← Chapters

အခြားနည်းလမ်းကို ရွေးချယ်မယ်

Vol. 103 Ch. 4.1061

အခြားနည်းလမ်းကို ရွေးချယ်မယ်

Vol. 103 Ch. 4.1061

ပေါင့်တာထင်းရဲ့ ကိုယ်ဖျောက်စွမ်းရည်က သူတို့ထဲမှာ အကောင်းဆုံး ဖြစ်သည်။ သူ သူ့ကိုယ်သူ ဝှက်ထားသောအခါ လုရွှမ်ပင် သတိမထားမိနိုင်ပေ။ ဒါကြောင့် သူက စုံစမ်းမှု ပြုလုပ်ခြင်းဖြင့် အရာအားလုံးကို သဘာဝအတိုင်း ထိန်းချုပ်ထားနိုင်သည်။

လုရွှမ်: "ငါ ပို့ဆောင်ခြင်းအစီအရင်ကို တစ်ချက် ပြောင်းလဲထားလို့ ရတယ်... အဲဒါက ဒီကနေပဲ ထွက်သွားနိုင်ပြီး တခြားသူတွေကို မရောက်လာနိုင်အောင် ​ပိတ်ဆို့တာမျိုး... ပြဿနာက ရိုးရိုးရှင်းရှင်းပဲ ပို့ဆောင်ခြင်းအစီအရင်ကို တတ်နိုင်သမျှ အမြန်ဆုံး သိမ်းပိုက်ဖို့ပဲ လိုတာ ဒါဆို ပြဿနာက ပြေလည်သွားလိမ့်မယ်"

ရွှမ်ကျီးက ခေါင်းခါလိုက်ပြီး "အဲဒါက မလွယ်ဘူး.... သူတို့က အဲဒီမှာ ကျင့်ကြံသူတွေ အများကြီး ဝိုင်းထားတယ် ဒီနေ့လည်း အင်အားတွေ အများကြီး စုဆောင်းထားတယ်။ ငါတို့ အားကောင်းနေပေမယ့် အဲဒီလူတွေဆီ ချက်ချင်း အမြန်ပြေးပြီး ပို့ဆောင်ခြင်းအစီအရင်ကို သိမ်းပိုက်ဖို့ဆိုတာ မလွယ်ဘူး"

“သူတို့အတွက် အခွင့်အရေးတစ်ခု ရလိုက်တာနဲ့ ပို့ဆောင်ခြင်းအစီအရင်ကို ဖွင့်ပြီး တခြားနေရာက လူတွေ ချက်ချင်း ရောက်လာလိမ့်မယ်”

"ဒါတင်မကသေးဘူး.. သူတို့က ပို့ဆောင်ခြင်းအစီအရင်တွေရဲ့ရှေ့မှာ အခင်းအကျင်းတွေ အများကြီးကိုလည်း စီစဥ်ထားတယ်...အဲ့အခင်းအကျင်းတွေကြောင့် မျှော်စင် နယ်ပယ်ကို ကျော်တက်သွားတဲ့ သခင်တွေတောင်မှ လမ်းကြောင်းကနေ ခဏအတွင်း ပြန်မဆုတ်နိုင်ဘူး"

ယခုတစ်ကြိမ် တောင်တစ်သောင်းကမ္ဘာကို ကျူးကျော် ဝင်ရောက်လာသော ကျင့်ကြံသူများက အလွန်ပြတ်သားလှသည်။

လုရွှမ်နဲ့ သူ့အဖွဲ့ဟာ အခု နတ်ဘုရားနယ်မြေလို ဖြစ်သွားပြီဖြစ်တဲ့ ယခင်ဂိုဏ်းဆီ ပြန်ခွင့်မပြုရအောင် သူတို့ ပြန်လည်ကျန်းမာလာပြီး ခွန်အားတွေ ပြန်လည် ဖြည့်တင်းပြီးတာနဲ့ ပြန်တိုက်ခိုက်တာတွေ မလုပ်နိုင်အောင် တစ်ဖက်လူတွေက တွက်ချက်ကာ ကြိုတင် စီစဥ်ထားကြလေသည်။

