ပေါင့်တာထင်းကို မတွေ့တော့ဘူး
Vol. 104 Ch. 4.1070
ကျန်းပင်းရဲ့ အမူအရာက ရုတ်တရက် ပြောင်းသွားပြီး နောက်တဖန် မူလပုံစံအတိုင်း ပြန်ပြောင်းသွားသည်။ သူ့အသံက အစောကအထက် အနည်းငယ် ပိုဆိုးလာပြီး အော်လိုက်သည်။
"ငါနဲ့ ဘာမှမဆိုင်ဘူး"
သူ့အသံက ရုတ်တရက် ထပ်ပြောင်းသွားကာ သူ့ရဲ့ယခင် နွေဦးလေညှင်းများ သယ်ဆောင်လာခဲ့ပြန်သည်။
"အဖြေကို သိချင်ရင် ငါ့နောက်က လိုက်ခဲ့!"
လူအုပ်စုက ကျန်းပင်းနောက်သို့ လိုက်သွားသော်လည်း ပေါင့်တာထင်းကတော့ ခါးသီးသော အကြည့်၊ ခါးသီးသော မျက်နှာထားဖြင့် ကျန်ခဲ့ကာ လုရွှမ်တို့ကို တားလိုက်သည်။
"ငါ့နောက်ကို မလိုက်နဲ့တော့ ငါအားလုံးကို မှတ်မိပြီ.... ငါ့အပြစ်ပဲ ငါ ကျေကျေနပ်နပ်ကြီး ပေးချေလိုက်မယ်... ငါကသာ သူတို့ကို ထိခိုက်စေခဲ့တဲ့လူပဲ..."
"မင်းတို့ မလိုက်နဲ့တော့ ငိုကြွေးတစ္ဆေဂူက ကျိန်စာသင့်နေတဲ့ နေရာတစ်ခုပဲ... မင်းတို့ ဝင်ပြီးတာနဲ့ လူတစ်ယောက်ကတော့ အနည်းဆုံး သေလိမ့်မယ်.... ဒါက မင်းရဲ့အသက်ကို စတေးလိုက်တာပဲ ကျန်းပင်းက လူတော်တော်များများကို နှိမ့်ချဆက်ဆံတိုင်း ကြင်နာတတ်တယ်လို့ မင်းတို့ ထင်လား ငါတို့အားလုံးက သူ့ရဲ့ယဇ်ကောင်တွေပဲ.... ယဇ်ကောင်များလေ သူ့အတွက် အကျိုးကျေးဇူးတွေက များလေလေ"
"မဆင်းသေးရင် ကျိန်စာမိမှာ မဟုတ်ဘူး"
"မင်းဘာတွေ မိုက်မဲနေတာလဲ.. ငါတို့မဆင်းရင် မင်းရောဘယ်လို တက်လာနိုင်မှာလဲ... ငါတို့မင်းကိုထားခဲ့ရင် ဒါက ဖြစ်နိုင်မယ်လို့ မင်းထင်လား.... ဒီတော့ ဒီလို ရိုင်းစိုင်းတဲ့ စကားတွေကို ရပ်လိုက်.... သွားမလား မသွားဘူးလား ကျန်းပင်က အဝေးကြီး ရောက်နေပြီ"
ပေါင့်တာထင်းသည် လူတိုင်း၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်မှန်း သိသဖြင့် အံကြိတ်ကာ ပြောလာသည်။
“သူ့နောက်ကို လိုက်ကြရအောင် သူ့နောက်ကို လိုက်မယ်ဆိုရင် အနည်းဆုံး သူတို့ သုံးယောက်နဲ့ ရင်ဆိုင်လို့ရတယ်... ဘယ်သူသေပြီး ဘယ်သူရှင်မလဲ ဆိုတာတော့ နောက်ပိုင်းကျ ဆုံးဖြတ်ကြတာပေါ့"
သို့နှင့် မဆိုင်းမတွဘဲ လူတိုင်း အမြန်နောက်က လိုက်ခဲ့ကြသည်။ လမ်းမများပေါ်တွင် ကျင့်ကြံသူများစွာက စောင့်ဆိုင်းနေကြဆဲ ဖြစ်ပြီး တချို့မှာ ကျန်းပင်၏နောက်သို့ ပြေးလိုက်သွားကြသည်။
သို့သော် ကျန်းပင်းသည် ကြောက်ရွံ့မှုမရှိဘဲ အလယ်ဗဟိုသို့ ဆက်လက် ဆင်းသက်နေပုံရပြီး ဒုတိယအဆင့်ကို ကျော်ဖြတ်ကာ မဆိုင်းမတွ ဆက်လက် ဆင်းသွားခဲ့ပြန်သည်။
ပဉ္စမထပ်၊ ဆဋ္ဌမထပ်၊ ဒသမထပ်သို့ ရောက်သောအခါ နောက်က လိုက်နေသော လူများသည် မလိုက်ဝံ့ဘဲ သီးခြားလမ်းသို့ ထွက်ခွာသွားကြသည်။ လုရွှမ်တို့ အဖွဲ့ကသာ ကျန်းပင်းနောက်ကို လိုက်နေသော တစ်ဦးတည်းသော လူများဖြစ်သည်။
