← Chapters

ချောင်းမြောင်း

Vol. 103 Ch. 4.1059

ချောင်းမြောင်း

Vol. 103 Ch. 4.1059

သူတို့စိတ်နှလုံးထဲက​နေ လူတိုင်းဟာ ချန်ယိကို ခွေးမတစ်ကောင်လို့ ကြိမ်းမောင်းခဲ့ပေမယ့် အခုအချိန်မှာတော့ ဘာမှ မပြောဝံ့ဘဲ သည်းခံနေရလေသည်။ လုရွှမ် လီမိသားစုအစောင့်များ ဘက်သို့ အချက်ပြလိုက်သောအခါ ၎င်းတို့က လက်နက်ချခဲ့သော လူတွေရှေ့သို့ ချီတက်ကြသွားသည်။

ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာကာ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရလေသည်။

"ငါတို့အားလုံး လက်နက်ချပြီးပြီလေ.... ဘာဖြစ်လို့လဲ"

တုံ့ပြန်မှုမှာ ဓားဖြင့်ထိုးခြင်း ဖြစ်ပြီး အခြားတစ်နေရာကလည်း စကားပြောချင်နေသူတွေလည်း ၎င်းကို တွေ့သောအခါတွင် အသံ မထွက်တော့ပေ။ လက်နက်ချသူတွေဟာ ဆက်ပြီး ထွက်လာကြပေမယ့် ထက်ဝက်လောက်ကတော့ သူတို့နေခဲ့တဲ့ နေရာမှာ ရှိနေကြဆဲပါပဲ။

ခုခံမှု အားလုံးသည် အသုံးမဝင်မှန်း သိသာထင်ရှားစွာပင် သူတို့အားလုံးသည် ခုခံမှုမရှိဘဲ လုရွှမ်အား မုန်းတီးစွာ စိုက်ကြည့်နေကြသည်။

"ကောင်းပြီ မင်းက အရမ်းသတ္တိ ရှိပါတယ်... ငါမင်းကို အရမ်းလေးစားတယ် မင်း သေလို့ရပြီ"

လုရွှမ် သူ့မျက်နှာကို လှောင်ပြောင်ပြီး အေးစက်စွာ ပြောလိုက်လေသည်။ မုန်းတီးမှုတွေကို အခု သူ့ရှေ့မှာ ပြ​နေတာက တကယ်ကို ဟာသပါပဲ။ သေချင်ရင်တော့ သူအခု ကိုယ်လက်အင်္ဂါ ပြည့်ပြည့်စုံစုံနဲ့ သေခိုင်းလိုက်မည်။

"ဟင့်အင်း... ငါလက်မြှောက် အရှုံးပေးထားတယ်လေ!"

လူအုပ်ကြီးက ကျယ်လောင်စွာ အော်သည်။ လုရွှမ်လက်ထဲက တံဆိပ်ပြားကြောင့် ဒီလူတွေဟာ လေထဲလွင့်နေတဲ့ မီးတောက်မီးလုံးတွေလို တရစပ် ပေါက်ကွဲသွားလေသည်။

"ကျွန်​​တော်​တို့ အရှုံး​ပေး​ပါတယ် ကျွန်​​တော်​တို့ကို လွှတ်ပေးပါ!"

လုရွှမ်ရဲ့ပါးပြင်တွေက တင်းမာနေကာ တစ်ကိုယ်လုံးကလည်း အေးစက်တဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်နေသည်။

"အရှုံးပေးလိုက်တာနဲ မင်းတို့ကို လွှတ်လိုက်မယ်လို့ ထင်နေတာလား... မင်းတို့သတ်ခဲ့တဲ့ ငါတို့ညီအစ်ကိုတွေ အချည်းနှီး သေသွားရသလို ဖြစ်သွားမှာပေါ့!... အရှက်မရှိတဲ့ လူတွေ သေခါနီးမှ နောင်တရချင်မနေနဲ့... အသုံးမဝင်ဘူး!"

လုရွှမ် ပြောပြီးတာနဲ့ မီးတောက်တစ်ခု ပေါက်ကွဲသွားသည်။ အော်ဟစ်သံများသည် လူတိုင်း၏နှလုံးသားကို လွှမ်းခြုံသွားပြီး အားလုံးက နတ်ဆိုးတစ်ကောင် ဆင်းသက်လာတာကို ကြည့်နေသလို လုရွှမ်ကို ကြည့်နေကြ​လေသည်။

"အစ်ကိုကြီးလုရွှမ်?"

