စစ်တုရင်နယ်ရုပ်နှင့် စစ်တုရင်ခုံ (၁)
Vol. 14 Ch. 207
"ကိုယ်ပွါးမှော်စွမ်းအား”
ရုတ်တရက်အပြောင်းအလဲကြောင့် ဝူလောင် အံ့သြသွားသည်။
ထို့နောက် သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ကိုယ်ပွားများ၏ အစွမ်းသတ္တိက လုံးဝမလျော့သွားကြောင်း သူ စူးရှစွာ ခံစားမိသောကြောင့်ပင်။
အမှန်တော့ ဤနေရာတွင် "ဝူလောင်" သည် သူ၏ ခွန်အား ၃၀%သာရှိသော ကိုယ်ပွါးဖြစ်သည်။ လင်းရှန်ကို လွယ်ကူစွာ တိုက်ခိုက်နိုင်သော်လည်း "လင်းရှန်" ခုနစ်ယောက်ကို ရင်ဆိုင်ရသောအခါတွင် သူသည် ယခင်ကဲ့သို့ ငြိမ်သက်ခြင်း
မရှိတော့ပေ။
လေးလေးနက်နက်အကြည့်နဲ့ ဝူလောင်သည် ပါးစပ်ကိုဖွင့်ကာ ရေနေကြာ၏ ဝိညာဉ်ရေးရာအနှစ်သာရ ၁၈ ခုကို တစ်ခုချင်း ထွေးထုတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် တိမ်များနှင့် မြူခိုးများက ကာကွယ်ပေးထားသည်။
ဓားစွမ်းအင်နှင့် မိုးကြိုးများသည် တိမ်များနှင့် နွေဦးလေပြေကဲ့သို့ မြူမှုန်များပေါ်သို့ ကျရောက်လာကာ ဝူလောင်အပေါ် သက်ရောက်မှုမရှိပေ။
တိုက်ခိုက်မှုတွေ ပျောက်ကွယ်သွားတဲ့အခါ စွမ်းအင်ဆယ့်ရှစ်ခုထဲမှ ဝိညာဉ်ရေးရာ အနှစ်သာရရဲ့ သုံးပုံနှစ်ပုံ ကျန်နေသေးသည်။
ရေနေကြာ၏ဝိညာဉ်ရေးရာအနှစ်သာရမှ ကာကွယ်ပေးထားသော ဝူလောင်သည် လုံးဝထိခိုက်မှုမရှိပေ။
သို့သော် ဝူလောင်သည် ဝိညာဉ်ရေးရာအနှစ်သာရကို ခွဲထုတ်လိုက်သောအခါတွင် အရင်ကလို နေရာမဟုတ်တော့သည်ကို တွေ့ရတာကြောင့် အံ့အားသင့်သွားသည်။ သူ့ရှေ့တွင် လူးလိမ့်နေသော ကျောက်တုံးများနှင့်အတူ တောထူထပ်နေ၏
အနားမှာ ဘယ်သူမှမရှိပေ။ လင်းရှန် ဘယ်မှာလဲ။
ဝူလောင်၏ အကြည့်များ အေးခဲသွား၏ သူသည် သူ၏ ဝိညာဉ်ရေးရာ အသိစိတ်ကို လွှတ်ပေးခဲ့သော်လည်း မီတာ(၁၀၀) အချင်းဝက်သို့ ပျံ့နှံ့သွားသောအခါ ခိုင်ခံ့သော နံရံကို ထိမိသွားသလိုပင်။
"ထင်ယောင်ထင်မှားတစ်ခု”
သူ၏ကိုယ်ပွားနှင့်ပူးပေါင်းပြီးနောက် လင်းရှန်သည် ရုတ်တရက် သူ့ပုခုံးပေါ်မှ အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ မြေခွေးနီ တစ်ကောင်ကို တွေ့လိုက်ရသည်။
