ဒြပ်စင်ငါးခု ပြန်လည်ဆုံစည်းပြီ
Vol. 103 Ch. 4.1057
ဒီအသံက သိပ်မကျယ်ပေမယ့် လူတိုင်းရဲ့နှလုံးသားထဲမှာတော့ ပဲ့တင်ထပ်နေ၏။ ဓားသွားသံကို ကြားတော့ သူတို့ပတ်ဝန်းကျင်မှာ တိုက်ခိုက်နေကြတဲ့ လူတွေတောင် လုရွှမ်နဲ့ အဘိုးကြီးကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။
လုရွှမ်သည် သူတို့၏ ဆရာဦးလေး တဖြစ်လည်း ဘိုးဘေးဦးလေးတို့နှင့် အမှန်တကယ် တိုက်ခိုက်နေတာကို ထုံးယန်ဂိုဏ်းသားများ မြင်သောအခါ သူတို့အားလုံး အံ့သြသွားကြသည်။ ဒါ့ထက် နှစ်ယောက်သားက ညီတူညီမျှ ဖြစ်နေခဲ့ကြသည်။ ထိတ်လန့်တကြား ခံစားချက်က ဆက်တိုက်ဆိုသလို သူတို့စိတ်ထဲ ပျံ့နှံ့သွားသည်။
နတ်မီးနယ်ပယ် ပထမအဆင့်က ကျင့်ကြံသူတစ်ယောက်သည် ဤမျှလောက် အစွမ်းထက်သော လက်များ ရှိနေသည်။ ပြီးတော့ အဲဒီလူမှာ သူငယ်ချင်းတွေလည်း အများကြီး ပါလာသေးသည်။ သူတို့ ပိုစိုးရိမ်တာက ဒီလိုလူက အရမ်း ထက်မြက်သည်။ ဒီတစ်ခေါက် ပိတ်ဆို့ထားနိုင်ရင်တောင် နောက်တခေါက်ကော ဘယ်သူ့ကို တားရဦးမလဲ မပြောတတ်ချေ။
ဆရာဦးလေးရဲ့ ခွန်အားတွေ ဒီထက်ပိုပြီး တိုးတက်လာဖို့ ခက်ပေမယ့် ပြိုင်ဘက်က နတ်မီးနယ်ပယ်မှာ အဆင့်တစ်ခုပဲ ရှိပါသေးသည်။ သူတို့ ဂရုတစိုက် တွေးတောနေရုံ သာမက ထုံးယန်ဂိုဏ်း၏ အကြီးအကဲ၊ လုရွှမ်၏ပြိုင်ဘက်လည်း ချီတုံချတုံ ဖြစ်နေသည်။
ထိုသို့သော ပါရမီရှင်၏ ရန်သူဖြစ်ရန်မှာ အမှန်တကယ် ထိုက်တန်ပါ့မလား ပြန်စဥ်းစားကြည့်သည်။ သူ့ဓားသည် တန်ခိုးကြီးသော နတ်ဓားဖြစ်ပြီး ၌နှစ်များတစ်လျှောက် နတ်လက်နက်နှင့် ဆက်နွှယ်မှုမှတစ်ဆင့် သူ တဖြည်းဖြည်း ရှာဖွေတွေ့ရှိခဲ့သည်။ ဒါပေမဲ့ လုရွှမ် တိုက်ခိုက်ခဲ့တဲ့ ဓားကရော။
တန်ခိုးက သူ့လောက် မဟုတ်သလို နတ်ဓား၏ ခွန်အားအပေါ် လုံးလုံး အားကိုးနေသော်လည်း ၎င်းတွင် တောက်ကျင့်စဥ် လိုင်းများ တည်ရှိနေပြီ ဖြစ်သည်။ အဲဒါက ဓားသိုင်းပညာ အစုံအလင်ကို ထည့်သွင်းထားသလိုပါပဲ။
ဘယ်သူက ပိုသန်မာပြီး ဘယ်သူက ပိုပျော့နိုင်လဲ၊ ဘယ်သူက ပိုအားကောင်း လာမလဲ ဆိုတာကိုတော့ ယှဉ်လို့မရပါဘူး။
လုရွှမ်သည် သူ့ရင်ဘတ်ထဲတွင် ဆုပ်ကိုင်ထားသော အသက်ရှုသံကို စွန့်ထုတ်လိုက်သည်။
"အရမ်းကောင်းတယ်.... တကယ်ကို အစွမ်းထက်တယ် ကျုပ် ငါနတ်ဓားကို သုံးရင်တောင် ခင်ဗျားနဲ့ မယှဉ်နိုင်ဘူး ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ကျုပ် တစ်ယောက်တည်း မဟုတ်နေခဲ့ဘူး... ကျွန်တော့်မှာ ညီအစ်ကိုတွေ အများကြီး ရှိတယ်"
လုရွှမ် ရုတ်တရက် အော်လိုက်သည်။
"အောင့်ယွဲ့၊ ထူဖူး၊ လိရှောင်း၊ ကျင်းဟုန်၊ အောင်ရှင်း အခင်းအကျင်း တည်!"
