← Chapters

ပေါင့်တာထင်း ပျောက်သွားပြီ

Vol. 104 Ch. 4.1071

ပေါင့်တာထင်း ပျောက်သွားပြီ

Vol. 104 Ch. 4.1071

"ပေါင့်တာထင်း ဘယ်ကို ရောက်သွားတာလဲ"

လူတိုင်းက အေးစက်သွားသည်။ လုရွှမ် ထုတ်လွှတ်လိုက်တဲ့ အလင်းရောင်အောက်မှာ ဘာကိုမှ မဖုံးကွယ်ထားနိုင်ပေမယ့် ပေါင့်တာထင်းရဲ့ ခြေရာလက်ရာတွေကိုတော့ မတွေ့ရတော့ပေ။

"သူ့ကိုကျန်းပင်း ပြန်ပေးဆွဲတာ​တော့ မဟုတ်ပါဘူးနော်.... ဒါ ငါ့အမှားပဲပါ... ငါသူ့နောက်ကို သေချာ မလိုက်နိုင်ခဲ့ဘူး"

ဖုန့်ဖေး ကိုယ့်ကိုကိုယ် အပြစ်တင်​​နေတဲ့ မျက်နှာနဲ့ ဆိုလိုက်သည်။ သူမကို လုရွှမ်က ပေါင့်တာထင်းနောက်ကို လိုက်သွားဖို့ သတိပေးသော်လည်း ဆုံးရှုံးရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ လုရွှမ်လည်း ဖုန့်ဖေး ကိုယ့်ကိုကိုယ် အပြစ်တင်တာကို ရပ်ခိုင်းလိုက်သည်။

"ဒါ မင်းအပြစ် မဟုတ်ဘူး... အစ်ကိုပေါင့်က အစကတည်းက ထွက်သွားချင်နေတာ သူက ငါတို့ကို သတိပေးထားပြီးသားလေ... ငါတို့ထဲက တစ်ယောက်ဟာ သေရမှာပဲတဲ့ မဟုတ်ရင် တခြားသူတွေလည်း သူ့သူငယ်ချင်းလို တူညီတဲ့ ဘေးဒုက္ခကို ခံစားကြရလိမ့်မယ်... အခု သေချင်သူက သူ့ကိုယ်သူပဲ”

"ငါတို့ကကော?"

"ဒါက ပြန်မရတဲ့လမ်း ဒါပေမဲ့ ငါတို့သိထားပြီးသားမလား... လူ ၁၁ ယောက် လာတယ် ၁၁ ယောက်လုံး ပြန်ထွက်နိုင်ရမယ်... ဒုတိယလမ်းဆိုတာ မရှိဘူး"

လုရွှမ်က လေးနက်စွာ ပြောသည်။ သူ အောက်ကို ငုံ့ကြည့်လိုက်တော့ နက်နဲပြီး အလင်းရောင်က သူမြင်ခဲ့ရတာနဲ့ အတူတူပါပဲ။ အလင်းက အနည်းငယ်မျှပင် မြှင့်တင်မှု မရှိသလို လျော့ပါးသွားတာမျိုးလည်း မရှိပေ။ အနည်းငယ် မှိန်ဖျော့ဖျော့နှင့် ဖြူဖျော့နေရုံမျှဖြင့် မြင်ရသူများကို ကသိကအောင့် ဖြစ်စေပါသည်။

သို့သော် ထိုဆိုးရွားသော ခံစားချက်က တဖြည်းဖြည်း ပြင်းထန်လာပြီး အနားထဲတွင် သရဲတစ္ဆေ အော်ဟစ်သံများဖြင့် ပြည့်နှက်လာသည်။ လူတိုင်းမှာ ထူးချွန်ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ရှိကြလို့သာ မဟုတ်ရင် သူတို့ မခံနိုင်တာကြာပြီ။

"ငါတို့ အခုဆယ့်လေးထပ်မှာ ရောက်နေပြီ... အန္တရာယ်က သိပ်ကြီးကြီးမားမား​တော့ မဟုတ်သေးဘူး... အနည်းဆုံးတော့ ငါတို့အတွက်က ဘာမှမဖြစ်ဘူး ဆိုရင်တောင် ပေါင့်တာထင်းက အဆုံးသတ် လျှို့ဝှက်ချက်ကို ရှာဖို့ ဆယ့်ရှစ်ထပ်ကို ဆင်းသွားလောက်ပြီ"

"အဆုံးသတ် လျှို့ဝှက်ချက်လား?"

