← Chapters

လူသုံးယောက်

Vol. 105 Ch. 4.1083

လူသုံးယောက်

Vol. 105 Ch. 4.1083

"ဟမ့် ဘယ်လိုထွက်ရမှန်း မသိဘဲ ရှင်ဘယ်လို ဝင်လာတာလဲ"

ထိုစဥ် မြောင်းမြောင်းက သူမလက်ကို မြှောက်လိုက်ပြီး ခပ်သွတ်သွတ်လေး အော်ပြောလေသည်။

"ညီမသိတယ် ညီမသိတယ်... သူ ပို့ဆောင်ခြင်းအစီအရင်ထဲကနေ မတော်တဆ ပြုတ်ကျလာခဲ့တာ"

သူမ အော်လိုက်ပုံက အတော်လေး ချစ်ဖို့ကောင်းလှရာ မိန်းကလေးရဲ့ မျက်ခုံးတွေ အနည်းငယ် ပြေလျော့သွား၏။

"လတ်စသတ်တော့ ကံဆိုးတဲ့ ကောင်လေးကိုး... ဒီမှာ မြေပုံပဲ ဟုတ်ပြီ မင်းသွားလို့ရပြီ"

မိန်းကလေးက ကျောက်စိမ်းပြား တစ်ခုကို လုရွှမ်လက်ထဲသို့ တိုက်ရိုက် ပစ်ထည့်ပေးလိုက်သည်။ လုရွှမ်လည်း မြောင်းမြောင်းက သူ့ကို ကူညီပေးနိုင်မယ်လို့ မမျှော်လင့်ထားပါဘူး။

"နှုတ်ဆက်ပါတယ် မြောင်းမြောင်း"

ထို့နောက် လုရွှမ် လှည့်ထွက်ခဲ့သည်။

မဝေးလှသော နေရာသို့ ပျံသန်းပြီးနောက် လုရွှမ်သည် လော့ယန်တော် တစ်ခုလုံး၏ မြေပုံကို ဖြန့်လိုက်သည်။ မြေပုံရဲ့ ပုံစံက အလွန်ကြမ်းတမ်းပြီး အချို့နေရာများသည် အ​စောကအမျိုးသမီး၏ လက်ရေးဖြင့် ဖျက်ထားသည်။ ဒါပေမဲ့ လုရွှမ်မှာ ထွက်ပေါက်ကို မမေးဝံ့​တော့ဘဲ ဦးတည်ရာကို ပြေးသွားခဲ့ရလေသည်။

သူ၏ မူလကျင့်ကြံမှုကို ပြန်လည်ရရှိရန် ဆေးပြားများကို အဆက်မပြတ် မျိုချလိုက်သည်။ ကံကောင်းထောက်မစွာနဲ့ သူ့ခန္ဓာကိုယ်က သန်မာပြီး သဘာဝလွန် စွမ်းအားတွေ အမျိုးမျိုးရှိတာကြောင့် သူ့ရဲ့ဒဏ်ရာတွေက မပြင်းထန်ပေ။ ခဏအတွင်း ပြန်လည် ကောင်းမွန်လာပြီး နောက်မှာတော့ သူ့ရဲ့ စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးတဲ့ ဆေးလုံးတွေနဲ့ အကောင်းပကတိ ပြန်ဖြစ်လာခဲ့သည်။

လော့ယန်တောသည် ဤနေရာ၏ ပထမနေရာမှ တောတွင်းတစ်ခုကို အမည်ပေးထားခြင်း ဖြစ်ကြောင်း သိလိုက်သည်။ တောနက်ကြီးဆိုတဲ့အတိုင်း အမှန်တကယ် ကြီးမားကာ ဘယ်လောက်ကျယ်သလဲ စိတ်ကူးလို့တောင် မရပေ။

"ဟေ့ ကောင်လေး မင်းဘာလုပ်နေတာလဲ...မင်းဒီမှာဘာလာ လုပ်နေတာလဲ"

တောအုပ်တစ်ခု အနောက်ကနေ လူသုံးယောက် ရုတ်တရက် ခုန်ထွက်လာသည်။ လုရွှမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားသည်။ လူသုံးယောက် ဤနေရာတွင် ရှိနေကြောင်း သူ မခံစားခဲ့ရပေ။

ဤတောထဲတွင် ဧည့်သည်များ၏ ဝိညာဉ်စွမ်းအားကို အလိုအလျောက် ပိတ်ဆို့စေသည့် စွမ်းအင်တစ်ခုခုများ ရှိနေတာလား။ လုရွှမ် သူ့စိတ်ထဲတွင် ထိတ်လန့်သွားပြီး နောက်ပိုင်း သူ တိတ်တဆိတ် ဂရုပြုရမည်ဟု တွေးလိုက်သည်။ မဟုတ်ပါက လူတစ်ဦးသည် မည်သည့်အချိန်တွင် ပေါ်လာမည်ကို မည်သူ သိနိုင်မည်နည်း။

သူတို့ သုံးယောက်ဟာ ခွန်အားမညံ့ကြပါဘူး။ သုံးယောက်လုံး လုရွှမ်ဘေးတွင် ပေါ်လာပြီး လုရွှမ်လမ်းကို ပိတ်ဆို့လိုက်သည်။

"ကောင်လေး တစ်ယောက်တည်းလား?"

