← Chapters

ကြီးမြတ်သော အလှည့်အပြောင်း

Vol. 104 Ch. 4.1077

ကြီးမြတ်သော အလှည့်အပြောင်း

Vol. 104 Ch. 4.1077

ထို့နောက် ရွှေကျီးကန်းသည် လုရွှမ် ခန္ဓာကိုယ်ထဲက အာကာသကျောက်စိမ်းပြားထဲသို့ တစ်ဖန် ပြန်ပြေးဝင်သွားခဲ့သည်။

အားလုံးက ကြယ်တွေ​တောက်​နေတဲ့ ကောင်းကင်ကြီး အောက်မှာ အမှောင်ထုကို ငုံ့ကြည့်နေကြသည်။ ယခုအချိန်တွင် ငိုကြွေးတစ္ဆေဂူသည် အလယ်ဗဟိုဆီသို့ အဆက်မပြတ် နစ်မြုပ်နေဆဲဖြစ်ပြီး ရံဖန်ရံခါတွင် လေဖြူချောင်းများသည် ပတ်ဝန်းကျင်သို့ ပြန့်ကျဲနေသော်လည်း ၎င်းတို့ကို တစ္ဆေဂူက လျင်မြန်စွာ ပြန်လည် စုပ်ယူသွားခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှ ကြီးမားသော စုတ်ယူမှု စွမ်းအားက လုရွှမ်တို့ကို အောက်ဖက်က ပြိုကျ​နေသည့် ​နေရာဆီသို့ တွန်းပို့ခံရလုနီးပါး ဖြစ်သွားခဲ့သည်။

"ကြည့်! မရဏကြယ်!"

လူတိုင်း လှည့်ကြည့်လိုက်တာနဲ့ သေချာပေါက် သူတို့ကို အရင်က လွှဲပို့ခဲ့တဲ့ မရဏကြယ်ဟာ ဒီအချိန်မှာတော့ တကယ်ကို မြန်မြန်ဆန်ဆန် ရွေ့လျားနေပြီး ပြိုကျလျက်ရှိကာ ငိုကြွေးတစ္ဆေဂူထဲကို အပိုင်းအစတွေနဲ့ ရောက်သွားတာကို တွေ့လိုက်ရသည်။

"မြန်မြန် လှုပ်ရှားကြရအောင်.... ဒီစုပ်ယူနိုင်တဲ့ စွမ်းအားက ပိုအားကောင်းလာပြီး လုရွှမ် လုံးဝ ပံ့ပိုးနိုင်မှာ မဟုတ်ဘူး!"

ဤနေရာတွင်ရှိ စုပ်ယူမှုစွမ်းအားသည် လျင်မြန်စွာ တိုးလာသည်ဟု လူတိုင်း ခံစားခဲ့ရသည်။ တစ်ဦးစီသည် ၎င်းတို့၏ ခွန်အားရှိသမျှကို အသုံးပြုကာ လျင်မြန်စွာ ပျံသန်း ထွက်ခွာသွားကြသည်။ အဝေးကို ပျံသန်းပြီးနောက် အနောက်မှ စုပ်ယူမှုအားလည်း ပျော့သွားကာ တဖြည်းဖြည်း သတိမထားမိဘဲ ရပ်တန့်သွားခဲ့သည်။

တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ပြီးတဲ့ နောက်မှာတော့ လုရွှမ်က ထျန်းရှားနဲ့ ကျန့်မော်တို့ရဲ့ သူ့အပေါ် ဆက်ဆံရေးအကြောင်း ပြောပြလိုက်ရာ အားလုံးကလည်း သဘောကျ နှစ်ခြိုက်ခဲ့ကြပါသည်။ ဒီလိုအခြေအနေမှာ ရှိနေရင် အနှစ်သုံးဆယ်ထက် ပိုအသက် မရှင်နိုင်ဘူးလို့ သူတို့ကိုယ်သူတို့ မေးနေကြသူတွေလည်း ရှိသေးသည်။

"ဒါဆို ဒီငိုကြွေးတစ္ဆေဂူက လုံးလုံးကြီး ပျက်စီးသွားတော့မှာပေါ့"

ရွှမ်ကျီးက အနည်းငယ်သော နှမြောစိတ်ဖြင့် အော်လိုက်သည်။ လုရွှမ်က ခေါင်းခါ​လေသည်။

"ငိုကြွေးတစ္ဆေဂူတင် မဟုတ်မှာ ကြောက်ရတယ်.... ငါ့ခန့်မှန်းချက်သာ မှန်ရင် တခြား ခါးသီးပင်လယ်၊ ကောင်းကင်ဘုရင် နန်းတော်နဲ့ မြင့်မြတ်တဲ့ နတ်တောင်လည်း ပြိုကျပြီး ပျက်စီးသွားလိမ့်မယ် !"