"အင်း ငိုကြွေးတစ္ဆေဂူက ဘယ်ကလာတာလဲ အဲဒါက ဘာအန္တရာယ်တွေ ရှိလဲ ဘာကြောင့် ဒီလိုပြဿနာတွေ ဖြစ်လာရတာလဲ ဆိုတဲ့ လျှို့ဝှက်ချက်"

လုရွှမ် ၎င်းတို့အား လှည့်ပတ်ကြည့်ကာ နက်နဲသော အသံဖြင့် ပြောလိုက်သည်။

"ကောင်းကင်ဘုရင် နန်းတော်က မြေကမ္ဘာဆီကို လမ်းကြောင်းဖွင့်ဖို့ ကောင်းကင်ဘုရင်က တည်ဆောက်ခဲ့တာ.... သူက နတ်တောင်ရဲ့ မူလအစကို အတည်မပြုနိုင်ခဲ့ပေမယ့် တစ်ခါတုန်းက ကောင်းကင်ဘုရင် တောင်ပေါ်ကို ရောက်လာပြီး ဝိညာဉ်ကို ဉာဏ်အလင်းပေးနိုင်တဲ့ အတွက် အနာဂတ်မှာ နတ်သမီးလေးတွေ ရှိလာခဲ့တယ်..."

"သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေကတော့..."

လူတိုင်း၏ မျက်လုံးများသည် အံ့သြတုန်လှုပ်သွားကြသည့် အမူအရာများ ပြသလာကြသည်။ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေသည် တားမြစ်ထားသော နေရာငါးခုတွင် အထင်ရှားဆုံး ဖြစ်ပြီး နောက်ဆုံးတွင် အထဲဝင်ဖို့ လိုအပ်ချက်များမှာလည်း မမြင့်မားပေ။ ကံကောင်းပါက သင်သည် ထိုနေရာ၌ပင် အခွင့်အလမ်း တချို့ကို ရရှိနိုင်သည်။

ယခုမူ လုရွှမ်၏ စကားသံကို ကြည့်လိုက်လျှင်ပင် သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက ပို၍ပင် လျှို့ဝှက်ဆန်းကြယ်သော မူလဇစ်မြစ် ရှိကြောင်း သဘောပေါက်လိုက်သည်။ ၎င်းသည် ကောင်းကင်ဘုရင် နန်းတော်နှင့် နတ်တောင်ထက်ပင် အဆင့်မြင့်နေရမည်။

"ငါ့စိတ်ထဲမှာ ဒီလျှို့ဝှက်ချက်ကို အမြဲတမ်း ဖုံးကွယ်ထားတယ်.... မင်းတို့ကို မပြောပြချင်တာ မဟုတ်ဘူး အဲဒါက မင်းတို့ရဲ့ တွေးခေါ်မှုကို ဖျက်ပစ်ဖို့အထိ ဖြစ်နိုင်တဲ့ အရမ်းအရေးကြီးတဲ့ အရာပဲ... ဒါပေမဲ့ အခု မင်းတို့ကို ပြောရမယ့်အချိန်ရောက်နေပြီ စိတ်ရင်းမှန်နဲ့ မှတ်ထားပြီး တခြားသူတွေကို မပြောနဲ့ ငါတို့ မြေကမ္ဘာကို ရောက်သွားရင်တောင် ဒီလျှို့ဝှက်ချက်က နက်နဲတဲ့ တားမြစ်ချက် ဖြစ်နိုင်တယ်”

