ငိုကြွေးတစ္ဆေဂူထဲက ခွဲထွက်
Vol. 104 Ch. 4.1076
ဓားနတ်ဆိုး လန့်ဖျပ်သွားပြီး သူ့ဓားဖြင့် ရုတ်တရက် ချထစ်လိုက်သည်။ လုရွှမ်လည်း ခပ်လှမ်းလှမ်းမှ အမြန် ရှောင်ထွက်သွားသည်။ ဓားနတ်ဆိုး၏ ဓားသည် ချင်ထျန်းဓားကြောင့် တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဓားနတ်ဆိုးသည် ခဏမျှ အံ့အားသင့်သွားသည်။ ထိုစဥ် လုရွှမ်ကလည်း ရားရား သင်ပေးသော ကြည်လင်သော စိတ်နှင့် သဘာဝ အသွင်သဏ္ဍာန်ကို စွမ်းအင်အဖြစ် ပြောင်းကာ ယွမ်ယန်စွမ်းအင်ထဲ ပေါင်းထည့်၍ ဓားနတ်ဆိုးရဲ့စိတ်ကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။
လုရွှမ်သည် ကောင်းကင်စာအုပ်ကို နားလည်လာသောအခါ အခင်းအကျင်း ထိန်းချုပ်မှုနှင့် ပတ်သက်သော နားလည်မှုကလည်း ပိုမိုရှင်းလင်းလာသည်။
အစကတည်းက လူတွေကို သွေးဆောင်ဖြားယောင်းပြီး အခင်းအကျင်း ဖွဲ့စည်းထဲကို အတင်းဆွဲသွင်းတာဟာ ထင်ယောင်ထင်မှားပါပဲ။ ဒါပေမဲ့ လူတွေကလည်း တဖြည်းဖြည်းနဲ့ အခင်းအကျင်းကို အစစ်အမှန်ဟု ထင်ကာ ကျင့်သားရလာသည်။
အခင်းအကျင်း ဖွဲ့စည်းမှုတွင် ရှိသော အရာအားလုံးသည် ၎င်းတို့ကို ကျင့်သားရစေတာဟာ သူတို့ရဲ့စိတ်ကို ထိန်းချုပ်ထားတာကြောင့် တဖြည်းဖြည်းနဲ့ သူတို့စိတ်တွေက တုန်လှုပ်သွားပြီး သူမြင်ချင်တဲ့ အရာတွေကို ပိုမြင်လာရသည်။ အဲဒီလိုနဲ့ တိုက်ပွဲဝင်ရင်း ပေးဆပ်ရင်း အခင်းအကျင်းထဲ၌ နက်နဲစွာ ပိတ်မိနေခဲ့၏။
နောက်ပိုင်းတွင် နားမလည်နိုင်သော အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာပြီး ဖွဲ့စည်းမှုမှ ထွက်ခွာသွားသည့်တိုင် စိတ်တစ်ခုလုံးက ပြီးပြည့်စုံသော စိတ်ဝိညာဉ် မဟုတ်နိုင်တော့ပေ။
ယခုအခါ ဓားနတ်ဆိုးသည် မျက်လုံးနီရဲနေပြီး ကျိုးနေသော ဓားကို သူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေဆဲပင်။ ဓားရှည်သည် သူ့နှလုံးသားထဲတွင် သူတောင့်တနေသည့် တစ်ခုတည်းသော အရာ ဖြစ်လာပြီး သူအားကိုးနိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်လာသောကြောင့် ၎င်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ဘယ်တော့မှ လွှတ်မပစ်လိုက်ပေ။
ဓားရှည်ကြီးကို စွန့်လွှတ်ခြင်းသည် သူနှင့် ထျန်းရှားတို့၏ အသက်ကို စွန့်လွှတ်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လုရွှမ်သည် သူ၏ စွဲလမ်းမှုကို တိုက်ရိုက် ချိုးဖျက်လိုက်ပြီး နတ်မိုးခြိမ်းသံကို သုံး၍ ဝိညာဉ်ရေး ဆက်သွယ်မှု အနည်းငယ်ဖြင့် ဓားနတ်ဆိုး၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ထျန်းရှားသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ မျက်လုံးများတွင် ပြင်းထန်သော ထိုးနှက်မှုဟု ထင်ရသည့် အရာကို တားဆီးရန် သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုကာ အပြင်းအထန် ရှေ့သို့ ပြေးသွားခဲ့သည်။ ထိုအရာက သူမစိတ်ထဲ ဝင်လာသည်။
ဓားနတ်ဆိုး၏ တုန်လှုပ်နေသော ခန္ဓာကိုယ်သည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူ့မျက်လုံးထဲတွင် အနီရောင် အလင်းမှိန်သွားကာ ကြည်လင်ပြတ်သားမှုက တဖြည်းဖြည်း ပြန်ရောက်လာသည်။
"လုရွှမ်?" သူ မယုံကြည်နိုင်စွာ အော်လိုက်သည်။
လုရွှမ်လည်း ဓားနတ်ဆိုးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး။
"ငါ့ညီအစ်ကိုကောင်း... မင်းကို အကြာကြီးစောင့်ခိုင်းမိပြီ!"