"ဒါက မြေကမ္ဘာက လူတွေ ထားခဲ့တဲ့ လိုချင်တပ်မက်ဖွယ် လမ်းကြောင်းတစ်ခုပဲ... ပြိုကျရင်တောင် ပြိုကျပါစေပေါ့ ဘာအမုန်းတရားတွေမှ ထားနေဖို့ လိုမှာ မဟုတ်ဘူး"

ပေါင့်တာထင်းမှာ သူ့ကြောင့် လူအားလုံးကို သတ်လုနီးပါး ဖြစ်ခဲ့လေသည်။ ယခု အားလုံးက အဆင်ပြေပေမဲ့ သူ့ကိုယ်သူ ခွင့်လွှတ်ဖို့ ခက်ခဲနေဆဲပါ။ လုရွှမ် ပေါင့်တာထင်းရဲ့ ပုခုံးပေါ်ကို လက်တစ်ဖက်တင်ကာ နှစ်သိမ့်ပေးလိုက်သည်။

"ကိုယ့်ကို အပြစ်မတင်ပါနဲ့ မင်းသူငယ်ချင်းတွေကို နောက်မှ သွားတွေ့​ကြမယ်.... ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် မင်းသူငယ်ချင်း သုံးယောက်က ဒဏ်ရာရတာ ဖြစ်သင့်ပေမယ့် နားမလည်နိုင်လောက်အောင် ဒဏ်ရာတွေ ရစေခဲ့တာပဲ...အဲ့ဒဏ်ရာကြောင့် အခု သူတို့စိတ်ဝိညာဉ်နဲ့ ကျင့်ကြံမှုတွေက ရပ်တန့်နေခဲ့တာ

"ကောင်းပြီ လုရွှမ် ကျေးဇူးတင်ပါတယ်"

လုရွှမ်သည် ဓားပျံငယ်တစ်စင်းကို ပစ်လွှတ်ကာ ရက်အနည်းငယ် အကြာတွင် ယာဉ်ပျံတစ်စင်း ရောက်ရှိလာခဲ့ပြီး လူတိုင်းကို ထန်းယွမ်မြို့သို့ ပြန်လည် သယ်ဆောင်သွားခဲ့သည်။ မမျှော်လင့်ဘဲ ထန်းယွမ်မြို့ကို ပြန်ရောက်တဲ့အခါ မြို့တစ်ခုလုံးက ပရမ်းပတာ ဖြစ်နေပြီ။

လီလင်ရှို့သည် ကမ္ဘာ့နံပါတ် (၁) လက်နက် သန့်စင်ရေး အလုပ်ရုံတွင် စောင့်ဆိုင်းနေပြီး လုရွှမ်နှင့် သူ့အဖွဲ့ ပြန်လာသည်ကို မြင်သောအခါ သူမက အလောတကြီး ပြေးထွက်လာသည်။

“ကိုကိုလုရွှမ်... ထန်းယွမ်ကြယ်ကြီး ပျက်တော့မယ်... အဖေက ညီမကို ဒီမှာစောင့်နေဖို့ မှာထားတယ်... ကိုကိုလာရင် တတ်နိုင်သမျှ မြန်မြန် ထွက်ခွာဖို့လည်း ပြောတယ်"

ထန်းယွမ်မြို့က ထိတ်လန့် ကြောက်ရွံ့မှုကို မြင်သောအခါ လုရွှမ်သည် ထန်းယွမ် ကြယ်စင်တစ်ခုလုံးကို ထိခိုက်နိုင်သည့် ကောင်းကင်ဘုရင် နန်းတော်က အပြောင်းအလဲများ ရှိလာပြီဖြစ်ကြောင်း သိလိုက်သည်။

ထန်းယွမ်ကြယ်ရှိ အဓိကဂိုဏ်းခွဲများသည် ဒီအကြောင်း ကောင်းစွာ သိရှိထားနိုင်ပြီး ကမ္ဘာတစ်ခုလုံးအပေါ် ၎င်းတို့၏ ထိန်းချုပ်မှုမှာလည်း အလွန်ရှင်းလင်းပါသည်။ ကောင်းကင်ဘုရင် နန်းတော်ထဲတွင် ကြီးစွာသော အပြောင်းအလဲများ ဖြစ်ပျက်ခဲ့ပြီး ထိုအချိန်က ၎င်းတို့သည် ယင်းကို ရှင်းရှင်းလင်းလင်း သိခဲ့ကြသည်။

