နာမည်ကြီးလာပြီ
Vol. 105 Ch. 4.1087
"နင်! အတင့်ရဲလိုက်တာ! ဆရာတူညီမယောင်ကို လွှတ်လိုက်!"
နှင်းဖွဲ့တောင်တွေပေါ်မှာ မိန်းကလေး တစ်ယောက်က လှမ်းအော်လိုက်သည်။ သူမသည် သူမဓားကိုဆွဲထုတ်ကာ ထိုလူကို ခုတ်ထစ်ပစ်လိုက်ပေ၏။ သူမပြောသော ဆရာတူညီမလေးယောင်ကတော့ အနက်ရောင် ကျောက်တုံးဖြစ်သွားသည်မှာ ထင်ရှားပါသည်။
ကျောက်တုံးကို ဖမ်းထားတဲ့ ကျင့်ကြံသူက သိပ်ပြီး မသန်မာပေမယ့် သူ့ရဲ့လှုပ်ရှားမှု စွမ်းရည်က မနှေးကွေးပေ။ ခဏအတွင်း လူအုပ်စုရဲ့ အနောက်ကနေ အပြေးအလွှား ပြေးသွားရင်း ပါးစပ်ကနေလည်း ပြောသွားသေးသည်။
"ဟူး... နှင်းဖွဲတောင်က အရမ်း အဖြစ်သည်းတာပဲ.... ငါမပေးဘူး...!"
"ပြေး ပြေး တောထဲပြေး"
လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ ဒီလူက သူ့ဖြစ်တည်မှုကို ရှာဖွေတွေ့ရှိခဲ့တာလား ဒါမှမဟုတ် ကံပဲ မကောင်းတာလား မပြောတတ်တော့ချေ။
"သေချာတာပေါ့.... နဂါးတွေနဲ့ ကျားတွေကြားက ရန်ပွဲတွေကို ထိုင်ကြည့်ချင်နေတဲ့ သူတစ်ယောက်ရှိတယ် အဲဒါက မင်းအတွက် အကျိုးရှိလိမ့်မယ်... ဟေ့ ထွက်သွားတော့လေ"
ထိုကျင့်ကြံသူသည် လုရွှမ်ရှိနေရာ ချုံပုတ်ထဲမှ ဖြတ်ကာ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
"နင်ကိုး!"
လူနှစ်ယောက်က တညီတညွတ်တည်း အော်လိုက်သည်။ တစ်ယောက်က လုရွှမ် ထွက်ခွာဖို့ မြေပုံကို ပစ်ချပေးခဲ့တဲ့ မိန်းကလေး ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရေလနန်းတော်က ရွှေချင်းလင်ပါပဲ။
"ငါတို့ပြန်တွေ့ကြပြီနော်!"
လုရွှမ် မတ်တပ်ထရပ်ပြီး အမျိုးသမီးနှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။ ရှာတွေ့သွားပြီမလို့ လုရွှမ်လည်း နောက်တစ်ကြိမ် ပုန်းရှောင်မနေတော့ကေ။ ကံဆိုးတာ ဖြစ်နိုင်သလို ဖုန်းရွှေက တကယ်ပဲ မှားနေတာလည်း ဖြစ်နိုင်သည်။ သူ ဒီနေရာကိုဝင်ကတည်းက ကံဆိုးနေခဲ့တာဖြစ်ပေ၏။
"အဲဒါ အစ်ကိုလုရွှမ်ပဲ!"
လုရွှမ် အံ့အားသင့်သွားသည်။ ဤတစ်ကြိမ်တွင် သူ တကယ်နာမည် ကြီးလာပြီ ဖြစ်သည်။ ကလေးမလေး မြောင်းမြောင်းက လုရွှမ်ကို လက်ဝေ့ယမ်းပြ၍ နှုတ်ဆက်၏။
"နင့်နာမည်က လုရွှမ်လား.... လုစစ်ကရော? နင့်ရဲ့ ညီအကိုသုံးယောက်ရော ဘယ်မှာလဲ?"
ရွှေချင်းလင်မှာ မျက်နှာက ညိုမဲနေပြီး လက်ဖဝါးက ဓားသွားကို အသင့်ပြင်ထားပြီ ဖြစ်သည်။ လုရွှမ် ရွှေချင်းလင်ကို လျစ်လျူရှုလိုက်သည်။ ဘာပဲဖြစ်ဖြစ် တချို့ကိစ္စတွေက ရှင်းပြနေလို့လည်း အသုံးမဝင်တော့ပါဘူး။ သူက မြောင်းမြောင်းဆီကို လက်ဝှေ့ယမ်းပြီး။
"မင်္ဂလာပါ မြောင်းမြောင်း!"