"မြန်မြန် ထွက်သွားရအောင်” မြေခွေးနီကပြောသည်။
အခြေအနေက အရေးတကြီးဖြစ်နေတော့ လင်းရှန်က ဘာမှ သိပ်မေးမနေတော့ပေ ။ သူက တမ်းလှည့်ထွက်ပြီး သူ့ကိုယ်ပွါးတွေနဲ့ ပူးပေါင်းတိုက်ခိုက်သည့် ရလဒ်ကို ကြည့်ဖို့တောင် အချိန်မရလိုက်တော့ပေ။
ကီလိုမီတာ ၂၀မှ ၃၀ အထိ ပြေးပြီးနောက် လင်းရှန်သည် ဝူလောင်နောက်မှ လိုက်လာနေသည်ကို မတွေ့ရသေးပေ။ ထိုမှပင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
"မင်း ဝူလောင်ကို ဘာလုပ်လိုက်တာလဲ"
“ဒါက လှည့်စားမှုတစ်ခုပဲ” မြေခွေးနီက ပြောသည် “ဒါပေမယ့် အဲဒါက သူ့ကို အချိန်အကြာကြီး နှောင့်နှေးအောင်လုပ်လို့မရဖူး ။ နောက်ထပ် ဆယ့်ငါးမိနစ် အတွင်းမှာ သူကလှည့်စားမှုကနေ လွတ်မြောက်ပြီး ငါတို့နောက်ကိုဆက်ပြီး လိုက်နိုင်မှာ”
လင်းရှန် အံ့သြသွားသည်။
ဝူလောင်၏ ကိုယ်ခွဲတွင် သူ၏ စွမ်းအားအပြည့်၏ ၃၀% သာရှိသော်လည်း ၎င်းသည် တောက်ပသောဝင်ပေါက် နဝမအဆင့် ကျင့်ကြံသူထက် များစွာ အားကောင်းနေပြီ ဖြစ်သည်။
မြေခွေးနီသည် ဝူလောင်၏ ကိုယ်ခွဲကို ဖမ်းဆုပ်ရန် လှည့်စားမှုကို အမှန်တကယ် အသုံးချနိုင်ခဲ့သည် ။ သူမကလည်း အတော်လေး စွမ်းအားရှိသည်။
မြေခွေးနီသည် သာမန် ဉာဏ်အလင်းရခြင်း အဆင့်နတ်ဆိုးမဟုတ်တဲ့ပုံပင်
သို့သော် လင်းရှန်သည် အံ့သြသွားသော်လည်း နောက်ထပ် စုံစမ်း မမေးမြန်းခဲ့ပေ။
ဘာပဲဖြစ်ဖြစ် မြေခွေးနီက သူ့အသက်ကို ကယ်ခဲ့သည်။
ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် သူ့ခန္ဓာကိုယ်ကို နောက်ထပ် အဆောင်
အနည်းငယ်နဲ့ ရိုက်လိုက်ပြီး အရှိန်မြှင့်လိုက်သည်။
ချိုကြီးသမင်မပါဘဲ သူသည် လေဟုန်စီးခြင်းကိုသာ ဆက်လက်အသုံးပြုခဲ့သည် ။
ကံကောင်းထောက်မစွာ သူ ခရီးမထွက်မီ ပြန်လည်နိုးကြားရေးဆေးအများအပြား ယူဆောင်လာသောကြောင့် သူဆက်သွားနိုင်သည်။
ဆယ်မိနစ်ခန့်အကြာတွင် လင်းရှန်သည် မိုးကုတ်စက်ဝိုင်းအလွန်ရှိ အနောက်ဘက် ရွှံ့ညွှန်ကြီး၏ နယ်နိမိတ်ကျောက်တုံးကို မြင်နိုင်နေပြီဖြစ်သည်။