လုရွှမ်သည် အနီးနား ပတ်ဝန်းကျင်ကို ကာကွယ်ရန် အခင်းအကျင်း ကန့်သတ်ချက် တစ်ခုကို ဖန်တီးပြီးနောက် ဖြည်းညှင်းစွာ ပြောခဲ့သည်။

"အဲဒါက ပရမ်းပတာ ကမ္ဘာကြီးပဲ... ကောင်းကင်နဲ့မြေကြီး ထာဝရအစရှိတဲ့ အရာတွေ... ပရမ်းပတာ ကမ္ဘာကြီး အဲဒီတုန်းက မသေမျိုး သတ္တဝါတွေရှိခဲ့တယ် ဒါပေမဲ့ နောက်ပိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်သွားပြီး ကမ္ဘာကြီး တစ်ခုလုံး ကွဲအက်သွားတယ်... အဲဒါက ကမ္ဘာငယ်လေးတွေ အဖြစ် ပြောင်းလဲသွားရင်း အခု ငါတို့နေထိုင်တဲ့ ထာဝရကမ္ဘာငယ်လေးတွေ ဖြစ်လာတာပဲ"

လူတိုင်းသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသည်။ ဒီအမှန်တရားက လက်ခံဖို့ တကယ်ခက်ပါ၏။

ဒါပေမဲ့ သေသေချာချာ တွေးကြည့်ရင်တော့ ရှင်းရှင်းလေးပါပဲ။ ဤကမ္ဘာများတွင် ကျင့်​ကြံနည်းစနစ်များ၊ လက်နက်သန့်စင်မှု သီအိုရီများနှင့် အချို့သော မှော်လက်နက်များကိုပင် တခြားကမ္ဘာငယ်လေးများတွင် အသုံးပြုနိုင်ပါသည်။ တချို့ အချက်တွေကိုတော့ လူတွေ နားမလည်နိုင်​သေးပေ။

အမှန်တော့ သူတို့နေထိုင်တဲ့ကမ္ဘာတွေက ယုတ္တိနည်းအရ ပြောရရင် နည်းဥပဒေတွေက မတူသင့်ဘူးလား။ ဒါပေမဲ့ အတိအကျ​တော့ အတူတူပဲ ဖြစ်​ရင်​ ကမ္ဘာတွေကို ဘာလို့ ခွဲ​နေရတာလဲ။

လုရွှမ်၏ ရှင်းပြချက်ကို ကြားပြီးနောက် အားလုံး ရှင်းလင်းစွာ သိသွားကြသည်။ သူတို့အားလုံးသည် ရှုပ်ထွေးနေသော ကမ္ဘာကြီးထဲတွင် ရှိနေသောကြောင့် သဘာဝအားဖြင့် အရာအားလုံးသည် သာမန်အတိုင်း ရှိနေဦးမှာပဲ ဖြစ်သည်။

အချိန် ကြာလာတာနဲ့အမျှ အပြောင်းအလဲ အနည်းငယ် ရှိကောင်းရှိနိုင်ပေမယ့် ကြီးမားတဲ့ နည်းလမ်းအရတော့ အရာအားလုံးဟာ အတူတူပဲ ဖြစ်နေဦးမှာပင်။

"ဒီကိစ္စက အားလုံးစဉ်းစားကြည့်... တခြားတားမြစ်နယ်မြေ ငါးခုက တခြားကမ္ဘာငယ်လေးတွေနဲ့ ဆက်စပ်နေပြီး မြေကမ္ဘာနဲ့တောင် ဆက်စပ်နေတယ်... ဆိုတော့ ဒီငိုကြွေးတစ္ဆေဂူကရော ဘယ်လိုဖြစ်မလဲ"