"မင်းဘယ်သွားနေတာလဲ"

"မင်းတို့ ဘာလုပ်နေတာလဲ! ဒီညီလေးကို ကြောက်အောင်ခြောက်နေတာလား!!"

အကြီးဆုံးနှင့် သူရဲကောင်းပီသသော အမူအရာရှိသည့် ယောက်ျားတစ်ယောက်က သူ့ပုခုံးကို လှမ်းဖက်လိုက်သည်။ လုရွှမ် ဘယ်လိုမှ မတုံ့ပြန်လိုက်။ လုရွှမ်ကို ပွေ့ဖက်ထားသူ၏ ခွန်အားသည် မပျော့ညံ့ဘဲ ကျန့်နမ်၏ အဆင့်လောက်တွင် ရှိနေသည်။

ဤနေရာ၌ဆိုလျှင် ၎င်းသည် ပျမ်းမျှအဆင့် သို့မဟုတ် အောက်တွင်ပင် ရှိနေလောက်သည်။ ဒီလိုမှမဟုတ်ရင် သူတို့သုံးယောက်ဟာ သူတို့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို ဂရုတစိုက် ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။

"ရွှီတ...ကျောက်အာ့... ကျောက်စန်း...အစ်ကိုတို့ မင်းကို ဘယ်လိုခေါ်ရမလဲ"

ထိုလူကဆိုရင်း အော်ကာ သူ့ကိုယ်သူ ရွှီတဟု ခေါ်ကြောင်း မိတ်ဆက်ပေးလိုက်သည်။ လုရွှမ်လည်း ပြုံး၍။

"ညီလေးက လုစစ်ပါ!"

ရွှီတက ကျယ်လောင်စွာ ရယ်မောရင်း လက်မထောင်ပြလိုက်သည်။

"နာမည်ကောင်းပဲ!"

"ညီလေးလု တစ်ယောက်တည်းဆို ဒီမှာ အရမ်းအန္တရာယ်များတယ် ငါတို့အတူတူ သွားကြရအောင်လေ"

ရွှီတက လုရွှမ်ကို စိုက်ကြည့်ရင်းနဲ့ တခြားလူနှစ်ယောက်ရဲ့ မျက်လုံးတွေကလည်း စူးရှလာလေသည်။

"ကောင်းပြီ ကျွန်တော်လည်း တစ်ယောက်တည်း လမ်းလျှောက်နေရတာ ဆိုတော့ ခင်ဗျားတို့နောက်ကို လိုက်ခဲ့မယ်ဆိုရင် သေချာပေါက် အဆင်ပြေလောက်မှာပါ"

ပြောစရာမလိုပေ။ သူတို့သုံးယောက်ဟာ ကင်းဆိတ်တစ်ကောင်ကို လိုက်ရှာချင်​နေကြပြီး လုရွှမ်က အဲ့ဆိတ်ပဲ ဖြစ်သည်။ လုရွှမ်လည်း နှစ်ဖက်စလုံးက ရည်ရွယ်ချက် ကိုယ်စီရှိကြကာ သူက လက်ရှိအခြေအနေနဲ့ နေရာအကြောင်း အားလုံးကို သိချင်တာကြောင့် ချက်ချင်းပဲ သဘောတူပစ်လိုက်သည်။

လုရွှမ်သည် စိတ်ပိုင်းဆိုင်ရာ၌ ကျွမ်းကျင်ပြီး ရဲရင့်သူ ဖြစ်သောကြောင့် ဤလူသုံးယောက်နဲ့ဆို သဘာဝအတိုင်း မြေကမ္ဘာအကြောင်း စုံစမ်းနိုင်ပြီမလို့ အလွယ်တကူ ပေါင်းစည်းနိုင်ခြင်း ဖြစ်ပေသည်။

ဤကမ္ဘာကြီးသည် အလွန်ကြီးမားသော ဦးတည်ရာအရ အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ အလယ်ဟူ၍ ၅ပိုင်း ပိုင်းခြားထားသည်။ ယခုအချိန်တွင် ၎င်းတို့သည် အနောက်ဖက် ဒေသကြီးနှင့် အလွန်ဝေးကွာသော နေရာတွင် ရှိနေသည်။