လီလင်ရှို့ ပြေးလာသည်။ သူမမျက်နှာမှာ စိုးရိမ်မှုအပြည့်နဲ့ အနည်းငယ်လည်း ကြောက်ရွံ့နေခဲ့၏။

"မင်းတို့ကို ဒီမြင်ကွင်း မြင်​စေမိတဲ့အတွက် စိတ်မကောင်းပါဘူး.... ဒါပေမဲ့ အဲဒီ ညီအစ်ကို မောင်နှမတွေကို ငါ​ပြန်ပေးရမယ့် အရာတွေရှိတယ်... တောင်တစ်သောင်းကမ္ဘာ တစ်ခုလုံးမှာ လူဘယ်နှစ်ယောက် အသတ်ခံရတယ် ဆိုတာ မင်းမသိဘူး...အခု တစ်သိန်းပဲ ကျန်တော့တယ်!"

လီလင်ရှို့: "အစ်ကိုကြီးလုရွှမ် ညီမသိပါတယ် ဒါပေမဲ့ လူတွေအများကြီး သတ်လိုက်တာက အစ်ကို့ကို ထိခိုက်သွားမှာ စိုးရိမ်တာ"

"စိတ်မပူပါနဲ့... အဲဒါက ဖြစ်လာမှာ မဟုတ်ဘူး.... ငါ့ကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ဘူး"

လုရွှမ် လက်နက်ချသွားတဲ့ လူတွေကို ပြန်ကြည့်လိုက်တော့ အဲဒီလူတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရင်း အလွန်အမင်း ထိတ်လန့်နေကြလေသည်။

ဒါက လူသတ်နတ်ဘုရားပဲ။ လုရွှမ်သည် အစမှ အဆုံးအထိ ခံစားချက် လုံးဝ မရှိဘဲ လူသတ်သွားခဲ့သည်။

"မင်းတို့ကို ဒီလိုမျိုး ခွင့်လွှတ်​ပေးမယ်လို့ ထင်နေလား?"

ဒီစကားကို ကြားလိုက်ရတော့ လူတိုင်း ထိတ်လန့်သွားကြသည်။

"ငါမင်းတို့ကို ထောင်ချ​မယ်... မင်းတို့ အသက်ဆက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ မင်းတို့ကံတရားပဲ...."

စစ်ကူများသည် ထုံးယန်ဂိုဏ်း၏ ကျန်ရှိနေသော လူများနှင့်အတူ အကျဥ်းချခံလိုက်ရလေသည်။ နတ်မီးနယ်ပယ် အထက်မှာရှိနေတဲ့ အသက်ကြီးသူတွေကတော့ လုရွှမ် တစ်ယောက်မှ အလွတ်မပေးဘဲ သတ်ပစ်လိုက်တယ်။

ထိုလူများ၏ လက်များသည် ကောင်းကင်အောင်ခြင်း ဂိုဏ်းသားများ၏ သွေးများဖြင့် စွန်းထင်းနေမှာ သံသယဖြစ်စရာ မရှိပေ။ ဤနေ့သည် ထုံးယန်ဂိုဏ်းအတွက် သွေးထွက်သံယို ဖြစ်မည့်နေ့ဖြစ်ရန် ရည်ရွယ်ထားသော်လည်း တံဆိပ်ပြား၏ တည်ရှိမှုနှင့်အတူ အရာအားလုံးသည် ယခင်အတိုင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။

လူသတ်ခြင်း မပြုတော့သော လုရွှမ်သည် သူတို့သိသော၊ ကြင်နာပြီး စိတ်ရင်းမှန်ဖြင့် လုံးဝပြန်လာခဲ့သည်။ နေရာဟောင်းကို လည်ပတ်ပြီး အတိတ်က ဇာတ်လမ်းတွေကို ပြောပြပြီးတဲ့ နောက်မှာတော့ လုရွှမ်ဟာ သတိမထားမိဘဲ ခံစားချက်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေက နီရဲလာခဲ့ပါသည်။

ဒီနေရာဟာ ချဲ့ကားမှု တစ်ခုသာသာပဲလို့ တစ်ချိန်က ထင်ခဲ့ပေမဲ့ ဒီလောက်အထိ ခံစားချက်များစွာကို သယ်ဆောင်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။

"လုရွှမ်... မင်း ဘာဆက်လုပ်မှာလဲ"

