စွမ်းအင်စီးကြောင်း
Vol. 104 Ch. 4.1072
"အဲဒါက?"
"ဒါက အတိတ်ပုံရိပ်ပဲတွေ... ရည်ရွယ်ချက်ရှိရှိနဲ့ ချန်ထားခဲ့တာ!"
လုရွှမ် ပြန်ဖြေလိုက်သည်။
"နှိုးဆော်ချင်လို့လား"
"သေချာပေါက် တုန်လှုပ်စရာတစ်ခုပဲ ဖြစ်နိုင်တယ်... ဆက်လျှောက် ကြရအောင် ထူးဆန်းတဲ့ အရာတွေကို မကျော်နိုင်ရင် ကိုယ့်အသက်ကိုယ် ဆုံးရှုံးသွားရလိမ့်မယ်"
လူတိုင်း အောက်ကို ဆက်ဆင်းလာတဲ့အခါ မျောလွင့်နေတဲ့ လူတော်တော်များများ ပျောက်ကွယ်သွားပြီး ဘာမှမဖြစ်ခဲ့တဲ့ အတိုင်း ပြန်ဖြစ်လာသည်။
"အား!"
အားလုံးအတူတူ မျှော်ကြည့်လိုက်တော့ ယာဥ်ပျံပေါ် အတူတူ တက်လာခဲ့တဲ့ လူတွေထဲက လူတစ်ယောက် ဖြစ်နေတာ တွေ့လိုက်ရသည်။ ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် ကောင်းကင်မှ ပြုတ်ကျလာပြီး သေလုမြောပါး ပြုတ်ကျလာသကဲ့သို့ လုံးဝ စွမ်းအားမရှိပေ။ အရှိန်က အရမ်းမြန်ပြီး ချက်ချင်းပဲ အဝေးက အောက်ဖက်အမှောင်ထဲကို ပြုတ်ကျသွားသည်။
လုရွှမ်၏ မျက်လုံးများသည် အောက်ဖက်ရှိ အရိပ်မီးလျှံကို စိုက်ကြည့်နေခဲ့သည်။ ဖြစ်ကောင်း ဖြစ်နိုင်တာက အောက်ဖက်က ခပ်ဖျော့ဖျော့ အလင်းရောင်သည် မီးတောက်ကဲ့သို့ပင် ဖြစ်သော်လည်း အေးစက်နေလေ၏။
ထိုလူ၏ ခန္ဓာကိုယ်ကို ၎င်းအောက်ဖက်ရှိ တိတ်ဆိတ်နေသော မီးတောက်များက မျိုချလိုက်သောအခါ သူ့ခမျာ အသံပင်မထွက်ဘဲ လှိုင်းလုံးများ အဖြစ် ပျောက်ကွယ်သွားခဲ့သည်။
"သတိထား!"
လုရွှမ် အော်လိုက်ပြီး သူ့နောက်ကျောနဲ့ လေထုအလယ်ကို ကောင်းကင်မီးတောက်များဖြင့် ဖုံးအုပ်ပစ်လိုက်သည်။ လုရွှမ်၏ မီးတောက် လက်ဖဝါးကို ရှောင်လိုက်သည့် ဘေးတိုက်အနေအထားဖြင့် အဘိုးကြီးတစ်ယောက် ပေါ်လာ၏။
"ကောင်လေး မင်း အရမ်း စိတ်အားထက်သန်တာပဲ!"
"အဲ့လူ!"
ခဏလောက်တော့ အားလုံးနီးပါး အော်ဟစ်လိုက်ကြသည်။
ဤပုဂ္ဂိုလ်သည် နတ်တောင်၌ အကျဉ်းချခံထားရသော ကျင့်ကြံသူများထဲမှ တစ်ဦးပဲ ဖြစ်လေသည်။ သူက လှောင်အိမ်သခင်များထဲ တတိယမြောက် ကွပ်ကဲသူအဖြစ် သတ်မှတ်ခံရပြီး ထိုအချိန်က သူသည် အလွန်တန်ခိုးကြီးသဖြင့် အားလုံးကို မျက်နှာချင်းဆိုင်လျက်ပင် ခြိမ်းခြောက်နိုင်ခဲ့သည်။
ထိုလူသည် နတ်တောင်မှ တစ်ဆင့် မြေကမ္ဘာကြီးဆီသို့ ပြေးသွားသည် မဟုတ်လော။ ဘာလို့ဒီကို ရောက်နေတာလဲ။
"အောင့်ယွဲ့မှာ အဲဒီလူက တကယ်ပဲ..."
