← Chapters

တားမြစ််နယ်မြေ ပျက်စီးပြီ

Vol. 104 Ch. 4.1075

တားမြစ််နယ်မြေ ပျက်စီးပြီ

Vol. 104 Ch. 4.1075

ပတ်ဝန်းကျင်တွင် အဖြူရောင် အငွေ့များ လျော့ပါးလာပြီး ခရမ်းရောင်တောက်တောက် အလင်းများ ထွက်ပေါ်လာသည်။ လုရွှမ်၏ နောက်ထပ် လက်ဖဝါးတစ်ဖက်တွင် ရွှမ်ကျီး၏ ဦးခေါင်းအထက်ရှိ အနက်ရောင် အငွေ့များ အနည်းငယ် စိမ့်ထွက်လာသည်။ ခရမ်းရောင်အငွေ့များက ၎င်းထဲသို့ စိမ့်ဝင်သွားကာ အနက်ရောင်အငွေ့များကို ပေါင့်တာထင်း တဖြည်းဖြည်းချင်း စုဆောင်းလိုက်သည်။

ပေါင့်တာထင်းရဲ့ ခန္ဓာကိုယ်ထဲက အဖြူရောင် အငွေ့တွေကို လုံး၀ သုတ်သင်လိုက်တဲ့အခါ ပေါင့်တာထင်း အသိစိတ် ဝင်လာသည်။ ရွှမ်ကျီးရဲ့ ခန္ဓာကိုယ်ထဲက အနက်ရောင်အငွေ့တွေ ထွက်လာပြီးနောက် သူလည်း နိုးလာသည်။

လုရွှမ် သူ့လက်ဖဝါးကို ဆုတ်လိုက်ပြီး အနက်ရောင်ဆေးလုံး သုံးလုံး အဖြစ် ပြောင်းလဲလိုက်ရာ အနံ့ပြင်းပြင်းတွေ ထွက်လာလေ၏။ အဲဒီနောက် မီးလုံးတစ်လုံး ပေါက်ကွဲသွား ဆေးလုံးတွေလည်း ပြာဖြစ်သွားတော့သည်။

ပေါင့်တာထင်း သူ့ခေါင်းကို ပွတ်သပ်ကာ သူ့မျက်နှာပေါ်တွင် ရှက်ရွံ့သော အကြည့်ဖြင့် ကြည့်နေ၏။ သူ ယခင်က ဖြစ်ပျက်ခဲ့သမျှကို ပြန်သတိရပါပြီ။

"တောင်းပန်ပါတယ် ငါ..."

"ကောင်းပြီ နောက်ဆို မဆင်မခြင်မလုပ်နဲ့..."

ဤနေရာက ပရမ်းပတာ နည်းဥပဒေသ အားလုံးကို ဖောက်ဖျက်ပစ်နိုင်တဲ့ မှော်အစွမ်းတွေ ရှိတဲ့အတွက် လုရွှမ် ပေါင့်တာထင်းကို အပြစ်တင်မှာ မဟုတ်ပချေ။

ရွှမ်ကျီးလည်း လန့်နိုးလာသည်။

"ဘာဖြစ်တာလဲ"

သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေအားလုံး ရှင်းသွားသလို ခံစားလိုက်ရတာမို့ တအံ့တသြ ဖြစ်သွားလေသည်။ ခွန်အားတွေ ပြန်ကြီးထွားလာသည်။ ယွမ်စွမ်းအင်တွေ အားကောင်းလာပြီး ကောင်းကင်က အပြစ်ပေးခံရတဲ့ ခံစားချက်ကလည်း ပျောက်ကွယ်သွားပြီ။

လုရွှမ် ပြောပြတဲ့ အဖြစ်အပျက်ကို ရွှမ်ကျီးလည်း အနည်းငယ် မယုံနိုင်လောက်အောင် ဖြစ်နေတုန်းပဲ။ ဒါက အံ့ဖွယ်တစ်ခုပင်။ လုရွှမ်နဲ့တွေ့ပြီးကတည်းက အံ့ဩစရာတွေ မကြာခဏ ဖြစ်တတ်ပြီး အံ့သြစရာတွေကို ဖန်တီးတဲ့သူလို့ လုရွှမ်(ဆန်းကြယ်တဲ့မြေ)လို့ ခေါ်ခြင်းသာ ဖြစ်ပေမည်။

"ထွက်သွားရအောင်... ဒီထက်ပိုပြီး စွန့်စားစရာ မလိုတော့ဘူး"

