← Chapters

ကျေးဇူးကန်းသော တိရစ္ဆာန်များ

Vol. 103 Ch. 4.1064

ကျေးဇူးကန်းသော တိရစ္ဆာန်များ

Vol. 103 Ch. 4.1064

ဤတစ်ကြိမ်တွင် တခြားဂိုဏ်းချုပ်များကို ကြည့်လိုက်သော် လုရွှမ်က သူတို့အဖြေကို စောင့်ဆိုင်းနေမှန်း သိသဖြင့် ပြုံးပြီး ပြောလာသည်။

"လောဘကြီးဖို့ မလိုပါဘူး... မလုံလောက်ဘူးလို့လည်း ပြောလို့ မကောင်းဘူးမလား... အရာအားလုံးက မိတ်ဆွေလေးလုရွှမ် အပေါ်မှာ မူတည်ပါတယ်"

လုရွှမ်၏ မျက်လုံးများသည် ဂိုဏ်းခေါင်းဆောင်တစ်ဦးစီ၏ ရှေ့သို့ ရွေ့လျားသွားပြီး အားလုံးက သဘောတူလိုက်ကြသည်။

"ကျွန်တော် မပြောရင်တောင်မှ ကျွန်တော်က နောက်ဆုံး ကြယ်တစ်သောင်းကမ္ဘာကို ပြန်သွားမယ်ဆိုတာ လူတိုင်း သိကြမှာပဲ... ကျွန်တော်ကအမြဲ ဒီမှာပဲနေတော့မှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီနေရာက အမြဲတမ်း ကျွန်​တော့်အိမ် ဖြစ်နေဦးမှာ ဆိုတာတာ ရှင်းရှင်းလင်းလင်း ပြောခဲ့ချင်တယ်... တောင်တစ်သောင်းကမ္ဘာက တကယ်ပဲ ကျွန်​တော်ကိုယ်တိုင် ကယ်ခဲ့တာ”

လူခုနစ်ဦး၏ မျက်လုံးများတွင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ အရိပ်အမြွက်တစ်ခု ဖြတ်ပြေးသွား၏။ ဒီအချက်က လူတိုင်းက သံသယရှိခဲ့ကြသော်လည်း မည်သူမျှ အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။ ယခုအချိန်၌ လုရွှမ်က အသံကျယ်ကျယ်ဖြင့် ဝန်ခံသွားသည်ကို ကြားလိုက်ရသည်မှာ အမှန်ပင် အံ့သြထိတ်လန့်မိလေသည်။

လုရွှမ် သူတို့ကို ဒီလိုပြောခဲ့မယ်ဆိုရင် ဒါဟာ သဘာဝအတိုင်း ခြိမ်းခြောက်မှု တစ်ခုပါပဲ။

"ဒီနေ့ ဂိုဏ်းချုပ်တွေ အားလုံးက ကျွန်​တော်တို့ရဲ့ကတိကို လေးစားကြမယ်လို့ ကျွန်​တော် ယုံကြည်ပါတယ်... ဒါပေမဲ့ ခင်ဗျားတို့ရှေ့မှာ တစ်ခုတော့ ပြောထားချင်သေးတယ် နောင်တစ်ချိန် ကျွန်တော် တောင်တစ်သောင်းကမ္ဘာကို ပြန်လာရင် ကျွန်​တော် မမြင်ချင်တဲ့အရာ အားလုံးကို မဖြစ်နေစေချင်ဘူး... ကျွန်တော့်ရဲ့ အရည်အချင်းတွေ အကုန်လုံး နားလည်ထားလောက်ပါပြီ... ဟိုတစ်နေ့ကလို နေ့မျိုး ခင်ဗျားတို့လည်း မမြင်ချင်ဘူးလို့ ကျွန်​တော်ယုံပါတယ် ဟုတ်တယ်မလား"

