← Chapters

ဂိုဏ်းရှစ်ခုမဟာမိတ်

Vol. 103 Ch. 4.1060

ဂိုဏ်းရှစ်ခုမဟာမိတ်

Vol. 103 Ch. 4.1060

အားလုံး ထွက်သွားပြီးနောက် လုရွှမ် နေရစ်ခဲ့သည်။ ရှုံထျန်းပါ့မှာ ထွက်သွားဖို့အတွက် တွန့်ဆုတ်နေပုံ ရလေ၏။

"အစ်ကိုရှုံ မျက်နှာ မကောင်းဘူးဆိုတော့ ပြောစရာရှိပုံပဲ တစ်ခုခုကို စိုးရိမ်နေတာလား... အခုအချိန်မှာ ပြောစရာရှိရင် ပြောလိုက်ပါ"

ရှုံထျန်းပါ့ အသက်ရှုထုတ်လိုက်သည်။

"လုရွှမ် ငါမင်းကိုမေးစရာရှိတယ် ဒီကိစ္စပြီးရင် မင်းမှာ ဘာအစီအစဉ်ရှိလဲ မင်းပြန်ထွက်သွားဖို့ စီစဉ်ထားတာလား?"

"ဟုတ်တယ် ဒီမှာက ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို တိုးတက်လာစေမယ့် နေရာမရှိဘူး"

"တံဆိပ်ပြားထဲမှာ ဘာတွေပါလဲ မင်းလည်းသိပါတယ်...ဂိုဏ်းအတွက် အနှစ်၆၀ သက်တမ်းရှိတဲ့ အကာအကွယ် စွမ်းအင်ပဲ... ဒါကြောင့် အနှစ်သုံးဆယ်ပြီးရင် ငါတို့ သက်ဆိုင်ရာ ဂိုဏ်းခွဲတွေကို ကာကွယ်ဖို့ အင်အားရှိလာမယ်လို့ မင်းထင်လား"

ဤသည်မှာ လေးနက်သော မေးခွန်း ဖြစ်သည်။ လုရွှမ်လည်း ဒီကိစ္စကို စဥ်းစားကြည့်ခဲ့ဖူး၏။ သူတို့ ထွက်ခွာသွားပြီးနောက် အနှစ်သုံးဆယ် ကြာသောအခါ တံဆိပ်ပြား၏ အကာအကွယ် မပါဘဲ ဂိုဏ်းကို ဘယ်လို ကာကွယ်ကြမလဲ။ ယခု ဂိုဏ်းကြီးရှစ်ခု ပေါင်းစပ်ထားလျှင်ပင် မျှော်စင်နယ်ပယ်က တစ်ဒါဇင်သာ ရှိသည်။

ခွဲခွာပြီးရင် သူတို့ဂိုဏ်းကို ဘယ်လိုကာကွယ်ရမလဲ မပြောတတ်ကြပေ။ နောင်လာနောက်သားတွေကို လေ့ကျင့်ဖို့ အနှစ်သုံးဆယ်က အချိန်လုံလောက်ပါ့မလား။ လက်ရှိဂိုဏ်းရဲ့ အနေအထားက ပြောင်းလဲသွားရင်တောင် မဖြစ်နိုင်ပါဘူး။

အနှစ်တစ်ရာ နှစ်ရာလောက် ဆိုရင်တော့ လုံလောက်ပြီ။ ဒါပေမဲ့ အဲဒီလူတွေဟာ သူတို့ ဂိုဏ်းကြီးရှစ်ခုကို အချိန်ပေးမှာတဲ့လား။

"ခင်ဗျား​ရော ဘယ်လိုထင်လဲ"

လုရွှမ် ပြန်မေးလိုက်၏။

"ငါ တခြားသူနဲ့ မဆွေးနွေးရသေးဘူး... မင်းနဲ့ အရင် ဆွေးနွေးပြီး မင်းရဲ့ အခြေအနေကို မေးမလို့..."

ရှုံထျန်းပါ့ သက်ပြင်းချလိုက်သည်။ လုရွှမ် ခေါင်းညိတ် ပြလိုက်ပြီမို့ ယခုတွင် တစ်လမ်းတည်းသာ ကျန်တော့ကြောင်း ဝမ်းနည်းစွာ ခံစားလိုက်ရသော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။

"ကျွန်တော်တို့အားလုံး ပူးပေါင်းသင့်တယ်... အတူတူ ဒုက္ခရောက်နေကြပြီပဲ သေခြင်းတရားရဲ့ လမ်းကြောင်းထဲ ရောက်လာရင် မဟာမိတ်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လေ... ဂိုဏ်းရှစ်ဖွဲ့နဲ့ မဟာမိတ်ဖွဲ့နိုင်မလား မပြောတတ်ဘူး"

