← Chapters

စိတ်ထဲတွင် တွက်ချက်

Vol. 105 Ch. 4.1086

စိတ်ထဲတွင် တွက်ချက်

Vol. 105 Ch. 4.1086

သူတို့လေးယောက်က တောထဲမှာ ပုန်းနေကြသည်။ လက်ရှိ သူတို့ရှေ့က နေရာက တော်တော်ကျယ်ပေမယ့် သူတို့ရဲ့ လက်ရှိအနေအထားနဲ့တော့ မသင့်တော်ပေ။

လူစုလူဝေးထဲတွင် ရေလနန်းတော်က လူများကလည်း တစ်နေရာတည်းတွင် စုစည်းထားသည်ကို တွေ့လိုက်ရသည်။ လူအနည်းငယ်သာ ရှိသော်လည်း သူတို့၏ အဆင့်အတန်းသည် တ​ခြားလူများစွာနှင့် အတူတူပင်။

ရွှေချင်းလင်၏ မျက်နှာပေါ်တွင် ဒေါသအကြည့်များ ရှိနေဆဲဖြစ်ပြီး ရေလနန်းတော်က လူတိုင်းလိုလို ဒေါသမျက်နှာများဖြင့် လှည့်ပတ်သွား​​နေကြသည်။ အတော်လေး ထူးခြားပုံ ပေါ်တာကြောင့် လူငယ်တော်တော်များများကို ဒီလိုပုံစံကြည့်ဖို့ ဆွဲဆောင်သွားခဲ့သည်။

ထို့ထက် ရေလနန်းတော်က သူတော်စင်မများက အလွန် စိတ်ဆိုးနေကြသည်။ တပည့်များစွာသည် ပိတ်ပါးစများကို ယူဆောင်လာကြသော်လည်း ဆန့်ကျင်ခြင်းနှင့် ကြိုဆိုခြင်းကို ခံရသကဲ့သို့ ခံစားလာရသောကြောင့် ၎င်းတို့ကို ပို၍ပင် သိမ်မွေ့စေသည်။

လူသုံးယောက်ဖြစ်သော ရွှီတတို့သည် ဘယ်မိန်းကလေးက ချောမောလှပတယ်၊ ဘယ်သူက ပို၍ ပြေပြစ်ပြေပြစ်တယ် ဆိုပြီး ဆွေးနွေးနေကြရာ သူတို့၏ စကားများသည် တဖြည်းဖြည်း အောက်တန်းကျလာသော်လည်း လုရွှမ် မကန့်ကွက်ဘဲ ငြိမ်သက်စွာ နားထောင်နေခဲ့သည်။

သူ့စိတ်ထဲမှာ ရွှေကျီးကန်းရဲ့အသံက ထွက်ပေါ်လာသည်။

"ကောင်လေး... မင်း ဒီလူသုံးယောက်ကို ဘယ်အချိန်မှာ တိုက်ခိုက်မှာလဲ"

"ရွှီတရဲ့ လျှို့ဝှက်ချက်တွေကို ခွဲထုတ်ပြီးရင်ပေါ့"

အရာအားလုံးသည် ရွှီတ သင်ကြားသော ချီထျန်းပုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သို့သော် ရွှီတရဲ့ သူရဲကောင်းလို ဟန်ဆောင်မှု အောက်မှာ မွန်မြတ်တဲ့ နှလုံးသားရှိတယ်ဆိုတာ တွက်ဆစရာ မရှိဘူးလို့ မဆိုလိုပါဘူး။ ဒါကို လှည့်စားခြင်းအဆင့်ဟု ခေါ်ဆိုသည်။ ရွှီတသည် အမှန်ပင် ၎င်း၏အမည်နှင့် ထိုက်တန်ပါ၏။

တစ်ဖက်မှာလည်း ကြီးမား လျှို့ဝှက်သော အန္တရာယ်တစ်ခုလည်း ရှိပါ​သေးသည်။

ချီထျန်းပု၏ အဆင့်များသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အဆင့်၏ အဓိကအချက်ထဲမှာ အလွန်နက်နဲသော အရာများ ပါဝင်ပါသည်။ လုရွှမ် ထိုချီထျန်းပုကို အသုံးပြုနေချိန်တွင် ကမ္ဘာကြီးဆီက ငြင်းပယ်ခံထားရသကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ်နှင့် မထင်မရှားသော ခံစားချက်ကို ခံစားခဲ့ရသည်။