လုရွှမ်သည် ရိုးရှင်းသော စကားလုံးများကို ပြောပြနေသကဲ့သို့ ပေါ့ပါးသော်လည်း လူခုနစ်ယောက်မှာ အကြောင်းပြချက်မရှိဘဲ အင်္ကျီထဲတွင် ချမ်းတုန်နေလေသည်။ လုရွှမ်ရဲ့ သာမာန် ခြိမ်းခြောက်မှုကပင် အံ့သြဖို့ ကောင်း​နေတုန်းပါပဲ။

လုရွှမ် ရယ်ပြီး "ခင်ဗျားတို့ အားလုံးကို ကြိုဆိုပါတယ်.... အခုပြေလည်သွားပြီ ဆိုတော့ ကျေးဇူးပြုပြီး ကျိုယန်းမြို့သစ်မှာရှိတဲ့ ပို့ဆောင်ခြင်းအစီအရင်ကို အရင်သိမ်းပိုက်ဖို့ အဖွဲ့ဝင်တွေနဲ့ ဂိုဏ်းသားတွေကို လွှတ်လိုက်ရအောင်!"

လက်သီးများကို ဆုပ်လျက် ပြုံးပြုံးလေး ပြောနေတဲ့ သူကတော့ လုံရှန့်သာ။

"ကိစ္စမရှိပါဘူး ခဏစောင့်ပါ ညီလေးလု..."

"ကောင်းပါပြီ ဂိုဏ်းချုပ်... ရှေ့တစ်လှမ်းတိုးပြီး နှုတ်ဆက်ကြရအောင်"

ထိုသို့ပြောပြီးနောက် လုရွှမ်နှင့် လူခုနစ်ယောက်တို့သည် အချင်းချင်း နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ကြသည်။ လူခုနစ်ယောက်မှာ အစည်းအဝေး ခန်းမထဲတွင် ထိုင်နေကြဆဲဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် ကြောင်ကြည့်နေကြသည်။

"အံ့သြစရာပဲ!"

စကား သိပ်မပြောသော တာအိုဘုန်းကြီးတစ်ပါးက ဆိုလာသည်။

"လူငယ်​လေးရဲ့ အနာဂတ်က အကန့်အသတ် မရှိဘူး"

"ဟမ့် မင်း ဘယ်လိုပဲပြောပြော ဒီနတ်မီးနယ်ပယ် ကလေးတစ်ယောက်က သူ့ကိုယ်သူ ဒီလောကရဲ့ အထွတ်အထိပ်လို့ သတ်မှတ်လိုက်တာပဲ မဟုတ်ဘူးလား!"

ဂိုဏ်းချုပ်တစ်ယောက်က ပြောပါ၏။ သူသည်လည်း ဂိုဏ်းချုပ်တစ်ယောက် ​ဖြစ်တာမလို့ အနည်းငယ် အခဲမကျေတာလေးက သဘာဝအလျောက် ဒေါသကြီး​စေသည်။

"ဟမ့် ငါမင်းကို ဒီလို အတွေးမျိုး မထားဖို့ ငါ အကြံပေးတယ်... သူက ကောင်းကင်မှာရှိတဲ့ နဂါးတစ်ကောင်လိုပဲ အနာဂတ်မှာ တစ်သောင်းကမ္ဘာတွေမှာ ကန့်သတ်ချက်မရှိ ကျော်ကြားလာလိမ့်မယ်... အခုအချိန်မှာ မြေကြီးကောင်းကောင်းပေါ်မှာ ရပ်နေရဖို့က အရေးကြီးတယ်"

လူတစ်စု ထွက်သွားကြပြီးနောက် အားလုံးက လုရွှမ်ကို နောက်ပြောင်လာကြသည်။

"လုရွှမ် ဒီအခြေအနေတွေကို သူတို့သဘောတူမယ်လို့ ထင်လား"

"သူတို့ မတုံးသရွေ့တော့ နားလည်ပါလိမ့်မယ်.... ဟုတ်တယ် ငါတို့လည်း တစ်ဖက်လှည့် ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုတယ်"