လုရွှမ် ဆိုလိုက်သည်။ ဒါက ရှုံထျန်းပါ့ တွေးနေတာမှန်း သူ ရှင်းရှင်းလင်းလင်း သိထားပြီးပါပြီ။ သူတို့မှာ ခွန်အားမရှိလို့ ဂိုဏ်းကို တခြားသူတွေ သိမ်းသွားတာကိုပဲ ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရသည်။

"စိတ်မပူပါနဲ့... ဒါက ကျွန်​တော့်အပေါ်လည်း မူတည်ပါ​သေးတယ်... ဘာပဲဖြစ်ဖြစ် နာကျင်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲလေ ဒါပေမဲ့ ဒီလို မဟုတ်ရင်လည်း နောက်နှစ်သုံးဆယ်ကြာရင် တောင်တစ်သောင်းကမ္ဘာမှာ ဂိုဏ်းကြီးရှစ်ခု ပျောက်ကွယ်သွားလိမ့်မယ်"

ရှုံထျန်းပါ့ သက်ပြင်းချလိုက်ပြီး သူ့မျက်နှာမှာ ဝမ်းနည်းပူဆွေးမှု အပြည့်နဲ့ ကြည့်လိုက်သည်။ လူတွေအားလုံး တစ်ဖန်စုရုံးကြကာ လုရွှမ်နဲ့ ရှုံထျန်းပါ့က သူတို့ ဆွေးနွေးခဲ့ကြတာကို ပြောပြခဲ့သော် မထင်မှတ်ပဲ အံ့သြစရာ ကောင်းလောက်အောင် ချောမွေ့သွားခဲ့သည်။

"ဆရာတူအစ်ကို လုရွှမ်က စည်းလုံးညီညွတ်မှပဲ ရမယ်လို့ ပြောရင် ကျွန်တော်တို့ ပူးပေါင်းကြမယ်... ဆရာတူအစ်ကိုက ကျွန်တော်တို့ ရှင်သန်နိုင်မယ့် လမ်းကို ရှင်းရှင်းလင်းလင်း သိမြင်ထားပြီးသား ဖြစ်မှာပါ"

"ဒီခေတ်က ငါတို့ခေတ် မဟုတ်တော့ဘူး"

ဒီလူတွေအားလုံးရဲ့ သနားစရာကောင်းတဲ့ မျက်နှာတွေကို ကြည့်လိုက်ရင်း လုရွှမ်လည်း သူ့ရင်ထဲမှာ ခံစားချက် လှိုင်းလုံးတွေကို ခံစားလိုက်ရလေသည်။ ယခင် လွတ်မြောက်လာစဉ် အခါက ၎င်းတို့အား ရွေးချယ်မှု တစ်ခုပြုလုပ်ရန် တွန်းအားပေးခဲ့ပြီး အချင်းချင်း ကူညီခဲ့ကြကာ တခြားသူများကို ကယ်တင်ကာ မိမိကိုယ်ကိုယ်လည်း စတေးခဲ့ကြသည်။

အတူတကွ နေထိုင်ခြင်းနှင့် သေဆုံးခြင်း ဖြစ်စဉ်တွင် ခိုင်မာသော မိသားစု ဆက်ဆံရေးကို မွေးမြူထားခဲ့ပြီး လူတစ်သိန်းသည် မိသားစုတစ်စုကဲ့သို့ပင် ရင်းနှီးပြီးသား ဖြစ်သည်။

"ကောင်းပြီ အခုက လူတိုင်းက စည်းလုံးတယ် ဆိုမှတော့ ဒီနေ့ကစပြီး ဂိုဏ်းရှစ်ခုမဟာမိတ်ကို ထူထောင်မယ် ငါတို့မဟာမိတ်ရဲ့ ဌာနချုပ်က ကောင်းကင်အောင်ခြင်း တောင်ထွတ်မှာ ရှိတယ်... ငါတို့ရဲ အရင်ကရှိခဲ့ဖူးတဲ့ ဂိုဏ်းရှစ်ခုနဲ့ ကိုက်ညီတဲ့ တောင်ထွတ် ခွဲထားမယ်... ဂိုဏ်းချုပ်နေရာမှာတော့ အကြီးအကဲ ရှုံထျန်းပါ့က အသင့်တော်ဆုံးပဲ! အားလုံးရော ဘယ်လိုမြင်လဲ?"

