← Chapters

အကြွင်းအကျန် ဝိညာဉ်

Vol. 105 Ch. 4.1091

အကြွင်းအကျန် ဝိညာဉ်

Vol. 105 Ch. 4.1091

"ဒီမှာ ဘာမှမရှိဘူးလား... ဒါပေမဲ့!"

ရွှေချင်းလင်သည် ခေါင်းတလား၏ ထောင့်ရှိ သစ်သားရုပ်ငယ်ကို ညွှန်ပြလိုက်သည်။ သစ်သားရုပ်ပေါ်ရှိ ရုပ်သွင်နှင့် ခြေလက်အင်္ဂါများ၊ အထူးသဖြင့် တကယ့်လူနှင့် တူသော အလွန်ထင်ရှားသော မျက်လုံးတစ်စုံလည်း ရှိသည်။ လူတိုင်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။

လုရွှမ်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက တည်ရှိနေခဲ့သော ခေါင်းတလားကို သေချာ စစ်ဆေးကြည့်နေသည်။ ခေါင်းတလား၏ ထောင့်တွင် အပေါက်ငယ်တစ်ခုကို ဓားဖြင့် လှီးဖြတ်လိုက်ရာ ယင်ချီများ ထွက်ပေါ်လာကာ ချက်ချင်းပင် မည်းသွားသည်။

လေထုထဲက အငွေ့အသက်ဟာ ဆွေးမြေ့တဲ့ရနံ့တွေနဲ့ ပြည့်နေသည်။ နှာခေါင်းထဲကို ဝင်လာသည်နှင့် ချက်ချင်း မူးဝေသွားတော့သည်။ လုရွှမ်၏ ခန္ဓာကိုယ်သည် မီးတောက်များ ရုတ်ချည်း ဖုံးလွှမ်းသွားကာ မိန်းကလေး နှစ်ဦးသည်လည်း လျင်မြန်စွာ တုံ့ပြန်ကြပြီး ခန္ဓာကိုယ်ကို ပိတ်ဆို့ရန် အလင်းရောင်များကို ဝှေ့ယမ်းကြသည်။

အနည်းငယ် ထူးဆန်းသည်မှာ လုရွှမ်သည် ထိုနှစ်ယောက်လုံး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်ကို ထိမိမှာကို ကြောက်သလိုဖြင့် နည်းနည်းတော့ ဆုတ်သွားကြ၏။

"အရင်က မင်းတို့ကို ကယ်ချင်လို့ လုပ်ခဲ့ရုံပဲ....ငါသာ အခွင့်ကောင်းယူချင်ရင် မင်းတို့ခန္ဓာကိုယ်ကို ပိတ်စတွေနဲ့ ပတ်ထားမှာတောင် မဟုတ်ဘူး!"

ထင်ရှားသည်မှာ အမျိုးသမီးနှစ်ဦးသည် သူ့အား အလွန်အယုံအကြည် မရှိကြသေးပေ။ ပုံမှန်အားဖြင့် ၎င်းတို့သည် ကလေး မဟုတ်တော့သောကြောင့် လူတစ်ဦးကို ယုံကြည်ရန်မှာ မလွယ်ကူလှပေ။ ဒါပေမဲ့ ကောင်းပါ၏။ လုရွှမ် သူတို့နှစ်ယောက်နဲ့ ဘာမှမဆိုင်ချင်ပေ။

"အပေါက်ကို ကြည့်လိုက်...အဲဒါ လူတစ်ယောက် ဖြတ်သွားနိုင်လောက်အောင် ကြီးတယ်"

အမျိုးသမီး နှစ်ယောက်စလုံး အံ့သြသွားကာ ခေါင်းညိတ်ပြကြသည်။ ခေါင်းတလားတွင် မည်သူမျှ မရှိသော်လည်း ထိုသို့သော အပေါက်ငယ်တစ်ခု ရှိ​​နေသည်။ ဒါဆို အထဲမှာ လူရော ဘယ်ရောက်သွားတာလဲ။ အဲ့အပေါက်ငယ်ထဲကနေ သူထွက်​​သွားခဲ့တာ ဖြစ်​နိုင်​မလား။

အလောင်းကို မတိုင်ခင်က တွေ့ဖူးပေမယ့် သူ့ရဲ့ အငွေ့အသက်က ကြောက်စရာ ကောင်းလွန်းလှသည်။

"အိုး ဒါက ဒဏ္ဍာရီလာ အလောင်းကောင် အသွင်ပြောင်းမှု ဖြစ်နိုင်လား အဘိုးကြီးငန်းရိုင်းရဲ့ အလောင်းက ဖုတ်ကောင် ဖြစ်သွားတာလား မသိဘူး!"