အားလုံးကလည်း ဒီအမှန်တရားကို နားလည်ကြတာကြောင့် ခေါင်းညိတ် လက်ခံကြလေသည်။

နောက်တနေ့မှာတော့ ဂိုဏ်း၇ဂိုဏ်းကတော့ သူတို့ဂိုဏ်းသားတွေ ထွက်ခွာသွားပြီ ဖြစ်တဲ့အကြောင်း သတင်းပို့လာခဲ့၏။

သုံးရက်အကြာတွင် လုရွှမ်နှင့် သူ့အဖွဲ့သည် ထိုလူတွေဟာ ကျိုယန်းမြို့သစ်က ပို့ဆောင်ခြင်းအစီအရင်ကို ထိုဂိုဏ်းများက သိမ်းပိုက်ထားဆဲဖြစ်ပြီး ပြောင်းလဲမှုလုံးဝ မရှိကြောင်း သိလိုက်ရသည်။

"သူတို့က ဘာမှ မလှုပ်ရှားလိုက်ရဘူး... တစ်ခုခု ဖြစ်သွားလို့လား"

အောင့်ယွဲ့ အမြင်မှာတော့ ပို့ဆောင်ခြင်းအစီအရင်အား စောင့်ကြပ်နေသူတွေကို မောင်းထုတ်ရန် ဤသုံးရက်တာက လုံလောက်နေပြီ ဖြစ်သည်။

"အဲဒီလူတွေနဲ့ ဆက်စပ်နေတာလား"

လက်ရှိအခြေအနေ အရတော့ ပြဿနာအသစ်တွေ ပေါ်လာတာ သိသာပါ၏။ လုရွှမ်၏ မျက်လုံးများသည်လည်း ခက်ထန်နေပြီး ပြဿနာအသစ်တစ်ခု ပေါ်ပေါက်လာမည်ကို သံသယ မရှိခဲ့ပေ။ သူ ထိတ်လန့်ပြီး ခဏလောက် တွေးတောကြည့်နေသည်။

"ခဏလောက် စောင့်​ကြည့်ရအောင် ဒီလူတွေ ငါတို့ကို ဆက်သွယ်သင့်တယ်.... ဒါကိုတောင် မလုပ်နိုင်ရင် ငါတို့ကို စော်ကားလိမ့်မယ်"

"စကားမစပ်... အားလုံး အဆင်ပြေနေတာလား.. သူတို့ဘက်မှာ သတင်းဆိုးတောင် မရှိဘူးလား?"

"အဲဒါတော့ မ​ဖြစ်နိုင်ဘူး" အောင့်ယွဲ့က အခိုင်အမာ ဖြေကြားခဲ့သည်။

ချွင်း!

အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ဓားပျံတစ်ခု ထွက်ပေါ်လာသည်။ လုရွှမ် ယူပြီး စစ်ဆေးကြည့်လိုက်သည်။

"ဟုတ်တယ်... ပြဿနာတက်နေပြီ... ကောင်းကင်အောင်ခြင်း ဂိုဏ်းကို သိမ်းပိုက်လိုက်တဲ့ ကိစ္စက ကျန်တဲ့ ဂိုဏ်းခုနစ်ခုကို ထိတ်လန့်သွားစေတဲ့ပုံပဲ... သူတို့က တံဆိပ်ပြားကို တကယ်ပစ်ချလိုက်ပြီ!"

"ပြီးတော့ လုံရှန့်နဲ့ သူ့ဂိုဏ်းက ငါတို့မှာ အဲ့ဂိုဏ်း​တွေကို သိမ်းပိုက်ဖို့ ခွန်အားမရှိဘူးလို့ သံသယဝင်နေတယ်..."