"ထျန်းရှားကို ကြည့်ပါဦး သူမ..."
ဓားနတ်ဆိုး လှည့်ကြည့်လိုက်တော့ ထျန်းရှားဟာ တုန်လှုပ်နေတဲ့ အနေအထားမှာ ရှိနေဆဲပါပဲ။ သူ့ရဲ့နူးညံ့တဲ့ ခန္ဓာကိုယ် တုန်ယင်နေပြီး ခန္ဓာကိုယ်ထဲက အဖြူရောင် စွမ်းအင် အနည်းငယ် ထွက်လာတာကို တွေ့လိုက်ရသည်။ ဓားနတ်ဆိုးသည် ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရာ အန္တရာယ်ရှိသော နေရာတိုင်းတွင် လှည့်စားမှုတစ်ခု ဖြစ်နေကြောင်း မြင်လိုက်ရသည်။
လုရွှမ်သည် အဖြူရောင်စွမ်းအင် ခြေရာများကို ဆွဲထုတ်လိုက်ပြီး ထျန်းရှား၏ဒဏ်ရာများကို သာမန်မျက်စိဖြင့် မြင်နိုင်သည့်နည်းဖြင့် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာအောင် ကုသပေးလိုက်သည်။
သူမသည် လုရွှမ်ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုယိုပစ်လိုက်လေ၏။ သူမအသံမှာ ကြောက်ရွံ့ထိတ်လန့်မှု အပြည့်ဖြင့်။ လုရွှမ် သူမကျောကို ညင်သာစွာ ပွတ်သပ်ပေးနေရင်း သူမ၏ ကြောက်ရွံ့မှုကို ကိုယ်တိုင် ခံစားလိုက်ရသည်။
"ကောင်းပြီ ငါတို့ပြန်တွေ့ကြပြီ!"
မိုးကုပ်စက်ဝိုင်းမှ ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
"လုရွှမ်... ငါတို့ ဆက်မထိန်းနိုင်တော့ဘူး မြန်မြန် ထွက်လာခဲ့တော့"
"ဒါ ငါ့သူငယ်ချင်းတွေ မင်းတို့လို ရိုးသားပြီး သစ္စာရှိတဲ့ သူငယ်ချင်းတွေပဲ... လာ ထွက်သွားရအောင်"
လုရွှမ် သူတို့နှစ်ယောက်ကို လက်တစ်ဖက်စီက ထောက်ထားရင်း သုံးယောက်သား ကောင်းကင်သို့ ပျံတက်သွားကြသည်။ အခင်းအကျင်း ဖွဲ့စည်းမှုမှာ တုံ့ဆိုင်းသွားကာ တံခါးပေါက်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာပြီး သူတို့ သုံးယောက် ထွက်လာခဲ့ကြသည်။
ထျန်းရှားနဲ့ ဓားနတ်ဆိုးတို့ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ လူတစ်စုက အနားတွင် ရပ်နေကာ သူတို့အား ကြင်နာမှုနှင့် စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်နေကြတာကို တွေ့လိုက်ရသည်။
"ငိုကြွေးတစ္ဆေဂူ ပြိုကျတော့မယ်... ငါတို့ အမြန်ဆုံး တက်ရမယ် ကြိုးကို ကိုင်ထားပြီး အပေါ်ကို အမြန်တက်!"