“အဓိက ဂိုဏ်းရှစ်ခုကို ပြန်သိမ်းပြီး လူတွေကို ပြန်ပို့​ပေးရမယ်... ငါတို့ အဓိက ဂိုဏ်းကြီး ရှစ်ခုက တပည့်တွေ ရှိနေသရွေ့ တံဆိပ်ပြားတွေကို အကျုံးမဝင်အောင် လုပ်ပစ်ရမယ်... ဒီတံဆိပ်ပြားတွေကြောင့် လူတွေ အသတ်ခံခဲ့ရတာ... ဒါကြောင့် ငါတို့ သူတို့ကို ပြန်သွားခေါ်ရမယ်”

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ဒါက အမှန်တရားပဲလေ။

"တခြားဂိုဏ်းတွေက ဒါကိုလည်း တွေးကြလိမ့်မယ်... သူတို့ လူတွေကို ပြန်သွားခေါ်မယ့် လမ်းမှာ ငါတို့ကို ချောင်းမြောင်း တိုက်ခိုက်လိမ့်မယ်... နောက်ဆုံးတော့ သဲလွန်စတွေ ပေါက်ကြားမလာဘဲ ဒီလို လူအုပ်စုကြီးကို ဦးဆောင်ဖို့က မဖြစ်နိုင်ဘူးလေ"

ညီအစ်ကိုတွေက လုရွှမ်ပြောတာ မှန်ကြောင်း ထောက်ခံဖို့ ခေါင်းညိတ်လိုက်ကြသည်။ ၎င်းတို့သည် ဂိုဏ်းကြီးရှစ်ခုမှ လူများကို ပြန်လည်ခေါ်ဆောင်ခွင့် မပြုဘဲ စစ်သည်အင်အားကြီးများဖြင့် ချုံခိုတိုက်ခိုက်မည်မှာ သေချာပါ၏။

"ဒါပေမဲ့ ငါတို့ကြောက်နေတာလား"

ပေါင့်တာထင်းက ပြုံးပြီး သူ့လက်ကို ဖြန့်လိုက်သည်။ ထိုအခါ ရွှမ်ကျီးကလည်း ပြုံး၍။

"မှန်တယ်... ငါတို့ကြောက်နေတာလေ!"

ထို့နောက် လူတိုင်းက ရယ်​မောလိုက်ကြ​ပေသည်။ ဒီတော့ အဲဒီလူတွေက ပြင်းပြင်းထန်ထန် ခြုံခိုဖို့ တဲထိုးထားရင် ဒါမှမဟုတ် အဲဒီလူတွေက မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေကို ဖိတ်ထာယရင် ရှေးဟောင်း ပစ္စည်းဟောင်းတွေ ဆိုရင်ရော ဘယ်လိုလဲ။

သူတို့ကတော့ မကြောက်ပါ။ တစ်ယောက်လာရင် တစ်ယောက်ကို သတ်ကာ အုပ်စုလိုက်လာရင် တစ်အုပ်စုလုံးကို သတ်ပစ်မည်။ သူတို့ကို တားဝံ့သူတိုင်း သွေးမြစ်ထဲ မျှောပါသွားဖို့ အသင့်ပြင်ထားရမည်။

"ကောင်းပြီ မြန်မြန် အနားယူကြရအောင် ပြီးရင် ငါတို့ ထွက်ခွာ​ကြမယ်"

တစ်နာရီကြာပြီးနောက် လုရွှမ်သည် တောင်တံခါးကို တိုက်ရိုက် ပိတ်လိုက်ပြီး ပို့ဆောင်ခြင်းအစီအရင်ကို သုံးကာ လူတိုင်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။

အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ လူတွေအများကြီးက တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကျိုယန်းမြို့သစ်က ပို့ဆောင်ခြင်းအစီအရင်ထဲက ထွက်လာခဲ့လေသည်။ ကျိုယန်းမြို့သစ်ဟာ ဒီအချိန်မှာတော့ အသက်ဝင်ခြင်း မရှိတော့ပါ။

ကျင့်ကြံသူတွေဟာ ဒီကနေ အပြင်ကို အဆက်မပြတ် သတင်းပို့နေကြသည်။ ပြည်တွင်းက လူတွေတောင် မထွက်ရဲဘူး ဆိုတဲ့ ကောလဟာလတွေတောင် ရှိ​​နေတော့ သတင်းပို့သူတွေလည်း အပြေးအလွှား အမြန်ထွက်သွားနေရသည်။