အောင့်ယွဲ့မှာ အစောက စက္ကန့်ပိုင်းအဖိ သရဲတစ္ဆေတွေ ရှိတာကို လုံးဝ မယုံကြည်ခဲ့ပါဘူး။ သူမ၏ထင်မြင်ချက်တွင် ကျန်ရစ်ခဲ့သော သရဲတစ္ဆေများသည် အယောင်ဆောင်ခြင်းမျှသာ ဖြစ်ပေ၏။
"မှန်တယ်....သူပဲ နတ်တောင်ပေါ်မှာ သူ့ရဲ့ အရိပ်အာဝါသကို ငါခံစားဖူးတယ် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"
"ဒါဆို သူဘာလို့ ဒီကို ရောက်နေတာလဲ"
"ဆက်သွားကြရအောင် သူ တစ်ကြိမ် ပေါ်လာပြီ ဆိုမှတော့ နောက်တစ်ကြိမ် ထပ်မပေါ်လာစရာ ဘာအကြောင်းမှ မရှိဘူး"
လူတစ်စု အောက်သို့ ဆက်ဆင်းလာခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်ကြီးကနေလည်း ဖက်ထုပ်တွေ ကြွေကျလာသကဲ့သို့ ဝမ်းနည်းစွာ အော်ဟစ်သံများဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကြသည်။
နတ်သမီးရှန်းရှဲ့က နူးညံ့သော စိတ်သဘောထား ရှိသဖြင့် သည်းမခံနိုင်တော့ဘဲ ပြုတ်ကျနေသော လူများကို ဖမ်းယူထားရန် အခင်းအကျင်း အတတ်ပညာကို အသုံးပြုခဲ့သည်။
သူမ၏စွမ်းအင် အတက်အကျကို ခံစားလိုက်ရသဖြင့် လုရွှမ် လှည့်ကြည့်လိုက်ရာ ရှန်းရှဲ့ လူကယ်ဆယ်တော့မည့် မြင်ကွင်းကို မြင်လိုက်ရသဖြင့် ချက်ချင်း ရပ်ဖို့ အော်ဟစ်လိုက်သည်။
ရှန်းရှဲ့က သူမစွမ်းအားတွေကို လေထဲကို ပစ်လွှတ်လိုက်ပြီး ပြုတ်ကျသွားတဲ့ လူကို ဖမ်းထားလိုက်သည်။ သို့သော် ထိုလူ့ခန္ဓာကိုယ်မှ ကြီးမားသော အင်အားကို ခံစားလိုက်ရကာ ၎င်းက နတ်သမီးရှန်းရှဲ့ကိုပါ ပြုတ်ကျသွားအောင် ဆွဲခေါ်သွားလေသည်။
"ရှန်းရှဲ့!!"
ရှန်ယိက သူမဘေးမှာ ရှိနေသဖြင့် သူမလက်ကို ချက်ချင်း လှမ်းဆွဲထားလိုက်သည်။
ဤဆွဲငင်မှုအောက်တွင် သူမ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး စကားလုံးဝ မပြောနိုင်တော့ပေ။ ရှန်ယိ၏ ခန္ဓာကိုယ်သည်လည်း တောင့်တင်းနေပြီး မည်သည့်အားမျှ မထုတ်နိုင်တော့ဘဲ ရှန်းရှဲ့နောက်ကို လိုက်ကာ ပြုတ်ကျသွားသည်။
"သူတို့ကို မဆွဲပါနဲ့"
လုရွှမ် အော်ဟစ်ပြီး ကူညီချင်သူတိုင်းကို တားလိုက်သည်။ သူက ရွှမ်ကျီးကို ဖုန့်ဖေးလက်ထဲအပ်ကာ ပြေးထွက်သွားခဲ့သည်။ သူ့ခြေဖဝါးအောက်မှာ လေပြင်းနိယာမများ အလင်းတောက်လာကာ လှေကားထစ်ပေါ် ခြေလှမ်းများကို လှမ်းလိုက်သကဲ့သို့ နင်းလိုက်သည်။
လုရွှမ်သည် သူဟာ ကံကောင်းသူလို့ လျှို့ဝှက်စွာ တွေးနေတယ်ဆိုရင် အဲဒါက အနည်းဆုံးတော့ လေစွမ်းအင်ရှိတယ် ဆိုတာကြောင့်ပါပဲ။ ထုံးစံအတိုင်း၊ သူသည်လည်း သူတို့နှစ်ဦးကို မကူညီဝံ့ပေ။ မဟုတ်ပါက သူပါ နားမလည်နိုင်သော စွမ်းအင်များဖြင့် ကူးစက်ခံရလိမ့်မည်။