လုရွှမ်သည် ဤတားမြစ်နယ်မြေများထဲက အရာတွေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီးပြီ။ ၎င်းတို့သည် မြေကမ္ဘာကနေ ပျောက်ဆုံးသွားသော ရတနာများကို စုဆောင်းနေသူများကြောင့်သာ ဖြစ်သည်။

ဤတားမြစ်နယ်မြေများကို အသုံးပြုခြင်းဖြင့် တစ်သောင်းကမ္ဘာ ဘယ်လောက် ထိခိုက်နစ်နာခဲ့ရလဲ ကောင်းကင်ကပဲ သိလိမ့်မည်။

"လုရွှမ်! ဒီကြိုးက ပြုတ်ကျနေပြီ"

နတ်သမီးရှန်းရှဲ့က ရုတ်တရက် အော်ဟစ်လိုက်ရာ လူတိုင်း ထိတ်လန့်သွားသည်။ သေချာပါသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ လျင်မြန်စွာ ပြုတ်ကျလာပြီး ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သော တွန်းအားများ သက်ရောက်လာကာ သူတို့၏ ခန္ဓာကိုယ်များ ဆက်လက် ထိုးကျသွားခဲ့သည်။

"မြန်မြန်တက်!"

လုရွှမ် အော်လိုက်တဲ့ အခိုက် လူတိုင်းလည်း တွန့်ဆုတ်ဝံ့တော့ဘဲ တစ်ယောက်ပြီး တစ်ယောက် မြန်မြန် တက်ကြ​တော့သည်။

လုရွှမ် အခင်းအကျင်းကို ချိုးဖျက်ပြီးမှသာ ကြိုးက ပေါ်လာသည်။ ၎င်းဟာမူလက ခိုင်ခန့်သော်လည်း တဖြည်းဖြည်းနှင့် ပါးလွှာလာသည်။ လုရွှမ်လည်း ရုတ်တရက် သူ့လက်ဖဝါးက အနည်းငယ် နာကျင်မှုကို ခံစားရလို့ ငုံ့ကြည့်လိုက်တော့ ကြိုးတွင် ဖောက်ထားသော ဆူးငြောင့်အနည်းငယ်ကို တွေ့လိုက်ရသည်။

"ဟမ့် ဒီလှည့်စားနည်း​လေးတွေကို မင်းတစ်ယောက်တည်း သိတာ မဟုတ်ဘူး!"

လုရွှမ်က ကြိုးကို လက်တစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ကိုင်လိုက်ပြီး နောက်တစ်ဖက်ကို အမြန်ဝေ့ယမ်း၍ အခင်းအကျင်း မျဥ်းများ အမြန်​ရေးဆွဲလိုက်သည်။ အခင်းအကျင်း အလင်းများ တောက်ပလာပြီး ကြိုးပေါ်ရှိ ဆူးငြောင့်များ ပျောက်သွား၏။

"ကောင်းပြီ တကယ်ပဲ ကောင်းကင်စာအုပ်ကို နားလည်ထားတာပဲ... အဲ့​တော့ဘာဖြစ်လဲ? မင်းဒီမှာ သေတော့မှာကွ!"

ကျန်းပင်းရဲ့အသံက ရုတ်တရက် ပြန်ပေါ်လာပြန်ကာ သူ့ရဲ့ ဧရာမခေါင်းကြီးကို ပတ်ဝန်းကျင်က ချောက်ကမ်းပါးမှာ ပြန်ပေါ်လာခဲ့သည်။ သူ့ပုံရိပ်က မြေကြီးထဲကို လျင်မြန်စွာ စိမ့်ဝင်သွားပြီး ကျယ်လောင်သော မြေငလျင်သံနဲ့အတူ ချောက်ကမ်းပါးက လုရွှမ်တို့ဆီသို့ ​ပြိုကျလာခဲ့​လေ၏။

ဒီတားမြစ်နယ်မြေကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ။ ဘယ်လောက်တောင် ဆိုးဝါးလိုက်လဲ။

ပတ်၀န်းကျင်က အခင်းအကျင်း ဖွဲ့စည်းပုံများသည် ညစ်ညမ်းနေပြီး ၎င်းတို့ပတ်လည်ရှိ ကွက်လပ်များသည်လည်း လျင်မြန်စွာဖြင့် မြင်သာထင်သာရှိသော အရာဝတ္ထုများ အဖြစ်သို့ ပြောင်းလဲလာသည်။ မကောင်းသော စွမ်းအင်လှိုင်းလုံးများ ထွက်လာချေပြီ။ အထူးသဖြင့် ၎င်းစွမ်းအင်များက အေးစက်နေသည်။