သူ အဲဒီနေရာကို ကျော်သွားသရွေ့ ဝူလောင်နဲ့ အလောင်းအစားတွင် နိုင်သွားပြီပင်။
ထိုအချိန်တွင် လင်းရှန်၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ သူနောက်ကို လှည့်ကြည့်လိုက်တော့ ကောင်းကင်ယံမှ ဥက္ကာပျံ ဖြတ်သွားသကဲ့သို့ အဝေးမှ ရေတိမ်တိုက်များကို တွေ့လိုက်ရသည်။
ဒါဝူလောင်ပင်။
လင်းရှန် နှလုံးသည် ခုန်သွားကာ သူ့ကိုယ်ပွားများကို ချက်ချင်းခေါ်လိုက်သည်။
သူတို့ပေါ်လာသည်နှင့်တပြိုင်နက် ဝူလောင်ဆီတွန်းပို့ပြီး လင်းရှန်သည် အခွင့်အရေးကို အရှိန်ယူကာ နယ်နိမိတ်ကျောက်တုံးဆီသို့ အပြေးအလွှားသွားလေ၏
ဝူလောင်သည် မျက်လုံးများကို မှိတ်ထားပြီး လက်ကိုမြှောက်လိုက်သည်။ ရှေ့သို့ ပြေးလားသော ကိုယ်ပွါးတစ်ကောင်သည် ချက်ချင်းပင် လျှပ်စီးနဲ့ ရိုက်ခတ်ခံရကာ ရောက်ရှိလာသည်နေရာထက်ကို လွန်ပြီး အရှိန်ဖြင့် လွင့်သွားခဲ့သည်။
ထို့နောက် သူ့လက်ကို ဆန့်တန်းကာ ညွှန်ပြလိုက်လေ၏ ။ အစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ၎င်းက လေပွေတစ်ခုလို လှည့်ပတ်နေ၏ တစ်ချက်တည်းနဲ့ သူ့ကို ဝိုင်းရံထားသော လူငါးယောက် လွင့်ပျံသွားသည်။
ဝူလောင်သည် ခဏမျှပင် မရပ်တန့်ခဲ့ပေ ။ လင်းရှန်ဆီလို အလင်းတန်းတစ်ခုလို တည့်
တည့်ပြေးသွားခဲ့ပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပင် နှစ်ဖက်ကြားရှိ အကွာအဝေးသည် မီတာ ၁၀၀ အောက်သို့ လျော့ကျသွားသည်။
ရွှမ်
လေကို ထိုးဖောက်သံနှင့်အတူ အစိမ်းရောင်လျှပ်စီးသည် လင်းရှန်၏ နောက်ကျောဆီသို့ တည့်တည့်ရောက်သွားသည် ။
အရေးကြီးသောအခိုက်အတန့်တွင် လင်းရှန်သည် ရုတ်တရက် နောက်ပြန် ဆုတ်သွား၏။
လေထုသည် ရုတ်တရက် မည်းမှောင်လာ၏ လေချွန်သံများကြားတွင် အနက်ရောင် မှင်ကျောက်သည် ပေါ်လာပြီး လက်ဖဝါးအရွယ်အစားသာ ရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပေဒါဇင်နှင့်ချီသော အချင်းဝက်အထိ ကျယ်ပြန့်လာသည်။ အနှိုင်းမဲ့လွှမ်းမိုးနိုင်မှု၊ ကြမ်းတမ်းသော ရောင်ဝါနှင့်အတူ ၎င်းက အစိမ်းရောင်လျှပ်စီးကို တိုက်ပစ်လိုက်သည်။ ချလွမ်..
