မြေကမ္ဘာထဲ ဝင်ခြင်း
Vol. 105 Ch. 4.1081
"ကောင်းပြီ အန္တရာယ်ရှိတဲ့ နေရာဆိုတော့ လှေတောင်မှ အဲဒီနေရာမှာ မနေနိုင်ဘူး... ငါတို့ ကိုယ့်အင်အားနဲ့ပဲ အလျင်စလို ဝင်နိုင်မယ်... မနှိုင်းယှဥ်ချင်ပေမဲ့ လူတိုင်းမှာ မတူညီတဲ့ အားသာချက်တွေ ရှိကောင်းရှိနိုင်တယ်... တစ်နည်းဆိုရရင် အရည်အချင်းတွေ မြင့်မားလေ ဝင်ရောက်ဖို့ အခွင့်အလမ်း ပိုများလေပဲ"
လုရွှမ်သည် ဤအချက်ကို သူ့ပါးစပ်မှ ထုတ်မပြောပြခဲ့ပေ။ ရွှမ်ဝူသားရဲသည် မြေကမ္ဘာကြီး၏ ထောင့်တစ်နေရာတွင် ရှိနေခဲ့သည်။ သင်သည် မြေကမ္ဘာထဲသို့ ဝင်ရောက်လိုပါက ကန့်သတ်ချက် အလွှာတစ်ခုကို ချိုးဖျက်ရန် လိုအပ်ပါသည်။
ရွှေကျီးကန်းသည် ၎င်း၏ အတောင်ပံများကို လှုပ်ယမ်းကာ ထွက်လာခဲ့သည်။ ရှောင်ပိုင်၊ ရားရားတို့လည်း ထွက်လာကြသည်။ တကယ်တော့ အောင့်ယွဲ့နဲ့ တခြားသူတွေဟာ ရှောင်ပိုင်ရဲ့ ဖြစ်တည်မှု အကြောင်းကို သိထားပြီးသား ဖြစ်ပေမယ့် ရားရားရဲ့ ဒဏ္ဍာရီလာ နတ်သူလေးရဲ့ ဥပဒေသကို တွေ့တော့ အံ့သြသွားကြသည်။
ရွှေကျီးကန်းက ဆိုသည်။ ရားရားက နတ်သမီးလေးတစ်ယောက်လို ဖြစ်လာပြီမလို့ ရှောင်ပိုင် ကဲ့သို့ပင် သူမသည် သူ့အစွမ်းအစဖြင့် ဖြတ်သန်းနိုင်သည်။
သို့သော် အခင်းအကျင်း ကောင်းကင်စာအုပ်ကြီး၏ ဝိညာဥ်ဖြစ်သော ကွားကွားသည် သူ့နောက်သို့ လိုက်ကာ အာကာသကျောက်စိမ်းပြားထဲတွင် ပုန်းအောင်းနိုင်ပြီး မြေကမ္ဘာထဲ အတူတကွ ဝင်ရောက်နိုင်သည်။
ယနေ့ခေတ် မြေကမ္ဘာသည် အလွန်အားနည်းနေသေးသည်ဟု ဆိုနိုင်ပါ၏။ မဟုတ်ပါက အာကာသသည် ကျယ်လာပြီး လူတိုင်းပါဝင်ပါက မြေကမ္ဘာ နယ်နိမိတ်အတွင်း သေးငယ်သော ကန့်သတ်ချက်တစ်ခုသည် အာကာသကျောက်စိမ်းပြား ကဲ့သို့ အားကောင်းသော တည်ရှိမှုကို ဘယ်လိုလုပ် ရပ်တန့်နိုင်ပါ့မလဲ။
"ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရအောင်"
ထပ်ခါထပ်ခါ စဉ်းစားပြီးနောက် လီလင်လည်း ဆုံးဖြတ်ချက် ချလိုက်သည်။ လီမိသားစုက ဆုတ်ခွာသွားကြောင်း ကြေညာပြီးနောက် အဖွဲ့သည် လှေပေါ်သို့ တက်၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ အာကာသထဲသို့ ရောက်ပြီးနောက် ဒဏ္ဍာရီလာ ကြယ်ဂိတ်တံခါးရှိရာ ကြယ်ရောင်ကောင်းကင်က အက်ကွဲကြောင်းကို လူတိုင်း တွေ့လိုက်ကြရသည်။
အပြောင်းအလဲတော့ သိပ်မရှိသေးပါဘူး။ လူများစွာသည် လှေပေါ်မှ လက်လွှတ်စပယ် မဆင်းခဲ့ကြပေ။ လှေထဲကနေတောင် ပြင်ပကမ္ဘာ၏ ဖိအားကို ခံစားနေရပြီမလို့ ခုခံနိုင်သည့် ခွန်အားမရှိဟု သူတို့ သိကြသည်။