ရွှေချင်းလင်က ထအော်လိုက်သည်။ ယွမ့်ချောင်ချင်ရဲ့ မျက်နှာသည် ပို၍ပင် ထိတ်လန့်သွားပြီး သူမကလည်း ဆိုလေသည်။

"ငါ့ညီမ အပေါ်မှာ ရှိနေသေးတယ် မဟုတ်ဘူး... ငါတို့ မြန်မြန်တက်ရမယ်"

လုရွှမ်: "ဖုတ်ကောင်... အဲဒါကဘာလဲ?"

ရွှေချင်းလင်သည် သူမ၏ ခြေသလုံး ကြွက်သားများကို ပွတ်တိုက်လိုက်ရာ အနက်ရောင် လေများက တဖြည်းဖြည်း ပျံ့နှံ့လာသော်လည်း လုရွှမ်ဆီက နောက်ထပ် ဆေးထပ်တောင်းရန် သူမ အလွန်ရှက်သွားခဲ့သည်။

"ဖုတ်ကောင်က မတရားစွာ သေဆုံးသွားရတဲ့ အရှင်အချို့ ဒါမှမဟုတ် ကြီးမားတဲ့ မုန်းတီးမှုတွေကြောင့် ကွယ်လွန်သွားရတဲ့ လူသေအလောင်းတွေက ဖြစ်လာတဲ့ အရာပဲ.. သူတို့ရဲ့ နှလုံးသားထဲမှာ နာကြည်းမှုတွေ ရှိတယ် သေဆုံးသွားပေမယ့် နာကြည်းချက်တွေက မပျောက်ကွယ်သွားဘဲ တဖြည်းဖြည်း နတ်ဆိုးစိတ်တွေ ဝင်လာတယ်... ပြီးရင် အဲ့ဝိညာဥ်က အလောင်းထဲကို ပြန်ဝင်လာပြီး အလောင်းကောင်က ဖုတ်ကောင် ဖြစ်သွားမှာ"

"အဲဒီလို ဖုတ်ကောင်တွေက လက်စားချေဖို့ စိတ်ကူးတစ်ခုပဲ ရှိတယ်... သူတို့က လူသတ်ဖို့ ရည်ရွယ်ချက်တွေ အပြည့်ပဲ အထူးသဖြင့် မုန်းတီးတဲ့လူတွေနဲ့ တွေ့ရင် သူတို့က ချက်ချင်း ရူးသွပ်သွားပြီး သတ်ပစ်လိမ့်မယ်"

ရွှေချင်းလင်က ရှင်းပြသည်။ သူမမျက်​ခုံး​တွေက အနည်းငယ်​ လှုပ်​သွားပြီး နာကျင်​မှုကို ထိန်းထားနေရကြောင်း သိသာ၏။

"မင်းအဆိပ်ဖြေချင်ရင် ငါမင်းကို ကူညီနိုင်တယ် ဒါပေမဲ့ မင်းငါ့ကို လုံးဝ ယုံကြည်ဖို့တော့ လိုတယ်"

လုရွှမ် ဆိုလိုက်သည်။ တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့ ဆိုရင် သူ့ကို ငြင်းဆန်ထားတဲ့ လူကိုတော့ သူကယ်မှာ မဟုတ်ပေ။ ရွှေချင်းလင်က ခဏတုံ့ဆိုင်းသွားပြီး သူမ၏အမူအရာမှာ အနည်းငယ် နေရခက်သွားသည်။

"မလိုတော့ပါဘူး... ဖြစ်နိုင်ရင် ရှင့်လက်ထဲက မှော်ဆေးပြားကို လဲလှယ်ချင်ပါတယ်"

"မလိုပါဘူး... ဘေးဥပဒ်တစ်ခုကြောင့် ဖြစ်သွားတာပဲ... ဒီဆေးကို နတ်သမီးချင်းလင်ကို ပေးပါတယ်"

ရွှေချင်းလင်၏ မျက်လုံးများသည် ကျေးဇူးတင်စကားများ ပြည့်နှက်နေသော်လည်း သူမက ခေါင်းသာညိတ်ပြပြီး မြန်မြန်ယူလိုက်သည်။ ခြေလုံးက အနက်ရောင်စွမ်းအင်တွေ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရတော့မှ အသက်ရှူ ချောင်သွားခဲ့သည်။