မြောင်းမြောင်းက မျက်မှောင်ကြုတ်ပြီး မေးလေ၏။
"နင်တကယ်ပဲ ဘယ်သူလဲ... ငါနင့်ကို ထွက်သွားခိုင်းခဲ့တာ မဟုတ်ဘူးလား ငန်းရိုင်းကျတောမှာ ဘာလို့ လျှောက်လည်နေတာလဲ ဒီလို ညံ့ဖျင်းတဲ့ ကျင့်ကြံမှု အဆင့်နဲ့ ကိုယ့်ကိုကိုယ် သတိရှိဖို့ကောင်းတယ်... ငါ့ညီမ မင်းကို ကယ်တင်နိုင်ပါ့မလား နင်က ငါ့ကို အားကိုးချင်သေးတာလား?"
"နတ်သမီးယွမ့် သူ မင်းညီမကို တွေ့ဖူးတာလား?"
ရွှေချင်းလင်ရဲ့ မျက်နှာဟာ ရုတ်တရက် မုန်းတီးမှုတွေ ပြည့်နှက်လာပြီး ခပ်ကြမ်းကြမ်း အော်ပစ်လိုက်သည်။
"လူယုတ်မာ!! ဒီလိုကလေးကိုတောင် လွှတ်မပေးဘူးပေါ့ ဒီနေ့ ငါနင့်ကို သတ်ပစ်မယ်!"
ရွှေချင်းလင်သည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ၏ရှည်လျားသော ဓားကို ထုတ်လိုက်ကာ အသံသည် ဓားအလင်းနဲ့အတူ ဖြာထွက်သွားပြီး လုရွှမ်ဆီသို့ ခုတ်လှဲလိုက်သည်။ ယွမ့်ချောင်ချင် မျက်မှောင်ကြုတ်ပြီး မေး၏။
"နတ်သမီးချင်းလင်... မင်းအခုနက ပြောခဲ့တာက ဘာကိုဆိုလိုတာလဲ သူက မင်းကို စော်ကားခဲ့မိတာလား"
"သူက ကျွန်မကို စော်ကားတာလား... ဟမ့် သူကျွန်မကို မစော်ကားဘူး သူက ကမ္ဘာပေါ်က အမျိုးသမီးအားလုံးကို စော်ကားခဲ့တာ... သူက ဘယ်သူလဲဆိုတာ သိလား ဟမ့်... ပြောပြမယ် သူ့နာမည်အတုက လုစစ် သူ့မှာ ညီအစ်ကို သုံးယောက်ရှိတယ်... ရွှီတ ကျောက်အာ့နဲ့ ကျန်းစန်း... ဒီလောက်ဆို သူဘယ်သူလို့ထင်လဲ ”
ယွမ့်ချောင်ချင်လည်း မျက်နှာ ပျက်သွားပြီး တခဏအတွင်းမှာပင် အားလုံးလိုလို ဒေါသထွက်လာတော့သည်။ ထိုလူသုံးယောက်မှာ ကမ္ဘာက မုန်းတီးတဲ့ လူယုတ်မာ သူခိုးကြီး သုံးယောက်ပင်။
သူတို့ရဲ့ ကျင့်ကြံမှုက အဆင့်မမြင့်ပေမယ့် လွတ် မြောက်နိုင်မှု စွမ်းရည်က အတော်လေး ကောင်းမွန်ပြီး တစ်ခါမှ အဖမ်းမခံရဖူးပေ။ မထင်မှတ်ပဲ စတုတ္ထလူက ထွက်လာခဲ့ပြီး လုစစ်လို့ခေါ်တဲ့ လုရွှမ် ဖြစ်နေသည်။
"သေလိုက်စမ်း!"