လုရွှမ်သည် သူ့နောက်ကျောပေါ်မှ ရွှမ်ကျီးဖြင့် အဆုံးထိ ပြေးသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လမ်းထဲသို့ ဝင်ပြီးနောက် ပတ်၀န်းကျင်သည် ဗလာဖြစ်နေသဖြင့် လမ်းအဆုံးတွင် ပေါ်တယ်ဟု ထင်ရသည့် အရာကိုသာ မြင်နိုင်သည်။
ငိုကြွေးတစ္ဆေဂူရဲ့ အလယ်ဗဟိုကို ဆင်းလာတာနဲ့အမျှ ဆယ်ထပ်ကို ရောက်တဲ့အခါ လုရွှမ်သည် ရွှမ်ကျီးထံမှ အံသွားတွေ ကြိတ်နေသံကို ကြားလိုက်ရသည်။
အအေးဒဏ်ကို တွန်းလှန်ရန် ယွမ်ယန်စွမ်းအားကို ရွှမ်ကျီး ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စုစည်းလိုက်သည်။ ဒီလိုနေရာမျိုးမှာ အလင်းရောင်ကို ရုတ်တရတ် တောက်ပစ်တာ ဒါမှမဟုတ် ထူးဆန်းတဲ့မီးတွေ ထုတ်လွှတ်တာက အလွန်အန္တရာယ် များလှသည်။
တစ္ဆေများရဲ့ ငိုနေသံလို စိတ်အနှောက်အယှက်ဖြစ်စေသော ညည်းတွားသံလေးများက သူတို့နားထဲတွင် အမြဲလိုလို ကြားနေရသည်။ အသံက တဖြေးဖြေး အနားကို တိုးလာပြီး ပိုပို ကြည်လင်လာသည်။
သူတို့ ဆယ့်သုံးထပ်ကို ဆင်းပြီးပြီ ဆိုပေမယ့် ကျန်းပင်းကို ကြည့်လိုက်တော့ သူ့မှာ ရပ်တန့်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိသလိုပင်။
"လိုက်ကြစို့!!"
လူတိုင်းလည်း လိုက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပေ။
ဝှစ်!
ရုတ်တရက် လုရွှမ်သည် သူ့ဆီသို့ အဖြူရောင် အရိပ်တစ်ခု ပြေးလာတယကို တွေ့လိုက်ရပြီး သူ့ခေါင်းကို ချွန်ထက်သော လက်သည်းများဖြင့် ကုတ်ခြစ်လာလေသည်။ ဒီအချိန်မှာ သူမမျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေလို့သာ မဟုတ်ရင် နူးညံ့သိမ်မွေ့တဲ့ ပါးပြင်တစ်ခုက အရမ်းလှနေမှာ သေချာပါ၏။
ဒါဟာ မကြာသေးမီက မြင်ခဲ့ဖူးသော မျက်နှာဖြစ်ကာ တောင်တစ်သောင်းကမ္ဘာတွင် တွေ့ဆုံခဲ့သော အနာဂတ် ကုန်သည်ကြီးများအသင်းမှ ပိုင်ရှို့ပဲ ဖြစ်သည်။ ဤအခိုက်အတန့်တွင် အမျိုးသမီးသည် ဆိုးသွမ်းသော ပုံပေါက်နေလေသည်။
သေချာ ကြည့်လိုက်တော့ ဒါက ပိုင်ရှို့ မဟုတ်ပေ။ တစ်ချိန်တုန်းက သူသတ်ခဲ့တဲ့ ပိုင်လင်ပဲ ဖြစ်ပေသည်။ နေမျက်လုံးဖြင့်ပင် လုရွှမ်သည် ဤအမျိုးသမီးက အစစ်လား အတုလား ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဒါဟာ လုံးဝထင်ယောင်ထင်မှား ဖြစ်ပုံမပေါ်ပါဘူး။ လှုပ်ခတ်သွားတဲ့ ကြောက်စရာကောင်းတဲ့ လေထုက အတုအယောင် လုံးဝ မဟုတ်နေပေ။
သူ့ခန္ဓာကိုယ် နောက်ကွယ်က ရွှမ်ကျီးမှ အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရတော့ လုရွှမ်လည်း နောက်ပြန်ဆုတ်လိုက်သည်။ သူသည် အဖြူရောင် ဂါဝန်ဝတ်ထားတဲ့ အဲဒီအမျိုးသမီးကို အနားကို ဘယ်လိုမှ အနားမကပ်နိုင်ခဲ့ပါဘူး။
