နတ်ဆိုးကို ဓားတစ်ချောင်းနဲ့ သတ်
Vol. 105 Ch. 4.1094
လင်းယုန်၏ ခန္ဓာကိုယ်သည် လုံးဝ မည်းမှောင်သွားကာ သန်မာသော စိတ်ဆန္ဒကို အားကိုးနေခဲ့လို့သာ ယခုအချိန်အထိ ဆက်လက် တည်ရှိနေခဲ့တာ ဖြစ်ရာ ယွမ့်ချောင်ချင် ပြန်လာတာကို မြင်တော့ စိတ်သက်သာရာရကာ လဲကျသွားတော့သည်။
"အဘိုးလင်းယုန်!"
ယွမ့်ချောင်ချင် အော်ဟစ်ပြီး သူမ၏ ဓားစွမ်းရည်သည် ရက်စက် ကြမ်းကြုတ်စွာဖြင့် အလောင်းကောင်ကို တစ်ချက်ပြီးတစ်ချက် ပြင်းထန်စွာ ခုတ်ထစ်နေသည်။ သူမ ထိုအလောင်းကောင်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေသည်။
"စိတ်လိုက်မာန်ပါ မလုပ်နဲ့"
အမျိုးသမီး တစ်ဦးကလည်း လှမ်းအော်သည်။ သူမသည် မတိုင်ခင်အချိန်က လမ်းကို ဦးဆောင်သော နှင်းဖွဲတောင်က ဖြစ်သည်။ နှင်းဖွဲတောင်သည်လည်း ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရပြီး သူမသည် ကျန်ရှိသူများအား ထောက်ပံ့ရန် ရုန်းကန်နေရဆဲ ဖြစ်ကာ သူမတစ်ဦးတည်းသာ ကျန်ရှိတော့သည်။
သူမ စိတ်လှုပ်ရှားနေချိန် ယွမ့်ချောင်ချင်ဟာ ဒီအလောင်းနတ်ဆိုးရဲ့ လက်ဆွဲကြိုးအောက်မှာ သေချင်နေသလို ဒေါသတကြီး တိုက်ခိုက်နေသည်။ အလောင်းကောင် နတ်ဆိုးကြီးကို အကြာကြီး တိုက်ခိုက်ပြီးနောက် တစ်ချက်သိလိုက်ကာ ငြိမ်သက်စွာနေလိုက်သည်။
ရွှေချင်းလင်လည်း အမြန်ပြေးသွားကာ ဖုတ်ကောင်ကို တားဆီးရန် အမျိုးသမီး သုံးဦး အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
လုရွှမ်ကတော့ လင်းယုန်ဘေးတွင် ပေါ်လာခဲ့သည်။ သူသည် အမှန်တကယ်ပင် ထူးဆန်းသော သားရဲတစ်ကောင်ဖြစ်ပြီး သူ မသေသေးပေ။ သို့သော် သူသည် အလောင်းကောင် နတ်ဆိုးဆီက အဆိပ်ခတ်ခံရပြီး ပြင်းထန်လွန်းသော ဒဏ်ရာများကို ခံစားခဲ့ရသောကြောင့် သူကြာရှည်စွာ အသက်ရှင်နေမည် မဟုတ်ကြောင်း ထင်ရှားပါသည်။
ဒါပေါ့ သူ တွေ့တဲ့သူ အပေါ်မှာလည်း မူတည်ပါသေးသည်။
"မင်းအရင်က ငါ့အသက်ကို ကယ်ခဲ့တယ်....အခု မင်းအသက်ကို ငါ ကယ်မယ်... ဒါကို သောက်လိုက်ပါ ကံတရားက ဆုံးဖြတ်ပေးလိမ့်မယ်"
လုရွှမ် ပြုံးပြီး ပြောလိုက်သည်။ လုရွှမ် သူ့လက်ဖဝါးကို လှီးဖြတ်ပြီး သွေးတွေကို လင်းယုန်ကြီး၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ လင်းယုန်၏ မျက်လုံးများသည် အနည်းငယ် မှိန်းနေသော်လည်း လုရွှမ်ကို စေ့စေ့ကြည့်မိသည်။
သုံးလေးစက် ဆက်တိုက် ချပြီးနောက် လုရွှမ်သည် ယွမ်ယန်စွမ်းအင်ကို ၎င်း၏ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။ လင်းယုန်ကြီးသည် ၎င်း၏ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သောအခါတွင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်များကို လုံးဝ မဖယ်ရှားနိုင်သော်လည်း ၎င်းကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
