← Chapters

ပြိုကျ

Vol. 103 Ch. 4.1053

ပြိုကျ

Vol. 103 Ch. 4.1053

လုရွှမ်သည် ရှန်ယိတို့ လူငါးယောက်အား ကမ္ဘာ့ရတနာငါးခုကို ဝေငှပေးသောအခါတွင် သူနှင့် နတ်သမီးရှန်းရှဲ့ကိုလည်း လက်ဆောင် ပေးခဲ့သေးသည်။ ၎င်းသည် ကမ္ဘာ့ရတနာငါးပါး နတ်ပုတီးစေ့များထက် သဘာဝအားဖြင့် အဆင့်နိမ့်သော်လည်း အသုံးဝင်ပါသေးသည်။

ဒါပေမဲ့ ရှန်ယိနဲ့ ရှန်းရှဲ့ရဲ့ ခွန်အားက တခြားငါးယောက်ထက် မဆိုးဘူး ဆိုတာကို မြင်လိုက်ရတော့ လုရွှမ်လည်း နည်းနည်းတော့ စိတ်ချသွားသလို ခံစားလိုက်ရသည်။

လုရွှမ်ရဲ့ လက်ဖဝါးပေါ်ကို လက်တစ်စုံက ဆုပ်ကိုင်ထားကာ ၎င်းမှာ နတ်သမီးအောင့်ယွဲ့ပဲ ဖြစ်သည်။ လုရွှမ်ရဲ့ အတွေးတွေကို သိ​နေသလိုပဲ အောင့်ယွဲ့က ပြုံးပြီး ပြောသည်။

"စိတ်မပူပါနဲ့ ရှန်ယိက အရင်က ဘုန်းကြီး မဟုတ်တော့ဘူး... ကျွန်မတို့ အားလုံး ကြီးပြင်းလာကြပြီး အခွင့်အလမ်းတွေနဲ့ ရုန်းကန်မှုတွေ ရှိခဲ့တယ် သူတိုးတက်လာပါပြီ"

လုရွှမ် ခေါင်းညိတ်လိုက်ပြီး "အင်း ငါသူ့ကိုယုံတယ်"

၎င်းတို့ သုံးဦးစလုံးသည် မျှော်စင်နယ်ပယ်က သခင်များဖြစ်ပြီး အဆင့်၅သို့ ရောက်နေကြပြီ။ အဆင့် မြင့်မားသော ကျင့်​ကြံမှုအဆင့် ရှိသူများသည် အနည်းငယ်မျှပင် အရှက်မရှိကြပေ။ လူတစ်ယောက်ကို အနိုင်ယူဖို့က သူတို့အတွက် မခက်ခဲသလိုပင်။

လုရွှမ် မာနကြီးလွန်းသည်။ ထိုသုံးယောက်ဟာလည်း လုရွှမ်သာဆိုလျှင် ထွက်လာရဲမည် မဟုတ်။ သို့သော် ဘုန်းကြီးတွေက ကောင်းကင်က ဘယ်လောက်မြင့်တယ် ဆိုတာ မသိတတ်ကြချေ။

"သတ်ပစ်!"

လူသုံးယောက်က ရှန်ယိကို သတ်ဖို့ တစ်ပြိုင်တည်း လှမ်းအော်လိုက်ကြသည်။ ရှန်ယိက ရယ်မောလိုက်ပြီး သူ့ခန္ဓာကိုယ်က တစ်ချက် လှည့်လိုက်သည်နှင့် ရုတ်တရက် ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းအဖြစ် ပြောင်းလဲသွားပါတော့သည်။

သူ့တစ်ကိုယ်လုံးမှာ ရွှေအိုရောင်များ ဖြာထွက်နေပြီး မပျက်စီးနိုင်သော ရွှေရောင်ကိုယ်ထည်ပင်။ ဓား၊ လှံ၊ ​ကြာပွတ်၊ ဓား​ပြားနှင့် ဓားရှည်များ အပါအဝင် လက်ခြောက်ဖက်ရှိ လက်နက်ခြောက်ခုသည်လည်း အလင်းရောင်ဖြင့် တောက်ပနေပြီး ၎င်းတို့အားလုံးက ဧကရာဇ်လက်နက်များလည်း ဖြစ်သည်။

"ဟားဟား.... ဒါက ရှန်ယိရဲ့ အခွင့်အရေးပဲ!!"

