လုရွှမ် အလွန်နိမ့်ကျသော နယ်ပယ် အဆင့်ရှိသော်လည်း သူ့တွင် မရေမတွက်နိုင်သော သဘာဝလွန်စွမ်းအားများ၊ မှော်လက်နက်များစွာနှင့် လျှို့ဝှက်သိုင်းပညာများ၊ မိုးကြိုးနှင့်မီး၊ အရာမျိုးစုံရှိပြီး ၎င်းတို့သည် အဆုံးမရှိပေ။ အထူးသဖြင့် သူ့နောက်တွင် ဤနတ်ဓားရှိသောကြောင့်လည်း အသုံးမပြုရသေးချေ။

သူသည် အညံ့ဆုံးဟု ထင်ရသော်လည်း တိုက်ပွဲဝင်သောအခါတွင် သူက အပြင်းထန်ဆုံး ဖြစ်နိုင်သည်။

အရင်က ပေါင့်တာထင်းကိုလည်း သူ သိပ်ထုတ်ဖော်မပြတတ်ဘူး။ တစ်ကြိမ်ပဲ ထွက်လာပေမယ့် အဲဒါက သူ့ကို ထိတ်လန့် တုန်လှုပ်သွားစေတဲ့ စစ်မှန်တဲ့ ကိုယ်ခံပညာတစ်မျိုးပင်။ သူ့စိတ်ထဲမှာတော့ နောက်တန်းက လိုက်ဖက်တဲ့ ပြိုင်ဘက်လို့ မှတ်ယူခဲ့သည်။

အခု ဒီလူရဲ့ ရောင်ဝါက ပေါင့်တာထင်းထက် အနည်းငယ် အားနည်းနေပြန်သည်။

"အငယ်တန်းလေး မင်းရဲ့ဆရာကိုယ်စား အကြီးအကဲတွေရှေ့မှာ ဘယ်လိုပြုမူရမလဲဆိုတာ ငါသင်ပေးမယ်!"

ဟန်ရှောင်သည် သူ့အစွမ်းကို ပြချင်တာကြောင့် သူ့အရှိန်ကို အပြည့်အဝ အသုံးချတာက ပိုကောင်းတယ်လို့ တွေးမိပါ၏။ ရွှမ်ကျီး၏ မျက်လုံးများ ပြူးကျယ်သွားကာ အသံလည်း ပြောင်းသွားသည်။ ပိုမိုနက်ရှိုင်းလာသည်နှင့် သူ့အသက်ရှုသံက အေးစက်လာသည်။

"ဆရာ့ကိုယ်စား ဘယ်လိုပြုမူရမလဲ ဆိုတာ သင်ပေးမှာလား.... ကောင်းပြီ သိုင်းကွက်သုံးကွက်အတွင်း မင်းမသေရင် မင်းကို ငါ့ဆရာအဖြစ် ကိုးကွယ်မယ်!!"

ရွှမ်ကျီး၏ အငွေ့အသက်များက ပေါက်ထွက်လာပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထွက်လာသည်။

"ဘာ!! နတ်မီးနယ်ပယ် အဆင့်၉ တားမြစ်မြေကြီး!!"

All Chapters