သူတို့သည် တစ်ဖက်က သခင်ကို ဘယ်လို တိုက်ခိုက်ရမလဲ ယခင်က ဆွေးနွေးခဲ့ပြီးသား ဖြစ်သည်။ လူငါးဦးဖွဲ့စည်းခြင်းသည် သဘာဝအားဖြင့် တန်ခိုးအကြီးဆုံး ဖြစ်တည်မှု ဖြစ်ပေ၏။ လူငါးဦးသည် ကောင်းကင်သို့ တက်လာပြီး လုရွှမ် အနောက်၌ ရပ်လိုက်ကြသည်။
လိရှောင်းမှ စတင်၍ စူးရှသော ရွှေရောင် စွမ်းအင်ကို ဓားသွားရောင်ဝါတစ်ခုလို ထိန်းချုပ်ပြီး ပတ်ဝန်းကျင်ကို ခြိမ်းခြောက်သွားသည်။ နတ်သမီးကျင်းဟုန်သည် သူမ၏ခန္ဓာကိုယ်မှ သစ်သားစွမ်းအင် လွင့်စင်သွားပြီး လူငါးဦးကြားထဲတွင် တက်ကြွသော အသက်စွမ်းအင်ကြောင်းများ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
အောင်ရှင်း ခန္ဓာကိုယ်မှလည်း ရေစွမ်းအင်များဖြင့် ပြည့်နေကာ ပတ်ဝန်းကျင် နေရာက ရုတ်တရက် အရောင်တောက်လာသည်။ အောင့်ယွဲ့ခန္ဓာကိုယ်မှ မီးတောက်များ ပေါက်ကွဲပြီး သူမ၏ ဦးခေါင်းထက်ကို ဖုံးလွှမ်းသွားလေသည်။ အောက်ဘက်ရှိ ထုံးယန်ဂိုဏ်းသားများက ထပ်မံ လောင်ကျွမ်းသွားမည်ကို စိုးရိမ်သဖြင့် ကြောက်ရွံ့စိတ်များ ဝင်လာရပြန်သည်။
ထူဖူး၏ မြေကြီးသဘာ၀သည် မြေကြီးတစ်ပိုင်းကဲ့သို့ တညီတညွတ်တည်း လွင့်ပျံလာကာ မြေကြီးပေါ် ရပ်နေသူတိုင်းကို ပိုမိုသက်တောင့်သက်သာ ခံစားရစေ၏။
လူငါးဦး အမြင့်သို့ ပျံသန်းသွားရင်း အချင်းချင်း ဝင်တိုက်ပစ်ကာ မီးအလင်းများ လွင့်သွားသည်။ လူငါးဦး၏ ပေါင်းစည်းထားသော ပုံစံဖြစ်ပေသည်။
ဖုန့်ဖေးနဲ့ ရွှမ်ကျီးတို့ အားလုံး အံသြသွားကြသည်။ လူငါးယောက်ကြားတွင် နားမလည်နိုင်သော ရင်းနှီးမှု၏ အရိပ်အယောင်ကိုလည်း ခံစားရပြီး လူငါးဦးသည် ထိုမှော်အစွမ်းကို အမှန်တကယ် အသုံးချနိုင်မည်ဟု သူတို့ မထင်ထားပေ။
နတ်ပုတီးစေ့ငါးလုံးကို လူငါးဦး စုစည်းလိုက်သောအခါ ၎င်းတို့ငါးလုံးကို တစ်သားတည်းအဖြစ်သို့ ပြောင်းလဲသွားကာ ၎င်းတို့၏ မှော်စွမ်းအားများသည်လည်း သဘာဝအတိုင်း အားကောင်းလာလိမ့်မည်။
ပေါ်လာတဲ့လူက အောင့်ယွဲ့ ဖြစ်ပြီး လူငါးယောက်ကို စိတ်တိုင်းကျ ပြောင်းလဲနိုင်သည်။ သို့သော်လည်း ပြိုင်ဘက်သည် အောင့်ယွဲ့ ထိန်းချုပ်သော တောင်မီးအနောက်ရွှေ အခင်းအကျင်းကို လက်နက်အဖြစ် အသုံးပြုသည်မှာ ထင်ရှားပေ၏။
လုရွှမ်: "အဘိုးကြီး မင်း ခံနိုင်ရည် ဘယ်လောက်ရှိမလဲ ကြည့်ကြတာပေါ့"
အောင့်ယွဲ့: "အဘိုးကြီး...ကြည့်ထား!!"