ထိုဒေသအောက်တွင် ပြည်နယ်များနှင့် ခရိုင်များ ရှိပြီး ကြီးမားသော ဧရိယာ တစ်ခုစီရှိလေသည်။ ၎င်းတို့ သုံးဦးက ထိုဧရိယာတွေကို ကျပန်းဖော်ပြပြီးနောက် ဤပြည်နယ်သည် ကြယ်တစ်သောင်းကမ္ဘာက ကြယ်တွေထက် သေးငယ်မည် မဟုတ်ကြောင်း လုရွှမ် နားလည်ခဲ့သည်။

၎င်းတို့ကြားရှိ အကွာအဝေးသည် အလွန်ကြီးမားသောကြောင့် အဓိကပြည်နယ်များနှင့် ခရိုင်များအတွင်း ပို့ဆောင်ခြင်းအစီအရင် လုပ်ငန်းသည် အလွန်ဖွံ့ဖြိုးသော်လည်း အလွန် စျေးကြီးပါသည်။

အချို့သော ဒေသခံ သခင်​ကြီးများပင်လျှင် မကြာခဏ ပို့ဆောင်ခြင်း အစီအရင်ကို မသုံးနိုင်ကြပေ။ အများစုမှာ သားရဲများကို ဖမ်းခြင်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ပျံသန်းခြင်းဖြင့် သွားလာရသည်။ ပျံသန်းတာကလည်း စွမ်းအင်များစွာ သုံးစွဲရသေးသည်။

လုရွှမ် အကြာကြီး ပျံသန်းခဲ့ပြီးနောက် မြေကမ္ဘာရှိ ဝိညာဉ်စွမ်းအင်များ သုံးစွဲမှုသည် တစ်သောင်းကမ္ဘာထက် အနည်းဆုံး သုံးဆပိုများသည်ဟု ခံစားခဲ့ရ​လေသည်။

ဤလူများသည် ပျံသန်းနေသော သားရဲများကို အသုံးပြုလေ့ ရှိကြသည်မှာ အံ့သြစရာ မဟုတ်​တော့ပေ။

ဒီသစ်တောကို လော့ယန်တော (ငန်းရိုင်းကျတော) လို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ ဒဏ္ဍာရီအရ ဟိုးရှေးရှေးတုန်းက မသေမျိုး နယ်ပယ်ကို ရောက်ထားတဲ့ ငန်းရိုင်းတစ်ကောင်ဟာ ဒီမှာပဲ ​ပြုတ်ကျ​ပြီး ဘယ်တော့မှ မပျံနိုင်တော့တဲ့အတွက် ငန်းရိုင်းကျတောလို့ အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။

"လောင်စစ်... ဒီနေရာကို ကျင့်ကြံသူတွေက ငှက်တွေစီးပြီး မလာကြတာလဲ? ဘာလို့ ဒီလောက်လူများလာတာလဲ သိလား"

ရွှီတက သူ့မျက်နှာကို ချစ်ခင်ရင်းနှီးဟန် လုပ်ရင်း မေး​လိုက်သည်။

"မသေမျိုး နယ်ပယ်ကို တက်သွားတဲ့ ဒဏ္ဍာရီလာ ငန်းရိုင်းနဲ့ သက်ဆိုင်နေလို့ မဟုတ်ဘူးလား?"

ရွှီတက လုရွှမ်ရဲ့ ပုခုံးကို ပွတ်သပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"တော်တယ်! အဲဒါကြောင့် ငါမင်းကို ကြည့်လိုက်တာနဲ့ ညီအကိုတွေ ​ဖြစ်လာမယ်လို့ ခံစားရတာကိုး...."

လုရွှမ် ဘယ်လိုမှ မတုံ့ပြန်လိုက်ပေ။ သူက ဤနေရာအား လုံးလုံး နားမလည်သော်လည်း ဒီသုံးယောက်ဟာ အန္တရာယ်ရှိသည်ကို သိနေပုံရပြီး ၎င်းတို့ သုံးဦး၏ အင်အားဖြင့် ထိုနေရာကို ဖောက်ဝင်ရန် အနည်းငယ် ဝန်လေးနေပုံရသည်။

"ဟုတ်တယ် ညီအစ်ကို... ငါ ကြွားလုံးထုတ်တာတော့ မဟုတ်ဘူးကွ... ငါမြင်ရသလောက်တော့ ရေလနန်းတော်က သူတော်စင်မတွေလည်း ရောက်လာတယ် ခေါင်းဆောင်ကတော့ ရေလနန်းတော်ရဲ့ သမိုင်းမှာ အထူးချွန်ဆုံး အမျိုးသမီး တပည့်လို့ ပြောနိုင်တဲ့ ရွှေချင်းလင်ပဲ.... ကျစ် ကျစ် သူကအရမ်း လှတယ်​လို့​ ပြောကြပေမယ့်​ အခု သူတော်စင်မ (သီလရှင်​) ဖြစ်​​​နေတာတော့ သနားစရာ​ကောင်းလိုက်တာ"

