← Chapters

မှတ်ဉာဏ်ပြန်လည်ရယူခြင်း

Vol. 104 Ch. 4.1069

မှတ်ဉာဏ်ပြန်လည်ရယူခြင်း

Vol. 104 Ch. 4.1069

ကျန်းပင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အမှုန့်တစ်မျိုးကို တစ်ဆုပ်စာ ဖြန်းလိုက်တဲ့အခါ အလင်း​ရောင် ခုနစ်ရောင် ထွက်လာခဲ့သည်။

အလယ်ဗဟိုက မုန်တိုင်းငယ်၏ စုပ်ယူမှုအောက်တွင် သူ့လက်ထဲမှ အမှုန့်များကိုလည်း တိုက်ရိုက် စုပ်ယူလိုက်ပါသည်။ မုန်တိုင်းငယ်ထဲသို့ ရောက်သောအခါ အနီးပတ်ဝန်းကျင်ရှိ လိုဏ်ဂူများ၏ အစွန်းများပေါ်တွင် အလင်းရောင် အနည်းငယ် မှိန်ဖျော့သွားကာ ထိုနေရာတွင် ကျန်းပင်း ဖြန်းလိုက်သော အလင်းရောင် အနည်းငယ် စွန်းထင်းသွားတာ တွေ့လိုက်ရ၏။

အလွန် ထူးဆန်းသည်မှာ အရောင် ခုနစ်ရောင်ရှိသော အလင်းတန်းသည် လုံးဝ ကွဲထွက်သွားပြီး အုတ်တံတိုင်း အနောက်က လမ်းခုနှစ်သွယ်လို လုပ်ထားလေသည်။

"ဒါက ငိုကြွေးတစ္ဆေဂူရဲ့ အထူးသီးသန့်ဖြစ်တဲ့ ​အနက်ရောင်ကြယ်မှုန့်... ငိုကြွေးတစ္ဆေဂူမှာပဲ ဒီအမှုန့်မျိုးက အရောင်ထွက်နိုင်တယ်... အရမ်းလှတယ်မလား အနက်ရောင်ကြယ်မှုန်နဲ့သာ ဆိုရင် ရှေ့လမ်းကို အလင်းပေးနိုင်တယ်...."

ကျန်းပင်းက ပြုံးလိုက်ကာ သူ့မျက်လုံးတွေကလည်း တေအလင်းရောင်တွေ တောက်ပနေပုံရလေသည်။ သူ စိတ်ဆန္ဒအတိုင်း လမ်းကြောင်းကို ရွေးပြီး အောက်ဖက်ကို ပြေးဆင်းသွားသည်။

အလင်းများ တဖြည်းဖြည်း ပေါ်လာတဲ့ တိမ်မြုပ်နေတဲ့ နေရာကို ကြည့်လိုက်ရင်း အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ အရင်က မြင်ကွင်း၊ ဥပမာ ကျန်းပင်း၏ တကယ်ကို ဆန်းကြယ်လွန်းတဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးနဲ့ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် ထူးဆန်းတဲ့ အလင်းတန်းတွေက ဖော်မပြနိုင်လောက်အောင် ထူးဆန်းနေလေသည်။

တခြားကျင့်ကြံသူတွေကတော့ ကျန်းပင်း၏ ညွှန်ကြားချက်ကိုပဲ တစ်ယောက်ပြီး တစ်ယောက် လိုက်နာကြသည်။

"လုရွှမ်... ငါတို့ ဘာလုပ်သင့်လဲ"

ယခု လမ်းခုနစ်သွယ် ရှိသည်။ လမ်းများက တောက်ပနေပြီး အချို့က သန်မာကယ အချို့မှာလည်း အားနည်းသည်။ လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်မီးတောက်၏ မီးရောင်များဖြင့် တောက်နေသည်။ ကျန်းပင်းသည် လမ်းခုနစ်လမ်းပေါ်တွင် အဆက်မပြတ် ပြောင်းလဲနေသော လမ်းကြောင်းများကို မမြင်နိုင်ဘဲ အရှေ့နှ င့်အနောက်ဘက် နေရာနှစ်ခုစလုံးတွင် ခြေရာများ ချန်ထားခဲ့သည်။

သူ့​နောက်မှ လိုက်လာသော ကျင့်ကြံသူများသည် ကျန်းပင်းခြေရာ အတိုင်း တစ်လှမ်းချင်း လိုက်၍ အောက်သို့ တရွေ့ရွေ့ ဆင်းလာကြသည်။ သူတို့ ခြေချလိုက်သည်နှင့် အနက်ရောင် ကြယ်မှုန်မှ ကြွင်းကျန်ခဲ့သော အလင်းအစက်များသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အလင်းရောင်လည်း ပျောက်ကွယ်သွားပေလိမ့်မည်။

