ဆယ်ကြိမ်သေ တစ်ကြိမ်ရှင်
Vol. 104 Ch. 4.1067
တစ်ဖက်က ပြောလာတဲ့ စကားကြောင့် ပေါင့်တာထင်းလည်း စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"မင်းငါ့ကိုတွေ့ဖူးလား"
ကမ္ဘာတဝှမ်း လှည့်လည်သွားလာရင်း ဝမ်းနည်းစရာ အကောင်းဆုံးမှာ ငိုကြွေးတစ္ဆေဂူ၌ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို မေ့သွားခြင်းပါပဲ။ ယခုအခါတွင် တစ်စုံတစ်ယောက်သည် ငိုကြွေးတစ္ဆေဂူထဲတွင် ဖြစ်ပျက်သွားသည်ကို အမှန်တကယ် သိရှိနေကြောင်း သ်လိုက်ရရာ သူ့စိတ်ထဲတွင် ချက်ချင်းပင် ရှုပ်ထွေးသွားခဲ့သည်။
“အဲဒီတုန်းက ငိုကြွေးတစ္ဆေဂူထဲမှာ အတူတူ ဖြတ်ကျော်နိုင်ခဲ့တယ်လေ... ကျုပ်ကြောင့်သာ မဟုတ်ရင် သူတို့သုံးယောက်ကို ခင်ဗျားကိုယ်တိုင် ကယ်ဆယ်နိုင်မယ်လို့ ထင်လား”
"မင်းကိုး?"
ကျန်းပင်းက ပြုံးပြီး ထွက်သွားသည်။ ပေါင့်တာထင်း အမြန် လိုက်သွားသော်လည်း ကျန်းပင်းကို ဘယ်နေရာရာမှ ရှာမတွေ့ခဲ့ပေ။
လုရွှမ်၏ နဖူးကြောများ တင်းမာသွားသည်။ သူ ပေါင့်တာထင်းကို ဖမ်းဆုပ်လိုက်ကာ ကျန်းပင်း၏ လှုပ်ရှားမှုစွမ်းရည်သည် ပေါင့်တာထင်းနှင့် အတူတူပင် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ သူသည် ထိုစွမ်းရည် လွတ်လွတ်လပ်လပ် ပြန်ဆွဲထုတ်နိုင်ပြီး ဤခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှုဟာ ပေါင့်တာထင်းထက်ပင် ပိုကောင်းနေသေးသည်။
"မင်းငါ့ကို လွှတ်လိုက်ပါ..."
လုရွှမ်: "မင်း အမီလိုက်လို့မရဘူး သူ့ရဲ့ နတ်ဆိုးခန္ဓာစွမ်းရည်က မင်းရဲ့ ခန္ဓာကိုယ် စွမ်းရည်တွေအတိုင်း သုံးနေတာ"
လုရွှမ် စကားတစ်ခွန်း အော်ပြောပြီးနောက် ပေါင့်တာထင်လည်း ငြိမ်သက်သွားသည်။ သူက သက်ပြင်းချလိုက်ကာ။
"ဟုတ်တယ်... အဲဒါက နတ်ဆိုးခန္ဓာစွမ်းရည်ရဲ့ လှုပ်ရှားမှုတစ်ခုပဲ.... ငါကပဲ လုပ်နိုင်တဲ့သူ တစ်ယောက်လို့ ထင်ခဲ့တာ သူလည်း လုပ်နိုင်မယ်လို့ မမျှော်လင့်ထားဘူး"
"အစ်ကိုပေါင့် အဲဒီလူက ရှင့်ကို ကျီစားဖို့ သီးသန့်လာတာပဲ... သူ့ရည်ရွယ်ချက် မကောင်းဘူးဆိုတာ သိသာတယ်"
ဖုန့်ဖေးက သူ့ကို နှစ်သိမ့်ပေးခဲ့ပြီး တခြားသူတွေလည်း နှစ်သိမ့်ပေးခဲ့ပါသည်။
လုရွှမ်: "အစ်ကိုပေါင့် မင်းရဲ့ ဒီနတ်ဆိုးခန္ဓာစွမ်းရည်က ငိုကြွေးတစ္ဆေဂူထဲက လေ့လာထားခဲ့တာ မဟုတ်လား"
ပေါင့်တာထင်း ခေါင်းညိတ်သည်။
"ဟုတ်တယ် တခြားဟာတော့ သိပ်မမှတ်မိတော့ဘူး ဒါပေမဲ့ အထဲက ရုပ်ထုကိုတော့ မြင်နေရတုန်းပဲ အဲဒါ ဘာနဲ့ လုပ်ထားလဲတော့ မသိဘူး ရုပ်တုက နည်းနည်းတော့ ထူးဆန်းတယ်လို့ ခံစားရတယ် ပြီးတော့ ရုပ်တုက ငါ့အမြင်အာရုံထဲမှာ လှုပ်ရှားပြီး နတ်ဆိုးခန္ဓာစွမ်းရည်ကို သရုပ်ပြနေခဲ့တာ..."