ယွမ်ယန်စွမ်းအင် ဘောလုံးတစ်လုံး ပေါက်ကွဲထွက်လာပြီး နွေးထွေးသော ယန်စွမ်းအားများက လေထုအတွင်း အလင်းတန်းတစ်ခုလို ဖြာထွက်သွားသည်။ ပိုင်လင်က တကယ့် လူတစ်ယောက်လို ပြုံးလိုက်ကာ တစ်ကိုယ်လုံး တဖျပ်ဖျပ်နှင့် ပျောက်ကွယ်သွား၏။
နောက်အခိုက်အတန့်တွင် ပိုင်လင်သည် သူ့အနောက်မှ ရွှမ်ကျီးဆီသို့ ပျံသန်းသွားလေသည်။ ရွှမ်ကျီးက လုံးဝ တုံ့ပြန်ခြင်းမရှိဘဲ မျက်လုံးများ မှိတ်ထားကာ သတိလစ်သွားခဲ့သည်။
ပြီးတော့ သူ့တစ်ကိုယ်လုံးက ရေခဲတုံးလေး ဖြစ်သွားသလိုမျိုး လျင်မြန်စွာ အေးစက်သွားသည်။ ယွမ်ယန်စွမ်းအင်ကို သူဘယ်လောက်ပဲ ဖြန့်ကျက်ထားပါစေ ပြောင်းလဲမှု လုံးဝ မရှိသေးပါဘူး။
ဒါက ထင်ယောင်ထင်မှား ဖြစ်စေတဲ့ တခြားအရာတွေပဲ ဖြစ်ပါစေ လုရွှမ်ဒါကို ကျော်ဖြတ်ရမယ် ဆိုတာ သိပါသည်။ ဤအခိုက်တွင် သူသည် အနည်းငယ်မျှပင် မပေါ့ဆဝံ့ဘဲ တိုးတိုးလေး ဟစ်အော်လိုက်၏။ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ကာ ပိုင်လင်အား တိုက်ခိုက်လိုက်သည်။
သို့သော် ပိုင်လင်မှာ လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်မှုမရှိဘဲ ငြိမ်သက်စွာ လှဲလျောင်းလိုက်သည်။ လုရွှမ်လည်း ဖီးနစ်နတ်မီးများကို ထုတ်လွှတ်၍ ခရမ်းရောင် အလင်းတန်းများနှင့်အတူ သူနှင့် ရွှမ်ကျီးကို ဖုံးအုပ်ထားလိုက်သည်။
စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ ပိုင်လင်၏ ခန္ဓာကိုယ်သည် လွင့်ပျံသွားပြီး သူမမျက်လုံးများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
လုရွှမ် သူ့စိတ်ထဲတွင် သတိပေးချက်တစ်ခုကို ခံစားလိုက်ရသည်။ ဒါမျိုးကို သူအရင်ကလည်း ကြုံခဲ့ဖူးသည်။ အစပိုင်းတွင် ယွမ်ယန် စွမ်းအားကို အသုံးပြုရုံဖြင့် ဤတစ္ဆေနှင့်တူသော အရာများကို ဖယ်ထုတ်ရန် လုံလောက်သောကြောင့် သူ ဤနေရာသို့ လာရဲခြင်းဖြစ်သည်။
ယခုအခါတွင် ထိုအရာများက ယွမ်ယန်စွမ်းအင်ကို လုံးဝ မကြောက်တော့ပေ။ သေချာသလောက်ကတော့ တခြားအရာတစ်ခု ရှိနေလိမ့်မည်။
ဖီးနစ်နတ်မီးက နတ်မီး ဖြစ်သောကြောင့် ပြိုင်ဘက်ကို ကြောက်လန့်စေနိုင်သည်မှာ အံ့သြစရာမဟုတ်ပါ။ သို့သော် သူကတောင် ဖီးနစ်နတ်မီးကို သုံးဖို့ လိုအပ်နေတယ် ဆိုရင် အခြားသူတွေက ဘယ်လိုလုပ်ကြမလဲ။
တခြားလူတွေကတော့ သူတို့နောက်က လှုပ်ရှားမှုတွေကို သတိမထားမိဘဲ ရှေ့ကို တဟုန်ထိုး ပြေးနေကြတုန်းပါပဲ။
ရွှမ်ကျီး လန့်နိုးလာပြီး "အစောတုန်းက ဘာဖြစ်တာလဲ... ငါအရမ်းအေးပြီး အိပ်ချင်လာတယ်"
"အဆင်ပြေသွားပြီ!"
