ကိုယ်ခွဲ
Vol. 14 Ch. 206
"သတိထား.. အဲ့တာက ရေနေကြာရဲ့ ဝိညာဉ်ရေးရာ အနှစ်သာရပဲ။ အဆင့်နိမ့်တဲ့ မှော်လက်နက်တွေက အဲ့တာကို ထိတွေ့လိုက်တာနဲ့ အချည်းနှီး ဖြစ်သွားနိုင်တယ်”
လင်းရှန်၏ အမူအရာသည် ပို၍ပင် လေးနက်လာသည်။
သူ့ကိုယ်ပေါ်ရှိ တိမ်တိုက်ဖိနှိပ်ရေး ၀တ်ရုံသည် သာလွန်အဆင့် မှော်လက်နက်
တစ် ခုဖြစ်သော်လည်း ရေနေကြာ၏ ဝိညာဉ်ရေးရာအနှစ်သာရကို အကြိမ်
အနည်းငယ်ထက် ပို၍ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
မဆိုင်းမတွဘဲ လင်းရှန်သည် လေဟုန်စီးခြင်းကိုအသုံးပြုပြီး အရှိန်တိုးမြင့်နိုင်သော အဆောင်များစွာကို သူ့ခန္ဓာကိုယ်ပေါ်သို့ရိုက်လိုက်သည်။ သူသည် မှုန်ဝါးသော မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နေရာတစ်ခုအထိ ပျံသန်းသွားခဲ့သည်။
အချိန်ကာလ မည်သို့ပင်ရှိစေကာမူ ၊ လေဟုန်စီးခြင်းနှင့် အဆောင်၏ ပံ့ပိုးမှုကြောင့် လင်းရှန်၏ လက်ရှိအမြန်နှုန်းသည် ချိုကြီးသမင်ထက်ကို ကျော်လွန်နေပြီဖြစ်သည်။
ဒါတောင် သူက လေးလေးနက်နက် အာရုံစိုက်နေတုန်းပင်။
မျှော်လင့်ထားသလိုပဲ မကြာခင်မှာ ရင်းနှီးတဲ့လေသံက အနောက်ကနေ ထွက်ပေါ် လာသည်။
လင်းရှန်သည် သူ့မျက်လုံးထောင့်မှ နောက်သို့ လှည့်ကြည့်လိုက်ရာ ရေနေကြာ တိမ်တိုက်၏ ဝိညာဉ်အနှစ်သာရက သူ့ဆီသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းပဲ ဘေးကို ရှောင်ထွက်သွားကာ တိမ်တိုက်နဂါးရဲ့ အရိပ်က သူ့ခန္ဓာကိုယ်မှာ ပေါ်လာသည်။ တိမ်တိုက်နဂါးစည်းချက်နဲ့အတူ သူက လျှပ်စီးလက်သလို မြန်လာသည်။
ရေနေကြာ၏ဝိညာဉ်ရေးရာ အနှစ်သာရက နှေးကွေးသည်ထင်ရပေမဲ့ ထူးထူးခြားခြား မြန်ဆန်သည်။ ၎င်းသည် ထောင့်ပေါင်းစုံကို လှည့်ကာ လင်းရှန်နောက်သို့ ဆက်လက်လိုက်နေသည်။
မရှောင်နိုင်တော့တာသိတော့ လင်းရှန်က ဆုံးဖြတ်ချက်ချခဲ့သည်။ သူ့လက်ချောင်းများကို ထုတ်ပြီး ဓားစွမ်းအင်ခုနှစ်စင်းမှ နှစ်စင်းကို လျှပ်စီးလက်သလို ထိုးဖောက်ပြီး ရေနေကြာဝိညာဉ်ရေးရာအနှစ်သာရဆီသို့ ပစ်
လွှတ်လိုက်လေသည်။ ထို့နောက် သူက အရည်ပျော်ခြင်းကိုပါ ထုတ်လိုက်သည်။
ရွှမ်
သံကိုတောင် ထိုးဖောက်နိုင်သော ဓားစွမ်းအင်ခုနစ်ခုသည် ရေနေကြာ၏ ဝိညာဉ်ရေးရာအနှစ်သာရကို ထိပြီးနောက် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ရေနေကြာသည် ဝိညာဉ်ရေးရာအနှစ်သာရကို ထပ်မံလှိမ့်တက်လာစေပြီး အနီရောင် လက်ဖဝါးကို အချည်းနှီးဖြစ်စေကာ လင်းရှန်ဆီကို မရပ်မနား ထိမှန်သွားပြန်သည်။
ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်လာပြီး ရွှေရောင်ချပ်ဝတ်တန်ဆာ၏ အရိပ်ပေါ်လာသည်။
သို့သော်လည်း ယခင်ကရန်သူ၏ တိုက်ခိုက်မှုများကို အမြဲခုခံတွန်းလှန်ခဲ့သည့် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာသည် မှေးမှိန်ပျောက်ကွယ်မသွားမီ မျက်စိတစ်မှိတ်မျှသာကြာခဲ့သည်။
ချက်ချင်းပင် တိမ်လွှာအလင်းတန်းတစ်ခု ပေါ်လာပြီး လင်းရှန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
အကြိမ်များစွာ အားနည်းသွားပြီးနောက် ရေနေကြာ၏ ဝိညာဉ်ရေးရာ အနှစ်သာရသည် ယခင်ကလို ပြင်းထန်ခြင်းမရှိတော့ဘဲ ရပ်တန့်သွားပြီး နောက်ဆုံးတွင် ဘာမှမဖြစ်တော့ပေ။
ဒါကိုမြင်တော့ လင်းရှန်က ပြုံးလိုက်သည်။
ဓားစွမ်းအင်ခုနစ်ခု ၊ အရည်ပျော်ခြင်း၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ် တန်ဆာနှင့် တိမ်တိုက်ဖိနှိပ်ရေးဝတ်ရုံစသည့် နည်းလမ်းလေးခု၏ တိုက်ခိုက်မှုကြောင့် အားပျော့သွားသော်လည်း ရန်သူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားရုံသာ ရခဲ့သည်။
ထို့အပြင် တိမ်တိုက်ဖိနှိပ်ရေးဝတ်ရုံသည် ပျက်စီးနေပြီဟု သူခံစားမိသည်။
ဤသည်မှာ ကျင့်ကြံသူ သခင်၏ ခွန်အား၃၀ % ဖြင့် တိုက်ခိုက်ခြင်းသာဖြစ်ပြီး စွမ်းအားသည် ကြောက်စရာကောင်းနေပြီဖြစ်သည်။
အမှန်တော့ ကျင့်ကြံသူသခင်များသည် သူတို့ပြောသကဲ့သို့ ကြောက်စရာပင်။
ယခင်က လင်းရှန်သည် ၎င်းတို့ မည်မျှ အစွမ်းထက်ကြောင်းကို ကြားသိခဲ့ရ သော်လည်း ယခုအခါတွင် ကိုယ်တိုင်နားလည်လာပြီပင်။
၎င်းက တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူများနှင့် လုံးဝကွဲပြားသည်။
"ဒီတိုက်ပွဲကို ငါဘယ်လိုမှ တိုက်နိုင်မှာ မဟုတ်ဘူး”လင်းရှန်က ခါးခါးသီးသီး ပြောလိုက်သည်။
အလင်းတန်းတစ်ခုသည် အဝေးမှ ချဉ်းကပ်လာပြီး လင်းရှန်နှင့် မီတာတစ်ရာအကွာ
တွင် ရပ်တန့်သွားသောအခါချောမောသော လူငယ်တစ်ယောက်အဖြစ် ပေါ်လာသည်။
ဝူလောင်သည် လင်းရှန်ကို အကဲခတ်နေ၏ သူ့မျက်နှာသွင်ပြင်မှာ အနည်းငယ် လေးကန်နေသော်လည်း လင်းရှန်ကို စိတ်ဝင်စားကြောင်း ပြောနိုင်သေးသည်။
"စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းကတောက်ပသောဝင်ပေါက် တတိယအဆင့်မှာပဲ ရှိသေးပေမယ့် ရေနေကြာပန်းရဲ့ ဝိညာဉ်ရေးရာ အနှစ်သာရတစ်ခုကို ဒဏ်ရာအနာတရမရှိဘဲ တားဆီးနိုင်ခဲ့တယ်။ ခွန်အားရဲ့ ၃၀% ပဲဆိုပေမဲ့ အဲ့တာက အရမ်းခက်တယ် “
"မင်း အခုသုံးနေတဲ့ ကိုယ်ခံပညာကို ကြည့်ရသလောက် မင်းက နေကိုးစင်းဂိုဏ်းက မလား"