ရွှမ်ကျီး: "အရင်ဆုံး သူက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ဖြစ်ခဲ့တဲ့ ဇာတ်လမ်းဟောင်းတွေကို ဖော်ထုတ်ပြီးတော့ နတ်ဆိုးခန္ဓာစွမ်းရည်ကို သုံးခဲ့တယ် ဆိုတော့ အဲ့ကျန်းပင်းမှာ အစီအစဉ် ကြီးကြီးမားမား ရှိနေပြီဆိုတာ သိသာတယ်"
ခဏကြာတော့ သူ့အမူအရာက ပြောင်းသွားပြီး။
"ဒီခရီးက အရမ်း အန္တရာယ်များတယ် ဆယ်ကြိမ်သေ တစ်ကြိမ်ရှင်မယ့် လမ်းပဲ...အဲ့ကျန်းပင်းဆိုတဲ့ လူက လူနဲ့ နတ်...."
သူစကားမဆုံးခင်မှာ ပါးစပ်ထဲက သွေးတွေ ထွက်ကျလာတော့သည်။ လုရွှမ် ရှေ့သို့ အမြန်ပြေးကာ ရွှမ်ကျီးခန္ဓာကိုယ်ကို ထောက်ကူ၍ ဆေးတစ်လုံး အရင်ကျွေးလိုက်သည်။ သူ့လက်ဖဝါးကို ကျောပေါ်တင်ကာ ဒဏ်ရာကို ကုသရန် သူ၏ ယွမ်ယန်စွမ်းအင်ကို အသုံးပြုလိုက်သည်။
"တခြားဘာမှ မပြောနဲ့တော့"
အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်သည့် နည်းလမ်းသည် အခက်ခဲဆုံးနှင့် အန္တရာယ်အရှိဆုံး ဖြစ်သည်။ လုရွှမ် တစ်ချိန်က ရှေးဟောင်းလျှပ်စစ် ကမ္ဘာတွင် အနာဂတ်ကို ကြည့်သော စွမ်းရည်တချို့ကို ရရှိခဲ့သော်လည်း သူ နောက်ပိုင်းတွင် စွန့်လွှတ်ခဲ့သည်။
"အဲ့ကျန်းပင်း...."