"ကျေးဇူးအများကြီး တင်ပါတယ်... ငါ့သခင်မလေးကို ကယ်ပါဦး"
"ဒါပေါ့ သူကလည်း ကျွန်တော့်ရဲ့ ကယ်တင်ရှင်ပဲလေ"
လုရွှမ် မြောင်းမြောင်းကို သူ့ရင်ခွင်ထဲတွင် ပွေ့ချီထားလိုက်ပြီး သွေးစက်များကို သူမ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဖီးနစ်သွေးလိုင်း၏ အရိပ်တစ်ခုက မြောင်းမြောင်း ခန္ဓာကိုယ်ထဲသို့ အမှန်တကယ် ဝင်ရောက်သွားသည်။
မြောင်းမြောင်း အရေပြားရှိ အစိမ်းရောင် အသက်မရှိသော စွမ်းအင်သည် တဖြည်းဖြည်း မှိန်ဖျော့သွားတာကို မြင်လိုက်ရပြီး အရေပြားသည် မူလဖြူစင်ပြီး နှင်းဆီရောင်သို့ ပြန်လည်ရောက်ရှိသွားသည်။ မြောင်းမြောင်း ရုတ်တရက် ချောင်းတဟွတ်ဟွတ် ဆိုးလာတဲ့အခါ အနက်ရောင် အငွေ့များကို အန်ထုတ်လိုက်လေ၏။
လုရွှမ် သူမပါးစပ်မှ သွေးများကို သုတ်ပေးလိုက်ချိန် မြောင်းမြောင်းလည်း နိုးလာသည်။
"မြောင်းမြောင်း အဆင်ပြေလား"
လင်းယုန်မျက်လုံးထဲမှာ လုရွှမ် လူကို ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးကို မယုံနိုင်လောက်အောင် အံ့သြနေမိသည်။
ယခင်က ၎င်း၏ပါးစပ်ထဲသို့ စိမ့်ကျလာသော သွေးကို သတိရသွားခဲ့ပြီး လုရွှမ်သွေးသည် ထူးထူးခြားခြား အစွမ်းရှိကြောင်း သိလိုက်သည်။ သူ့နှလုံးသားထဲတွင် သေချာ နားမလည်ခဲ့သေးသော်လာ်း ၎င်းသည် သခင်မလေး၏ ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖယ်ရှားပစ်လိုက်သည်။
"အမ် အဘိုးလင်းယုန် သမီးဘာလို့ အိပ်ပျော်သွားတာလဲ... အာ ကိုကိုလုရွှမ် ကိုကို ဘယ်တုန်းက ရောက်နေတာလဲ"
လုရွှအ့ သူမကို လင်းယုန်ကြီးထံ တွန်းပို့ပေးလိုက်သည်။
"သူမကို ကောင်းကောင်း စောင့်ရှောက်ထားပါ... ကျွန်တော် အလောင်းကောင်ကို သွားကြည့်လိုက်မယ်"
အလောင်းသည် ၎င်း၏ နားမလည်နိုင်သော မှော်အစွမ်းနှင့် ပတ်သက်၍ ကြည့်ရလျှင် မျှော်စင်နယ်ပယ် အထက်တွင် ရှိသော ကျင့်ကြံသူ ဖြစ်ပေမည်။ ယခုမူ လုရွှမ်သွေးထဲက စွမ်းအင်ကို ခံစားပြီးနောက်တွင် ယုတ်ညံ့သော လူသားမှာ အလွန်အစွမ်းထက်သော တန်ခိုးရှိကြောင်း လင်းယုန်ကြီး သိသွား၏။
သခင်မလေးက အစတုန်းက သူ့နောက်ကို လိုက်သတ်ခဲ့ပေမယ့် အခုပြန်လာတော့ သခင်မလေးရဲ့ ဒေါသတွေက ကောင်လေးအပေါ်မှာ မရှိတော့ပေ။ ဒီကောင်လေးက သခင်မလေးကို စည်းရုံးဖို့ ခွန်အားကို ပြသခဲ့လိမ့်မည်။ အခု ကြည့်ရတာ သူခန့်မှန်းသလို အရမ်းဖြစ်သည်။
အလောင်းကောင်သည် အမျိုးသမီး သုံးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်သော်လည်း သူကသာ အသာစီးရနေခဲ့သည်။ လုရွှမ်သည် ခွန်အားနည်းသော အမျိုးသမီးသုံးဦး၏ တိုက်ပွဲအုပ်စုထဲသို့ အလျင်စလို မပြေးဝင်ဘဲ သူတို့ကို ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။