အဲ့တာက မေးခွန်းဆိုပေမယ့် သူက အတော်လေးသေချာနေ၏
လင်းရှန်က ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။
နှစ်ဖက်စလုံးသည် ရန်သူများဖြစ်ကြသော်လည်း ကျင့်ကြံသူများအတွက် လိုအပ်သော လေးစားမှုကို ပြသနေဆဲဖြစ်သည်။
ဝူလောင်သည် လင်းရှန်ကို အရှက်တကွဲဖြစ်စေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ၎င်းအစား သူ့ကို ချီးကျူးခဲ့သည်။
“နေကိုးစင်းဂိုဏ်းက နှစ်ထောင်ပေါင်းများစွာ ရှိနေခဲ့တဲ့ လမ်းစဉ်မလွဲတဲ့ဂိုဏ်းတစ်ခုပဲ။
သူတို့က ဂျူနီယာတပည့်တွေကို ကောင်းကောင်းပြုစုပျိုးထောင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်။ အနောက်ဘက်ရွံ့ညွှန်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ခံပညာတွေတတ်မြောက်တဲ့ ဂျုနီယာတပည့်တွေမရှိသလောက်ပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာက ငါ့မှာရွေးစရာမရှိတော့ မင်းက ဒီနေ့ သေရတော့မယ်”
"ဒါပေမဲ့ ငါ မင်းကို အခွင့်အရေးယူမှာ မဟုတ်ဘူး။ငါ့ကိုယ်ခွဲဆီကနေ အနောက် ရွှံ့ညွန်ကြီးက လွတ်မြောက်နိုင်သရွေ့ ဝူကျင်းကိုသတ်ပစ်တဲ့ ကိစ္စအတွက် မင်းကို ရှေ့လျှောက်မှာ ပြဿနာရှာမှာ မဟုတ်ဘူး”
လင်းရှန် ဘာပြန်ပြောနိုင်မလဲ ။ သူက ခေါင်းညိတ်ရုံသာ သဘောတူနိုင်သည် ။
"ဒါက သဘောတူညီချက်တစ်ခုပဲ”
သူပြောပြီးသည်နှင့် မီတာတစ်ရာအကွာအဝေးကနေ လေပြင်းကဲ့သို့ ပြေးလာခဲ့သည်။
ဝူလောင်သည် ဘာမှမထူးခြားသလို ပြုံးလိုက်ပြီး ရေနေကြာ၏ ဝိညာဉ်ရေးရာ အနှစ်သာရ ဘောလုံးနှစ်လုံးကို ထုတ်လိုက်သည်။ မျက်လုံးတစ်မှိတ်အတွင်းမှာပင် ၎င်းက လင်းရှန်နောက်သို့ လိုက်သွားခဲ့သည်။
လင်းရှန်သည် နောက်ပြန်လှည့်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
သူသည်အရည်ပျော်ခြင်း၊ နေကိုးစင်း နတ်ဘုရားဓား၊ ဓားစွမ်းအင်ခုနစ်ခုနှင့် လျှပ်စီးလက်ဝါးတို့ကို အသုံးပြုလိုက်သည်။ ထို့နောက် သူ၏သိုလှောင်အိတ်အတွင်းမှ ခရမ်းရောင်အဆောင်သုံးခုကို ထုတ်ယူလိုက်၏ ကြာရှည်စွာအသက်ရှုခြင်း နဝမမြောက်အဆင့်ရှိ စက္ကူစစ်သားသုံးဦးကို ခေါ်ယူခဲ့ပြီး ရေနေကြာအနှစ်သာရကို တားစေခဲ့သည် ။
ကိုယ်ခံပညာပေါင်းစုံအောက်တွင် သူသည် နောက်ဆုံးတော့ ရေနေကြာ၏ ဝိညာဉ်ရေးရာအနှစ်သာရဘောလုံးနှစ်လုံးကို ပိတ်ဆို့နိုင်ခဲ့သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ဝူလောင်သည် ပါးစပ်ကိုဖွင့်ကာ ထိုဝိညာဉ်ရေးရာ အနှစ်သာရသုံးခုကို ထုတ်လိုက်ပြန်သည်။