"ငါတို့လည်း လိုက်ကြမယ်"
လုရွှမ်က ခိုင်မာပြက်သားသော အသံဖြင့် ဆိုလိုက်ရာ လူတိုင်း အံ့ဩသွားကြသည်။
ဖုန့်ဖေး: "ရွှမ်ကျီးတောင် တစ်ခုခုပြောလာပြီပဲ... လူတွေနဲ့ နတ်ဘုရားတွေက လိုက်ဖက်နိုင်တဲ့ စကားလုံးတွေ များများစားစား မရှိပါဘူး... လူနတ် ဆိုတဲ့ စကားလုံးက တစ်နည်းပြောရရင် ဒီလူဟာ မကောင်းမှု တစ်ခုခုကို လုပ်ခဲ့တာဖြစ်မယ်... ကျွန်မတို့သူ့နောက်ကို လိုက်ရမယ်"
လုရွှမ်: "ဒါက ကောင်းချီးတစ်ခု ကျိန်စာတစ်ခုမဟုတ်ပေမယ့် ငါတို့ရှောင်လွှဲလို့ မရဘူး... ကျန်းပင်းက ငါတို့ကို ရန်စဖို့ ကြံစည်နေမှန်း ငါတို့သိတယ် ဆိုရင်တောင် ဒီကိစ္စကို သူတို့လက်ထဲက ရုန်းထွက်ပြီး ဒီကနေ ထွက်ပြေးနိုင်မှာလား"
"ပေါင့်တာထင်းရဲ့ ညီအကိုသုံးယောက် မပြောနဲ့၊ အနာဂတ် မြေကမ္ဘာက လမ်းပေါ်မှာ လျှောက်သွားလို့ရခဲ့ရင် အန္တရာယ်ကို ဘယ်အတွေ့အကြုံနဲ့ ရင်ဆိုင်ကြမှာလဲ"
ဖုန့်ဖေးက တိတ်တိတ်လေး ခေါင်းညိတ်ပြီး လုရွှမ် ပြောတာ မှန်ပါကြောင်း ထောက်ခံလိုက်သည်။
"ကောင်းပြီ လုရွှမ် ကျွန်မတို့ ရှင်ပြောတာကို နားထောင်မယ်..."
"အားလုံးပဲ ကျေးဇူးတင်ပါတယ်"
ပေါင့်တာထင်း သူ့လက်ကို ဆန့်ထုတ်လိုက်သော် အားလုံးက ဝန်းရံလာကြလေသည်။
"ငါတို့က ညီအစ်ကိုတွေပဲလေ!"
လုရွှမ် သူ့လက်ဖဝါးကို ဆုပ်လိုက်သည်။ တစ်ဖက်က ရွှမ်ကျီး၏ မျက်နှာသည်လည်း ဖြူဖျော့နေသော်လည်း အနည်းဆုံးတော့ သူနိုးလာပြီ ဖြစ်သည်။
"ရွှမ်ကျီး မင်းဘယ်လိုခံစားရလဲ"
ရွှမ်ကျီးက ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး ဆို၏။
"ကောင်းကင် လျှို့ဝှက်ချက်ကို မပေါက်ကြားစေရဘူး... ငါ့ကို အဂ္ဂိရတ်ဆေး ဒါမှမဟုတ် မှော်စွမ်းအား ပမာဏက ဘယ်လိုမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး... နောက်၃၃ရက် လောက်အထိ ငါ့ရဲ့ စွမ်းရည်တွေကို မသုံးနိုင်တော့မှာ ကြောက်ရတယ်"
ရွှမ်ကျီး ရှက်စိတ်အပြည့်ဖြင့် ဆိုလိုက်သည်။ သူတို့သည် ငိုကြွေးတစ္ဆေဂူကို ရောက်ခါနီးတွင် အန္တရာယ်များသော အခိုက်အတန့်တစ်ခု ဖြစ်မှာ မှန်သော်လည်း ရုတ်တရက် ဒဏ်ရာရသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယခုတော့ အကူအညီ ဖြစ်မည့်အစား ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်လာခဲ့သည်။