လုရွှမ်လည်း အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်ပြီး သူ့ကို အဆုံးမသတ် ချီးကျူးလိုက်သည်။

ဤအရာသည် မှော်အစွမ်း၏အမွေဖြစ်ပြီး ဤမှော်အစွမ်းသည် မည်မျှ အံ့သြဖွယ်ကောင်းကြောင်း မြင်ယောင်ကြည့်နိုင်သည်။ အောင့်ယွဲ့တို့၏ ကမ္ဘာ့ရတနာများ အမွေဆက်ခံခြင်းနှင့် နှိုင်းယှဉ်ပါက နောင်တွင် ပိုမိုထင်ရှားလာမည့် မှော်စွမ်းအားများ ရှန်ယိ၏ အမွေနှင့် သက်ဆိုင်ပေလိမ့်မည်။

ရှန်ယိရဲ့ ခန္ဓာကိုယ် အပြောင်းအလဲကြောင့် သူတို့သုံးယောက်လည်း ထိတ်လန့်သွားကြသည်။ ဝက်သား မစားဖူးပေမယ့် ဝက်တွေ ပြေးတာမြင်ဖူးတယ်လေ။ ဒီလို ထူးဆန်းတဲ့ မှော်အစွမ်းကို တစ်ခါမှ မမြင်ဖူးပေမယ့် မြင်လိုက်တာနဲ့ ထူးထူးခြားခြား ဖြစ်ရမယ် ဆိုတာ သိလိုက်သည်။

ရှန်ယိရဲ့ အရှိန်အဝါက မပြောင်းလဲ​သေးဘဲ နတ်မီးနယ်ပယ် အဆင့်၅ တွင် ရှိနေသေးသည်။ သို့သော် ခံစားချက်က လုံးဝ ခြားနားသွားပြီး လူများက သူ့ကို အလိုအလျောက် ကိုးကွယ်စေသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။

သို့သော် တစ်ချိန်တည်းမှာပင် လက်နက်ခြောက်ခုသည် လူတို့၏ နှလုံးသားကို တုန်လှုပ်စေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြန်၏။ သူတို့သုံးယောက်သည် သီးခြားနေရာ သုံးခုတွင် ရပ်နေကာ ရှန်ယိ၏ ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းအား တိုက်ခိုက်သည်။

လက်နက်ခြောက်လက်က လုံးဝကွဲပြားတဲ့ လုပ်ရိုးလုပ်စဉ်နဲ့ ခုခံတိုက်ခိုက်နေသည်။ လက်နက်ပုံစံတွေက ကွဲပြားပေမယ့် ရှန်ယိရဲ့ ထိန်းချုပ်မှုအောက်မှာ လူတစ်ယောက်က အဲဒါတွေကို အကုန်သုံးနေသလိုပင်။

သူတို့သုံးဦးသည် အမှီအခိုကင်းစွာ တိုက်ခိုက်ကြသော်လည်း မကြာမီမှာပင် တဖြည်းဖြည်း အရေးနိမ့်လာသည်။ ရှန်ယိသည် လူ ၃ ဦးကို သူတစ်ဦးတည်းဖြင့် နှိမ်နင်းခဲ့ပြီး သုံးဦးသား အတန်ကြာ ခုခံပြီးနောက် လက်နက်ခြောက်လက်ဖြင့် အကြိမ်ကြိမ် ခုတ်ထစ်ခံခဲ့ရသည်။

"ဟမ့် မင်းငါ့ကို မထီမဲ့မြင် လုပ်ရဲတယ်ပေါ့... မြတ်စွာဘုရားက မင်းကို အပြစ်ပေးပြီး အနောက်ကောင်းကင်ကို သွားလိမ့်မယ်ကွ!!"

အကြီးအကဲများအဖွဲ့ရဲ့ အိမ်ကို ဝိုင်းရံထားတဲ့ လူတွေဟာ အဲဒီနည်းနဲ့ လူသုံးယောက်ကို သတ်ပစ်နိုင်တဲ့ စွမ်းအားတွေ တကယ်ကို သူတို့ စိတ်ကူးယဉ်တာထက် ဝေးနေပြန်လေသည်။

"အရူးဘုန်းကြီးရှန်ပဲ... အဲဒါ ဆန်းကြယ်ကောင်းကင် အိမ်တော်က အရူးဘုန်ကြီး!!"