ဒီအချိန်မှာ မဆင်းရသေးတာ သူတို့တွေပဲ ရှိတော့သည်။

"လုရွှမ်...ငါတို့ သူတို့နောက်ကို လိုက်ဖို့ လိုတယ်... မဟုတ်ရင် ကြယ်မှုန်တွေ ပျောက်ကွယ်သွားပြီး လမ်းတွေ ပျောက်ကွယ်သွားတဲ့အခါကျ ငါတို့အတွက် ခက်ခက်ခဲခဲ ဖြတ်ကျော်သွားရလိမ့်မယ်"

"ငါ့ကနောက် လိုက်ခဲ့!"

လုရွှမ် ဆိုရင်း ရွှမ်ကျီးကို သူ့ကျောပေါ်တင်ကာ ပြေးဆင်းမလို့ ပြင်လိုက်သည်။

"မဟုတ်ဘူး...ရွှမ်ကျီးက သူ့ခြေရာတွေကို ချန်ထားရမယ် အဲ့ဒါက သူငိုကြွေးတစ္ဆေဂူထဲကို ဝင်သွားပြီဆိုတာ သက်သေပဲ မဟုတ်ရင် သူပြန်မထွက်နိုင်တော့ဘူး!"

ပေါင့်တာထင်းရဲ့ မျက်လုံးတွေက ရွှေရောင်​တွေ တောက်လာပြီး မြန်မြန်ဆန်ဆန် အော်ပြောလိုက်သည်။

"ငါ တစ်ခုခုကို မှတ်မိလာသလိုပဲ...ငါအရှေ့က သွားမယ်"

ပေါင့်တာထင်းက သူ့ခြေရာအတိုင်း လိုက်လာခဲ့ဖို့ ပြောလေသည်။

အန္တရာယ်ရှိတဲ့ နေရာကို ဝင်လိုက်တာနဲ့ ရှေ့ကို အပြေးသွားတဲ့သူဟာ သဘာဝအတိုင်း အန္တရာယ်အရှိဆုံး ဆိုတာ လူတိုင်းသိပါသည်။ ပေါင့်တာထင်းက လုံလောက်သော ခွန်အားရှိပြီး ဤနေရာကို ဝင်ရောက်ထားသည့် အတွေ့အကြုံ ရှိသော်လည်း သူ့မှတ်ဉာဏ်တွေက ပျောက်ဆုံးသွားခဲ့သည်။ ယခုအခါ ၎င်းကို ပြန်လည်သတိရလာပြန်သည်။

အားလုံး မဟုတ်ပေမယ့် ကြီးမားတဲ့ အကူအညီ ဖြစ်နေပြီဆိုတာ သေချာပြီမို့ ပေါင့်တာထင်း ရှေ့ကသွားတာဟာ သဘာဝကျကျ အကောင်းဆုံးပါပဲ။

"ကောင်းပြီ မင်းရှေ့ကသွား...ဖုန့်ဖေး မင်းက ရွှမ်ကျီးကို ​​ခေါ်လာခဲ့... ငါအနောက်က လိုက်မယ်!"

ဤနေရာသို့ ကြွလာသော ကျင့်ကြံသူများ၏ ခွန်အားသည် နတ်တောင်ပေါ်သို့ လာသော ကျင့်ကြံသူများထက် များစွာ အားကောင်းနေပေသည်။ ၎င်းတို့မှလွဲ၍ နတ်မီးနယ်ပယ်၌ ရှိကြသူက နည်းပါး၏။ နတ်မီးနယ်ပယ်၌ ရှိကြသူ ရှိသော်လည်း ၎င်းတို့သည် အနည်းဆုံး တား​မြစ်လူသား သို့မဟုတ် တားမြစ်မြေကြီးတို့ ဖြစ်ကြလေသည်။

လူတိုင်းသည် လူတစ်ယောက်ရဲ့ အောင်မြင်မှုတွေနဲ့ ရန်သူတွေကို ကြည့်တတ်သလို နေရာတစ်ခု၏ ကြမ်းတမ်းမှုများနှင့် လာဘ်လာဘလုပ်ရန် ဤနေရာသို့ လာသူများလည်း အလားတူပင် ဖြစ်သည်။

လုရွှမ်သည် ယခုအချိန်တွင် သူ့စွမ်းရည်ကို ထိန်းမထားတော့ဘဲ သူ့စွမ်းအင်များ တဟုန်ထိုးတက်လာကာ ကောင်းကင်မီးသည် သူ့မျက်လုံးထဲ တောက်လောင်လာ၏။ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘေးပတ်ဝန်းကျင်က အန္တရာယ်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းပေးရပါမည်။