"အဲ့လိုမထင်ပါနဲ့... ဒါက ငါတို့ကိုသတိပေးဖို့ မင်းအသက်ကို စွန့်စားနေတာပဲလေ"
ရွှမ်ကျီး: "နောက်ထပ် ယာဉ်ပျံကိုစီးပြီး အရင်ပြန်သွားရကြမလား"
အရည်အချင်းများကို အသုံးမချနိုင်ပါက ငိုကြွေးတစ္ဆေဂူထဲသို့ ဝင်ခြင်းသည် သင့်ကိုယ်သင် ခြိမ်းခြောက်ခံရရုံသာမက အခြားသူများကိုလည်း ဒုက္ခပေးမိမည် ဖြစ်သည်။
လုရွှမ်သည်လည်း ဤအရာက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သိထားတာမို့ သူသဘောတူခါနီးတွင် နားမလည်နိုင်သော ရင်တုန်ခြင်းတစ်ခုက သူ့နှလုံးသားထဲ ပျံ့နှံ့လာသည်။ သူ့ရှေ့ရှိ ရွှမ်ကျီး၏ မျက်နှာသည် တခဏအတွင်း မီးခိုးရောင် ပြောင်းသွားပြီး လူသေလိုပဲ ဖြစ်သွား၏။
သို့သော် အနီးကပ် ကြည့်လိုက်တော့ ရွှမ်ကျီးရဲ့မျက်နှာက အနည်းငယ် ဖြူဖျော့နေသေးပေမယ့် အရင်လို ကြည့်ကောင်းနေတုန်းပင်။
"မဟုတ်ဘူး မင်း ငါတို့နဲ့ လိုက်ခဲ့ အတူတူ ထွက်ကြရအောင်"
လုရွှမ် ပြတ်ပြတ်သားသား အော်ပြောလိုက်သည်။ ရွှမ်ကျီးက ခဏလောက် ထိတ်လန့်သွားပြီး တခြားသူတွေလည်း လုရွှမ် ဘာလုပ်ချင်နေမှန်း နားမလည်ကြတော့ပေ။
"လုရွှမ် သူ့ကို ထားခဲ့တာက မကောင်းမှန်း ငါသိပါတယ် ဒါပေမဲ့ ငိုကြွေးတစ္ဆေဂူက အန္တရာယ်များလွန်းတယ် ငါတို့ သခင်လေးလုရွှမ်ကို ခေါ်သွားရင်တော့ သူ သေဖို့ အလားအလာ အရမ်းများတယ်"
အောင့်ယွဲ့က လုရွှမ်လက်ကိုဆွဲကာ တိုးတိုးလေး ဖျောင်းဖျသည်။
ရွှမ်ကျီးလည်း ခေါင်းညိတ်သည်။
"လုရွှမ် နတ်သမီးအောင့်ယွဲ့ ပြောတာ မှန်ပါတယ် ငါ ဒီအခြေအနေမှာ ငိုကြွေးတစ္ဆေဂူထဲ ထပ်ဝင်ခဲ့ရင် သေမှာ.... ငါသေရင် ကိစ္စမရှိပါဘူး ဒါပေမဲ့ မင်းတို့ကိုပါ ဆွဲခေါ်မိသွားရင် ကြောက်စရာ ကောင်းသွားလိမ့်မယ်"
လုရွှမ်နဖူးတွင် ချွေးအနည်းငယ် ထွက်နေပြီး ထိုအခိုက်တွင် သူမြင်လိုက်သည့် အရာသည် ပုံရိပ်ယောင် သို့မဟုတ် အနာဂတ်ကို ခန့်မှန်းခြင်းဟုတ်မဟုတ် သူ မသိသော်လည်း သူ့ရင်ထဲက ရင်တုန်နေသည်မှာ အမှန်ပင် အတုလုပ်ယူ၍ မရပေ။
"ကျီးဖိုးဖိုး ကျီးဖိုးဖိုး ခင်ဗျား ရှိသေးလား?"