ရုတ်တရက် လူတစ်ယောက်က ဟစ်အော်ရင်း ဘုန်းကြီးရှန်ကို ကြည့်လိုက်တဲ့ သူ့မျက်လုံးတွေက အံ့သြစရာတွေ ပြည့်နှက်နေတော့သည်။ ရှန်ယိသည် ဆန်းကြယ်ကောင်းကင် အိမ်တော်က ပါရမီရှင် ဖြစ်လေရာ ဒီလိုခွန်အားမျိုး ရှိနေတာက မဆန်းတော့ပေ။

အရင်ကတော့ ဒီလူတွေဟာ အိမ်ကြီးကို ဝိုင်းထားတယ်၊ ပိတ်ဆို့ထားတယ်၊ ထွက်သွားဖို့ တားမြစ်တယ်၊ ဒီမှာ အားလုံးကို ချေမှုန်းပစ်ချင်တယ်လို့ ပြောလို့ရပါ၏။ ဒါပေမဲ့ အခု စင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် တက်လာတော့ ဝိုင်းထားတဲ့ အခြေအနေတွေကလည်း ပြောင်းလဲလာသည်။

သူတို့၏ဝိုင်းရံမှုသည် ပြီးပြည့်စုံသော ဟာသတစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

လုရွှမ်နဲ့ တခြားသူတွေက အလျင်အမြန်ထွက်ချင်ရင် သူတို့ဆန္ဒအတိုင်း လုပ်ပေးရုံသာ ရှိတော့သည်။ လူအုပ်ကြားထဲတွင် ကျွမ်းကျင်သူ များစွာရှိသော်လည်း ၎င်းတို့သည် အခြားသူများ၏ ကြွေပြားပေါ်ရှိ နှင်းခဲများကို မခွဲခြားတတ်ဘဲ သုတ်သင်နေခြင်းသာ ဖြစ်သည်။

ကိုယ့်ကိုကိုယ် ပညာရှိရှိနဲ့ ကာကွယ်ဖို့ဆိုတာ ကြိုးကြိုးစားစား လုပ်တိုင်း အကောင်းဆုံး ဖြစ်လာနိုင်တဲ့ အရာတော့ မဟုတ်ချေ။ လုယက်စုဆောင်းရာတွင် အပြင်းထန်ဆုံးနှင့် အသန်မာဆုံး ဖြစ်ကောင်း ဖြစ်ခဲ့နိုင်သော်လည်း ယခုအချိန်တွင်တော့ လူတိုင်းဆီက ဟားတိုက်ခံရမယ့် အခြေအနေ ရောက်နေပြီ။

တောင်တစ်သောင်းကမ္ဘာက အပြောင်းအလဲများ အကြောင်း ကြားပြီးနောက် လူများစွာက ဤနေရာကို ရောက်လာကြသည်။ ဤနေရာတွင်ရှိ ရောင်ဝါကို ခံစားမိပြီးနောက် သဘာဝရတနာများကို ရှာဖွေကြသည်။

ဂိုဏ်းကြီးရှစ်ခုကို လုယက်ရန် အင်အားမရှိဘူးဟု ယုံကြည်ကြသော်လည်း ဒေသခံ ကမ္ဘာသားများကို ရန်ဘက်မပြုနိုင်ဘူးလို့ ဘယ်သူက ပြောထားသလဲ။

လုရွှမ်နှင့် အခြားသူများသည် ဂိုဏ်းကြီး ရှစ်ခုအတွက် အမှန်တကယ် လက်စားချေ သတ်ဖြတ်လိုသူများဖြစ်ပြီး ၎င်းတို့တွင် ခွန်အားလည်း အများအပြားရှိသည်။ သူဟာ တောင်တစ်သောင်းကမ္ဘာက ဘယ်သူ ဖြစ်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိကြပါသည်။

တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများသည် စိတ်လှုပ်ရှားဖွယ် ကောင်းသည်မှာ သေချာသော်လည်း ဂိုဏ်းဂဏများအတွက် တိုက်ပွဲဝင်ခြင်းနှင့် ပြည်တွင်းပြည်ပ ကျူးကျော်သူများကြား တိုက်ပွဲများက ၎င်းတို့အတွက် သိုင်းလောက မြင်ကွင်းတစ်ခုသာ ဖြစ်သည်။

သူတို့ ဒီလမ်းကြောင်းကို နားလည်ထားသလို လုရွှမ်က ပိုတောင် သိသေးသည်။ ထိုလူများအတွက် သူ့သဘောထားကတော့ သတ်ပစ်ခြင်းပါပဲ။ အခြားလူများက စိတ်လှုပ်ရှားမှု၊ တုန်လှုပ်ဖွယ် မြင်ကွင်းကို ကြည့်ပြီး သင်ခန်းစာ ယူရလိမ့်မည်။

ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လေလေ၊ အခြားလူများသည် သဘာဝအတိုင်း ကြောက်လန့်ကာ ဒုက္ခရောက်နေသော ရေပြင်တွင် ငါးမဖမ်းဝံ့ကြလေပင်။

"ဘယ်သူလဲ လာဦးမလဲ?"