ဤလူများသည် အဓိကဂိုဏ်းကြီး ရှစ်ခုက ဖြစ်သော်လည်း မူလ တောင်တစ်သောင်းကမ္ဘာ၏ မူလအဓိကဂိုဏ်းရှစ်ခု မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် ပြင်ပကမ္ဘာမှ လာ၍ အဓိကဂိုဏ်းရှစ်ခုကို သိမ်းပိုက်ထားသူများ ဖြစ်သည်။

၎င်းတို့အနက် ထုံးယန်ဂိုဏ်းသည် လုံးလုံးလျားလျား ကွယ်ပျောက်သွားပြီ။ အခြားဂိုဏ်းတစ်ခု အောင်မြင်သည်နှင့် တပြိုင်နက် ထုံးယန်ဂိုဏ်း၏ နေရာကို သိမ်းပိုက်မည် ဖြစ်သည်။

“ထွက်လာတဲ့ သတင်း​တွေ အရတော့ အဲဒီလူတွေ ဒီကနေ သေချာပေါက် ဖြတ်သွားလိမ့်မယ်..."

"နားမလည်ဘူး သူတို့က ဒီကနေ မထွက်ခွာနိုင်အောင် ပို့ဆောင်ခြင်းအစီအရင်ကို ဖျက်ချလိုက်တာက ပိုမကောင်းဘူးလား?"

ဤအသံ ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်းက ထိုလူကို ငတုံးတစ်ယောက်အား ကြည့်နေသလိုမျိုး စိုက်ကြည့်နေကြ​လေသည်။

"ဒီဧရိယာအနီးမှာ စုစုပေါင်း ပို့ဆောင်ခြင်းအစီအရင် ငါးခုရှိတယ်..အဲဒါတွေကို တစ်ခုချင်းစီ ဖြိုချပစ်ရမှာလားကွ!"

"ဒါ့အပြင်.... ငါတို့က တောင်တစ်သောင်းကမ္ဘာရဲ့ ဂိုဏ်းရှစ်ဂိုဏ်းကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တာ ဆိုတော့ ငါတို့က တောင်တစ်သောင်းကမ္ဘာရဲ့ သခင်တွေပဲလေ... ငါသိသလောက်ဆို တောင်တစ်သောင်းကမ္ဘာမှာ စခန်းချထားတဲ့ အင်အားစု​တွေ အများကြီး ရှိတယ်... အလွတ်ခံလို့ မဖြစ်ဘူး..."

စကားပြောတဲ့လူက ရွဲ့စောင်းကာ ပြုံးပြီး စကားရပ်လိုက်သည်။ အဲဲဒီနောက် သူတို့သည် တောင်တစ်သောင်းကမ္ဘာမှ တစ်စုံတစ်ဦး ရောက်လာမည့် ပို့ဆောင်ခြင်းအစီအရင် ရှေ့တွင် စခန်းချထား​လေသည်။

"ဘယ်လို?? ကောင်းကင်အောင်ခြင်း ဂိုဏ်းကို ပြန်သိမ်းလိုက်ပြီ ဟုတ်လား"

လူအုပ်စု တစ်ခုလုံးက ကောင်းကင်အောင်ခြင်း ဂိုဏ်းကို ပြန်သိမ်းလိုက်တဲ့အကြောင်း အကြိမ်ပေါင်းများစွာ မေးနေကြပေမယ့် လုရွှမ်သည် ၎င်းတို့ သူ့လက်ထဲရှိ တံဆိပ်ပြားကို မြင်ဖူးချင်လို့ ဖြစ်ကြောင်း နားလည်လိုက်သည်။

"ငါ မင်းတို့ကို ကောင်းကင်အောင်ခြင်း ဂိုဏ်းကို ခေါ်သွားမယ်... ဟိုမှာ အရင် အခြေချပြီးမှ ကျန်တဲ့ ရှစ်ဂိုဏ်းကို ထပ်သိမ်းမယ်"

ထိုဝါကျလေး တစ်ကြောင်းက လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို လောင်ကျွမ်းစေပြီး ချက်ချင်း နိုးကြွလာကြသည်။ သူတို့ဒီလို ပျော်ရွှင်မှုမျိုးကို မခံစားခဲ့ရတာ ကြာပြီလေ။

All Chapters