အောက်ဖက်ရှိ အရိပ်ထဲ ပြုတ်ကျသွားတဲ့ ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ပြန်လည် ပြေးထွက်လာသည်။ ၎င်းတို့သည် အရိုးစုများ အဖြစ်သို့ ပြောင်းလဲသွားပါပြီ။ တစ်ဆက်တည်း ၎င်းတို့သည် လေဖြူလေလုံးများအဖြစ်သို့ ပြောင်းလဲသွားကာ အမျိုးသားများနှင့် အမျိုးသမီးများအဖြစ် ပေါင်းစပ်သွားကြသည်။

သူတို့၏ မျက်နှာများသည် ရက်စက်ကြမ်းကြုတ်ပြီး မုန်းတီးမှုများနှင့် ပြည့်နှက်နေပြီး ကျယ်လောင်စွာ ဟိန်းဟောက်​နေကြသည်။

ထိုစဥ် ပတ်ဝန်းကျင်ရှိ အခင်းအကျင်း အသွင်သဏ္ဍာန်များလည်း ကွဲအက်လာသည်။ ဤသရဲတစ္ဆေများ၏ ခန္ဓာကိုယ်ပေါ်ရှိ လေဖြူများက အငွေ့ပျံသွားကာ သူတို့၏ ခန္ဓာကိုယ်အား တဖြည်းဖြည်း ကြောက်စရာ ကောင်းလာစေသည်။

လုရွှမ်တို့ကို မြင်သောအခါ စူးစူးဝါးဝါး အော်ဟစ်ကာ ပြေးလာကြလေ၏။

"သတိထားကြ!"

လုရွှမ် အော်ဟစ်လိုက်သည်။ ဖီးနစ်နတ်မီးရဲ့ မီးတောက်တွေက ပေါက်ကွဲပြီး အဲဒီသရဲတစ္ဆေတွေကို ထိမှန်သွားသည်။

သရဲတစ္ဆေများသည် လောင်ကျွမ်းသွားသော်လည်း ဒေါသကတော့ ယခင်ကထက် ပိုမိုပြင်းထန်လာပြီး ၎င်းတို့ဆီသို့ အပြေးအလွှား ပြေးလာကြလေသည်။ ၎င်းတို့၏ ဘဝအဆုံးသတ်က လူသားဝိညာဥ်ကို လုံးလုံးလျားလျား ဝါးမြိုသွားပုံရသည်။

ရှန်းရှဲ့နှင့် အခြားသူများကလည်း အသီးသီးသော သိုင်းများဖြင့် သတ်​ဖြတ်ကြသည်။ ကြီးမားသော ကျောက်တုံးကြီးများ ကောင်းကင်မှ ပြုတ်ကျလာပြီး အခင်းအကျင်း ကန့်သတ်ချက် တစ်ခုစီကလည်း လေထုထဲကနေ သူတို့ကို ဖုံးအုပ်ထား၏။

ဆုပ်ကိုင်ထားရ​သော ကြိုးသည် ပြင်းထန်စွာ ယိမ်းထိုး​​နေသည်။ အကြောင်းမှာ လူတိုင်းကို ကောင်းကင်မှ ပြိုကျလာသော ကျောက်တုံးများကို ရှောင်ရှားရန် လူတိုင်း လှည့်ပတ်နေသဖြင့် တိုက်ခိုက်ရတာကို ပို၍ပင် ခက်ခဲစေသည်။

ကျောက်တုံးကြီး​တွေက ကြောက်စရာ မဟုတ်ပေမယ့် ပြိုကျနေတဲ့ကြား အခင်းအကျင်းကပါ ကန့်သတ်ထားတော့ လွတ်မြောက်ဖို့က ခက်ခဲနေသည်။ လုရွှမ်သည် ဤကန့်သတ်ချက်များကို ဖြေရှင်းရန် အချိန်ယူခဲ့နိုင်သော်လည်း တခြားသူများအတွက်မူ ၎င်းတို့သည် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။