ထိုခံစားချက်က အလွန်နည်းပါးသေးသောကြောင့် ယွမ်ယန်စွမ်းအင် အောက်တွင် ထူးဆန်းမှု အားလုံး ပျောက်ကွယ်သွားခဲ့သည်။ ဤထူးခြားသော မှော်စွမ်းအားမျိုးသည် သာမန်လေ့ကျင့်ခန်းများ ပိုင်ဆိုင်နိုင်သော အရာမဟုတ်သည်မှာ ထင်ရှားပြီး ၎င်းတွင် ရှည်လျားသော အမွေအနှစ် တစ်ခုရှိကြောင်း ရွှီတကလည်း ဆိုခဲ့သည်လေ။

ဒီတော့ ရွှေကျီးကန်းဘက် မေးကြည့်ရင်း ဒီချီထျန်းပုသိုင်းက ရွှေကျီးကန်းထက် အသက်ပိုရှည်လား တွေးမိသွားသည်။ မမျှော်လင့်ဘဲ ရွှေကျီးကန်း ပြောပုံအရဆို ဤခေတ်တွင် ချီထျန်းပု အဆင့်တွေဟာ ထာဝရမြစ်ထဲတွင် ပျောက်ကွယ်သွားခဲ့​လေပြီ။

ချီထျန်းပုသိုင်းနဲ့သာဆို အနာဂတ်တွင် အလွန်အားကောင်းသော နတ်မိုးခြိမ်းသံများ၏ ဗုံးကြဲခြင်းကို ခံနိုင်ရည် ရှိလာလိမ့်မည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ အလိုဆန္ဒကို ဆန့်ကျင်ကာ အတိဒုက္ခကို သဘာဝအလျောက် ကျော်ဖြတ်သွားနိုင်မည် ဖြစ်သည်။

တစ်နည်းဆိုရသော် ဤချီထျန်းပုကို ကျင့်ဖူးသောသူများ အတွက် နောင်အနာဂတ်တွင် မိမိတို့နယ်ပယ် တိုးလာသောအခါ အတိဒုက္ခက အလွန်နည်းပါး သွားပေလိမ့်မည်။ ချီထျန်းပုသိုင်း လေ့ကျင့်ခန်းအဆင့်များ တိုးလာသည်နှင့်အမျှ မိုးကြိုးအတိဒုက္ခ ခြိမ်းခြောက်မှုမှာ သဘာဝအားဖြင့် ပိုမို အားကောင်းလာမည်။

သေချာပေါက် အားသာချက် အားနည်းချက်တွေ​တော့ ရှိပေလိမ့်မည်။ လုရွှမ် အတွက်ကတော့ ကောင်းကင်အတိဒုက္ခ အားကောင်းလာပါက ၎င်းသည် သူ့ခွန်အားတည်ငြိမ်မှု အတွက် ပို၍အကျိုးရှိ​ပေသည်။ သာမန်လူတွေ အတွက်ကတော့ ပြီးပြည့်စုံတဲ့ ဘေးအန္တရာယ်တစ်ခုပါပဲ။

အစ်ကိုကြီး ရွှီတရဲ့ ချီထျန်းပုက အလွန်ရိုးရှင်းပါသည်။ သူ့​​စွမ်းရည်သည် ပိုမိုနက်ရှိုင်းလေလေ သူသွားနိုင်လေ၊ သူ့နယ်ပယ် ပိုမိုတိုးတက်လေလေ၊ လေ့ကျင့်နေသူအားလုံးက သူ့ကို လုံးလုံးမသတ်နိုင်မချင်း အားကောင်းလေ ဖြစ်သည်။

ချီထျန်းပု၏ ရည်ရွယ်ချက်မှာ မိုးကြိုးအတိဒုက္ခများကို ရှောင်ရှားရန်နှင့် အခြားလူများထံ မိုးကြိုးဘေးအန္တရာယ်၏ စွမ်းအားကို လွှဲပြောင်းပေးရန် ဖြစ်သည်။

ရွှီတသည် သူ၏ခွန်အားကို တိတ်တဆိတ် တိုးတက်စေပြီး တခြားသူတွေကို သင်ကြား မြှင့်တင်ပေးသည့် နေရာ၌လည်း သတိထားသူတစ်ဦး ဖြစ်သည်။ မျက်နှာပြင်ပေါ်ရှိ သူတင်ပြထားသည့် သူရဲကောင်းဆန်မှုနှင့် သစ္စာရှိမှုအားလုံးသည် အတုအယောင်မျှသာ ဖြစ်သည်။