ယွမ့်ချောင်ချင်က အော်လိုက်ပြီး သူမဓားကိုဆွဲကာ လုရွှမ်ကို ခုတ်ထစ်လိုက်သည်။ ခပ်ဝေးဝေးက သစ်ပင်ထိပ်ဖူးပေါ်တွင် လူသုံးယောက် စုပြုံနေကြ။
"အစ်ကိုကြီး စတုတ္ထလေးရဲ့ အသက်ကို ကယ်တင်ချင်လို့လား" ကျန်းစန်းက မေးသည်။
"ဟမ့် သူဂိုဏ်းထဲ ဝင်လိုက်ပေမယ့် သူက စတုတ္ထလေး မဟုတ်သေးပါဘူး သူ့မှာ လက်မှတ်တောင် မရှိသေးဘူးလေ.. သူ့အဆင့်က အရမ်းနိမ့်ပြီး အမြဲတမ်း အံ့သြစရာကောင်းတဲ့ အပြုံးတစ်ခုပဲ ရှိတယ်...ဟမ့် မင်းက ဟန်ဆောင်ချင်နေတာလား?"
ကျောက်အာ့က ဝင်ရောက် အော်ပြောလိုက်သည်။ အထူးသဖြင့် လုရွှမ် ချီထျန်းပု၏ တတိယအဆင့်ကို အချိန်တိုအတွင်း သင်ယူခဲ့သည်ကို တွေ့လိုက်ရသောအခါ မကျေမနပ် ဖြစ်နေခဲ့ကယ သူ့အတွက် သူ အတော်လေး စိတ်ပူသွားမိ၏။
"စိတ်မပူပါနဲ့ ဖြည်းဖြည်း ကြည့်ရအောငိ ဒီကောင်မှာ ဝှက်ဖဲတွေရှိလား ငါလည်း ကြည့်ချင်တယ်"
လုရွှမ်သည် စိတ်မရှည်သလို စိတ်အားထက်သန်မှုလည်း မရှိပေ။ သူ့ခြေလှမ်းများဖြင့် အမျိုးသမီး နှစ်ဦးကြားတွင် အေးအေးဆေးဆေး လျှောက်လှမ်းခဲ့သည်။ အမျိုးသမီး နှစ်ယောက်၏ ဓားသိုင်းကျွမ်းကျင်မှုသည် ထူးထူးခြားခြား ဖြစ်ပြီး ဓားတစ်ချောင်းစီသည် လုရွှမ်ကို သတ်နိုင်ပုံပေါ်သော်လည်း အရေးကြီးသော အခိုက်အတန့်တိုင်းတွင် လုရွှမ်က ရှောင်ထွက်သွားသည်။
"အဲ့ဒီခြေရာကို ကြည့်ကြည့်လိုက်.... ဟေးရန်စန်းယင် သုံးယောက်ရဲ့ ခြေရာအတိုင်းပဲ!"
"သေချာတာပေါ့... သူက ဟိုကောင်တွေနဲ့ ပူးပေါင်းထားတာ! အားလုံးသူ့ကို ဝိုင်းဖမ်းကြ"
ရေလနန်းတော်က သူတော်စင်မများနှင့် နှင်းဖွဲတောင်မှ နတ်သမီး တို့သည် လုရွှမ်ကို ဘက်ပေါင်းစုံမှ ဝိုင်းရံရန် ကြိုးစားရင်း တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ခဲ့ကြသည်။ တခြားလူများသည် သဘာဝအတိုင်း နောက်ကျမနေဘဲ လုရွှမ်ကို အတွင်းသုံးအဆင့်နှင့် အပြင်ဘက် အဆင့်သုံးဆင့်ဖြင့် ဝန်းရံထားကြသည်။
ဤသည်မှာ လူအများ၏ ဒေါသကို လုံးလုံးလျားလျား ပေါက်ကွဲသွားစေခဲ့သည်။
နတ်သမီးတွေရဲ့အဝတ်အစားတွေကို မီးရှို့ဖို့ ထူးဆန်းတဲ့ မီးတောက်တွေကို အသုံးပြုခဲ့ကြပြီး နတ်သမီးတွေဟာ သူတို့ရဲ့လှည့်ကွက်တွေကြောင့် ဘယ်နှယောက်တောင် ဘယ်သူမှ မသိနိုင်ကြပါဘူး။
လုရွှမ်၏ မျက်လုံးများသည် ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေပြီး သူ့စိတ်ထဲတွင် အံ့သြထိတ်လန့် နေသော်လည်း အပြင်မှာတော့ လုံးဝ ထိတ်လန့်ခြင်းမရှိပေ။
