← Chapters

လမ်းသစ်

Vol. 104 Ch. 4.1079

လမ်းသစ်

Vol. 104 Ch. 4.1079

အနာဂတ်မှာ ရဲရင့်သော ကောင်လေးအချို့သည် ဤနေရာကို ဖောက်ထွင်း ဝင်ရောက်ပြီး ဤကျောက်ပြားကို ထုတ်ပစ်နိုင်သည်။ ဒါကြောင့် လုရွှမ်သည် အနီးနား ပတ်ဝန်းကျင်ကို ဖုံးကွယ်ရန် အခင်းအကျင်း ပုံစံမျိုးစုံကို ထပ်မံချထားပြီးနောက် ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။

သူ့ပတ်ဝန်းကျင်မှာ ကွဲအက်နေတဲ့ ပုံစံတွေကို ကြည့်လိုက်သည်။ အခုမှစ၍ နောင်နှစ်ပေါင်းတစ်ရာလောက်မှာ ဒီနေရာဟာ တုန်လှုပ်ချောက်ချားစရာ နေရာတစ်ခု ဖြစ်လာဦးမလား ဆိုတာကိုတော့ ကောင်းကင်ကပဲ သိပေလိမ့်မည်။

ကောင်းကင်ဘုရင် နန်းတော်မှ ပျံသန်းလာပြီးနောက် အားလုံးက အပြင်မှာ စောင့်နေကြပါပြီ။ မြေကြီးမလှုပ်တော့ဘဲ လေထဲက စုပ်ယူမှုမရှိတော့ကြောင်း ခံစားပြီးနောက် လုရွှမ် ထန်းယွမ်ကြယ်ကို ကယ်တင်ခဲ့ကြောင်း လူတိုင်း သိလိုက်ကြသည်။

ထန်းယွမ်မြို့ တစ်ခုလုံးတွင် တစ်ချိန်က တုန်လှုပ်ချောက်ချားမှုမှ တစ်ခဏအတွင်း ငြိမ်ကျသွားလေရာ ကျင့်ကြံသူများသည် နေအိမ်များမှ အသီးသီး ထွက်လာကြပြီး ကောင်းကင်သို့ ပျံတက်လာကြသည်။ ထန်းယွမ်မြို့၏ အပြောင်းအလဲများကို သံသယများနှင့် ပဟေဋ္ဌိ မျက်လုံးများဖြင့် ကြည့်နေကြရလေ၏။

ထို့​နောက်​ ​ဘာ​ကြောင့်​ဖြစ်​သည်​ကို​ သိ​ပြီး​နောက် ​သူ​တို့၏ စိတ်​လှုပ်​ရှား​မှု​ကို​ ထုတ်​လွှတ်​ရန် ​ကျယ်​လောင်​စွာ​ အော်​ဟစ်​ခဲ့​သည်။ လူတစ်စုက လုရွှမ်ကိုဝိုင်းလျက် လီမိသားစု အိမ်တော်သို့ ပြန်လာရာ လမ်းတစ်လျှောက် အဲဒီ့မှာဖြစ်ပျက်ခဲ့တာတွေကို ပြောနေကြသည်။

မြေကမ္ဘာကြီးဆီသို့ ဖောက်သွားနိုင်ရာ လမ်းကြောင်းသည် လုံးလုံးလျားလျား ရပ်တည်နေကြောင်း ဖော်ပြခဲ့ပြီး လူတိုင်း ပျော်ရွှင်နေကြသော်လည်း ၎င်းတို့၏ နှလုံးသားထဲတွင် စိတ်ပျက်စရာ အရိပ်အယောင်များ မလွဲမသွေ ရှိနေပါသေးသည်။

လုရွှမ် : "စိတ်မပူပါနဲ့ ကျန်းပင်းရဲ့ အသွင်အပြင်က ငါ့ကြောင့် လုံးဝ လွင့်သွားခဲ့ပြီ... တကယ်တော့ ငါတို့က မြေကမ္ဘာနဲ့ အမြဲတမ်း အဆက်အသွယ် ရှိနေခဲ့တာ... အဲဒါကို ဘယ်သူမှ မသိရုံလေးတင်"