လက်ရှိမှာတော့ ဒီကိုလာတဲ့လူတွေက ပိုများလာပါပြီ။

"နှင်းဖွဲတောင်က လူတွေပဲ... နောက်ဆုံးတော့ သူတို့ရောက်လာကြပြီ"

ရွှီတဆီက အသံထွက်လာသည်။ လုရွှမ် ရွှီတ မျက်လုံးများ နောက်သို့ လိုက်ကြည့်လိုက်တော့ တောအုပ်ထဲတွင် အဖြူရောင် အခိုးအငွေ့များ ရုတ်တရက် ပေါ်လာပြီး နှင်းခဲများ ဖြူဖွေးစွာ ကျဆင်းလာခဲ့သည်။

နတ်သမီးများသည် နှင်းပွင့်များပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် လွင့်ပျံလာသည်။

နတ်သမီးများ အားလုံးက ဖြူဖွေးလှပသော အသားအရည်နှင့် လှပသော အသွင်အပြင်၊ ကျောပြင်တွင် ပြန့်ကျဲနေသော မှင်ကဲ့သို့ အနက်ရောင် ဆံပင်များက လေထဲတွင် လွင့်နေသဖြင့် ကောင်းကင်က နတ်သမီးများကဲ့သို့ ဖြစ်နေသည်။

ကြွရောက်လာကြသည့် ကျင့်ကြံသူ အမြောက်အမြား၏ အာရုံကို စွဲဆောင်သွားကာ သူမတို့ကို အားလုံးက မတ်တပ်ရပ်ကာ ကြိုဆိုနှုတ်ဆက်ကြသည်။

လုရွှမ် ရွှီတကို ပိုသတိထား၍ ကြည့်မိသည်။ အခုဆို ဒုတိယအကြိမ်ပဲ။ ရွှီတဆီက အန္တရာယ် အငွေ့အသက်တွေ ထွက်လာတာနဲ့ အခြားသူများ ရောက်ရှိလာတတ်သည်။

သေချာသည်မှာ သူ့တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေသေးသည်။ သို့မဟုတ် သူ့တွင် နားမလည်နိုင်သော မှော်အစွမ်း တချို့ရှိနိုင်သည်။ သူ၏ စစ်မှန်သော ခွန်အားသည် သူပြသထားသော ခွန်အားထက် သာလွန်လိမ့်မည်။

လက်ရှိ သူတို့အားလုံးရဲ့ ရှေ့မှာတော့ ရေကန်တစ်ကန် ရှိနေသည်။ ၎င်းက တောထဲမှ ထူးဆန်းတဲ့ ရေကန်ပင်။

ပိုထူးဆန်းတာက ရေကန်ကြီးက မကြီးပေမယ့် မှင်လို အနက်ရောင်လို ရှိနေသည်။ ရေ​ပြင်က မငြိမ်ဘဲ လမ်းကြောင်းတိုင်းကို စီးဆင်းနေပေသည်။ သို့သော် သတ်မှတ်ထားသော အကွာအဝေး တစ်ခုသို့ စီးဆင်းသွားသည်နှင့် ရေသည် အလိုအလျောက် အလွန် ကြည်လင်လာသည်။

ရေကန်ရှေ့မှာ လူတစ်စုစီ စုပြီး သေသေချာချာကြည့်နေကြသည်။ ရွှီတတို့သုံးယောက်က ထိုသို့ မဟုတ်ပေ။ ရေကန်ထဲမှာရှိတဲ့ အရာတွေကို သူတို့ လုံးဝ ဂရုမစိုက်သလိုပဲ လှပတဲ့ အမျိုးသမီးတွေနဲ့ နတ်သမီးတွေကိုပဲ မှတ်ချက်ပေးနေ၏။

ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေသည် ဖြစ်စေ သူ့သဘောသဘာဝအရ ဖြစ်စေ လုရွှမ် မှန်ကန်ကြောင်းကို ပို၍ယုံကြည်လိုသဖြင့် အတွေးတစ်ခုကို ချန်ထားခဲ့ကာ ၎င်းတို့သုံးဦးကို ဂရုတစိုက် အာရုံစိုက်ခဲ့သည်။