ဒါက တကယ် သံသယဝင်နိုင်တဲ့ အကြောင်းအရာပါပဲ။ တံဆိပ်ပြားများသည် အားသာချက်များနှင့် အားနည်းချက်များရှိပြီး လက်ရှိအခြေအနေနှင့် ပတ်သက်ပါက ၎င်းသည် အားသာချက်များထက် ပို၍ အန္တရာယ်များ​လေသည်။ သဘာဝအားဖြင့် တံဆိပ်ပြားကို ဖျက်စီးလိုက်တာက အကောင်းဆုံး နည်းလမ်းဖြစ်သည်။

သို့သော် တံဆိပ်ပြားများကို တောင်တစ်သောင်းကမ္ဘာက ဖန်တီးထားသောကြောင့် ၎င်းကို ဖျက်ဆီးလိုလျှင် ဖျက်ဆီးပစ်နိုင်သည်။ ဒါဆို သူတို့က ဘယ်ကို လွှင့်ပစ်တာလဲ ဆိုတာကတော့ သဘာဝကျကျ ဝေးလေကောင်းလေ တောင်တစ်သောင်းကမ္ဘာထဲကနေ လွှင့်ပစ်လိုက်တာပဲ ​ဖြစ်လိမ့်မည်။

"ဒါကို ဘယ်လိုလုပ်ကြမလဲ"

"ငါတို့က သူတို့ကို တောင်းဆိုနေရသလိုပဲ"

ဘယ်လို ရူပါရုံမျိုးနဲ့ ဘယ်လို အခြေအနေမျိုး အလုံးစုံ ကြယ်တစ်သောင်းကမ္ဘာမှာ အချိန်အကြာကြီး နေခဲ့ပြီးတဲ့နောက် သူတို့ရဲ့ အမြင်အာရုံဟာ သဘာဝအတိုင်း ပိုမြင့်လာပါပြီ။ သူတို့အမြင်အရတော့ အဲဒီဂိုဏ်းခုနစ်ခုရဲ့ လုပ်ရပ်ဟာ ရိုးရိုးရှင်းရှင်း ဟာသတစ်ခုပါပဲ။

မနှစ်မြို့ဖွယ် စကားတစ်ခွန်းနဲ့ နှိုင်းရလျှင် အရှက်မရှိခြင်းပင်။ သူတို့လိုချင်တာကို အလကားပေးဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကမ္ဘာတစ်ဝှမ်းရှိ တံဆိပ်ပြားများကို လိုက်ဖမ်းရန်၊ တောင်တံခါးခုနစ်ခုကို သိမ်းပိုက်ခွင့် ပေးလိုက်တာက အားလုံး အခမဲ့ပေးဆောင်လိုက်တာပဲ မဟုတ်ဘူးလား။

မျက်နှာသာ ပေးတာကို မယူတတ်တဲ့အပြင် ကျေးဇူးကန်းသော တိရိစ္ဆာန်လိုပါ လုပ်နေသေး၏။ လောဘကြီးတဲ့ သူတွေက အရှက်အကြောက် မရှိဆုံးပဲ။

"သူတို့က မလှုပ်ရှားချင်ဘူး ဆိုမှတော့ မေ့ထားလိုက်ရအောင်... အစ်ကိုပေါင့် ရွှမ်ကျီး မင်းတို့မှာ ဂိုဏ်းတစ်ခုကို စတင်တည်ချင်တဲ့ သူငယ်ချင်းတွေ ရှိလား? ဒီနေရာက ဝေးပေမယ့် အနည်းဆုံးတော့ သုခဘုံတစ်ခုပဲလေ.... ကုန်ကျစရိတ် အားလုံးကို ငါ ဖြည့်ဆည်းပေးမယ်... သူတို့ကို ပို့ဆောင်ခြင်းအစီအရင်ကနေ ခေါ်လိုက်"