ဆရာကြီးထျန်းဟော်ဆီက ကောင်းကင်မီးကို စုပ်ယူပြီးနောက် လုရွှမ်သည် ၎င်းကို စိတ်ဝိညာဥ်မီး သို့မဟုတ် ဖီးနစ်နတ်မီးထဲတွင် ပေါင်းစည်းခြင်းမပြုဘဲ ထိုကောင်းကင်မီး အလင်းမှုန်ထဲကိုသာ အနည်းငယ် ပေါင်းထည့်ခဲ့သည်။

ကောင်းကင်မီး၏ စွမ်းအားကို အားကိုး၍ လုရွှမ်၏ နေမျက်လုံးနှင့် မှော်စွမ်းအင်များသည် ယခင်ကထက် အနည်းဆုံး အဆင့်တစ်ဆင့် မြင့်နေပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကောင်းကင်မီးတောက်ကြောင့် မြင်နေရ၏။ မဟုတ်ရင် ဒီမှာက မှောင်နေပြီး အလင်းရောင်ကိုတောင် တားထားနိုင်ရာ တခြားသူသာဆို စူးစူးဝါးဝါး လိုက်ရှာနေတာနဲ့ကို မျက်စိကွယ်သွားလောက်ပြီ။

အခုအချိန်မှာ တခြားသူတွေက အနက်ရောင်ကြယ်မှုန်ကို အားမကိုးဘဲ သူတို့ရဲ့မျက်လုံးနဲ့ ကြည့်နေရာ ဘာကိုမှ မမြင်နိုင်တော့ပေ။ လုရွှမ်ကတော့ မှုန်ဝါးတဲ့ အကွက်တချို့ကို မြင်နေရဆဲဖြစ်တာကြောင့် သူတို့အဖွဲ့အတွက် ကြီးမားတဲ့ အားသာချက် တစ်ခုပါပဲ။

မှောင်မိုက်သော ကြယ်ရောင် အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အနောက်ဘက်က လမ်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ လုရွှမ် ဓားစွမ်းအင်ကို ဂရုတစိုက် ပစ်ခတ်လိုက်သည်။ ဓားစွမ်းအင်က ပျောက်ကွယ်သွားသော လမ်းကြောင်းကို ထိမှန်သွားသော်လည်း ဘာမှ မထိမှန်သွားသလို ခံစားနေရလေသည်။

သူ့ခြေဖဝါးအောက်က လမ်းကြောင်းကို စမ်းကြည့်တော့ ထူးထူးခြားခြား ခိုင်ခံ့မြဲမြံနေပေမယ့် အနက်ရောင် ကြယ်မှုန့်တွေနဲ့ မဖုံးလွှမ်းထားတဲ့ တခြားနေရာတွေကတော့ လွတ်နေသည်။ အနက်ရောင်ကြယ်မှုန်သည် အမှန်စင်စစ် လေထုအလယ်တွင် လွင့်မျောနေခြင်းသာ ဖြစ်ပေ၏။

ဒါကို သိလိုက်ရတော့ လုရွှမ်လည်း ပိုလို့တောင် ကြောက်စရာ ကောင်းတယ်လို့ ခံစားလာရတော့သည်။ ရှေ့က ပေါင့်တာထင်းဟာ နောက်ဆုံးတွင် ရပ်သွားကာ အားလုံးလည်း လမ်းမတစ်ခုပေါ် ရောက်လာသည်။

ရှင်းရှင်းလင်းလင်း ပြောရရင် ခြေဖဝါးက လမ်းမကို နင်းမိထားသော်လည်း အောက်ကအလင်းရောင်ကို သူတကယ် မြင်နေရသည်။ ထူးဆန်းသည်မှာ အပူလှိုင်းများ လုံးဝ မရှိနေချေ။ ဆန့်ကျင်ဘက် အနေဖြင့် အထက်သို့ တက်သွားတိုင်း ပိုအေးလေ ဖြစ်နေသည်။

"အားလုံးပဲ... အခုလက်ရှိပေါ်နေတဲ့ လမ်းကို အဆင့်တစ်ခုလို့ မှတ်ယူနိုင်တယ်... ဆက်သွားရင်တော့ ဒုတိယအဆင့်၊ တတိယအဆင့်နဲ့ ဘယ်လောက်အထိ တက်နိုင်လဲ ဆိုတာကိုတော့ ရိုးရိုးသားသား ပြောရရင် ငါလည်း မသိဘူး။ ဒဏ္ဍာရီအရ ၁၈ လွှာမှာ တစ်စုံတစ်ယောက် ရောက်နေပေမယ့် ကြောက်ပြီး ဆက်မလျှောက်ရဲတော့ဘူးတဲ့"

ဆယ့်ရှစ်လွှာ!