တိုက်ခိုက်ရန် အချိန်နည်းပါးသည့် အခါတိုင်း ပြင်းထန်သော တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်တုန်းပင်။ နတ်သမီးနှစ်ယောက်သည် မျှော်စင်နယ်ပယ်၏ ပထမအဆင့်တွင် ရှိနေပြီ ဖြစ်သည်။
ခိုင်ခံ့သော ကြယ်တစ်သောင်းကမ္ဘာက မိန်းကလေးများထက် ရက်စက်ကြမ်းကြုတ်စွာ လှုပ်ရှားနိုင်သော ဖုန့်ဖေးပင် ဒီမိန်းကလေး နှစ်ယောက်ကို မယှဉ်နိုင်လောက်ပေ။ ဂိုဏ်းတွင်း လူသိများသော ပုဂ္ဂိုလ်တစ်ဦး၏ မျှော်လင့်ထားသည့်အတိုင်း အမှန်တကယ်ပင် ပါရမီရှင် တစ်ဦးဖြစ်သည်။
လုရွှမ် သူ့အရည်အချင်းကို ထုတ်မပြဘဲ သူ့ခြေရာကိုသာ အားကိုးပြီး နတ်သမီးတွေကို ထိန်းထားနိုင်သည်။ လွယ်လွယ်ကူကူ တိုက်ခိုက်လို့ ရရင်တောင်မှ သူ့ခြေရာကြောင့် ကြီးမားတဲ့ တိုက်ကွက် ဖြစ်နေပြီ ဆိုတာ လုရွှမ် သိသည်။
သူသည် တတိယအဆင့်အထိ ပြုစုပျိုးထောင်ပြီး ဤကဲ့သို့ ရက်စက် ကြမ်းကြုတ်သော အကျိုးသက်ရောက်မှုကို ရရှိသည်မှာ စိတ်ကူးမယဉ်နိုင်ပေ။ ချီထျန်းပုက အမှန်တကယ် အစွမ်းထက်လှပေသည်။
"လူယုတ်မာ!"
ရွှေချင်းလင် အော်နေမိသည်။ လုရွှမ်ကို မထိန်းနိုင်တဲ့အပြင် သူ့ကို ဖမ်းမမိပြန်။ လုရွှမ်ကတော့ ပြဿနာ အကြောင်းကို တစ်ခါမျှ ထည့်မတွေးထားသလို ရှင်းရှင်းလင်းလင်းလည်း မရှင်းပြနိုင်ပေ။
အခုအချိန်မှာ ဆက်ပြီး လေ့ကျင့်လာတာနဲ့အမျှ ခြေစွမ်းက ပိုပိုပြီး တည်ငြိမ်လာသည်။
"နတ်သမီးတို့... ငါ့ကို ဖမ်းလို့မိမှာ မဟုတ်ဘူး! မြောင်းမြောင်း နေ့တိုင်း ပျော်အောင်နေပါ... နောက်မှ ကိုကို မင်းနဲ့ ကစားဖို့ လာခဲ့မယ်!"
"လူယုတ်မာ.... ငါ့ကို ခြိမ်းခြောက်ဝံ့တယ်ပေါ့... ငါ့ကို ခြိမ်းခြောက်တယ်!"
ယွမ့်ချောင်ချင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"မင်းတို့ မြောင်းမြောင်းကို သေချာစောင့်ရှောက်ထား!!"
"နင်တို့ရဲ့လုံခြုံရေးကို ဂရုစိုက်ကြပါ!"
ခဏနေတော့ သူတို့သုံးယောက်လုံး ပျောက်သွားကြသည်။ လူတစ်စုက အချင်းချင်း ထိတ်လန့်စွာ ကြည့်ရင်း ကျန်ခဲ့၏။ လက်ရှိနေရာမှာ ကျန်ခဲ့ကြသည်မှာ မသေမျိုး နယ်ပယ်ကို တက်နိုင်မယ့် လျှို့ဝှက်ချက်များ ဖြစ်သော်လည်း ထိုကဲ့သို့ ထားခဲ့သည်။
လူကို ဖမ်းမိဖို့က အဲ့လောက်တောင် အရေးကြီးသလား။
သစ်ပင်ထိပ်မှာတော့ ရွှီတတို့သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ခဏအကြာတွင် ကျန်းစန်းက ပြောလာ၏။
"ဒီညီလေး ရလိုက်တာ အရမ်းတန်တာပဲ!"