သူတို့ တစ်သောင်းကမ္ဘာက မြေကမ္ဘာနဲ့ အမြဲတမ်း အချိတ်အဆက် ရှိနေခဲ့တာလား။ အားလုံးက လုရွှမ်ကို စိုက်ကြည့်ရင်း မျက်လုံးတွေက တောက်ပနေပေမယ့် မယုံနိုင်ကြပါဘူး။

လုရွှမ့က ကောင်းကင်ကို ညွှန်ပြပြီး ပြောလေသည်။

"တကယ်တော့ ငါတို့ကို အဲဒီအပြာရောင် ကောင်းကင်ကြီးက အမြဲဖုံးလွှမ်းနေခဲ့တာ... ကမ္ဘာကို ဖြတ်ကျော်ပြီးတာနဲ့ ငါတို့ အမြင့်ကို ပျံသန်းမယ်... ကောင်းကင်နဲ့ အနီးဆုံးနေရာကို ရှာနိုင်သရွေ့တော့ မြေကမ္ဘာတစ်ခုကို ရှာပြီး ဝင်ရောက်နိုင်ပြီ"

ဒီစာကြောင်းက နည်းနည်း လေးနက်ပြီး လုပ်နိုင်မလား ဆိုတာက ပိုလို့တောင် ရှုပ်ထွေးပါ၏။

"လုရွှမ် ကောင်းကင်က အရမ်းမြင့်ရတယ်... ငါတို့ ထန်းယွမ်ကြယ်က တခြား ရှုထောင့်ကနေကြည့်ရင် မြင့်တယ်... အခုဒီကနေဆို အပြင်ကမ္ဘာက ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးလို မြင့်မားလွန်းတယ်... ငါတို့ ဘယ်မှာတွေ့နိုင်မှာလဲ.... ကောင်းကင်ရဲ့ ကန့်သတ်ချက်နဲ့လား?"

အခုနေရာမှာ လီလင်က ဒီလိုပြောဖို့ အရည်အချင်း အရှိဆုံးလူပဲလို့ ပြောရမည်။

ယခင်က လီမိသားစု၏ အသက်ကြီးသူများ အပါအဝင် သက်ကြီးရွယ်အို အများအပြားသည် ဒဏ္ဍာရီလမ်းကို ရှာဖွေရန်အတွက် ထန်းယွမ်ကြယ်နှင့် ကြယ်တစ်သောင်းကမ္ဘာမှ ထွက်ခွာခဲ့ကြကာ မြေကမ္ဘာ အတွင်းသို့ ဝင်ရောက်နိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့ကြသည်။

သို့သော် ထိုအချိန်မှစ၍ သူတို့ လုံးဝပျောက်ကွယ်သွားခဲ့သည်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဒဏ္ဍာရီက တဖြည်းဖြည်း ရပ်တန့်သွားပြီး လူတွေက တားမြစ်နယ်မြေ အမျိုးမျိုးကို စူးစမ်းလာကြပြီး အခွင့်အလမ်းတချို့ကို သူတို့ တကယ်ရှာတွေ့ခဲ့ပါ၏။

ဒါပေမဲ့ အခု လုရွှမ်ဟာ ကောင်းကင်မှာ မြေကမ္ဘာထဲကို ဖြတ်သန်းဖို့ လမ်းကြောင်း ရှိနေပြီဆိုတာ တကယ် ပြော​​နေတာလား။ လီလင် ဒါကို ဘယ်လိုမှ မယုံနိုင်ပါဘူး။