လုရွှမ်၊ လီလင်၊ ပေါင့်တာထင်း၊ ဓားနတ်ဆိုး စသည်ဖြင့် အဖွဲ့သည် ချဉ်းကပ်လာပြီး ကြယ်ဂိတ်တံခါးရှေ့သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။
ထိုအချိန်တွင် နတ်မိုးကြိုး နောက်တစ်လိုင်းက ပြိုကျပြီး တိုးလာနေသော လူအားလုံး၏ ခန္ဓာကိုယ်များကို ဗုံးကြဲ တိုက်ခိုက်ပစ်သည်။ လုရွှမ် မှန်းဆထားသည့်အတိုင်း ကျင့်ကြံမှု အဆင့်မြင့်လေ၊ ဖိအားကို ပိုခံနိုင်ရည်ရှိလေ ဖြစ်သည်။
လီလင်နှင့် နှိုင်းယှဉ်လျှင် သို့မဟုတ် ပေါင့်တာထင်းတို့နှင့် နှိုင်းယှဉ်လျှင် လုရွှမ်သည် ယခုအခါ နတ်မီးနယ်ပယ်၏ ပထမအဆင့်သာ ရှိသေးသည်။ ရွှေကျီးကန်းသည် ဤနေရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသော သူ၏အင်အားကို ဖိနှိပ်ထားရန် အမြဲသတိပေးခဲ့သည်။
သူတို့ ခံနိုင်ရည်ရှိတဲ့ ဖိအားတွေနဲ့ ယှဉ်ရင် လုရွှမ် ခံနိုင်ရည်ရှိတဲ့ ဖိအားက မိုးဖွဲလေးလိုပါပဲ။ လူတိုင်းက ရှိုက်ကြီးတငင် ပြုံးနေကြသော်လည်း သူတို့သည် လုရွှမ်ရဲ့ အရည်အချင်းကို ကျင့်သားရနေသည်မှာ ကြာပါပြီ။ ဤနေရာတွင် လူတိုင်း၏ အင်အားက တဖြည်းဖြည်း ထင်ရှားလာသည်။
လုရွှမ်က သဘာဝအတိုင်း ရှေ့သို့ အမြန်ပြေးသွားပြီး ဒုတိယလူမှာ ထျန်းရှား ဖြစ်လာသည်။ နောက်ဆုံးတော့ လှောင်အိမ်ထဲမှာ သူမဟာ ဖိအားတွေအောက်မှာ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ခဲ့ရပြီး သူမရဲ့ အရည်အချင်းတွေက ရုတ်တရက် အဆင့်တစ်ဆင့် တိုးတက်လာပါပြီ။
ရွှမ်ကျီး၊ ပေါင့်တာထင်း၊ ဓားနတ်ဆိုး၊ အောင့်ယွဲ့ နှင့် အခြားသူများ ဆုံတွေ့ကြသောအခါ နောက်ကွယ်မှာ ကျန်နေခဲ့ကာ ဖုန့်ဖေးလည်း ၎င်းတို့နှင့်အတူ ရှိနေခဲ့သည်။ လီလင်သည် နတ်မိုးကြိုးပစ်ချက် မျိုးစုံကို ပစ်ခတ်တိုက်ခိုက်ကာ ဖျက်စီးပစ်ခဲ့သည်။ ရှက်စရာလို့ မယူဆပေမယ့် သူ့ရဲ့ခြေရာလက်ရာက နောက်ကျကျန်ခဲ့ပါသေးသည်။
လုရွှမ်သည် ကြယ်ဂိတ်တံခါး အစွန်းသို့ ရောက်နေပြီဖြစ်ပြီး သူ့နောက်မှ လူများသည် အရှိန်လျှော့ကာ ရပ်တန့်သွားကာ နီးကပ်လာတာတွေလည်း ရပ်တန့်သွားကြသည်။ လီလင်က နယ်ပယ် အမြင့်ဆုံး ဖြစ်သော်လည်း လက်ရှိ ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံမှု ခွန်အား၌ နောက်ကျကျန်နေ သေးကြောင်းလည်း သူသိသည်။
ဤလူတစ်ဦးစီတိုင်းသည် မြေကမ္ဘာ တားမြစ်နယ်နိမိတ်ရဲ့ ပျိုးပင်တွေ မဟုတ်ပေ။ အခွင့်အရေးရှိလျှင်ပင် ကောင်းကင်ဘုံရှိ တားမြစ်နယ်နိမိတ်ကို ဖြတ်ကျော်ရန်မှာ ပုံမှန်ပဲ ဖြစ်သည်။