"ဒီအကျပ်အတည်း ကာလမှာ ဂိုဏ်းချုပ်ရှုံက ​​လူတိုင်းရဲ့ ဘေးကင်းမှုကို သူ့ဘာသာသူ ပံ့ပိုးပေးခဲ့တယ်... ဒီမှာရှိတဲ့ လူတိုင်းကို ဘေးကင်းအောင် ကာကွယ်ဖို့ အရာအားလုံးကို စတေးခဲ့တယ်... ဒီအကြပ်အတည်းမှာ ဂိုဏ်းချုပ်ရှုံရဲ့ ကြီးမြတ်တဲ့ လူသားဆန်မှုကို မြင်တွေ့ခဲ့ရတယ်"

"ရိုးရိုးသားသား ပြောရရင် ငါနဲ့ ဂိုဏ်းချုပ်ရှုံကြားက ဆက်ဆံရေးက အရမ်းဆိုးတယ် ဆိုတာ လူတိုင်းလည်း သိကြမှာပါ.... တစ်ယောက်ကို တစ်ယောက် သတ်ပစ်ချင်ခဲ့တဲ့ အထိပဲ ဒါပေမဲ့ အကြပ်အတည်း ကာလမှာ ဂိုဏ်းချုပ်ရှုံရဲ့ လုပ်ရပ်တွေက သူ့ကို ချီးကျူးစရာ ဖြစ်စေတယ်.... ဂိုဏ်းချုပ်နေရာကို အကြီးအကဲ ရှုံထျန်းပါ့ကိုပဲ တင်မြှောက်ကြမယ်!"

ရှုံထျန်းပါ့မှာ လုရွှမ် ဒီလိုပြောလာမယ်လို့ လုံးဝ မမျှော်လင့်ထားတာကြောင့် သူ့မျက်နှာ နီရဲလာတော့သည်။

"ဂိုဏ်းချုပ်ရှုံ"

"ဂိုဏ်းချုပ်ရှုံ"

အသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာကြသည်။ အားလုံးက ရှုံထျန်းပါ့ရဲ့ နာမည်ကို ကျယ်လောင်စွာ အော်လိုက်ကြပြီး ဂိုဏ်းရှစ်ဂိုဏ်း၏ ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုကြ​လေရာ ရှုံထျန်းပါ့လည်း စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို မြှောက်လိုက်သည်။

"ကောင်းပြီ... မင်းတို့နဲ့ငါ ဆွေးနွေးချင်တာ တစ်ခုရှိသေးတယ်... အဲဒါက ငါတို့ရဲ့ အနာဂတ် ရွှေ့ပြောင်းနေထိုင်မှုပဲ... ကောင်းကင်အောင်ခြင်း တောင်ထွတ်ကို သွားတဲ့လမ်းမှာ အန္တရာယ်တွေ အများကြီးရှိမှာ သေချာတယ် ဒါကြောင့် လူတိုင်းကို ပြင်ဆင်ထားဖို့လိုတယ်"

လုရွှမ် သူဆက်ပြောရမယ့် စကားလုံးတွေကို ရှင်းရှင်းလင်းလင်း မပြောခဲ့ပေမဲ့ အားလုံးက အဲဒါဘာလဲဆိုတာ နားလည်သွားပါပြီ။ ရန်သူသည် ခြုံခိုတိုက်ခိုက်ခြင်း များစွာကို ပြုလုပ်ထားပြီးသား ဖြစ်ကောင်းဖြစ်မည်။

"စိတ်မပူပါနဲ့ သေဘေးကို ဘယ်သူမှ မကြောက်ဘူး!"

ရှုံထျန်းပါ့က လူတိုင်းကို ကြည့်ကာ သူ့လက်တစ်ဖက်ကို မြှောက်လျက် ဆိုလေသည်။

"ထွက်ပြေးတုန်းကဆို ငါတို့က အပြင်းအထန် တိုက်ခိုက်ခဲ့တယ်... သူတို့ရဲ့ လိုက်ရှာ ဖမ်းဆီးနေတဲ့ ကြားကနေ လွတ်မြောက်လာခဲ့တယ်...အခုက ခြုံခိုတိုက်ခိုက်တာ...အခု နောက်ဆုံးတော့ ငါတို့က တန်ပြန်တိုက်ခိုက်ဖို့ အချိန်တန်ပြီ ငါတို့က ငါတို့ပိုင်တဲ့ နယ်မြေကို ပြန်သိမ်းတော့မယ်... ငါတို့ပေးရမယ့် စျေးက သေခြင်းပဲ ဒါပေမဲ့ ငါတို့ကြောက်မှာလား"

"မကြောက်ဘူး!"