ကြေးခေါင်းလောင်းမြည်သံလိုပင်
ထိပ်တိုက် တွေ့မှုအပြီးတွင် အစိမ်းရောင်အလင်းတန်းနှင့် မှင်ကျောက်တုံးက တပြိုင်နက် တုန်ခါလာပြီး သက်ဆိုင်ရာ သခင်ထံ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
ဝူလောင်သည် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အစိမ်းရောင် အလင်းတန်းသည် ပျောက်သွားသည်။ သူ့မျက်လုံးထဲတွင် အံ့ဩမှု အရိပ်အမြွက်များ ရှိနေ၏
"အထူးလက်နက်”
သူ့ရှေ့က လူသားကျင့်ကြံသူ လူငယ်လေးမှာ ဓမ္မ ရတနာတစ်ခု ရှိနေမည်ဟု မမျှော်လင့်ထားပေ။
ဤလူသည် နေကိုးစင်းဂိုဏ်း၏ သြဇာကြီးမားသော မျိုးနွယ်စုများ တိုက်ရိုက်
ဆင်းသက်လာသူ ဖြစ်နိုင်သလား။
ဝူလောင် အံ့ဩသွားသော်လည်း သူ ဆက်မတိုက်ခိုက်တော့ပေ။
ယခု နှောင့်နှေးမှုကြောင့် လင်းရှန်သည် နယ်နိမိတ်ကျောက်တုံးကို အမြန်ဖြတ်ကာ အနောက်ဘက်ရွှံ့ညွန်ကြီးထဲမှ ထွက်လာခဲ့သည်။
သဘောတူညီချက်အရ ဝူလောင်သည် ဤလောင်းကြေးတွင် ဆုံးရှုံးခဲ့သည်။
အလောင်းအစားကို ဆုံးရှုံးလိုက်သော်လည်း ဝူလောင်သည် ဒေါသလုံးဝမထွက်ပေ။ မျက်မှောင်ကျုံ့ပြီး လင်းရှန်၏ ပုခုံးပေါ်ရှိ မြေခွေးနီကို ကြည့်လိုက်သည်။
"ဟောင်ရှန် မြေခွေးမျိုးနွယ်စုရဲ့ မြေခွေးက နဂါးချောက်နက်တောင်တန်းမှာ နေရမဲ့အစား အနောက်ဘက်ရွှံ့ညွှန်ကြီးကို ဘာလို့ ရောက်လာတာလဲ။"
မြေခွေးနီသည် လင်းရှန်၏ပခုံးမှ ခုန်ဆင်းကာ ဝူလောင်ကို ဦးညွှတ်နေသကဲ့သို့ သူမ၏ ခြေလက်များကို အနည်းငယ်ကွေးထားသည်။
"ရှင့်ကို ခုနကစော်ကားမိလိုက်တယ်။ အဲ့တာကို ခွင့်လွှတ်ပါ။ ဒါပေမယ့် အလောင်းအစားမှာ အကူအညီရှာလို့မရဘူးလို့ မပြောထားဘူး ။ အဲ့တာကြောင့် ကျွန်မလုပ်ရပ်တွေက စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ ယူဆလို့ မရဘူး။ ဗိုလ်ချုပ်ဝူလောင်က ကျွန်မတို့ကို မတားနိုင်ဖူးလို့ ယုံကြည့်ထားပြီးသားပါ”
“မင်းတို့ မြေခွေးနတ်ဆိုးတွေက အမြဲ ကလိမ်ကကျစ် ကျတာပဲ”
ဝူလောင်က ပေါ့ပေါ့ပါးပါး သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည် ။
"ကောင်းပြီ၊ မင်းနဲ့ ငြင်းခုံဖို့ ငါ စိတ်မဝင်စားဘူး။ မင်းတို့ အလောင်းအစားကို နိုင်ပြီးပြီ၊ ဒါကြောင့် ဝူကျင်းကို သတ်တဲ့ ကိစ္စကို ဒီအတိုင်း ထားလိုက်မယ်။ ထိပ်တိုက် တိုက်ပွဲမှာ သေရတာနဲ့ပတ်သက်ပြီး ငြင်းခုံစရာ ဘာမှ မရှိပါဘူး။ ဒါပေမဲ့ မင်းကတော့ အနောက်ဘက် ရွှံ့ညွန်ကြီးထဲကို နောက်ထပ် ခြေတစ်လှမ်း မလှမ်းနိုင်စေရဘူး။"
“ကျွန်မ အခုထွက်သွားတော့မှာ “မြေခွေးနီက ညင်သာစွာပြောသည်။
ဝူလောင်သည် ဘာမှမပြောပေ။ လင်းရှန်ကို အကြာကြီးကြည့်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာ သွားခဲ့သည်။
ဝူလောင် မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လင်းရှန်က သက်ပြင်းချမိသည်။