လုရွှမ်သည် သူ၏သူငယ်ချင်း များသာမက အသစ် ဖွဲ့စည်းထားသော ဂိုဏ်းရှစ်ခုမဟာမိတ်မှ အကြီးအကဲများကိုပါ တစ်ချက် ကြည့်လိုက်ပြီးနောက် ဒါပြီးရင်တော့ အနာဂတ်တွင် ဂိုဏ်းရှစ်ဂိုဏ်း၏ အရေးကိစ္စများကို လုံးလုံး ဖြေရှင်းလို့ ပြီးသွားမည် ဖြစ်ကြောင်း စိတ်ထဲမှ တွေးလိုက်သည်။

တောင်တံခါးကို ပြန်ချင်ရင်တောင် အလွယ်တကူ ပြန်မလာနိုင်ဘူး ဆိုတာ လူတိုင်းသိကြပေမယ့် လူအမြောက်အမြား သေသွားဖို့ကတော့ မလိုလားပေ။

သူတို့မှာ ဒီလိုသဘောပေါက်မှုတွေ ရှိပေမယ့် မသေနိုင်ဘဲ ငြိမ်းချမ်းစွာ ထွက်ခွာပြီး တောင်တံခါးကို ပြန်သွားနိုင်ခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလေ။ နောက်ဆုံးတော့ သူတို့ထဲက တော်တော်များများဟာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် အတွင်းမှာ သေဆုံးခဲ့ကြရပြီလေ။

လုရွှမ်သည် ဒါဟာ ၎င်းတို့၏ ညံ့ဖျင်းသော အသွင်အပြင်ကြောင့် ဖြစ်ကြောင်း သိပါသည်။ သူတို့သည် မိမိတို့၏ ဇာတိမြေအတွက် တိုက်ပွဲဝင်နေကြပြီး ရန်သူသည်လည်း ဂိုဏ်းတည်နေရာအတွက် တိုက်ပွဲဝင်နေပါသည်။

ခြင်္သေ့က ယုန်တစ်ကောင်ကို တိုက်ခိုက်တဲ့အခါ အင်အားသိပ် မသုံးရပေမယ့် ယုန်က ပြန်တိုက်ချင်ရင်တော့ အစွမ်းကုန် ကြိုးစားရမယ်။

ယုန်က အသဲအသန် ပြေးနေပြီး သူ့​အသက်ကို ကယ်ချင်နေချိန် ခြင်္သေ့တွေကလည်း သူတို့ရဲ့ အသက်ကို ရှင်သန်အောင် အစွမ်းကုန် ကြိုးစားနေတာပဲ မဟုတ်ဘူးလား။

"ဒါဆို အခု အစီအစဉ်ကို ရပ်ဆိုင်းလိုက်​ကြမယ်... လူတချို့ကို ဆက်သွယ်ဖို့ လိုတယ်..."

အောင့်ယွဲ့သည် လုရွှမ် ပြတ်ပြတ်သားသား ပြောပြီးတာနဲ့ လုရွှမ်မှာ အဖြေ ရှိရမယ်ဆိုတာကို သူမ သိလိုက်သည်။ လုရွှမ်သည် အန္တရာယ်ကို အကြိမ်ပေါင်း မည်မျှဖြတ်သန်းခဲ့လဲ မသိတော့ပေ။ သူ ငြိမ်သက်နေသော်လည်း ၎င်းတို့အား အန္တရာယ်မှ လွတ်မြောက်ကာ အောင်မြင်မှုဆီသို့ ပို့ဆောင်နိုင်ခဲ့သည်။

"လုရွှမ် မင်းမှာ အကြံရှိ​နေပြီလား"

လုရွှမ် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ် ကျွန်တော့်မှာ အစီအစဉ်တစ်ခု ရှိတယ်..."