"သူ့ရဲ့ဇာစ်မြစ်က ဘာလဲ... အဲဒီမှာ ဘာမကောင်းတာတွေ ရှိနေတာလဲ ဒီမှာက အေးပေမယ့် ငါတို့ခံစားနေရတဲ့ ကမ္ဘာမြေရဲ့ နည်းဥပဒေသတွေက အတူတူပဲ... ဒါကြောင့် တစ်စုံတစ်ယောက်က အနက်ရှိုင်းဆုံး အပိုင်းကို ထိုးဖောက်ဝင်ရောက်ပြီး လျှို့ဝှက်ချက်တွေကို သိချင်နေတာ ဖြစ်နိုင်တယ်... ကျန်းပင်းကလည်း အဲဒီထဲက တစ်ယောက် ဖြစ်နိုင်တယ်!"

"အရင်က ပေါင့်တာထင်း ပြောခဲ့တဲ့ ယဇ်ပူဇော်မှု အကြောင်းကို မှတ်မိလား? ငါတို့အားလုံးက သူ့ရဲ့ ယဇ်ကောင် ဖြစ်လာပြီတဲ့.. ဒါဆို ကျန်းပင်းကရော ဘယ်သူ့ရဲ့ ယဇ်ပူဇော်မှုကို ခံရမှာလဲ... ရွှမ်ကျီးက ပြောတယ် ဒီလူက လူလိုနတ်လို လူတဲ့.... သူက အရမ်းရက်စက်တဲ့ တစ်ခုခုကို လုပ်ခဲ့လိမ့်မယ့"

"လူ့အသက်ကို စွန့်တာထက် ပိုဆိုးတဲ့ တစ်ခုခုလား.... ဒီထက် အများကြီး ရှိသေးတယ်လို့ ထင်တယ် အန္တရာယ်များတဲ့ နေရာမျိုးမှာ ပိုအန္တရာယ်များလေ အခွင့်အရေး ယူပိုင်ခွင့် မရှိလေပဲ... အဲဒါဆိုရင် ဘာဖြစ်သွားမလဲ"

“ငါတို့ အဆင်သင့် ဖြစ်ထားသင့်တယ်” ထူဖူးက အော်သည်။

သူသည် အများအားဖြင့် အလွယ်တကူ စကား ဝင်မပြောတတ်သော်လည်း သူပြောသောအခါတွင် သေချာစဉ်းစားပြီးမှ ပြောတတ်လေသည်။

"ကောင်းပြီ... ငါ လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲကို ဖီးနစ်နတ်မီး ထိုးထည့်ပေးမယ်.... သူ့ရဲ့ ပြင်းထန်တဲ့ အငွေ့အသက်နဲ့ဆို ငါ့ရဲ့ အပူချိန်က အလွန်ပြင်းထန်တော့ ခုခံနိုင်တဲ့... ဒီလိုဆို ထူးဆန်းပြီး ဆိုးသွမ်းတဲ့ အရာတွေက နီးကပ်လာမှာ မဟုတ်ဘူး...."

လူတိုင်းက လုရွှမ်ကို ယုံကြည်ကြတာကြောင့် လုရွှမ်အား သူလုပ်ချင်တာကို လုပ်ခွင့်ပေးခဲ့သည်။ လူတိုင်း၏ ခန္ဓာကိုယ်ထဲတွင် ခံစားမှုကို ပိုသိရလာသောကြောင့် လုရွှမ်လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဆက်ဆင်းကြရအောင်"

လူအုပ်ကြီးသည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး အောက်ဘက်က လမ်းမပေါ်သို့ တဖြည်းဖြည်း အရှိန်ပြင်းပြင်းဖြင့် ဖြတ်သန်းနေပါသည်။

ပတ်ဝန်းကျင်၌ အဖြူရောင် ဝတ်ထားသော အမျိုးသမီး အနည်းငယ် သို့မဟုတ် ရုပ်သေးများ ပျံဝဲနေပါသည်။ လုရွှမ်သည် ရွှမ်ကျီးကို သယ်ဆောင်ရင်း ဖီးနစ်နတ်မီး၏ မီးလုံးများကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးထွက်သွားသည်။