ဟုန်ရှန်ယင်းနဲ့ တခြားသူများကို လီမိသားစုအိမ်သို့ အမြန်ဆုံးခေါ်ပြီးနောက် လုရွှမ်သည် ကောင်းကင်ဘုရင် နန်းတော်သို့ တစ်ယောက်တည်း ထွက်သွားခဲ့သည်။ ကောင်းကင်ဘုရင် နန်းတော်သည် ယခုအခိုက်အတန့်တွင် ထန်းယွမ်မြို့တစ်ခုလုံးကို အထိတ်တလန့် ဖြစ်စေခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။

အကြောင်းမှာ နန်းတော် အောက်ဖက်က နေရာကို နန်း​တော်ကြီးလို့ ခေါ်ဆိုလို့ပင် မရတော့ပေ။ ကြမ်းပြင်းက တွင်းကြီးဖြစ်သွားကာ ပတ်ဝန်းကျင်က အရာအားလုံးဟာ အောက်ဖက်သို့ တဖြည်းဖြည်း နစ်မြုပ်နေချေသည်။

နေမျက်လုံးကို ဖွင့်လိုက်သောအခါ လုရွှမ်သည် ကောင်းကင်ဘုရင် နန်းတော်၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားသည့် အရာက ကောင်းကင်ဘုရင်၏ အခင်းအကျင်း ပုံစံများဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သော်လည်း ၎င်းတို့ဟာ ကြာရှည်ခံ​တော့မည် မဟုတ်ပေ။

အောက်ဖက်ရှိ စုပ်ယူအားသည် အရွယ်အစား အနည်းငယ် တိုးလာပြီး ကောင်းကင်ဘုရင် နန်းတော်ကြှး၏ အရွယ်အစားကို ကြည့်လျှင် ငိုကြွေးတစ္ဆေဂူ မကြီးမားကြောင်း သိသာထင်ရှားသော်လည်း ထန်းယွမ်ကြယ်တစ်ခုလုံးကို မြှုပ်နှံပစ်လိုက်ဖို့ကတော့ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

အံ့ဖွယ်အမှုတစ်ခု ဖြစ်ပေါ်လာပါက ထန်းယွမ်ကြယ်သည် မလွဲမသွေ ပျက်သုဉ်းသွားမည် ဖြစ်သည်။

"ကျီးဖိုးဖိုး... ဘာလုပ်လို့ရသေးလဲ?"

"ဘာလဲ ဒီကလူတွေကို ကယ်ချင်တာလား"

လုရွှမ်က အဝေးကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြော​လေသည်။

"တချို့ကိစ္စတွေက မြင်ရဲ့သားနဲ့ မကူညီရင် မဖြစ်ပြန်ဘူးလေ... ကူညီနိုင်ရင် ကူညီရမယ်..."

"ဒီထန်းယွမ်​ကြယ်ပေါ်မှာ ကျင့်ကြံသူတွေ သန်းပေါင်းများစွာထက် မနည်း ရှိတယ်.... တချို့ကသာ ကမ္ဘာမြေက ထွက်သွားပြီး တခြား​ကြယ်မှာ ဆက်လက် ကျင့်ကြံနိုင်လောက်အောင် ကံကောင်းကြတာ... ကြယ်ပျက်တာက နောက်ထပ် လူတွေ သေဖို့ ရည်မှန်းထားသလိုပဲ"

"ကျွန်တော်က သူတော်စင် မဟုတ်ပေမယ့် တစ်ယောက်ယောက်နဲ့တွေ့ရင် တတ်နိုင်သလောက် ကူညီ​​ပေးချင်တမယယ်"

​

ရွှေကျီးကန်းက တခစ်ခစ်ရယ်ပြီး "ကောင်လေး... ဒီအတွေးက ကောင်းတယ် ကောင်းတယ် မင်းသာ ဒီလူတွေကို ဂရုမစိုက်ရင် ငါက ကျောက်စိမ်း​ပြားကို ထားခဲ့ပြီး ထွက်သွားတော့မှာ...မင်း ကြီးကျယ်မှုကို လိုချင်ရင် မင်းမှာ ကြီးမြတ်တဲ့ စိတ်နှလုံးရှိရမယ်!... ဒီလူတွေကို ကူညီချင်ရင် ပြောဖို့ခခက်ပါဘူး.... လွယ်တယ်"

"ပြောပြတော့"

"ကောင်းကင်ဘုရင်ရဲ့ နန်းတော်ထဲကို နောက်တစ်ခါ ပြန်ဝင်လိုက်...အခင်းအကျင်း ဖွဲ့စည်းမျက်လုံးကိုရှာ... အက်ကွဲ​နေတဲ့ နေရာကို ပိတ်ဆို့လိုက်... ဖြစ်နိုင်ချေက သေခြင်းတရား မဟုတ်ပေမယ့် မင်းအပေါ် မူတည်တယ်!"