ရှုံထျန်းပါ့သည် ဂိုဏ်းရှစ်ခုမဟာမိတ် ပေါင်းစည်းဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာတော့မည် ဖြစ်သောကြောင့် ဂိုဏ်းအတွင်းရှိ တပည့်များ၏ အသက်ကို သူက အခြားသူများထက် ပို၍ဂရုစိုက်သည်။

ယဇ်ပူဇော်ရမယ့် လူအရေအတွက်က အလွန်ကြီးမားပါက ဂိုဏ်း၏ ကြီးထွားမှုသည် အနာဂတ်တွင်လည်း အလွန်ခက်ခဲလိမ့်မည်။

"တခြားသူတွေကို အကူအညီ တောင်းရအောင်!"

"တခြားသူတွေကို အကူအညီ တောင်းဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါတို့ကို ကူညီဖို့ ဘယ်သူက လာမှာလဲ??

ရှန်းရှဲ့၏စိတ်သည် အလွန်ထက်မြက်ပြီး သူမသည် လုရွှမ်အစီအစဉ်ကို နားလည်နေပြီ ဖြစ်သည်။

သူမက ပြုံးပြီး "ဟုတ်တယ် ငါတို့ တစ်ယောက်ယောက်ကို အကူအညီ တောင်းလို့ရတယ် သူတို့ အရမ်းပျော်သွားလိမ့်မယ်"

လီလင်ရှို့နဲ့ ရှောင်ပိုင်တို့မှ အနည်းငယ် ရှုပ်ထွေးနေပြီး သူမတို့မှာ ကြောင်တောင်တောင်လေး ဖြစ်နေကြသည်။

"ဘာလို့လဲ"

"ငါတို့ရဲ့ လက်ရှိအင်အားက ဂိုဏ်းအားလုံးကို သိမ်းပိုက်ဖို့ မလုံလောက်ဘူး... လူထုဝေဖန်မှု ပစ်မှတ်ဖြစ်လာလိမ့်မယ်..အဲ့တော့ ဂိုဏ်းခုနစ်ခုကိုပဲ ထွက်လာခိုင်းလိုက်မယ် ...သူတို့က ဘယ်သူ့အတွက် ထွက်လာမှာလဲ ငါတို့ရဲ့ တောင်တံခါးကို ကျူးကျော်ဖို့ သူတို့ရဲ့ဂိုဏ်းသားတွေကို ထွက်ခိုင်းမှာလား?"

"ငါတို့ ဒီဂိုဏ်းကို စွန့်လွှတ်ချင်ရင် ငါတို့အတွက် အကျိုးပြုပြီး အဓိပ္ပာယ်ရှိတဲ့ သူတွေကိုပဲ ပေးချင်တာမလား... အဲဒီလူတွေနဲ့သာ မဟာမိတ်ဖွဲ့နိုင်ရင် နောင်အနှစ်သုံးဆယ် အကြာမှာ အားလုံးက ဟိုတုန်းကလို ဂိုဏ်းခွဲကြီးရှစ်ခုရဲ့ အကိုင်းအခက်တွေ ဖြစ်လာနိုင်တယ်"

"အဲဒီလူတွေက မိတ်ဆွေပဲ... ငါတို့ဂိုဏ်းကို စွန့်လွှတ်ပေးဖို့ ဝန်လေးပေမယ့် သူတို့အတွက် ဂိုဏ်းတစ်ဂိုဏ်းကိုတော့ ပေးရလိမ့်မယ်"