ယခုတော့ တွေးကြည့်သောအခါတွင် သူမ၏ ယခင်လုပ်ရပ်များက အနည်းငယ် ဒေါသတကြီး ဖြစ်သွားခဲ့ကြောင်း သိလာ၏။ သူတို့သည် အရာရာကို အသုံးချတတ်သူ ဖြစ်ကောင်းဖြစ်နိုင်သည်မို့ အန္တရာယ် ကြုံလာသောအခါတွင် လုရွှမ်က တွေးပင်မတွေးဘဲ သူတို့နှစ်ဦးကို ကာကွယ်ခဲ့သည်။

နောက်ဆုံးတော့ သူတို့က မရင်းနှီးတဲ့အတွက် စကားထပ်မပြောကြတော့ပေ။ ဒါ့ထက် ရွှေချင်းလင်က သီလရှင် ဖြစ်နေဆဲပင်။

"ကောင်းပြီ၊ ဒီကနေ အရင်ထွက်ရအောင်!"

ယွမ့်ချောင်ချင် စိတ်မရှည်စွာ အော်လိုက်သည်။

"ကောင်းပြီ ဒါဆို မင်းတို့အရင် တက်သွားလိုက်ပါ.... ဒီနေရာက ဆရာကြီးငန်းရိုင်းရဲ့ အလောင်းကို ဝှက်ထားတဲ့ နေရာမို့လို့ တစ်ခုခုတော့ မြှုပ်နှံထားသင့်တယ်"

"ဒါ့အပြင် အဲဒီလင်းယုန်ကြီးက အရမ်း ထက်မြက်ပါတယ် အနည်းဆုံးတော့ မင်းညီမကို အကာအကွယ် ပေးနိုင်တယ် ဒါကိုတော့ သေချာပေါက် စိတ်ချနိုင်တယ်"

ယွမ့်ချောင်ချင် စိုးရိမ်မှုက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ မီးထဲ လောင်စာ ထည့်လိုက်သလိုပါပဲ ရုတ်တရက် ဒေါသတွေ ထကြွလာခဲ့ပြန်သည်။ လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း။

"ရှင့်ကြောင့်ပဲ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မဘာလို့ လိုက်ဖမ်းနေမှာလဲ...ကျွန်မညီမ တစ်ခုခု အဆင်မပြေဖြစ်သွားရင် ကျွန်မရှင့်ကို ခွင့်မလွှတ်ဘူး!"

ရွှေချင်းလင်က ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ကာ။

"နတ်သမီးချောင်ချင် ကျွန်မတို့ သူ့ကို အထင်မလွဲခဲ့ဘူးဆိုရင် ဒီလို မပြောသင့်ပါဘူး "

"ဟင့် ကျွန်မတို့? ရှင်မပြောရင် မေ့သွားတော့မလို့ ရှင်ပဲသူက သူခိုးလို့ မပြောခဲ့ဘူးလား... ရှင်သာ မပြောခဲ့ရင် ကျွန်မဒီအထိ ရောက်လာမှာလား... အခုကျတော့ ရှင်ကသူ့အတွက် ကူပြောပေးနေတယ်ပေါ့လေ.. အဲ့ဆေးထဲမှာ နားမလည်နိုင်တဲ့ အရာတစ်ခု ပါဝင်နေတယ်လို့ မပြောနဲ့နော်?"

ရွှေချင်းလင်ရဲ့ မျက်နှာက နီရဲသွားကာ။

"ရှင် ရှင် စကားကို ဘယ်လိုပြောလိုက်တာလဲ"

ယွမ့်ချောင်ချင်: "ဒါမှမဟုတ်ရင် ကျွန်မဘယ်လို သဘောထားရမလဲ... ရှင် သီလရှင်ပဲ ယောက်ျားနဲ့ ပွေ့ဖက်ပြီး ဘယ်လို​တောင် နေနိုင်တာလဲ... သူတော်စင်မတွေက အာရုံခြောက်ပါး ဖြူစင်မှု ရှိတယ်တဲ့...နတ်သမီးချင်းလင် မင်းရဲ့ ဖြူစင်တဲ့ အမြစ်တွေမှာ ပန်းပွင့်နေပြီလား ကြည့်ချင်သေးရဲ့!"

"ရှင် အရမ်း​လွန်သွားပြီ!"

ရွှေချင်းလင် ​အော်​လိုက်​ပြီး သူမရဲ့ ဓားရှည်​ကို ထုတ်​ကာ ယွမ့်ချောင်ချင်ထံ ပြေးဝင်သွား၏။ ယွမ့်ချောင်ချင်ကလည်း လုံးဝ မကြောက်ဘဲ သူမ၏ ဓားကိုဆွဲကာ နှစ်ယောက်သား တိုက်ခိုက်​ကြတော့သည်။

"ဒါက မင်းအပြစ်ပဲ!"