ဤနံပါတ်သည် နားမလည်နိုင်သော အဓိပ္ပာယ် တစ်ခု ရှိ​နေနိုင်သည်။ အထူးသဖြင့် လူတိုင်းသည် ယခုတစ်ကြိမ် အောက်ဘက်သို့ ရွေ့လျားနေသောကြောင့် နားမလည် နိုင်လောက်အောင် ကြောက်စရာ ကောင်း​​နေသည်။

"အောက်က အလင်းတန်းကို လူတိုင်းလည်း မြင်ဖူးကြပြီမလို့ ရှေ့လမ်းကို​တော့ လမ်းပြဖို့ ငါ့ကို မလိုအပ်​တော့ဘူးလို့ ထင်ပါတယ်... ကိုယ်သွားချင်တဲ့ နေရာက ကိုယ့်ရဲ့ ကိုယ်ပိုင် အစီအစဉ်ပေါ်မှာ မူတည်တယ် စည်းကမ်း ဆိုတာကိုတော့ လူတိုင်းသိကြမှာပါ...ဒါက ဘဝရဲ့ သေရေးရှင်ရေး အဆုံးအဖြတ်ပဲ"

ကျန်းပင်းက ပြောပြီးတဲ့အခါ လုရွှမ်နဲ့ တခြားသူတွေဆီ ရောက်လာခဲ့၏။

"အားလုံးပဲ... မင်းတို့က ပေါင့်တာထင်း အတွက် လာခဲ့တာမလား? ဟားဟား သူ ဘယ်အထပ်အထိ သွားခဲ့လဲ သိလား"

"ဆယ့်သုံးထပ်!" ပေါင့်တာထင်းက ရုတ်တရက် ပြောလိုက်သည်။

ကျန်းပင်းက ပြုံးပြီး "အိုး... အစ်ကိုပေါင့်က မှတ်မိလာပုံပဲနော်"

ပေါင့်တာထင်း ရုတ်​တရက်​ ​ရှေ့တိုးလာပြီး ကျန်းပင်းကို ကန်​ထည့်လိုက်​သည်​။ ကျန်းပင်းကလည်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲမှာ ယပ်တောင်တစ်ချောင်း ပေါ်လာ၏။ သူက အားအပြည့်နဲ့ ဝေ့ယမ်းရင်း ပေါင့်တာထင်းရဲ့ ကန်ချက်ကို အပြည့်အဝ ပိတ်ဆို့ထားလိုက်သည်။

ကျန်းပင်းက ပေါင့်တာထင်းကို ညင်သာစွာ တွန်းထုတ်လိုက်ပုံရသည်။ သို့သော် ပေါင့်တာထင်း၏ ခန္ဓာကိုယ်သည် မတည်မငြိမ်ဖြစ်လာပြီး သူအဆက်မပြတ် နောက်ပြန်ဆုတ်သွားသဖြင့် လမ်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

"အစ်ကိုပေါင့် စိတ်မြန်မနေပါနဲ့!"

ကျန်းပင်းက ပြုံးပြီးပြောသည်။ လိရှောင်းနဲ့ ရှန်ယိက ပေါင့်တာထင်းကို ဖမ်းထားလိုက်သည်။

ပေါင့်တာထင်း : "လူယုတ်မာ.... မင်းကြောင့်သာ မဟုတ်ရင် ငါ့ညီအစ်ကိုသုံးယောက်က ဒီလိုဖြစ်မှာမဟုတ်ဘူး!!"

ကျန်းပင်းက သူ့ယပ်တောင်ကို ဝှေ့ယမ်းပြီး အပြုံးနဲ့ ပြောလေသည်။

"စကားကို အဲ့လိုမပြောရဘူးလေ... ငါ့ကြောင့်သာ မဟုတ်ရင် မင်းတို့တစ်ယောက်မှ ရှင်သန်နိုင်မှာ မဟုတ်ဘူး!"

"ငါ့ညီအကိုသုံးယောက်က ငါ့ကိုကယ်တင်ဖို့ အသက်ကို စတေးခဲ့ကြတာ... မင်းကရော? မင်းက ဘာလုပ်သွားလဲ? မင်းနဲ့ဘာမှမဆိုင်သလို လုပ်သွားတယ်လေ မင်းရဲ့အရည်အချင်းတွေ အရမ်းတိုးတက်လာပြီမလား!"

သူသည် သူ့သွားများကို ပြင်းပြင်းထန်ထန် အံကြိတ်ကာ အချိန်မရွေး သူ့ဓားနှင့် ပြေးခုတ်ရန် အသင့်ဖြစ်နေပြီ။

All Chapters