"မှန်တယ် အစ်ကိုကြီး... သူမကို ပထမဆုံး မြင်လိုက်ရတုန်းကဆို ကျွန်တော့်ရဲ့ ဝိညာဉ်တွေ လွင့်မျောသွားသလိုတောင် ခံစားလိုက်ရတယ်.... အဲဒီ သန့်ရှင်းတဲ့ စိတ်နေစိတ်ထားက ကျွန်တော့်နှလုံးသားကို လေလွင့်စေခဲ့တယ်လေ"

"ဟေး ငါလည်း အစကတည်းကတော့ တောက်ပတဲ့ လကို ဦးတည်ထားပေမယ့် အဲ့တောက်ပတဲ့ လဟာ မြောင်းပေါ်မှာပဲ ထွန်းလင်းနေတယ်လေ"

လုရွှမ် သူ့စိတ်တွေ ညစ်လာသလို ခံစားလိုက်ရသည်။ ဘယ်လိုလူတွေလဲ။

"ကောင်းပြီ... မင်းတို့စကားတွေက လောင်စစ်ကို ကြောက်အောင် ခြောက်နေပြီ... ဒါပေါ့

ငါတို့လည်း သက်ပြင်းချရုံပဲ တတ်နိုင်တာလေ... သူတို့က မျှော်စင်နယ်ပယ်ရဲ့ ပထမအဆင့်မှာ ရှိနေကြတဲ့ မသေမျိုး သတ္တဝါတွေလိုပဲ... ငါတို့ရဲ့ ခံစားချက်တွေကို မထုတ်ဖော်နိုင်ဘူး တွေးရုံလေးပဲ တွေးနိုင်တာ"

"လောင်စစ်... အစ်ကို​ကြီးငါက မင်းကို တစ်ခုပြောမယ် ပြင်ပကမ္ဘာက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ် ဒါပေမယ့်လည်း အားကိုးရာမဲ့လွန်းတယ် သိပ်အများကြီး မတွေးပါနဲ့ ရိုးရိုးသားသား လေ့ကျင့်တာက အကောင်းဆုံးပဲ.... မင်းရဲ့ ကျင့်ကြံမှု တိုးတက်ဖို့က အရေးကြီးတယ်... ပြီးရင် အရာအားလုံးက သူ့အလိုလို ဖြစ်လာလိမ့်မယ် "

"မဟုတ်ရင် မင်းကြိုက်တဲ့မိန်းမက မင်းကိုထားခဲ့ပြီး မင်းရဲ့ဘဏ္ဍာတွေ၊ အမွေတွေ၊ အခွင့်အရေးတွေကိုတောင် သိမ်းသွားလိမ့်မယ်... ဟုတ်ပါတယ် ဒါမျိုးက စကားလုံးတစ်လုံးနဲ့ ဖော်ပြဖို့ကလည်း ခက်တယ်"

လုရွှမ် စိတ်ရှုပ်သွားသည်။ ဒီလူသုံးယောက်က ရယ်စရာတွေ လာပြောနေတာလား။

"ကောင်းပါပြီ... ကျွန်တော် အားလုံးနားလည်ပါတယ်... ကျွန်တော် မေးချင်တာက ကျွန်တော်တို့အခု ဘာဆက်လုပ်ရမလဲ ဒါမှမဟုတ် သတိထားရမယ့် တခြားအင်အားစုတွေ လာနေပြီလား"

"ရှူး....!"

ရွှီတက သူ့နားရွက်များကို ရုတ်တရက် လှုပ်ရှားလိုက်ပြီး လုရွှမ်ကို ဤသစ်ပင်ကြီး နောက်သို့ ဆွဲခေါ်သွားတော့သည်။ အပင်ကြီးက အလွန်မှော်ဆန်လွန်းသော အရွက်များပါရှိသည်။ အရွက်များက သူတို့၏အသက်ရှုသံကို လုံးလုံးဖုံးကွယ်ထားသည်။

အစောတုန်းက ဒီလူသုံး​ယောက် ဒီသစ်ပင်အောက်မှာ ပုန်းနေခဲ့ကြကြောင်း လုရွှမ် သဘောပေါက်သွားသည်။

"နတ်သမီးတွေ ဒီကို ရောက်​နေပြီ!"

နောက်အခိုက်အတန့်တွင် ရုပ်သေးငှက်ကြီး တစ်ကောင် ပျံဆင်းလာသည်ကို မြင်လိုက်ရပြီး သီလရှင်ဝတ်စုံ ဝတ်ထားသော သူတော်စင်မ တစ်ဒါဇင်လောက် ပျံဆင်းလာ​လေသည်။

All Chapters