မိန်းကလေးသုံးယောက်၏ ကျင့်ကြံမှုသည် မျှော်စင်နယ်ပယ် ပထမအဆင့်တွင် တည်ငြိမ်နေပြီး ၎င်းတို့၏ စွမ်းအင်က နူးညံ့သည်။ သို့သော် လူသုံးယောက်၏ တိုက်ခိုက်မှုကို လုံးဝ မတိုးနိုင်ဘဲ အလောင်းကောင်ရဲ့ ခန္ဓာကိုယ်အပေါ် အယားပြေရုံသာ ရှိပြီး တိုက်ခိုက်မှုမှာ ပျောက်ကွယ်သွားသလိုပင်။
အလောင်းနတ်ဆိုးသည် ဤအချက်ကို လုံးဝ ကျင့်သားရထားသလို ပြန်မတိုက်ဘဲ အသာလေးသာ ခုခံနေသည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်း၏တိုက်ခိုက်မှုသည် အမျိုးသမီးသုံးဦးကို စိတ်ဆင်းရဲသွားစေခဲ့သည်။
အကယ်၍ အမျိုးသမီးသုံးဦးသည် အံ့သြဖွယ်အစွမ်းသတ္တိရှိပြီး ရိုးရိုးရှင်းရှင်း ပူးပေါင်း၍ မဆောင်ရွက်နိုင်ပါက ဖုတ်ကောင်များ၏ တိုက်ခိုက်မှုကြောင့် အလွန်လျင်မြန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။
အလောင်းကောင်ရဲ့ ခန္ဓာကိုယ်မှာ ကြောက်စရာ အကောင်းဆုံး အရာမဟုတ်ပါ။ အနက်ရောင် စွမ်းအင်များကသာ အပြင်ဘက်သို့ တဟုန်ထိုး ပျံ့နှံ့သွားပြီး ၎င်းတို့ သုံးဦးကို သိသိသာသာ ကြောက်လန့်သွားကာ ၎င်းတို့၏ စွမ်းအားများကိုလည်း အလွန်လျော့ကျသွားသည်။
"ရှင် ကူညီဖို့ မလာသေးဘူးလား!"
ယွမ့်ချောင်ချင် ဒေါသကြီးဖြင့် အော်လိုက်သည်။ အဘိုးလင်းယုန် မသေသေးသည်ကို မြင်လိုက်ရကာ ညီမဖြစ်သူလည်း အသက်ရှင်နေသေးတာကြောင့် အလွန်စိတ်လှုပ်ရှားသွားကာ ဤအလောင်းကောင်ကို ပို၍ပင် သတ်ပစ်ချင်လာသည်။
ဒါပေမဲ့ အကြိမ်ပေါင်းများစွာ ခွန်အားအပြည့်နဲ့ သတ်ပြီးနောက်မှာတော့ အလောင်းဟာ ဝါးမျိုလို့မရနိုင်တဲ့ သံပြားတစ်ခုလို ဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။ နောက်တော့ လုရွှမ်ဟယ ဘေးကနေ ပွဲကြည့်နေတာကို မြင်ရတော့ ဒေါသအရမ်းထွက်ပြီး မထိန်းနိုင်ဘဲ အော်လိုက်မိသည်။
နှင်းဖွဲတောင်ပေါ်မှ နတ်သမီးက ယွမ့်ချောင်ချင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေ၏။ သူမသည် ယခင်က ဤလူသတ်သမား နောက်သို့ လိုက်သတ်နေတာ မဟုတ်ပါလား။ ယခုအခါ နတ်မီးနယ်ပယ် ပထမအဆင့်ရှိ လူထံမှ အမှန်တကယ် အကူအညီ တောင်းခံနေခဲ့သည်။
လုရွှမ် နတ်ဓားကို ဆွဲထုတ်လိုက်သည်။ ဧကရာဇ်လက်နက်က အလောင်းကောင်ရဲ့ အကာအကွယ်ကို လုံးဝ ဖြတ်မသွားနိုင်ပေ။
"အဲဒါက နတ်လက်နက်ပဲ!"
နတ်လက်နက်သည် အဖုံးမပါသဖြင့် ထက်မြက်သော တန်ခိုးကို ဖုံးကွယ်ထား၍ မရတော့ဘဲ ဒဏ်ရာရနေသော ကျင့်ကြံသူတစ်ယောက်က မထိန်းနိုင်ဘဲ ထအော်ပြောလိုက်သည်။ ဖုတ်ကောင်ကို တိုက်ခိုက်နေတဲ့ အမျိုးသမီး သုံးယောက်တောင်မှ တအံ့တသြ ဖြစ်သွားသည်။
"နတ်လက်နက်လား?"