"လုရွှမ်.... မင်းသွားတော့ မင်းရဲ့စိုးရိမ်မှုတွေအားလုံးကို စွန့်လွှတ်သင့်ပြီ ငါ့မိန်းမနဲ့သမီးနဲ့ နေရတာတင် ငါ ကျေနပ်ပြီ"
လီလင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လှေပျံရှိရာဆီသို့ ပြန်လှည့်သွားသည်။ လုရွှမ် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်ပါ၏။ လူတိုင်းကြားတွင် လီလင်မှာ အခွင့်အရေးအနည်းဆုံး ဖြစ်ကြောင်း သူသိသည်။ နောက်ဆုံးတွင် လုရွှမ်ကလွဲရင် လူတိုင်းသည် ကြယ်ဂိတ်တံခါးနားသို့ မချဉ်းကပ်နိုင်ခဲ့ကြပေ။
ထျန်းရှား : "လုရွှမ် နင်တစ်ယောက်တည်း ဆက်သွားပါတော့"
"ဟုတ်တယ် လုရွှမ်... မင်း ငါတို့ကို စွန့်ပစ်ခဲ့တာ မဟုတ်ဘူး ငါတို့ကြားက ကွာဟချက်ကို ငါတို့လည်း သိပါတယ်... နတိမီးနယ်ပယ် ပထမအဆင့်မှာ မင်းရဲ့အစွမ်းသတ္တိကို အဆက်မပြတ် ဖိနှိပ်ထားခဲ့တာ.. ငါတို့အခု ဒီကန့်သတ်ထားတဲ့ အလွှာတွေကို တကယ်ကို ဖြတ်သွားနိုင်မှာ မဟုတ်ဘူး ဆိုတာ သေချာတယ်"
ပေါင့်တာထင်းက ပြုံးပြီးပြော၏။
"ဒါပေမဲ့ ဒါက နောက်ဆုံးရလဒ်တော့ မဟုတ်ဘူး ငါတို့ ဆက်ပြီး ကြိုးစားပြီး ကျော်ဖြတ်သွားနိုင်မှာ သေချာတယ်"
အောင့်ယွဲ့ အသံသည်လည်း အဝေးမှ ထွက်ပေါ်လာသည်။
"နင်အရင်ဝင်ပြီး ငါတို့ကို စောင့်နေပေးပါ... အနာဂတ်မှာ ငါတို့ သေချာပေါက် လမ်းဖွင့်နိုင်မှာ!"
လုရွှမ်သည် သူ ယာဉ်ပေါ် ထွက်ခွာသွားသောအခါ ဟုန်ရှန်ယင်းနှင့် အခြားလူများက တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ခဲ့ကြသည်ကို ရုတ်တရက် သတိရသွားသည်။ တပည့်လေးတွေ အားလုံးကို လှေပေါ်တက်ခိုင်းပေမယ့် တစ်ယောက်ပြီး တစ်ယောက် ငြင်းဆန်ခဲ့သည်။
မထင်မှတ်ဘဲ ယခုအချိန်တွင်တော့ သူတို့သည် ဤအခိုက်အတန့်ကို တွေးပြီး ဆုံးဖြတ်ချက် ချနိုင်ခဲ့ကြောင်း သဘောပေါက်လိုက်ပါ၏။
"မင်း?"
ဓားနတ်ဆိုးက လှမ်းပြုံးပြသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဓားနတ်ဆိုးရဲ့ မျက်လုံးထဲက နားလည်မှုကို မြင်ရတော့ လုရွှမ်လည်း နားလည်သွားလေသည်။
"စိတ်အေးအေးထားပြီး သွားလိုက်ပါ... မင်းနေခဲ့ရင် မင်းရဲ့ ကျင့်ကြံမှု အဆင့်က တိုးတက်လာမှာ မဟုတ်ဘူး.... အဲဒါက သက်သက် အချိန်ဖြုန်းတာပဲ၊ ငါတို့ကို ယုံပါ ငါတို့ အနာဂတ်မှာ ကျိန်းသေပေါက် ဖောက်ထွက်ပြီး လမ်းကြောင်းဖွင့်မယ် ငါတို့ အတူတူ လက်တွဲလုပ်ပြီး ဆက်သွားမယ်....ညီအစ်ကို သူငယ်ချင်း ဂိုဏ်းသားတွေ မင်းတပည့်တွေ.... ငါတို့မင်းနောက် လိုက်ခဲ့မယ်!"