အောင့်ယွဲ ဆိုပြီးနောက် သူမလက်ထဲမှ မီးလုံးကြီး ထွက်လာလေသည်။ သူမက ဓားရှည်ပေါ်သို့ မီးတောက်နေတဲ့ ဓားသွားကို ပေါင်းထည့်လိုက်သည်။ စွမ်းအင်စီးကြောင်းများ ပေါ်လာပြီးမှသာ မီးက ငြိမ်းသွားပြီး အရိပ်မဲ့ဓားအဖြစ် ပြောင်းလဲသွားသည်။
လုရွှမ် မျက်လုံးများက ကောင်းကင်မီးတောက်များဖြင့် တောက်ပနေ၏။ သူ ဓားကိုယ်ထည်၏ အရိပ်ကို သူတွေ့နေရသည်။ ဤအရာသည် သူတို့၏ နောက်ဆက်တွဲ လေ့ကျင့်မှု အတွင်း သူတို့သင်ယူခဲ့သော မှော်အစွမ်း ဖြစ်နိုင်သည်။
ထုံးယန်ဂိုဏ်းက အကြီးအကဲဟာတွေ ယခုအချိန်တွင် သူ့နဖူးပေါ်၌ ချွေးများ စီးကျနေပါပြီ။ လူငါးဦး၏ ရောင်ဝါအသံများသည် လူငါးဦး၌ အလွန်အဖိုးတန်သော ရတနာတစ်ပါး ရှိနေကြောင်း လုံးလုံး သိမြင်လာစေသည်။
ဒီလိုမှမဟုတ်ရင် ဒီလိုမှော်အစွမ်းတွေကို ဘယ်လိုလုပ် ပြသနိုင်မှာလဲ။ သို့သော် ယခုအချိန်တွင် သူသည် ထိုရတနာကို လုံးဝ မမက်မောနိုင်ပေ။ အခု တစ်ဖက်သားရဲ့ လေသံက သူက ကမ္ဘာ့ရတနာထက် ပိုအစွမ်းထက်ကြောင်း ပြသနေပြီလေ။
နတ်လက်နက်က ကမ္ဘာ့ရတနာကို ရန်သူများ ဖြစ်လိုပါက သေခြင်းတရားကို ရှာဖွေနေကြခြင်းသာ ဖြစ်ပေမည်။
အောင့်ယွဲ့ သူ့ကို ဓားနဲ့ ခုတ်ချလာတာကို မြင်တော့ ထုံးယန်အကြီးအကဲလည်း ရပ်မနေရဲတော့ပေ။ ဓားတစ်လက်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပါဘူး။ သူသည် ဆက်တိုက် ဓားစွမ်းအင်သုံး၍ တိုက်ခိုက်မှု ပေါင်းများစွာဖြင့် အဝေးမှ တိုက်ခိုက်နေကာ အောင့်ယွဲ့အနားကို မချဉ်းကပ်ဝံ့ချေ။
အောင့်ယွဲ့သည် ဒီအကျပ်အတည်း ကာလမှာ ဒီလိုမျိုး ကြုံဖူးတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ချေ။ တစ်ဖက်လူက သူတို့လက်ထဲက စိတ်အလိုအလျောက် ရှောင်နိုင်မယ်လို့ ထင်နေပုံရသည်။
သူတို့သည် ဒြပ်စင်ငါးပါး ပေါင်းစပ်နည်းကို ကျွမ်းကျင်ရုံသာမက လုရွှမ်လည်း လှောင်အိမ်ထဲတွင် သင်ယူခဲ့သော စွမ်းရည်များကို သင်ကြားပေးခဲ့သည်။ လူတစ်ဦးစီသည် ဒြပ်စင်ငါးခုကို ပေါင်းစပ် လိုက်သောအခါတွင် သိုင်းကျမ်း ငါးခုကလည်း သဘာဝအတိုင်း ဆက်စပ်သွားခဲ့သည်။
မီးတောက်နေသော ဓားသည် မျက်စိတစ်မှိတ်အတွင်း နှင်တံအဖြစ်သို့ ပြောင်းလဲသွားပြီး ကြာပွတ်ကို ရိုက်ပစ်လိုက်သည်။ ဖြောင်းကနဲ အသံနဲ့အတူ ထုံးယန်အကြီးအကဲမှာ အော်ဟစ်ကာ ကြာပွတ်တစ်ချက် အရိုက်ခံလိုက်ရသည်။
အဘိုးကြီး: "မင်းအခုနက သုံးသွားတာ တုတ်သိုင်းပဲ!"