သူရဲကောင်းဆန်မှု အပြည့်နဲ့ ကျယ်လောင်တဲ့ အော်သံတွေက တစ်စတစ်စ ထွက်ပေါ်လာခဲ့လေသည်။ လုရွှမ်လည်း ခေါင်းညိတ်ပြလိုက်သည်။ သူ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြင်းထန်သလို ခိုင်မာတဲ့ သူရဲကောင်းဆန်မှုနဲ့ ဒီလူတွေကလည်း မကြောက်မရွံ့ ငြိမ်သက်နေတယ်လို့ ခံစားရလေ၏။

"တစ်​ရက်​​လောက်​ အနားယူလိုက်ပါ ပြီးရင်​ ငါတို့ ထွက်​ကြမယ်​!!"

နောက်တစ်နေ့တွင် ရာသီဥတုက ကြည်လင်ပြီး လန်းဆန်းနေသည်။ လူများစွာတို့သည် အနားယူပြီးသည်နှင့် ခရီးထွက်ရန် စောင့်ဆိုင်းနေကြပြီး သပ်သပ်ရပ်ရပ် တန်းစီကာ ရပ်နေကြသည်။

လုရွှမ်သည် လူတိုင်း နေရာချနိုင်သည့် ဧရာမလှေကြီးကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အားလုံး တစ်ယောက်ပြီး တစ်ယောက် လှေပေါ်တက်လိုက်ကာ အနီးနားက မြို့တစ်မြို့ဆီ ထွက်ခွာလာခဲ့လေသည်။ ကျိုယန်းမြို့သစ်သည် အချိန်အတော်ကြာ ထင်ရှားနေခဲ့သော်လည်း လူတွေနှင့် ပြည့်နေပြီဟု မဆိုနိုင်ပေ။

တခြား ပို့ဆောင်ခြင်းအစီအရင် အနီးတွင် ချောင်းမြောင်းနေသော လူများစွာ ရှိရမည်။ သို့သော် ကျိုယန်းမြို့သစ်က လူတွေထက်တော့ အမြဲနည်းပါးနေပါသည်။ ဧရာမလှေကြီးသည် အလွန်ကြီးမားသော်လည်း တင်းကျပ်သော အကာအကွယ် မရှိသောကြောင့် လူများစွာကို ဖုံးအုပ်ထား​ပေးရန် အလွန်ခက်ခဲလှသည်။

ယေဘူယျအားဖြင့် ပြောရလျှင် ဤသည်မှာ သင်္ဘောတစ်စင်းသာ ဖြစ်ပြီး အမှန်တကယ် အန္တရာယ်နှင့် ကြုံတွေ့ရပါက တည်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးတော့ချေ။ အခု လှေကြီးက လုံးဝ လုံလောက်တာထက် ပိုနေပါပြီ။

လဝက်လောက် ပျံသန်းပြီးနောက် နောက်ဆုံးတော့ အနီးနားက မြို့ငယ်လေးဆီကို ရောက်သွားလေသည်။ ပိုင်ရှန့်မြို့ လို့အမည်ရတဲ့ မြို့ငယ်လေးမှာ ရွှမ်ကျီးနဲ့ ပေါင့်တာထင်း သူတို့ရောက်လာတာကို တွေ့တော့ ပြောလာကြသည်။

“အခြေအနေက မကောင်းဘူး... ဒီမှာ ကျင့်ကြံသူတွေ တစ်ထောင်ထက်မနည်း စုဝေးနေကြတယ်... နတ်မီးနယ်ပယ် အထက်မှာ ရှိတဲ့ ကျင့်ကြံသူတွေချည်းပဲ... မျှော်စင်နယ်ပယ်ကလည်း ၃၀၀ ထက် မနည်း ရှိတယ်... ဒီမှာ စစ်ပွဲတွေ ပေါ်လာတော့ တခြားသူတွေလည်း မြန်မြန်ဆန်ဆန် ပြောင်းရွှေ့လာလိမ့်မယ်”

လီလင်ရှို့: "ဒါဆို ကျွန်မတို့ ဒီကို တိုက်ရိုက်​ ပျံသန်းသွားနိုင်​မှာလား?"

လုရွှမ် ခေါင်းခါလိုက်ပြီး "မဖြစ်ဘူး... အကွာအဝေးက အရမ်းဝေးတယ် လှေအကြီးကြီးက မခံနိုင်ဘူး... ဒီအတိုင်းဆို ပစ်မှတ်က အရမ်းကြီးသွားပြီ တစ်ယောက်​ယောက်က ငါတို့ကို ဗုံးကြဲပြီးတာနဲ့ ငါတို့က သက်ရှိပစ်မှတ် ဖြစ်လာလိမ့်မယ်"

"ငါတို့မှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်... အဲဒါက ပို့ဆောင်ခြင်းအစီအရင်ကို သိမ်းဖို့ပဲ"

All Chapters