ချမ်းသာခြင်းဟူသည် ဆန္ဒရှိခြင်းပင်တည်း။ ပေါင့်တာထင်းက ပြုံးပြီး ပြော၏။

"ဒါပေါ့... ဒီနေရာက နည်းနည်း ဝေးပေမယ့် အခုအရာအားလုံး သာယာပြီး ကောင်းကင်လိုဏ်ဂူ ရှစ်ခုကို မွေးဖွားလာခဲ့ပြီလေ... ကြယ်တစ်​သောင်းကမ္ဘာကို မမီသေးပေမယ့် ဒီကမ္ဘာငယ်လေးက ဖွံ့ဖြိုးလာပြီ... မင်းကလည်း တန်ခိုးကြီးသူတစ်ယောက်ပဲ ဆိုတော့ ဒီကဏ္ဍကို ငါ့လက်ထဲ အပ်ထားလိုက်... ငါချက်ချင်း ဆက်သွယ်ထားလိုက်မယ်!"

"ကောင်းပြီ... လီမိသားစုနဲ့ ရွှမ်ကျီးအတွက်လည်း တောင်ထွတ်တစ်ခုစီ ချန်ထားရမယ်"

ကောင်းကင်ဘုံက ကောင်းချီးပေး ခံထားရသော တောင်ထွတ်သည် ထူးချွန်သော တပည့်များစွာကို ပြုစုပျိုးထောင်နိုင်ပြီး ထူးချွန်လာပါက ကြယ်တစ်သောင်းကမ္ဘာကို ပို့၍ ကြယ်တစ်သောင်းကမ္ဘာနဲ့ ဆက်ဆံရေးကို တည်​ဆောက်နိုင်သည်။

လုရွှမ်သည် ဆွေးနွေးခဲ့သည့် ဂိုဏ်းကြီးခုနစ်ခုသာ ပူးပေါင်းဆောင်ရွက်ပါက ဆုငွေအချို့ ပေးကာ ၎င်းတို့၏ အမာခံတပည့်တချို့ကို ကြယ်တစ်သောင်းကမ္ဘာသို့ စေလွှတ်​စေမည်ဟု မူလက ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ထိုလူများက လောဘကြီးလွန်းနေပုံရသည်။

လုံရှန့်သည် ငယ်ရွယ်ပြီး အစွမ်းထက်သော်လည်း မထင်မှတ်ဘဲ အခြားသူများကဲ့သို့ပင် ပြတ်ပြတ်သားသား ရပ်တည်နေပုံရသည်။ ရွေးချယ်မှုမှားပါက ဂိုဏ်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု စည်းမျဉ်းများဟာ လုံးဝ ကွဲပြားသွားမည်။

ပေါင့်တာထင်းသည် ဂိုဏ်းကြီးများစွာကို လျှင်မြန်စွာ စုံစမ်းမေးမြန်းပြီး ထန်းကျီဂိုဏ်းနှင့် လီမိသားစုက ဤနေရာသည် ဂိုဏ်းရှစ်ခု၏ ပရဒိသုဖြစ်လာကြောင်း ကြားသိရသောအခါတွင် ၎င်းတို့သည် သဘာဝအတိုင်း စိတ်မဝင်စားဘဲ မနေနိုင်ကာ ၎င်းတို့အတွက် အရည်အချင်းများ လေ့ကျင့်ရန် ဤနေရာသို့ သစ်ကိုင်းတစ်ခု စေလွှတ်လိုက်သည်။

တကယ်တော့ လုရွှမ်ဟာလည်း အနည်းနဲ့အများ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်လေသည်။ သူသည် တောင်တစ်သောင်းကမ္ဘာက ကြယ်တစ်သောင်းကမ္ဘာရဲ့ ရုပ်သေးနဲ့ ပင်ကိုယ်စွမ်းရည်ကို မွေးမြူထားတဲ့ ပုခက်အဖြစ် မလိုချင်ပေ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကြယ်တစ်သောင်းကမ္ဘာနဲ့ ဆိုရင် ဂိုဏ်းရဲ့အနာဂတ်ဟာ သဘာဝအတိုင်း ပိုမိုတောက်ပလာပါလိမ့်မယ်။

All Chapters