လုရွှမ် မတ်တပ် ထရပ်ကာ ဆိုလိုက်သည်။ လူတိုင်းရဲ့နားထဲမှာ ဒီစကားတွေက သူတို့ရဲ့ နှလုံးသားတွေကို နှိုးဆော်နိုင်ပြီး တောင်တစ်သောင်းကမ္ဘာက ဒေသခံ ကျင့်ကြံသူတွေကိုပါ လျှော့မတွက်ရဲအောင် ဖြစ်သွားစေသည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသော ခေါင်းဆောင်ဟာ အနာဂတ်တွင် တောင်တစ်သောင်းကမ္ဘာ၏ ပြည်သူများကို အရှက်ရစေမည့် မည်သူမဆို ၎င်းတို့တွင် ခွန်အားရှိမရှိ စဉ်းစားရန် လိုအပ်ကြောင်း သတိပေးလိုက်စေပြီ။

ဂိုဏ်းကြီးရှစ်ခုကို သိမ်းပိုက်ထားသူများ အားလုံး တစ်စုပြီး တစ်စု ကွဲသွားကြသည်။ သူတို့အတွက် ခက်ခဲတဲ့ အရာတွေကို လုပ်ချင်သလို သတ်ပစ်ပြီး အရိုက်ခံရတဲ့သူလို့ ယူဆရင် ကံမကောင်းနိုင်တော့ပေ။

ခဏအကြာတွင် လူတိုင်းလူစုခွဲကြပြီး ငြိမ်သက်သွားရာ လုရွှမ်တို့လည်း အကြီးအကဲများအဖွဲ့ အိမ်သို့ ပြန်သွားကြသည်။

"ကျွန်မ ပြောရဦးမယ်.... ဒီကမ္ဘာငယ်လေးကြားက ကွာဟမှုက တကယ့်ကို ကြီးမားတာပဲ!"

လီလင်ရှို့က အော်လေသည်။ ဤကဲ့သို့ ဝေးလံခေါင်သီသော အရပ်သို့ သူမ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သလို များစွာမြင်တွေ့ခဲ့ရပြီး သင်ယူမှုများစွာကိုလည်း သူမခေါင်းထဲ မှတ်သားနိုင်ခဲ့သည်။

"လေ့ကျင့်ဖို့ မလွယ်ဘူးဆိုတာ မင်းသိပါတယ်.... ဒါကြောင့် ပြန်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့် အားလုံးထဲမှာ မင်းက လက်တွေ့ နှေးတဲ့သူပဲ"

လီလင်ရှို့ရဲ့ မျက်နှာက နီရဲလာပြီး။

"ဟင့် ဘယ်သူကရော မနှေးလို့လဲ... ကျင့်ကြံရတာ ဒီလောက် ခက်တာကို!"

လူတိုင်း ရယ်မောလိုက်ကြသည်။ လုရွှမ် အဝေးကို လှမ်းကြည့်လိုက်ရာ သူ့အသံက နိမ့်ဆင်းသွားသည်။

"အားလုံး ကျေးဇူးပြုပြီး အလုပ်ကြိုးစားကြပါ... တောင်တစ်သောင်းကမ္ဘာမှာ ဖြစ်ပျက်ခဲ့တာကို နားလည်ပြီးရင် တခြား တားမြစ်နယ်မြေနှစ်ခုကို ဖောက်ထွက်ဖို့ အချိန်တန်ပြီလို့ ငါထင်တယ်....ဒါမှ မြေကမ္ဘာကိုသွားဖို့ လမ်းရှာနိုင်မှာ!"

"လမ်းမတွေ့ရင် ဘယ်လိုလုပ်မလဲ"

"မတွေ့ရင် ငါတို့ဘာသာ လမ်းဖောက်မယ်!"

"ကောင်းတယ်!"

လူတိုင်းက လုရွှမ်၏ စကားကို ကြားပြီးတဲ့အခါ သတ္တိပိုရှိလာသလို ခံစားလိုက်ကြရပြီး စိတ်ထဲတွင် ခိုင်မာမှုတစ်ခုလည်း ပေါ်လာသည်။

All Chapters