ဒါက ဒဏ္ဍာရီ မဟုတ်ပေမယ့် ဟေးရန်အဖွဲ့အစည်း အစွမ်းထက်တဲ့ ထိပ်တန်းခေါင်းဆောင်တွေသာ ပိုင်ဆိုင်နိုင်တဲ့ အရာတစ်ခုပင်။
"ဘေးကို ဖယ်လိုက်!"
လုရွှမ် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဓားတစ်ချောင်းက အရှိန်ပြင်းလာပြီး ဓားစွမ်းအင်များ ပေါက်ထွက်လာကာ ဓားအလင်းကို အမြင့် ဆယ်ပေကျော်အထိ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် နတ်ဓားသည် ဆယ်ဆကျော် ကြီးထွားလာပြီး ၎င်းရဲ့ ထက်မြက်မှုတွေ ထွန်းတောက်လာကာ မြင်သူတိုင်း အတွက် ထူးထူးခြားခြား ဖြစ်နေသည်။
"ယွမ်ယန်ဓားကိုးစင်းရဲ့ စတုတ္ထမြောက်ဓား... လေထုကို ဖြတ်!"
လုရွှန် ပျော့ပျောင်းသော အသံနေအသံထားကို ထုတ်ပြီး ချင်ထျန်းဓားကို ဆန့်ထုတ်လိုက်သည်။ ဓားစွမ်းအင် တစ်လက်သာ ဖြစ်သော်လည်း လုရွှမ်၏ ဝိညာဥ်စွမ်းအင်နှင့် စိတ်ဓာတ်အားလုံးကို စုစည်းထားပြီး သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို ဤဓားတစ်ခုတည်းပေါ် ထည့်သွင်းထား၏။
အလင်းဓားကြီးသည် ခုတ်ထစ်လာသဖြင့် ရွှေချင်းလင်နှင့် အခြားသူများ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ ဖုတ်ကောင်က အော်ဟစ်လိုက်ပြီး သိုလှောင်ကွင်းမှ မှော်လက်နက်တစ်ခုကို ထုတ်ကာ လုရွှမ်၏ ဓားကို ရင်ဆိုင်လိုက်သည်။
"နောက်ထပ် နတ်ဓားတစ်ချောင်း!"
တစ်စုံတစ်ယောက်က အော်ပြောသော်လည်း ချက်ချင်းပင် နတ်ဓားနှစ်ချောင်းကို တိုက်မိခြင်းကြောင့် ကြီးမားသော ထိတ်လန့်တုန်လှုပ်သွားသော အသံက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။ နတ်မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။
ကြည်လင် တောက်ပသော အလင်း၊ အသံနှင့်အတူ နတ်လက်နက်၏ အကျိုးသက်ရောက်မှု၏ အလယ်ဗဟိုမှ နေလုံးကြီးလို ထွက်ပေါ်လာသည်။
လုရွှမ် ခန္ဓာကိုယ်သည် အနောက်သို့ ပျံထွက်သွားသည်။ ဤဓား၏ တန်ပြန် တိုက်ခိုက်သည့် စွမ်းအားမှာ ကြီးမားလွန်းသဖြင့် သူသည် လုံးဝ မခုခံနိုင်ဘဲ ဧရာမသစ်ပင်ကြီး တစ်ပင်အောက်ကို ဝင်ဆောင့်မိတော့သည်။
လည်ချောင်းထဲက ချိုမြိန်သွားတဲ့ အရသာနဲ့အတူ ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။ သူ့အတွင်းစိတ်က တုန်ယင်နေပြီး ဒဏ်ရာများစွာ ရသွားကြောင်း ခံစားခဲ့ရသည်။ ဆေးတစ်လုံး အမြန်သောက်ရင်း စိမ်းပြာနဂါးနှလုံးနဲ့အတူ ဒဏ်ရာများကို အမြန်ပျောက်ကင်းစေလိုက်သည်။
ကြီးမားသော ရိုက်ခတ်မှုသည် အနီးနားရှိလူတိုင်းကို လွင့်စင်သွားစေကာ မြေကြီးပေါ်မှာလည်း တွင်းကြီးတစ်ခု ပေါ်ထွက်လာသည်။ ဓားစွမ်းအင်ကြောင့် လုံးလုံးလျားလျား ဖြစ်ရသည့် တွင်းငယ်များ၊ အပေါက်ငယ်များလည်း ရှိသေးသည်။
အလယ်ဗဟိုတွင်တော့ အလောင်းကောင်က မလှုပ်မယှက် ရပ်နေသည်။