"မသေမျိုးနယ်ပယ်ကို ရောက်သွားတဲ့ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်က ငါတို့တွေရဲ့ ခန္ဓာကိုယ်နဲ့ လုံးဝ မတူဘူးဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့သေးတယ်.... အခု ရေကန်ငယ်လေး ပေါ်တာက အဲဒီခန္ဓာကိုယ်ကြောင့်များလား"

လူတစ်ယောက်က မေးပါသည်။ ဘယ်သူကမှ မသိလို့ မဖြေကြချေ။

"ကျွန်မ သိချင်တာက ဒီမှာ ဆရာကြီးငန်းရိုင်းရဲ့ ခန္ဓာကိုယ် တကယ် ရှိလား အယောင်ဆောင်လား ဆိုတာပဲ"

နှင်းဖွဲတောင်က အမျိုးသမီး တစ်ယောက်က မောက်မာတဲ့ အကြည့်နဲ့ မေးစေ့ကို မြင့်မြင့်မြှောက်ကယ ရုတ်တရက် အော်လိုက်လေသည်။ သူမက ဘယ်သူ့ကိုမှ လှည့်မကြည့်ပေ။

"မြန်မြန် ပြန်ဆုတ်!"

ထိုခဏ၌ နက်ရှိုင်းသော ရေကန်ထဲတွင် ဝမ်းနည်းစွာ ငိုကြွေးသံကို ကြားလိုက်ရပြီး အလင်းတန်း တစ်ခု ရေကန်ထဲမှ လွင့်ထွက်လာသည်။

"အလောင်း" ဟူသော စကားလုံးပိုင်ရှင်သည် နောက်ကျောဖက်က အတောင်ပံနှစ်ခုနဲ့အတူ အလင်းထဲတွင် ပေါ်လာခဲ့သည်။ အလောင်းက မပုပ်သေးဘဲ အရေပြားတောင်မှ အသက်ဝင်နေဆဲပင်။ သို့သော် ထိုမျက်လုံးများက လုံးဝ ဖြူဖျော့သွားကာ တက်ကြွမှုမရှိတော့ဘဲ သေမင်း၏ ပြင်းထန်သော အရိပ်အယောင်များလည်း ရှိသည်။

အလောင်း၏ မျက်လုံးများမှ အလင်းတန်းများ ထွက်လာပြီး အရှေ့ကနေ စကားဆိုခဲ့သော နှင်းတောင်တန်းမှ အမျိုးသမီး ကျင့်ကြံသူအပေါ် ထွန်းတောက်လာသည်။ သူမသည် ခြေဖဝါးမှစ၍ ကျောက်တုံး အဖြစ်သို့ ပြောင်းလဲသွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် သူမတစ်ကိုယ်လုံး ကျောက်တုံးကြီး ဖြစ်သွားသည်။

ကျောက်တုံး ခန္ဓာကိုယ်ကြီးက တိမ်းစောင်းသွားစဥ် ဝုန်းကနဲ မြေပြင်ပေါ် လဲကျသွားလေသည်။ ပေါက်ကွဲသံနှင့်အတူ အသွေးအသား သဲလွန်စများ ကင်းစင်သွားသည့် သေးငယ်သော ကျောက်တုံးများ လွင့်စင်သွားပေသည်။

သေးငယ်သော အပိုင်းအစများထဲမှ အနက်ရောင် ကျောက်တုံးတစ်လုံး လှိမ့်ထွက်လာသည်။ ၎င်းက အနက်ရောင် အလင်းရောင်များဖြင့် တောက်ပနေ​လေသည်။ ကြည်လင်ပြတ်သားပြီး ထူးခြားသော ပုံစံလည်း ရှိသည်။

နောက်ပြန်ဆုတ်ဖို့ ကြွေးကြော်ခဲ့ဖူးတဲ့ အမျိုးသားက ရုတ်တရက် သူ့မျက်နှာပေါ်ရှိ ကျေနပ်နေမှုကို ဖုံးကွယ်ထားလို့​တောင် မရခဲ့ပေ။ သူ့ခန္ဓာကိုယ်က တဖျပ်ဖျပ် ပြေးထွက်သွားပြီး ကျောက်နက်ကြီးကို သူ့လက်ထဲကို ဖမ်းဆုပ်ထားလိုက်သည်။

All Chapters