"ဦလေး ဒါက မမှားပါဘူး... ပြီးတော့ ကျန်းပင်းက ကျွန်တော်တို့ရဲ့ ကြယ်တစ်သောင်းကမ္ဘာရဲ့ စွမ်းအင်တွေနဲ့ အမြဲတမ်း အာဟာရ ဖြည့်တင်းပြီး နည်းဥပဒေ အမျိုးမျိုးနဲ့ ကျွေးမွေးခဲ့တယ်.... ဆိုလိုချင်တာက ကြယ်တစ်သောင်းကမ္ဘာမှာ နေရာတစ်ခု ရှိတယ်လို့ ဆိုရမယ်... အဲဒီနေရာက မြေကမ္ဘာနဲ့ ချိတ်ဆက်ထားနိုင်တယ်”

"ကျွန်​တော့်ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် အဲဒီနေရာကို မြေကမ္ဘာက ဘယ်သူမှလည်း မသိကြဘူး သူတို့က အရမ်းအစွမ်း ထက်လွန်းတာတောင် ဒီအကြောင်းကို မသိကြဘူး အကြောင်းပြချက်တစ်ခုပဲ ကျန်တော့တယ်... အဲဒီလမ်းက မြေကမ္ဘာမှာ မဟုတ်ဘူး.... ကျွန်တော်တို့ ကြယ်တစ်သောင်းကမ္ဘာရဲ့ အပေါ်မှာ ရှိတယ်!"

လုရွှမ်၏ စကားများက ရူးလောက်အောင်ပင် ယုံရခက်သည်။ လီလင်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားကာ ရောက်ရှိလာသူတိုင်းကလည်း အလွန်စိတ်လှုပ်ရှားနေပါသည်။ အကယ်၍ ကြယ်တစ်သောင်းကမ္ဘာတွင် အဲဒီလို နေရာသာရှိပါက ၎င်းတို့သည် ဝင်ရောက်နိုင်သည်။

လီလင်က အသက်ပြင်းပြင်းရှူပြီး "လုရွှမ် မင်းမှာ ဘယ်လောက်သေချာလဲ"

"100%... ဒါပေမဲ့ လမ်းက ဘယ်မှာရှိလဲဆိုတာ ကျွန်တော့်မှာ သဲလွန်စ မရှိ​​သေးဘူး"

"ငါ့မှာရှိမယ် ထင်တယ်!"

ဓားနတ်ဆိုး ကျန့်မော်က ရုတ်တရက် ဝင်ပြောလိုက်သည်။ လုရွှမ်လည်း ခဏမျှ အံ့အားသင့်သွားကာ ရုတ်တရက် တုံ့ပြန်လိုက်မိသည်။

"ဓားနတ်ဆိုး.... မင်း"

ဓားနတ်ဆိုးက ခေါင်းညိတ်ကာ အနည်းငယ် စိတ်လှုပ်ရှားနေတာကိုလည်း မထိန်းနိုင်ပေ။

"ပို့ဆောင်ခြင်းအစီအရင်နဲ့ ပျံသန်းသွားတဲ့ အချိန်ကို မှတ်မိသေးလား? မင်းထွက်သွားပြီးတဲ့ နောက်မှာ မင်းကို ငါတို့ ရှာချင်ပေမယ့် ငါတို့မှာ လုံးဝ စွမ်းအားမရှိတော့ဘူး... အဲဒီတုန်းက ငါတို့ အထူးနေရာတစ်ခုသို့ ဝင်ရောက်ခဲ့မိတယ်... ငါတို့ရဲ့ အမြင်အာရုံအရဆို အတွင်းဘက်မှာ လင်းလက် တောက်ပနေတဲ့ အလင်းရောင်တွေက ကြယ်ပွင့်တွေလိုပဲ... တန်ခိုးကြီးတဲ့ စွမ်းအားတွေလည်း ပြည့်နေတယ်"

ထျန်းရှား: "အင်း ငါတို့ရဲ့ ခွန်အားကို အများကြီး မြှင့်တင်ပေးတဲ့ စွမ်းအင်တစ်ခုလည်း ဖြစ်တယ်... ကံမကောင်းစွာပဲ ခဏလေးပဲ ရှိသေးတယ် ပို့ဆောင်ခြင်းအစီအရင်က ငါတို့ကို ဖယ်ထုတ်ပြီး ငိုကြွေးတစ္ဆေဂူထဲကို ပစ်ထည့်လိုက်တယ်လေ"