ရုတ်တရက် ယွမ့်ချောင်ချင်က ပခုံးကို ဓားနဲ့ဝင်တိုက်မိချိန် လုရွှမ်က ဘေးကနေကြည့်နေတာကို မြင်တော့ ဟောက်ပြီး လုရွှမ်၏ လမ်းကြောင်းဆီ ပြေးသွားသည်။ ရွှေချင်းလင်ရဲ့ လှုပ်ရှားမှုကလည်း မနှေးကွေးဘဲ လုရွှမ်ဆီသို့ ပြေးသွားခဲ့သည်။

လုရွှမ်၏ နှုတ်ခမ်းထောင့်က နောက်ပြောင်ခြင်း အရိပ်အယောင်ကို ပြသလိုက်သည်။ သူ့လက်ဖဝါးက ရုတ်တရက် ဆန့်ထွက်လာပြီး ခေါင်းတလားအတွင်းရှိ သစ်သားရုပ်တုကို ဆုပ်ကိုင်လိုက်သည်။ ဝိညာဉ်တစ်ခု သစ်သားရုပ်တုထဲမှ ရုတ်တရက် ပြေးထွက်လာပြီး လုရွှမ်ကို ဝင်တိုက်လေသည်။

လုရွှမ်သည် ထိုသို့သော ပြောင်းလဲမှုကို အစောကတည်းက မျှော်လင့်ထားခဲ့သလိုမျိုး လျင်မြန်စွာ လှုပ်ရှားသွားကာ သူ့လက်ဖဝါးက ဝိညာဉ်ကို ဆုပ်ကိုင်လိုက်ကာ မီးတောက်တစ်ခု လောင်ကျွမ်းသွားသည်။

"အား!!"

နာကျင်မှုကြောင့် ပြင်းထန်သော အော်ဟစ်သံသည် ဝိညာဉ်ထံမှ ထွက်ပေါ်လာလေ၏။ လုရွှမ်လက်ထဲ၌ လောင်ကျွမ်းသွားသော အရာမှာ ဝိညာဉ်ကို ကြီးမားစွာ ထိခိုက်စေသည့် ဖီးနစ်နတ်မီးပဲ ဖြစ်သည်။

"သူတို့နှစ်ယောက်ကို ရပ်ခိုင်းလိုက်!"

လှိုင်းလုံးကြီးများက ဝိညာဉ်ထံမှ လွင့်ထွက်သွားကာ အချင်းချင်းဆီသို့ ပြေးလာကြသော အမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်များသည် ရုတ်တရက် အေးခဲသွားကာ သူတို့၏ မျက်လုံးများသည် ကြည်လင်လာကာ အချင်းချင်း အံ့အားသင့်စွာ ကြည့်နေကြသည်။

“ဘာဖြစ်တာလဲ” ဟု အမျိုးသမီး နှစ်ဦးက သူတို့ဘာသာ ပြန်မေး​နေသည်။

"မင်းဘယ်လို သိလိုက်တာလဲ"

ဝိညာဥ်က အဘိုးကြီး တစ်ယောက်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။ လုရွှမ် သူ့လက်ဖဝါးကို တွန်းထုတ်လိုက်ပြီး ထိုစိတ်ဝိဥာဉ်က ငန်းရိုင်းတစ်ကောင်လို ဖြစ်သွား၏။ လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး။

"အဲ့ဒီသစ်သားက ယင်ဝိညာဥ်သစ်သားပဲ သူ့ရဲ့ အကြီးမားဆုံး အကျိုးသက်ရောက်မှုက စိတ်ဝိညာဉ်ကို ထာဝရ ခိုင်ခံ့စေတယ် အရမ်းရှားပါးပါတယ်... ဒါပေမဲ့ ကျုပ်က လက်နက်သန့်စင်တဲ့ လူတစ်ယောက်ဖြစ်လို့ ခေါင်းထဲမှာ စာအုပ်လို သုံးသပ်ချက်တွေက အရမ်းများတယ်လေ... စိတ်မကောင်းပါဘူး တခြားသူတွေ အသိအမှတ်မပြုရင် ငါက အဲဒါကို သိတဲ့လူအနည်းစုထဲက တစ်ယောက်ပဲ"

"ပြောပါ ရတနာတွေ ဘယ်မှာ ဝှက်ထားတာလဲ"

All Chapters