လုရွှမ်သည် သူ့မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာသည်ကို ခံစားလိုက်ရပြီး ခေါင်းညိတ်လိုက်သည်။ သူငယ်ချင်းတွေအတွက် ကြယ်တွေပွင့်နေတဲ့ ကောင်းကင်တံခါးကို ရှာနေတယ်လို့ ထင်ခဲ့ပေမဲ့ သူတို့လမ်း ကိုယ်သူတို့ ရှာနေခဲ့တာလို့ မမျှော်လင့်ထားမိဘူး။
"လုရွှမ်... မင်းကို သိခွင့်ရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ"
စိတ်ရင်းမှန်ဖြင့် ကောင်းချီးများ ထွက်ပေါ်လာပြီး အားလုံးက ညီညီညွတ်ညွတ် လက်ဝှေ့ယမ်းကြသည်။ အဝေးမှ ယာဉ်၏ အလင်းရောင်သည် ယာဉ်ပေါ်ရှိ လူများက ဂုဏ်ပြုပေးနေပုံ ပေါ်နေပြန်၏။
'နှုတ်ဆက်ပါတယ် သူငယ်ချင်းတို့... တစ်နေ့ကျရင် ငါပြန်လာမယ်... အာကာသ ဥမင်လိုဏ်ခေါင်း တစ်ခု ဖွင့်ရရင်တောင် ငါသေချာပေါက်ပြန်လာခဲ့မယ်'
လုရွှမ် ဒီစကားလုံးတွေကို ထုတ်မပြောခဲ့ဘဲ သူ့နှလုံးသားထဲမှာ မေ့ဖျောက်ပစ်လိုက်သည်။ အချိန်တန်တာနဲ့ သူလှည့်ပြီး ကြယ်ဂိတ်တံခါးထဲ ဝင်ရောက်သွားလေ၏။
အောင့်ယွဲ့မှာ သူမ၏ မျက်ရည်များကို ထိန်းမထားနိုင်တော့တာကြောင့် မျက်နှာကို လွှဲလိုက်သည်။ သူမကို ရှန်းရှဲ့မှ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပေးလိုက်ပါသည်။
"သူပြန်လာမှာပါ"
ဘယ်သူမှ မရှိတော့ပေ။ ကြယ်ဂိတ်တံခါးက ပြန်ပြီး ငြိမ်သက်သွားတာကို တွေ့လိုက်ရတော့ လုရွှမ် မြေကမ္ဘာထဲကို ဝင်သွားပြီဆိုတာ သိလိုက်ကြပြီး ဝမ်းနည်းစွာနဲ့ ထွက်သွားခဲ့ကြသည်။
အလွန်လူဆိတ်ညံသော စိမ့်တွင်း၌။
လေပူဖောင်းများ ပွက်ပွက်ထလာပြီး ပြင်းထန်သော အနံ့အသက်များ ထွက်လာနေသည်။
ရွှံ့နွံထဲတွင် လူမျက်နှာပါသော ပင့်ကူကြီးများသည် လူ့ခန္ဓာကိုယ် အရွယ်နီးပါးဖြင့် လှည့်ပတ်သွားလာနေသည်။ ရုတ်တရက် ပင့်ကူများသည် အရပ်ရပ်သို့ ပြေးသွားကာ ထိုနေရာ၌ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ရှိနေသကဲ့သို့ အော်ဟစ်လျက် တစ်နေရာကို ကြည့်လိုက်ကြသည်။
ခရမ်းရောင် အလင်းတန်းက ရွှံ့နွံအတွင်းမှ လျှပ်တစ်ပြက် လွင့်ပျံလာသည်။ ကောင်းကင်အောက်၌ ဓားမီးတစ်စင်းလို တောက်လောင်နေသော ကျင့်ကြံသူတစ်ယောက်ဟာ ခန္ဓာကိုယ်မှာ အပေါက်များဖြင့် ထွက်ပေါ်လာ၏။
လုရွှမ်သည် လေထဲတွင် ဆိုင်းငံ့ထားကာ ရွှံ့နွံများ ဖယ်ထုတ်လိုက်သည်။ လုရွှမ် ပတ်ဝန်းကျင်ကို ကြည့်လိုက်စဥ် ရွှေကျီးကန်း၏ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့ပါသည်။
"ဂုဏ်ယူပါတယ် မင်းနောက်ဆုံးတော့ မြေကမ္ဘာထဲကို ရောက်လာပြီ!"