"လှံကို ကြည့်ထား!"
"ဓားရှည်ကို ကြည့်!"
"ဓားသွားကို ကြည့်!"
"တုတ်သိုင်းကို ကြည့်!"
"ကြာပွတ်ရိုက်ချက်ကို ကြည့်!"
ဒြပ်စင်ငါးခုနှင့် သက်ဆိုင်သော လက်နက်ငါးမျိုးကို အောင့်ယွဲ့က စိတ်ဆန္ဒအတိုင်း ကစားသော်လည်း ထုံးယန်အကြီးအကဲမှာတော့ အောင့်ယွဲ့ ဘာသိုင်းနဲ့ တိုက်ခိုက်လာမလဲ မသိသောကြောင့် မခက်တွေ့နေရသည်။
တစ်ချိန်လုံးနီးပါး ဖိနှိပ်ခံခဲ့ရပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ၀တ်ရုံများသည် အနက်ရောင် အစက်အပြောက်များဖြင့် လောင်ကျွမ်းသွား၏။ သူသည် ဘယ်မှညာသို့ ရှောင်ပြေးရင်း အလွန်ရှက်ရွံ့သွားခဲ့သည်။ ဒီတိုက်ပွဲက အလွန်ရှက်စရာ ကောင်းပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သော် အံ့သြဝမ်းနည်းသွားသော ဂိုဏ်းသားတွေကို တွေ့ရတော့ ပို၍ပင် ဝမ်းနည်းလာသည်။
သူတို့၏ စိတ်နှလုံးတွင် သြဇာအကြီးဆုံး အကြီးအကဲက ကျင့်ကြံသူတစ်ယောက်ဆီက ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရသဖြင့် ရှက်ကိုးရှက်ကန်း ထွက်ပြေးလုနီးပါး ဖြစ်ခဲ့ရသည်။
ထိတ်လန့်မှု လှိုင်းလုံးကြီးက သူတို့ရင်ထဲမှာ လှိုင်းထလာပြီး စိတ်ပျက်အားငယ်မှု လှိုင်းကလည်း သည်းမခံနိုင်တော့အောင် ဝင်လာလေရာ ပိုလို့တောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတော့သည်။
"အောင့်ယွဲ့... တစ်ယောက်ယောက် လာနေပြီ သူ့ကို သတ်ပစ်လိုက်တော့!"
လုရွှမ်လည်း ရုတ်တရက် သူ့နှလုံးသားထဲမှာ တစ်ခုခုကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင် နေရာက တုန်ခါမှုကို ခံစားလိုက်ရလေသည်။ ပို့ဆောင်ခြင်းအစီအရင် နောက်ကွယ်တွင် အဓိကဂိုဏ်းကြီး ရှစ်ခုရှိကြောင်း သူမှတ်မိသည်။
အောင့်ယွဲ့ တုံ့ပြန်ပြီး လှည့်ပတ် ကစားနေတာကို ရပ်ကာ သူမလက်ကို ခါလိုက်တဲ့အခါ သူမလက်ထဲက နှင်တံက လှုပ်ရှားသွားလေသည်။ ကြာပွတ်ကြိုးက ထုံးယန်အကြီးအကဲကို တစ်ခဏအတွင်း ချည်ပစ်လိုက်ရာ သူဘယ်လို ဖမ်းမိသွားလဲ ဆိုတာပင် နားမလည်စေခဲ့ပေ။
နောက်အခိုက်အတန့်မှာတော့ အောင့်ယွဲ့ရဲ့လက်ထဲက ကြာပွတ်ဟာ ပျော့ပျောင်းတဲ့ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပါ၏။ အောင့်ယွဲ့လက်ဖဝါးကို အပြင်းအထန် လှုပ်ရှားလိုက်သော် ထုံးယန်အကြီးအကဲ၏ ခန္ဓာကိုယ်သည်လည်း အပိုင်းပိုင်းများစွာ ကွဲသွားလေသည်။