လုရွှမ် အော်ဟစ်ပြီး အပေါ်သို့ ပြေးတက်သွားကာ သူ၏ နတ်ဓားကို ဝှေ့ယမ်း၍ လမ်းပိတ်နေသော ကျောက်တုံးကြီးများကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။ အခင်းအကျင်း အချုပ်အနှောင်တွေက တိုးလာပေမယ့် လုရွှမ် တစ်ခုပြီးတစ်ခု တွန်းဖယ်ပစ်လိုက်၏။
ကြိုးသည် ပါးလွှာကာလာ လူတွေကလည်း လျင်မြန်စွာ လျှောကျနေဆဲဖြစ်သည်။ အလင်းရောင်ကို မမြင်နိုင်တော့ပေ။ ပတ်ဝန်းကျင်က လုံးဝ မှောင်မည်းနေပြီး တစ်ခုတည်းသော အလင်းရောင်မှာ လုရွှမ်လက်ထဲတွင် ဝှေ့ယမ်းနေသော ချည်မျှင်ရှည်သာ ဖြစ်သည်။ ထိုခရမ်းရောင် အလင်းအနည်းငယ်သည် အရှေ့မှထွက်သော ခရမ်းရောင်လေကဲ့သို့ဖြစ်ပြီး လူတိုင်း၏ စိတ်နှလုံးကို တောက်ပစေပြီး ခွန်အားလည်း ဖြစ်စေသည်။
ကြိုးက ပျောက်ကွယ်လုနီးနေပြီ။ ကြီးမားသော ပါးစပ်ကို ပိတ်လိုက်သလိုမျိုး အပေါ်စီးမှ အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်နေ၏။
"အောင့်ယွဲ့ ဒြပ်စင်ငါးခုကို ပေါင်းစပ်လိုက်!"
လုရွှမ် အော်လိုက်သည်။ သူက ကြိုးကို လွှတ်လိုက်ပြီးနောက် သူ့ခြေဖဝါးအောက်က လေပြင်းနိယာမဖြင့် ပြေးထွက်သွား၏။ လုရွှမ်သည် လေပြင်းနိယာမကို အလွန်နက်ရှိုင်းစွာ ထိန်းချုပ်နိုင်သူ ဖြစ်သော်လည်း သူတို့ကတော့ လေပြင်းနိယာမကိပင် အသုံးမချနိုင်တော့ပေ။
စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားက ပေါက်ကွဲ ထွက်လာပြီး အထပ်ထပ် ကန့်သတ်လာသော စွမ်းအင်အလွှာတွေလက်မှ လူတိုင်းကို ကာကွယ်ပေးလိုက်သည်။ အောင့်ယွဲ့တို့ ငါးယောက်သည်လည်း လုရွှမ်မှာ အချိန်မရှိကြောင်း သိထားသောကြောင့် ချက်ချင်း လုပ်ဆောင်ကြသည်။
လုရွှမ်က ၎င်းတို့ကို အချိန်ဆွဲပေးရန်အတွက် ယခုအချိန်တွင် ကာကွယ်ပေးနေခြင်းသာ ဖြစ်သည်။ မဆိုင်းမတွပင် လူငါးယောက်သည် ကြိုးကို လွှတ်ကာ ဒြပ်စင်ငါးပါး၏ ဂုဏ်တော်များ ပေါင်းစပ်ကာ အသွင်ပြောင်းသွားကြသည်။
"မင်း သူတို့ကိုခေါ်သွား... ငါလမ်းဖွင့်မယ်!"
လူငါးယောက်နှင့် ဒြပ်စင်ငါးခု ပေါင်းစပ်လိုက်သဖြင့် ၎င်းတို့သည် ဤအခိုက်အတန့်တွင် အမှန်တကယ်ပင် လေထဲတွင် လွင့်မျောနေသည့် ကြီးမားသော ဖိအားကို မခံစားရတော့ဘဲ အလွယ်တကူ တွန်းထုတ်နိုင်လိုက်ကြသည်။
"အားလုံး တက်!"
သူတို့သည် စည်းစိမ်ဥစ္စာနဲ့ သေရေးရှင်ရေးကို မျှဝေခံစားကြသော သူငယ်ချင်းများ ဖြစ်သည်။ တစ်ယောက်မျှ ပေါက်ကရတွေ တွေးမနေဘဲ ရှေ့သို့ ပြေးသွားကာ ၎င်းတို့ငါးဦး ပေါင်းစပ်ထားသော ခန္ဓာကိုယ်ပေါ်သို့ ပြေးကပ်ထားလိုက်ကြသည်။
လုရွှမ်သည် သူ့ခေါင်းရှေ့မှ စတင်၍ ယွမ်ယန်ဓားကိုးစင်း၏ စွမ်းအင်များကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်၏။ သူတို့ ခန္ဓာကိုယ်တစ်ဝိုက်တွင် တောက်ပသော လမ်းမများက တစ်ရာထက်မနည်းရှိသည်။ ချက်ချင်း ဆိုသလိုပင် သိမ်းယူထားသော မျှော်စင်စွမ်းအင် အားလုံးသည် ကြွယ်ဝသော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး လုရွှမ်ကိုယ်ထဲသို့ ပြေးဝင်သွားကြသည်။
"ယွမ်ယန်ဓားကိုးစင်း ခုတ်၊ ခုတ်၊ ခုတ်!"