လက်ဝှေ့ယမ်းကာ လုရွှမ် နတ်ဓားကိုပဲ တိုက်ရိုက်အသုံးပြုခဲ့သည်။
နတ်ဓားသည် နူးညံ့သော အော်ဟစ်သံဖြင့် ကောင်းကင်ကို မြှောက်လိုက်ကာ နတ်ဆိုးများနှင့် တစ္ဆေများကို မောင်းထုတ်လိုက်တော့မဗ လူတိုင်းသည် များစွာ စိတ်သက်သာသွားကြသည်။ ဓားတစ်ချက် ခုတ်လိုက်သဖြင့် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာ၏။ လုရွှမ် ဓားလွှဲခုတ်ပြီးနောက် ယွမ်စွမ်းအင် ထုတ်လွှတ်မှုကို ဖြတ်တောက်ပစ်လိုက်သည်။
ဓားစွမ်းအင်က ရှန်းရှဲ့ရဲ့ အခင်းအကျင်း အပိုင်းကို ကြာပန်းအမြစ်တွေလို ကျိုးပဲ့သွားစေ၏။ ကျိုးပဲ့သွားသည့် အတွင်းတွင် လုရွှမ်သည် ယွမ်စွမ်းအင် လှိုင်းလုံးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုအရာသည် ဆက်လက်၍ လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်ကာ လူနှစ်ယောက်၏ လှုပ်ရှားမှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြန်သည်။
လုရွှမ် ညင်သာစွာဖြင့် ဓားနှစ်ချောင်းကို ဓားနှင့်မီးများ ရောနှောကာ ပစ်လွှတ်ပြန်၏။ သူ့ရဲ့ နတ်မိုးကြိုးက ကောင်းကင်ယံက အတိဒုက္ခလို မိုးခြိမ်းသံဖြစ်ပြီး မကောင်းမှုနှင့် ပြောင်းလဲမှုတို့ကို ရှောင်ရှားရန် အကောင်းဆုံး အသုံးပြုထားသည်။ မီးတောက်သည်လည်း ကောင်းကင်မီးဖြစ်ပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။
မိုးခြိမ်းသံနဲ့ မီးဟောက်သံအောက်မှာ ယွမ်စွမ်းအင်က အပိုင်းပိုင်း ဖြာထွက်သွားသည်။ လုရွှမ်လည်း ပြင်းထန်သောလေကို အခွင့်ကောင်းယူကာ သူတို့၏ ခန္ဓာကိုယ်များကို ၎င်းတို့ဘေးရှိ လမ်းမပေါ်သို့ မှုတ်ထုတ်လိုက်သည်။
"သူတို့ကို သွားမကယ်နဲ့ သတိထားရင် ရပြီ!"
ရှန်ယိနဲ့ ရှန်းရှဲ့ရဲ့ မတော်တဆ ဖြစ်ရပ်ကို တခြားလူများစွာကလည်း သင်ခန်းစာယူကြသည်။ သူတို့က လေပြင်းများကို မှုတ်ထုတ်ကာ ၎င်းတို့နှစ်ဦးကို မြေပြင်ပေါ်သို့ ဘေးကင်းစွာ တွန်းချခဲ့ကြသည်။
လုရွှမ်၏ ခြေဖဝါးများက အလင်းရောင်နှင့်အတူ ထွန်းတောက်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခိုက် လက်ဖဝါးတစ်ခု ရုတ်တရက် ပေါ်လာပြီး လုရွှမ်ခြေဖဝါးကို ဆုပ်ကိုင်လိုက်သည်။ လင်းယုန်၏ လက်ဝါးနှင့်တူပြီး အသားအစအန အနည်းငယ်မျှပင် မမြင်ရဘဲ အရိုးသာ ကျန်တော့သလိုပင်။ တကယ်တမ်း အမာရွတ်တွေကလည်း ဖုံးလွှမ်းနေသေးသည်။
"ဟမ့်!"