"ဟုတ်တယ် အဲဒါက ငိုကြွေးတစ္ဆေဂူရဲ့ နားမလည်နိုင်တဲ့ နေရာလို့ အမြဲထင်ခဲ့တယ် ဒါပေမဲ့ အခု ငါအခု စဉ်းစားကြည့်တော့ မင်းပြောတဲ့အတိုင်း ကောင်းကင်က လမ်းကြောင်း ဖြစ်နိုင်တယ်"

လီလင်လည်း ရွှမ်ကျီးကို လေးနက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ရွှမ်ကျီးက ကြယ်တွေအကြောင်း အများဆုံး လေ့လာသူ ဖြစ်သည်။ စစချင်းတုန်းကတော့ ဗေဒင်ပညာကို အသုံးပြုပြီး အနာဂတ်ကို ဟောကိန်းထုတ်မလို့ပင်။

ရွှမ်ကျီး မျက်လုံးများကို မှိတ်ထားပြီး သူ့လက်ဖြင့် တွက်ချက်​နေသည်။ လုရွှမ် ဒါကိုမြင်တဲ့အခါ နတ်ဓားကို လုရွှမ်ခေါင်းပေါ်မှာ တင်ထားပြီး လီလင်ကလည်း သေတ္တာတစ်လုံးနဲ့ ဆင်တူတဲ့ အရာတစ်ခုကို ထုတ်ပြီး ရွှမ်ကျီးကို ဖုံးထားလိုက်သည်။

ရုတ်တရက် သတိမပေးဘဲ နတ်မိုးခြိမ်းသံတစ်ခု ပြိုကျလာသည်။ လုရွှမ်ရဲ့ နတ်ဓားက ညည်းတွားပြီး နတ်မိုးခြိမ်းသံကို ကန်လွင့်ပစ်လိုက်သည်။ သေတ္တာထဲတွင်တော့ ရွှမ်ကျီး၏ ခေါင်းထက်သို့ ဝိညာဉ်အလင်းရောင် အနည်းငယ် ဖြာကျလာ၏။ ရွှမ်ကျီး၏ တုန်တုန်ယင်ယင်နေသော ခန္ဓာကိုယ်သည် တည်ငြိမ်မှုကို ပြန်လည်ရရှိကာ ဆက်လက်တွက်ချက်ခဲ့သည်။

ခဏအကြာတွင် ရွှမ်ကျီးက မတ်တပ်ထရပ်ကာ မျက်လုံးများက ကြယ်ရောင်များ​ဖြင့် တောက်နေသည်။

"ကောင်းကင်ရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော် မပြောနဲ့တဲ့....ဘာလို့လဲဆိုတော့ ဒါက ကောင်းကင်ရဲ့လျှို့ဝှက်ချက် ဖြစ်နေလို့ပဲ!"

"ဒါက ဘာကိုဆိုလိုတာလဲ"

ပေါင့်တာထင်းက မေး၏။ ရွှမ်ကျီး သိတယ်ထင်ပေမယ့် ဒီစကားက မှန်းဆ​​​နေရသလိုပဲ။ လျှို့ဝှက်ချက် တစ်ခုမှ ရှာမတွေ့ဘူးလား။ လုရွှမ်လည်း မျက်မှောင်ကြုတ်ကာ လီလင်ကလည်း ထိုနည်းလည်းကောင်းပင်။ ရွှမ်ကျီးသည် အခြားစကားလုံးကို မပြောရဲဘဲ ပါးစပ်ကို ပိတ်ထားလိုက်သည်။

"အင်း...အဲဒါက သိပ်ရှုပ်ထွေးတာတော့ မဟုတ်ဘူး လျှို့ဝှက်ချက်က ဘယ်မှာလဲ ဆိုရင် အဲဒီနေရာမှာပဲ နေမှာပေါ့"

ထူဖူးက ရုတ်တရက် သူ့အတွေးကို ပြောလိုက်သည်။ လီလင်လည်း လက်ခုပ်တီးကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်းလိုက်တာ!"