လူတိုင်း၏ မျက်လုံးများက ငြိမ်သက်သွား၏။ အမှန်စင်စစ် ၎င်းတို့သည် ယခင်က ဂိုဏ်းကို စွန့်ထုတ်ရခြင်းအပေါ် စိတ်တွေ နှစ်မြှုပ်ခဲ့ကြသော်လည်း ယင်းအချက်ကို မေ့လျော့သွားကြသည်။ ဘာကြောင့် သူတို့ဘာသာသူတို့ ဂိုဏ်း၇ခုကို သွားတိုက်ရမှာလဲ။ တောင်တစ်သောင်းကမ္ဘာက တခြားဂိုဏ်းခွဲတွေကို ထွက်လာခိုင်းလို့ ရတယ် မဟုတ်လား။

တချို့လူတွေကို အဲဒီဂိုဏ်းခုနစ်ခုရဲ့ နယ်မြေတွေဆီ ရွှေ့ပြောင်း ချင်ကြတာကြောင့် ကူညီချင်တဲ့သူတွေ ရှိလာနိုင်ပါသေး၏။

"အခု ပြန်သွားရအောင်...ဒီလူတွေကို မနှောင့်ယှက်​တော့ဘူး ဆက်ပြီး ဖုံးကွယ်ထားမယ်... အဲဒီအင်အားစုတွေကို ဆက်သွယ်ဖို့ လူတချို့ကို လွှတ်လိုက်မယ် မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတဲ့သူတွေ အများကြီး ရှိလာမယ်လို့ ယုံကြည်တယ်"

ရှုံထျန်းပါ့လည်း ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်သည်။ သူ့တပည့်တွေ မသေရရင်တော့ အကောင်းဆုံး ဖြစ်မှာပါ။ ဂိုဏ်း၇ခုကို သိမ်းပိုက်ထားသော အဖွဲ့တွေကိုသာ နှင်ထုတ်နိုင်ရင် လေးနက်သော အကျိုးကျေးဇူးများ ရရှိလာတာက တန်ပါသည်။ ပြီးလျှင် အနာဂတ်အတွက် ခိုင်မာသော အုတ်မြစ်ချရမည်။

လုရွှမ်ရဲ့ စိတ်ဆန္ဒက ဒီလောက်အထိ လိုက်လျောညီထွေ ဖြစ်နေမယ်လို့ သူ မထင်မှတ်တာကြောင့် သက်ပြင်းချလိုက်သည်။ သူက ဒီကမ္ဘာကို သူနှင့် မသက်ဆိုင်သော လူတစ်ဦးအဖြစ် သတ်မှတ်ထားတာတော့ နှမြောစရာ ကောင်းလှ၏။

အကယ်၍ သူသာ မရှိလာခဲ့ရင် အနှစ်သုံးဆယ် အချိန် ရှိသေးသော်လည်း ဂိုဏ်းကို နောက်တစ်ကြိမ် ကြီးပွားအောင် မစွမ်းဆောင်နိုင်လောက်ချေ။ သို့မဟုတ် အခြားသော ဂိုဏ်းခုနစ်ခုကိုပင် ပြန်ရနိုင်လိမ့်မည် မဟုတ်ပေ။

"မ​သေမျိုးစစ်တပ်... ငါတို့ထွက်သွားတဲ့ အချိန်မှာ သူတို့ကိုကာကွယ်ဖို့က မင်းတို့အပေါ်မှာပဲ မူတည်တယ်.... အမှားအယွင်း တစ်ခုမှ မဖြစ်ပါစေနဲ့ ငါတို့က တစ်ဖက်ကအဖွဲ့ကို အနိုင် မယူနိုင်တော့ဘူးဆိုရင် ချက်ချင်း ပြန်ဆုတ်လာခဲ့မယ်... ငါတို့က ဓားပျံတွေကို အချိန်မရွေး လွှတ်လိုက်မယ်.... အန္တရာယ်ရှိရင် ငါတို့ထွက်သွားပြီး ပြန်လာခဲ့မယ်"