လုရွှမ် သူ့အရိုးများကို နတ်မိုးကြိုးပုံစံများဖြင့် တံဆိပ်တပ်ထားပါသည်။ သူ့နှလုံးခုန်နေစဥ်မှာပဲ နတ်မိုးခြိမ်းသံ တစ်ချက် ထွက်လာပြီး အောက်လက်ဖဝါးကို ထိမှန်သွားသည်။
သူ့လက်ဖဝါးက ရုတ်တရက် တောင့်တင်းနေချိန် လုရွှမ်လည်း ဓားစွမ်းအင် တစ်ချက်ဖြင့် ခုတ်ပစ်လိုက်သည်။ ချင်ထျန်းဓားက အလွန်ထက်မြက်လွန်းသဖြင့် လက်ချောင်း တစ်ချောင်းမှ ပြတ်သွားသည်။ လုရွှမ် ထိုလက်ကို ဆုပ်ကိုင်လိုက်ကာ ဝေ့ယမ်းပစ်လိုက်၏။
ဟစ်အော်သံနှင့်အတူ နားမလည်နိုင်စွာ ပေါ်လာသော လက်ဖဝါးရဲ့ တိုက်ခိုက်မှုက အချည်းနှီး ဖြစ်သွားသည်။
လုရွှမ်၏ မျက်လုံးများသည် သူ့မျက်လုံးထဲတွင် ကောင်းကင်မီးတောက်များ ပွင့်လာခဲ့သည်။ ကောင်းကင်မီးတောက်က ပတ်ဝန်းကျင်ကို မြင်ရအောင် ပြင်းထန်စွာ လှုံ့ဆော်ပေးသော်လည်း အမှောင်ထဲတွင် ဖုံးကွယ်ထားသည့် အရာအားလုံးကို လုံး၀ နားမလည်နိုင် ဖြစ်နေဆဲပင်။
ရှင်းရှင်းလင်းလင်း ပြောရရင် လုရွှမ်လည်း ဒါကို အနည်းငယ် လန့်နေမိသည်။
"ပြောရရင် ဒီလက်ဖဝါးကို မမြင်နိုင်တော့ဘူး.... ပေါင့်တာထင်း ဒါမှမဟုတ် ကျန်းပင်းလိုမျိုး နတ်ဆိုးခန္ဓာစွမ်းရည် အားလုံးကို သိပြီး သူ့ခန္ဓာကိုယ်ကို လေထုထဲမှာ ဝှက်ထားများလား?"
"အမြန်နှုန်းက မြန်လွန်းတယ်... နေမျက်လုံးတွေကတောင် သူ့အရိပ်ကို ဖမ်းလို့မရဘူး"
ဒါက အမှန်ပင် နတ်ဆိုးခန္ဓာစွမ်းရည်ရဲ့ ကျွမ်းကျင်မှုပဲ ဖြစ်သည်။ သူတို့သာ ပေါင့်တာထင်းဆီက ထိုကျင့်စဥ်ကို ပြန်လေ့လာခဲ့ပါက သဘာဝအတိုင်း ရေထဲက ငါးတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့လိမ့်မည်။
ဖုန့်ဖေးက အံ့သြစွာ မေးလိုက်သည်။
"လုရွှမ် ရှင် ဘာကိုဆိုလိုတာလဲ"
"ဟုတ်တယ် သူတို့ နှစ်ယောက်က ငါတို့ကို လှည့်စားပြီး ထားခဲ့ဖို့ နတ်ဆိုးခန္ဓာစွမ်းရည်ကို သုံးသွားခဲ့တာ ဖြစ်နိုင်တယ်"
ဒီလို လေ့ကျင့်ခန်းမျိုးက အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်သည်။ လူတော်တော်များများက ဒါကို ဘယ်လိုလုပ် အလွယ်တကူ သင်ယူနိုင်ပါ့မလဲ။ ဒီအတွက် အကြောင်းပြချက်က ဒီမှာရှိရမယ်။
သို့နှင့် အောက်သို့ ဆက်သွားကြပြန်သည်။
ထူးထူးခြားခြား ခက်ခဲသော နေရာတစ်ခုသို့ ဝင်ရောက်လာသောအခါ လုရွှမ်သည် ရုတ်တရက် သူ့နှလုံးသားထဲက နားလည်မှုက အနည်းငယ်ပိုလာကာ ဆယ့်ရှစ်ထပ်သို့ ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ တခြားလူတွေကို ပြန်ကြည့်လိုက်တော့ သူတို့အားလုံးရဲ့ မျက်နှာမှာ ထိတ်လန့်တကြား ဖြစ်နေကြ၏။