လုရွှမ် တုံ့ဆိုင်းမနေပေ။

"ကိစ္စမရှိဘူး.... အန္တရာယ်လား... ငါတို့ မကြုံဖူးကြတာ မလို့လား"

ထန်းယွမ်မြို့ တစ်ခုလုံးက သတင်းကို တတ်နိုင်သမျှ ဖျောက်ထားလို့ မရပါဘူး။ တခြားနေရာလေးတွေက ကျင့်​ကြံသူတွေဟာလည်း ထန်းယွမ်မြို့ကို အရူးလို အပြေးအလွှား ပြေးလာ​နေကြပြီ။ ထန်းယွမ်မြို့က မိသားစုကြီးတွေကလည်း သူတို့ကို ဖယ်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မြို့အတွင်းရှိ ပို့ဆောင်ခြင်း အစီအရင်များသည် တောက်ပနေသဖြင့် အဝေးမှ ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသဖြင့် ထန်းယွမ်ကြယ်ကလည်း အခြား​ကြယ်များဆီသို့ ပြောင်းရွှေ့သွားကြသည်။

လုရွှမ်ဟာ ထန်းယွမ်မြို့ရဲ့ ဒီအခြေအနေတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတာကြောင့် လူတိုင်းကို ထွက်သွားဖို့ ခွင့်ပြုလိုက်သည်။ ဖုန့်ဖေးလည်းပဲ လီမိသားစုဆီသို့ ပြန်လာခဲ့သည်။

"လုရွှမ်... ငါတို့ ချက်ချင်း ထွက်သွားရမယ်"

လီလင်က လှမ်းအော်သည်။ လီုရွှမ်သည် သူ့မိသားစုကို ကယ်တင်ရန် ကူညီပေးခဲ့သောကြောင့် သူ လုရွှမ်ကို အလွန်သဘောကျခဲ့သည်။

"ဦးလေး... ကျွန်တော် နားမလည်ဘူး အနည်းဆုံးတော့ ထန်းယွမ်မြို့က နောက်ထပ် ရက်အနည်းငယ်ကြာအောင် ရှင်သန်နိုင်မှာ..."

"ဟူး... မင်းမသိပါဘူး... ဒါက ပုံမှန်ပဲ ဟိုတုန်းကတည်းက ဒဏ္ဍာရီတွေ ရှိခဲ့ဖူးတယ်... ဒဏ္ဍာရီအရတော့ ကောင်းကင်နန်းတော် ပြိုကျတဲ့အခါ ထန်းယွမ်ကြယ်ကြီး တစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မယ်တဲ့"

"ကောင်းကင်ဘုရင် နန်းတော်ရဲ့ အခြေအနေကို မင်းလည်း မြင်တာပဲ ကောင်းကင်ဘုရင်နန်းတော်မှာ တွင်းနက်တစ်ခု ပေါ်လာပြီး ထန်းယွမ်ကြယ် တစ်ခုလုံးကို စုပ်ယူသွားလိမ့်မယ်။ ဒီသတင်းက လူတွေရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဆိုတာ မင်းသိထားရမယ်...အဲဒါကြောင့် ကောင်းကင်ဘုရင်နန်းတော် တစ်ခုခု တစ်ခုခုဖြစ်ရင် လူတိုင်း ထိတ်လန့်ပြီး အမြန်ထွက်သွားလိမ့်မယ်”

"ငါ ထန်းယွမ်ကြယ်ကို မကယ်တင်ချင်လို့ မဟုတ်ဘူး... ငါတို့က စွမ်းအားမဲ့ပြီး ငါတို့လိုချင်တာကို မလုပ်နိုင်ဘူးလေ... ထန်းယွမ်ကြယ်ကို ထိန်းဖို့ ငါတို့ လီမိသားစုနဲ့ ဂိုဏ်းခွဲကြီးတွေက အများကြီး အားထုတ်နေကြရတာ လွယ်လွယ်နဲ့ အရှုံးမပေးရင်တောင် ဘာလုပ်နိုင်မှာလဲ?"

"ဦးလေး... ကျွန်တော်တို့မှာ မျှော်လင့်ချက် ရှိပါတယ်.... ထန်းယွမ်ကြယ်ကို ကယ်နိုင်ပါ့မလားတော့ မသိဘူး"

All Chapters