"ဟုတ်!!" မသေမျိုးစစ်တပ်က အမိန့်ကို နာခံ​လေသည်။

မသေမျိုးစစ်တပ်က ကျန်တဲ့လူ​တွေကို စောင့်ကြပ်နေမှာ​ ဖြစ်သဖြင့် လုရွှမ် ပို၍သက်တောင့်သက်သာ ဖြစ်သွားသည်။ သူတို့က လူသုံးဆယ်ထက် မများသော်လည်း အစွမ်းထက်ပြီး အခင်းအကျင်း ဖွဲ့စည်းမှုတွင် ကျွမ်းကျင်ကြသည်။

သို့သော် လီလင်ရှို့၏ စကားအရ တပ်ဖွဲ့ဝင်က မည်မျှပင်ရှိစေကာမူ ၎င်းတို့သည် နေ့တစ်ဝက်အထိသာ ခံနိုင်ရည်ရှိနိုင်သည်။ သူတို့ပြန်လာဖို့က နေ့တစ်ဝက်လောက် ဆိုရင်တော့ လုံလောက်ပါပြီ။

ဆွေးနွေးမှုအပြီးတွင် လူတိုင်းသည် ယခင်နေရာသို့ ဂရုတစိုက် ပြန်သွားခဲ့ကြသည်။ ထိုနေရာသည် အလွန်လျှို့ဝှက်လို့ လူတွေကို ဤနေရာ၌ ဝှက်ထားရန်မှာ လုံလောက်သော အကျိုးသက်ရောက်မှု ရှိသည်။

ဟုန်ရှန်ယင်း၊ မော့ရှဲနဲ့ တခြားသူတွေက တိုက်ခိုက်နိုင်ကြတဲ့ အင်အားမရှိလို့ နေခဲ့ကြသည်။ လုရွှမ် သိမ်းယူခဲ့သော ပစ္စည်းထဲတွင် လက်နက်သန့်စင်ရန်အတွက် အမြောက်အမြားကို ရရှိခဲ့ပြီး ထိုပစ္စည်းများကို လက်နက်အဖြစ် သန့်စင်ရန်မှာ ၎င်းတို့အပေါ်တွင် မူတည်သည်။

အင်အား မလုံလောက်သောအခါ လက်နက်များ၏ အစွမ်းသည် လူတစ်ဦး၏ အသက် သို့မဟုတ် သေဆုံးမှုကို ဆုံးဖြတ်နိုင်သည်။ အဲဒီရန်သူတွေကို မတိုက်ခိုက်နိုင်ရင် ရန်သူကို သတ်ဖို့ လက်နက်တွေ သုံးဖို့ အခွင့်အရေးလည်း ရှိမှာမဟုတ်ချေ။ ဒါပေမဲ့ သဘာဝအတိုင်း ပြင်ဆင်တာက အကောင်းဆုံးပါပဲ။

အရာအားလုံးကို ရှင်းပြပြီးနောက် လုရွှမ်နှင့် သူ့အဖွဲ့က ထွက်ခွာသွားခဲ့သည်။

ဒီလို သွားရတဲ့ ရည်ရွယ်ချက်က နှစ်ခုရှိပါ၏။ ပထမအဆင့်မှာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အင်အားစုများကို သဘာဝအတိုင်း ရှာဖွေရန်ဖြစ်သည်။ ဒုတိယအချက်မှာ မှားယွင်းသော သံသယကို ဖန်တီးရန်ဖြစ်ပြီး ထိုအင်အားစုများသည် ၎င်းတို့၏ လုပ်ရပ်အမှန်ကို မသိနိုင်စေရန် ဖြစ်ပေ၏။

ဒါဆို သူတို့အမြင်မှာ အမှန်တရားက လွဲမှားနေလိမ့်မည်။ အဲဒီလူတွေကို အနိုင်ယူဖို့ အခွင့်အရေးသာ ရှိရင် သဘာဝအတိုင်း လွယ်လွယ်ကူကူနဲ့ ပြီးသွားလိမ့်မယ်။

All Chapters