လုရွှမ်တွင် သူ့ကိုယ်ပိုင်အန္တရာယ်ကို စီရင်တဲ့ နည်းလမ်းရှိသည်။ သို့သော် ရွှေကျီးကန်းထံမှ တုံ့ပြန်သံ ထွက်မလာပေ။ ၎င်းတို့သည် အန္တရာယ်ဇုန်ထဲသို့ ရောက်သွားသည်ဟု ဆိုလိုခြင်းဖြစ်ပြီး တုံ့ပြန်မှု မရှိသည့်အတွက် ကျောက်စိမ်းပြားကို ခေတ္တ ပိတ်ထားပြီဟု ဆိုလိုနေပြီ။
"ငါတို့ ငိုကြွေးတစ္ဆေဂူကို ရောက်ပြီလား"
လုရွှမ် လှည့်မေးလိုက်သည်။ အနည်းငယ် မှိန်းနေပြီးမှ ပေါင့်တာထင်းက ဆိုလာသည်။
"ငါတို့ ယာဉ်ပျံပေါ်မှာ ရှိနေတုန်းပဲ ငါတို့ မရောက်သေးဘူးလေ"
"မဟုတ်ဘူး... ငါတို့ရောက်နေပြီ ငါတို့ အခုငိုကြွေးတစ္ဆေဂူထဲ ရောက်နေပြီ... ရွှမ်ကျီး မင်း ငါတို့နဲ့ မလိုက်ဘဲ တစ်ယောက်တည်း ပြန်သွားရင် မင်းသေမှာ သေချာတယ်"
လုရွှမ်၏ အသံသည် အနည်းငယ် တုန်ယင်နေပြီး ယခင်က မည်သူမျှ မမြင်ဖူးသော အရာတစ်ခုကို မြင်လိုက်ရသလိုပင်။ လုရွှမ်ဟာ သူတို့ရှေ့တွင် အမြဲတမ်း တည်ငြိမ်နေခဲ့ရာ လုရွှမ် ယခုလိုကြောက်နေတာကို မြင်လိုက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
အောင့်ယွဲ့: "လုရွှမ် နင်တစ်ခုခုကို ရှာတွေ့ခဲ့တာလား"
လုရွှမ် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ သူအရင်က နက်နဲသော အရာကို မြင်ဖူးသည့် သေလုမြောပါး မြင်ကွင်းကို ပြန်ပြောပြလိုက်သည်။
"အနာဂတ်ကို ဟောကိန်းထုတ်တဲ့ စွမ်းရည်ကိုတော့ ငါလည်း နည်းနည်း ရှုပ်ထွေးနေတယ်... တစ်ခါတစ်လေမှာ အနာဂတ်ရဲ့ ပုံရိပ်က ရှင်းရှင်းလင်းလင်း ပေါ်လာနိုင်ပေမယ့် အများအားဖြင့်တော့ မှန်တတ်တယ်"
"ခဏနေဦး!"
လုရွှမ် ရုတ်တရက် ထပ်အော်ပြန်သည်။
"ရွှမ်ကျီး မင်းခုနကပြောခဲ့တာက ဆယ်ကြိမ်သေ တစ်ကြိမ်ရှင် ဟုတ်လား.... ငါတို့ထဲမှာ စုစုပေါင်း ဘယ်နှစ်ယောက်ရှိလဲ"
ဒါကို လူတိုင်းက အရှင်းဆုံးသိပါသည်။ လုရွှမ်၊ ပေါင့်တာထင်း၊ ရွှမ်ကျီး၊ ဖုန့်ဖေး၊ အောင့်ယွဲ့၊ အောင်ရှင်း၊ ရှန်းရှဲ့၊ လိရှောင်း၊ ရှန်ယိ၊ ကျင်ဟုန်နဲ့ ထူဖူး စုစုပေါင်း ဆယ့်တစ်ယောက် ဖြစ်သည်။
"ငါတို့ လူ ဆယ့်တစ်ယောက်ရှိတယ်... ငါတို့ထဲက ဆယ်ယောက် သေလိမ့်မယ်!"
လုရွှမ် ဆိုရင်း ရွှမ်ကျီးရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အော်ပြောလိုက်သည်။
"လူတိုင်း သတိထားပြီး လက်တွဲထားကြ... ဘယ်လိုအခြေအနေ ရောက်ရောက် မလွှတ်ကြနဲ့!!"