ယခုတွင် ၎င်းတို့သည် ထွက်လမ်းမရှိတော့ဘဲ အတွင်းလူများ၊ နတ်ဆိုးများနှင့် သရဲတစ္ဆေများပင် ၎င်းတို့၏ တည်ရှိမှုကို သိရှိနေပြီ ဖြစ်တာကြောင့် ၎င်းတို့ကို လျှို့ဝှက် ကြံစည်နေကြမည်မှာ ထင်ရှားပါသည်။

ကိုယ့်ယုတ်မာမှုကို နောက်တစ်ကြိမ် ဖုံးကွယ်ထားရင် ထိုတစ္ဆေတွေဆီက အရိုက်ခံရလိမ့်မည်။ ကိုယ်ပိုင်အစွမ်းသတ္တိကို ပြသပြီး ခွန်အားမရှိသော နတ်ဆိုးများနှင့် သရဲတစ္ဆေအချို့ကို ၎င်းတို့ဘာသာ ပြန်ဆုတ်စေရမည်။

"ပေါင့်တာထင်းပဲ... အမ် ဘာလို့ သူ့ဘေးမှာ လူသုံးယောက်ရှိနေတာလဲ... သူတို့က သူ့ညီသုံးယောက်လား"

ဖုန့်ဖေး ရုတ်တရက် အော်လိုက်သည်။

အောက်ခြေတွင် လူလေးဦးသည် အသက်ကြီးသူ အစုအဝေးနှင့် သွေးထွက်သံယို တိုက်ပွဲများ တိုက်နေကြသည်ကို လူတိုင်း မြင်လိုက်ရသည်။ ထိုလူကြီးများသည် အစွမ်းထက်သော်လည်း သူတို့၏ လှုပ်ရှားမှုများမှာ ထူးဆန်းနေ၏။ မိမိကိုယ်ကို ကာကွယ်ရေးထက် သတ်​ဖြတ်မှုကို လုံးလုံးလျားလျား အာရုံစိုက်ထားပြီး လူလေးဦး၏ ခန္ဓာကိုယ်ကို ဘာလက်နက်မှ မထောက်ဘဲ ဗုံးကြဲရန် ခွင့်ပြုခဲ့သည်။

သို့သော် ၎င်းတို့လေးဦးကို ဗုံးကြဲ တိုက်ခိုက်လိုက်သည်နှင့် ၎င်းတို့လေးဦးသည် ဆိုးရွားလှစွာ ခံလိုက်ရလေ၏။

ငိုကြွေးတစ္ဆေဂူ၏ ညစ်ညမ်းမှု တစ်ဝက်လောက် ရှိနေသရွေ့ ခန္ဓာကိုယ်တွင်းမှ အဖြူရောင် ဓာတ်ငွေ့တိမ်တိုက်များက ထွက်ပေါ်လာလိမ့်မည်။ အနီးနားရှိ ​လေထုအတွင်းမှ အဖြူရောင်မီးခိုးငွေ့ ခြေရာလက်ရာများက မထင်မှတ်ဘဲ ပေါ်လာကာ အလှ​လေးများအဖြစ်သို့ ပြောင်းလဲ၍ ၎င်းတို့ဆီသို့ အပြေးအလွှား ရောက်ရှိလာမည် ဖြစ်သည်။

ဆွဲဆောင်မှုရှိတဲ့ အလှ​လေး တစ်ယောက်ဆီက စွမ်းအင်အနှစ်သာရကို စုပ်ယူခံလိုက်ရသလိုပဲ သူတို့ရဲ့ အသားအရည်ဟာ လျင်မြန်စွာ အားနည်းလာတာကို သာမန်မျက်စိနဲ့ပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါ၏။

All Chapters