လုရွှမ် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ အောင့်ယွဲ့နဲ့ တခြားသူတွေကတော့ သူတို့အနောက်က အဖြစ်အပျက်ကို မမြင်လိုက်ကြပါဘူး။
လုရွှမ်မှာ သူ့စိတ်ထဲတွင် နားမလည်နိုင်သော လှုပ်ရှားမှုတစ်ခုဖြင့် လျင်မြန်စွာ နောက်က လိုက်သွား၏။ ထို့နောက် ထူဖူးရှေ့ ရောက်သွားကာ ထူဖူးရဲ့ပုခုံးကို လိမ်ချိုးလိုက်သည်။ တကယ်တော့ သူလိမ်ချိုးလိုက်တာက အရိုးစုတစ်ခု ဖြစ်နေပါ၏။
"ဟာဟား အဆုံးမှာနေနေတဲ့ ကောင်လေးက ယဇ်ကောင်ပဲ မင်းကိုယ်တိုင် စတေးမှာလား၊ ဒါမှမဟုတ် မင်းရဲ့ ခန္ဓာကိုယ်ပေါ် ဖျားနေတဲ့သူကို ယဇ်ပူဇော်မှာလား"
နတ်မိုးခြိမ်းသံ ဘောလုံးသည် လုရွှမ်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး ပေါက်ကွဲသွားသည်။ ခဏလောက် ကြာတော့ လင်းထိန်နေတဲ့ အလင်းတန်းတွေ ပေါ်လာလေသည်။
ထူဖူးက နာကျင်စွာ အော်လိုက်ပြီး နောက်ပြန် ဆုတ်သွားပြီး သူ့လက်ထဲမှာ ပုဆိန်ကို ဖယ်လိုက်သည်။
"လုရွှမ် ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ... ငါပုဆိန်နဲ့ မင်းကို သတ်မိတော့မလို့!"
သားသတ်သမား၏ မျက်နှာသည် ချွေးသီးချွေးပေါက်များ ထွက်နေပြီး သူ့အမြင်အာရုံတွင် ထိတ်လန့်စရာများစွာက ကျန်နေသေးသည်။ သူ့ပခုံးကို ဆွဲကိုင်လိုက်သော အရိုးစုတစ်ခု ရှိနေကာ သူ့အလိုလို ပုဆိန်နှင့် ခုတ်ပစ်လိုက်တော့မည် ဖြစ်သည်။
မထင်မှတ်ပဲ နတ်မိုးခြိမ်းသံက တောက်ပလာပြီး သူ့အမြင်အာရုံတွေ ပြောင်းလဲသွားကာ လုရွှမ်က သူ့နောက်မှာ ပေါ်လာပြန်သည်။
"သွား!"
လုရွှမ်မှာ ရှင်းပြဖို့ အချိန်မရှိပေ။ နတ်မိုးခြိမ်းသံတွေ အဆက်မပြတ် ထွက်ပေါ်လာသည်။ ၎င်းက အခြားလူများစွာကိုလည်း ရိုက်ခတ်သွားပြီးနောက် နတ်မိုးခြိမ်းသံက နတ်ဆိုးများကို တွန်းထုတ်လိုက်ရာ လူတိုင်းသည် တစ်ယောက်ပြီး တစ်ယောက် ရှုပ်ယှက်ခတ်လျက် ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ အံ့သြသွားကြသည်။
"ပေါင့်တာထင်း ပျောက်သွားပြီ!"
ပေါင့်တာထင်း နောက်သို့ လိုက်နေသော ဖုန့်ဖေးသည် ပေါင့်တာထင်း၏ စိတ်အားထက်သန်မှုကို ကြောက်သောကြောင့် တစ်ချိန်လုံး လိုက်နေသော်လည်း သူပျောက်ကွယ်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။