လင်းရှန်က ကျိန်ဆဲရုံသာ တတ်နိုင်သည်။ ဒါတွေက မကုန်သေးဖူးလား
သူသည် သူ့ကိုယ်ပွားများကို မခေါ်ချင်သော်လည်း သူခေါ်ခဲ့လျှင်လည်း ဝူလောင်
နှင့် မယှဉ်နိုင်သေးပေ။
သူ၏ကိုယ်ပွားများသည် ၎င်း၏နောက်ဆုံး ဝှက်ဖဲဖြစ်သည်။ ၎င်းကို အသုံးပြု ပြီးနောက် သူ၏လက်ရှိအခက်အခဲကို မလွတ်မြောက်နိုင်ခဲ့ပါက အရာအားလုံးသည် ပြီးသွားမည်ဖြစ်သည်။
ထိုစွမ်းရည်ကို အရင်ဆုံးလျှိုထားပြီး အရေးကြီးသောအခိုက်အတန့်တွင် ၎င်းကို အသုံးပြုရမည်။အဲ့တာက မမျှော်လင့်ထားသောအကျိုးသက်ရောက်မှုဖြစ်ကောင်းဖြစ်နိုင်သည်။
လင်းရှန်သည် ရေနေကြာ၏ ဝိညာဉ်ရေးရာ အနှစ်သာရကို တိုက်ခိုက်နေချိန်၌ သူ့စိတ်ထဲတွင်ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။
"လင်းရှန်”
အဲ့တာက မြေခွေးနီရဲ့အသံပင်။
လင်းရှန်မျက်လုံးထောင့်မှ လှည့်ကြည့်လိုက်စဉ် လင်းရှန်၏ နှလုံးခုန်သံက ပိုမြန် သွားသည်။
ဧရာမချိုနဲ့ သမင်ကြီးပေါ်မှ လှိမ့်ဆင်းလာပြီးနောက် မြေခွေးနီသည် ပျောက်ကွယ် သွားခဲ့သည်။
လင်းရှန်သည် ၎င်းလွတ်မြောက်သွားပြီဟု ထင်ခဲ့သော်လည်း အနီးနားတွင် ပုန်းနေသေးပုံ ရသည်။
အံ့ဩစရာက ဝူလောင်သည် မြေခွေးနီကို သတိပြုမိပုံမပေါ်ပေ။
"မင်းနဲ့ဆက်သွယ်ဖို့ အသံထုတ်လွှင့်တဲ့နည်းစနစ်ကို ငါအသုံးပြုနေတာ။ ဝူလောင် သတိမထားမိစေနဲ့”
လင်းရှန်၏အမူအရာမှာ မပြောင်းလဲဘဲ ရေနေကြာ၏ဝိညာဉ်ရေးရာ အနှစ်သာရကို တွန်းလှန်ရန် ဆက်လက်အာရုံစိုက်နေ၏
"မင်းကို အနောက်ဘက် ရွှံ့ညွန်ကြီးကနေ လွတ်မြောက်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းရှိတယ် ။ဒါပေမယ့် ဝူလောင်ရဲ့ အာရုံကို ဆွဲဆောင်ဖို့ မင်းရဲ့အကူအညီကို ငါလိုတယ်”
လင်းရှန်က ဘာမှပြန်မပြောပေ။ နည်းစနစ်ကို မသိ၍ မတုံ့ပြန်နိုင်ခဲ့သောကြောင့် သူက ဆက်လက်တိုက်ခိုက်နေခဲ့သည်။
နောက်တစက္ကန့်တွင် လင်းရှန်၏ရုပ်သည် ရုတ်တရက် မှုန်ဝါးသွားကာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် သူသည် ခုနစ်ခြမ်းကွဲသွားသည်။ တစ်ချိန်တည်းတွင် သူရှိသမျှစွမ်းအားနဲ့ အကြွင်းမဲ့ တိုက်ခိုက်ပြီး ရေနေကြာ၏ ဝိညာဉ်အနှစ်သာရ ဘောလုံးသုံးခုက ချက်ချင်း ကွဲအက်သွားသည်။ထို့နောက် သူက ဝူလောင်ကို တိုက်ခိုက်သည်။
ကြက်သွေးရောင်လက်ဖဝါး၊ မမြင်နိုင်သောဓားစွမ်းအင်၊ တောက်လောင်နေသော အဖြူရောင်လျှပ်စီးကြောင်းများ... မျိုးစုံတိုက်ခိုက်မှုများသည် ကောင်းကင်နှင့် မြေကြီးကို ချက်ချင်းလွှမ်းမိုးသွားပြီး ဝူလောင်ဆီသို့ အရှိန်ပြင်းပြင်းနှင့် ရောက်သွားသည် ။