သူက လုရွှမ်ကို စိတ်သက်သာရာရစွာ ကြည့်ရင်း ဘယ်လိုလူက ဘယ်လို သူငယ်ချင်းမျိုး ရနိုင်လဲ နားလည်သွားလေသည်။

"မိတ်ဆွေလေးလုရွှမ်... ထူဖူး ပြောတာ မှန်တယ် လျှို့ဝှက်ချက်က ဘယ်မှာလဲ ဘယ်နေရာမှာပဲဖြစ်ဖြစ် လျှို့ဝှက်ချက်ရှိတယ် တစ်ချိန်က ကြယ်ဂိတ်လို့ ခေါ်တဲ့ နေရာတစ်ခုကို ငါသိတယ် ဒါပေမဲ့ နောက်ပိုင်းမှာ ပျက်စီးသွားတဲ့အတွက် စွန့်ပစ်ခံခဲ့ရတာ"

"ထူဖူးရဲ့ သတိပေးချက်ကြောင့်သာ မဟုတ်ရင် အဲဒီနေရာကို တွေးမိမှာ မဟုတ်ဘူး... ငယ်ငယ်တုန်းက အဘိုးက အဲဒီနေရာအ​ကြောင်း ပုံပြင်လို နည်းနည်းပြောဖူးတယ်"

လီလင်ပြောသည့် နေရာက တကယ်ကို ရိုးရှင်းပါသည်။ လုရွှမ် ရွှမ်ကျီးကို တိတ်တဆိတ် စိုက်ကြည့်လိုက်တော့ တစ်ဖက်လူက စကား မပြောသေးသော်လည်း သူ့နှုတ်ခမ်းတွင် အနည်းငယ် ပြုံးနေလေသည်။

"ကောင်းပြီ အဲဒီနေရာကို သွားကြည့်ရအောင်"

လူတိုင်းက တစ်ပြိုင်တည်း သဘောတူလိုက်ကြပြီး တိုက်ပွဲဝင် စိတ်ဓာတ်များ မြင့်မားလာကြ​တော့သည်။

နောက်​ရက်​ အနည်းငယ်​တွင်​ လုရွှမ်သည်​ ပေါင့်တာထင်းနှင့် အရပ်​ရပ်​သို့ လိုက်​သွားကာ သူ့ညီ​အစ်ကို သုံး​ယောက်​ကို ကယ်​ဆယ်​လိုက်​သည်​။ သေချာပါတယ်။ ဒါဟာ ရောဂါလုံးဝ မဟုတ်ဘဲ သူတို့ရဲ့ ဝိညာဉ်တွေကို အကျဥ်းချနေတဲ့ အငွေ့အသက် တစ်ခုပဲ ဖြစ်လေသည်။

လုရွှမ်သည် ဒါဟာ မြေကမ္ဘာ၏ ထူးခြားသော အသက်ရှုသံတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ခန့်မှန်းမိသည်။ သေသေချာချာတော့ မသိနိုင်​သေးသော်လည်း ကြယ်တစ်သောင်းကမ္ဘာက ယွမ်စွမ်းအင်နှင့် နှိုင်းယှဉ်ပါက အရည်အသွေးမှာ များစွာမြင့်မားပြီး ပိုမိုအဆင့်မြင့်ပါသည်။

ထိုအငွေ့အသက်ရဲ့ လုပ်ဆောင်မှုကို အကြမ်းဖျင်း နားလည်ပြီးနောက် နတ်မိုးခြိမ်းသံနှင့် ယွမ်ယန်စွမ်းအင် ခွန်အားကို အားကိုးလိုက်ရာ ၎င်းတို့ကို အနိုင်ယူရန် လွယ်ကူသွားခဲ့သည်။

All Chapters