ကန့်သတ်ချက်တစ်ခု ထပ်မံ ပျက်စီးသွားပါပြီ။

လုရွှမ် မျက်လုံးများသည် ကောင်းကင်မီးတောက်ဖြင့် ရုတ်တရက် တောက်ပလာပြီး အခင်းအကျင်းထဲတွင် ရင်းနှီးသော အရာတစ်ခုကို တွေ့လိုက်ရသည်။ လူနှစ်ယောက်ပင်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကာ ဓားရှည်တစ်လက်စီကို ကိုင်ဆောင်လျက် ရန်သူကို သတ္တိရှိစွာ တိုက်ခိုက်​နေခဲ့ကြသည်။

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အမြင်မှာတော့ သူတို့ဟာ ကြီးမားတဲ့ ရန်သူဖြစ်နိုင်ပါ၏။ သူတို့ ပုံရိပ်ယောင် လှည့်စားမှု တစ်ခုထဲသို့ ရောက်သွားခဲ့တာ ထင်ရှားပါသည်။

"ဒါ ဓားနတ်ဆိုးနဲ့ ထျန်းရှားပဲ!"

လုရွှမ်၏ နှလုံးသားသည် အလင်းရောင်တွေ တဖျပ်ဖျပ် ဖြတ်ပြေးသွားသည်။ သူမြင်ခဲ့ရသော အနာဂတ်ပုံရိပ်ကို ရုတ်တရက် သတိရသွား၏။ ဒီလိုဆို သူတို့နှစ်ဦး ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။

လုရွှမ် တွေးမနေဘဲ သူ့ခန္ဓာကိုယ်ကို အလင်းရောင်နှင့်အတူ တောက်ပလာ​စေပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအားကို သယ်ဆောင်လာကာ ထိုကန့်သတ် ချုပ်ချယ်မှုထဲသို့ ပြေးဝင်သွားခဲ့သည်။

ဓားနတ်ဆိုးသည် သွေးတစ်လုတ်ကို ထုတ်ကာ အရိုးစုကို အခြားဓားဖြင့် အပိုင်းပိုင်း ဖြတ်လိုက်သော်လည်း ဓားကသာ အပိုင်းပိုင်း ပြတ်သွားခဲ့သည်။ သူသည် သက်ပြင်းရှည်ကြီး ထုတ်လိုက်ပြီး သူ့အနောက်တွင် ခါးသက်စွာ ပြုံးလျက်သား ထျန်းရှားကလည်း သွေးအိုင်ထဲတွင် လဲလျောင်းနေပြီ ဖြစ်သည်။

"ဓားနတ်ဆိုး... သွားတော့ ငါ့ကို တစ်ယောက်တည်း ထားခဲ့! နင့် အသက်ရှင်လျက် ထွက်သွား!"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါဓားနတ်ဆိုးက သူငယ်ချင်းတွေကို စွန့်ပစ်တဲ့လူ မဟုတ်ဘူး... လုရွှမ်ကို အနာဂတ်မှာတွေ့ရင် ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ရမလဲ... စိတ်မပူပါနဲ့ ငါတို့ အမြန်ထွက်နိုင်မှာပါ... ."

လုရွှမ် ကျယ်လောင်စွာ အော်ပြီး သူ့နတ်ဓားကို အားအပြည့်ဖြင့် မြှောက်ချလိုက်သည်။

ဤထင်ယောင်ထင်မှားထဲသို့ ဝင်ရောက်လာသောအခါ ၎င်းတို့နှစ်ဦး၏ ပတ်လည်တွင် ထူထပ်သော အရိုးစုများ ဝိုင်းရံထားလေပြီ။ မရေမတွက်နိုင်သော အရိုးစုများက အဆုံးမရှိသည့်အလား ခုန်ပေါက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်ရ၏။

သူတို့အောက်ဖက်က ကြီးမားသော လမ်းတွင်လည်း အရိုးစုများနှင့် ထူထပ်နေပါသည်။ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ တိုက်ပွဲတွေ အကြိမ်ပေါင်း ဘယ်လောက်ရှိပြီလဲ ဆိုတာကို တွေးကြည့်နိုင်ပါ၏။

အလင်းရောင် ထွန်းတောက်လာသောအခါ လုရွှမ်သည် နတ်ဓားဖြင့် အရိုးစုများကို အပိုင်းပိုင်းဖြတ်ကာ သူတို့နှစ်ဦးရှေ့သို့ ဆင်းသက်လာခဲ့သည်။

"တောင်းပန်ပါတယ် ညီအစ်ကို... မင်းကို အကြာကြီး စောင့်ခိုင်းမိပြီ!!"

All Chapters