"ငါ့ခြေထောက်ကို ကိုင်ထား!"
လုရွှမ်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ထူဖူးသည် လုရွှမ်ခြေထောက်ကို အလျင်အမြန်ဆွဲယူကာ လူတိုင်းကို ခေါ်သွားခဲ့သည်။ လောင်မြိုက်သော အလင်းတန်းများက သူတို့အပေါ် ထွန်းတောက်လာကာ အသီးသီး အော်ဟစ်လိုက်ကြ၏။
"ပြေး!"
ချင်ထျန်းဓားသည် တိုးညှင်းသော အော်ဟစ်သံနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားကာ လူအုပ်ကြီးကို အာကာသထဲသို့ ဖြတ်သွားသလိုမျိုး တဖြောင့်တည်း ထွက်သွားခဲ့သည်။
လုရွှမ်သည် လက်ရှိကျွမ်းကျင်မှုနှင့် ယွမ်ယန်ကျင့်စဥ်ရဲ့ ခွန်အားကို အပြည့်အ၀ အသုံးပြုထားသလို မျှော်စင် ရာပေါင်းများစွာနှင့်အတူ ဤဓားသည် လက်ရှိလေထုရဲ ခံနိုင်ရည်အားထက် ကျော်လွန်နေပြီဟု ဆိုနိုင်ပါသည်။
ထိုစဥ် လေထု ကွက်လပ်ထဲမှ အက်ကြောင်းများ ဆက်တိုက်ပေါ်လာသည်။
"ဟမ့် ထွက်သွားချင်တယ်ပေါ့ မလွယ်ဘူးကွ...မင်းကို ငါနဲ့အတူ မြှုပ်ပစ်မယ်!"
ကျန်းပင်းရဲ့အသံက ရုတ်တရက် ပြန်မြည်လာပြီး သူ့ပတ်ဝန်းကျင်က အက်ကွဲကြောင်းတွေက ချက်ချင်းဆိုသလို ပိတ်ဆို့သွားပြန်သည်။ ရက်စက်ကြမ်းကြုတ်သော စွမ်းအားတစ်ခုလေထုအတွင်း ပျံ့နှံ့သွားသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ရှင်းရှင်းလင်းလင်း မမြင်နိုင် သို့မဟုတ် မခံစားနိုင်အောင် ပျက်ပြယ်သွားပြန်သည်။
လုရွှမ်စိတ်ထဲမှာတော့ ရွှေကျီးကန်းရဲ့ အသံက ထွက်ပေါ်လာသည်။
"မြေကြီးနဲ့ မြေကြီးကြားက အာကာသထဲမှာ စွမ်းအင်တွေ ပေါများနေလိုက်တာ... အရမ်းကောင်းတယ် ငါစုပ်လိုက်မယ်!"
လုရွှမ် အနည်းငယ် အံသြသွားသည်။
"ကျီးဖိုးဖိုး... နည်းလမ်းတစ်ခုခု စဉ်းစားစမ်းပါဦး.... အနာဂတ်မှာ မြေကမ္ဘာကို သွားရမယ်ဆိုတာက ခင်ဗျားလိုချင်တာပဲ မဟုတ်ဘူးလား"
"ကောင်းပြီ မင်းစကားပြောတတ်တာကို ထောက်ထားပြီး ကျီးဖိုးဖိုးက မင်းကို မျက်နှာသာပေးလိုက်မယ်!!"
ရွှေကျီးကန်းက အတောင်တွေကို လှန်ပြီး ပျံထွက်လာသည်။ ၎င်းက သူ့ခန္ဓာကိုယ် လှိမ့်လိုက်တာနဲ့ တကယ့်ကို နေရောင်လေးလို ဖြစ်သွား၏။
"နေရောင် ပေါ်လာရင် အမှောင်တွေ ကုန်ဆုံးပြီ... ကျီးဖိုးဖိုး ထွက်လာရင် ဘာမဆို အကုန်ပျောက်!"
လုရွှမ်ထက် ပိုမိုတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မကြာမီတွင်ပင် ကောင်းကင်ယံ၌ ကြီးမားသော အပေါက်ကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။ လုရွှမ်နှင့် သူ့အဖွဲ့သည် မရပ်တန့်ဝံ့ဘဲ တခဏချင်း ပြေးထွက်လာခဲ့လေသည်။