← Chapters

စစ်တုရင်နယ်ရုပ်နှင့် စစ်တုရင်ခုံ (၂)

Vol. 14 Ch. 208

စစ်တုရင်နယ်ရုပ်နှင့် စစ်တုရင်ခုံ (၂)

Vol. 14 Ch. 208

ဝူလောင်သည် သူ့စကားအတိုင်း ပြန်သွားပါ့မလားဟု လင်းရှန် အနည်းငယ်စိုးရိမ်နေခဲ့၏ ကံကောင်းထောက်မစွာ ဝူလောင်သည် သူ့ကတိကို တည်ခဲ့ပြီး သူ့ကို ဆက်မတိုက်ခိုက်တော့ပေ။

ကျင့်ကြံသူအတွက် အရေးကြီးဆုံးအရာမှာ ကတိတစ်ခုပင်။ သူတို့အနေနဲ့ ကတိတစ်ခုပြုပြီးသည်နှင့် အလွယ်တကူ ဖောက်ဖျက်ဝံ့မည်မဟုတ်ကြောင်း ကောလာဟလများ ထွက်ပေါ်ဖူးသည်။

လင်းရှန်သည် သူ့အသိစိတ်ပြန်ဝင်လာသောအခါ မြေခွေးနီကို ကြည့်လိုက်သည်။

သူစိတ်လျှော့လိုက်သည်နှင့် မြေခွေးမျက်လုံးများထဲမှ အလင်းရောင်သည် မှုန်ဝါးသွား သည်ကို တွေ့လိုက်သည်။ ယခင်လို မတောက်ပတော့ဘဲ အလွန်ပင် နွမ်းလျ သွားသည်ကို သူသိလိုက်သည်။

ဝူလောင်ကို ထောင်ချောက်ဆင်ဖို့ မလွယ်ဘူးဆိုတာသိသာသည်။

"ကျေးဇူးတင်ပါတယ်”

မြေခွေးနီက ခေါင်းခါပြီး တုံ့ဆိုင်းခြင်းမရှိဘဲ  “ငါ့မိသားစုနောက်ခံအကြောင်း မသိချင်ဘူးလား” ဟု မေးသည်။

လင်းရှန်က ပြုံးပြီး "မင်းက  မြေခွေးမျိုးနွယ်ကလား"

လင်းရှန်သည် နတ်ဆိုးမျိုးနွယ် ငါးခုမှလွဲပြီး ဟောင်ရှန်မြေခွေးမျိုးနွယ်

အကြောင်းကို တစ်ခါမျှ မကြားဖူးသော်လည်း ဝူလောင်က သူ့အမည်ကို မှတ်မိသွားချေပြီ

"မင်းက တကယ့်ကို ထက်မြက်တဲ့ လူငယ်

တစ်ယောက်ပဲ”

မသိလိုက်ခင်မှာဘဲ မြေခွေးနီက လင်းရှန်ကို ဆက်ဆံပုံ ပြောင်းလဲခဲ့သည်။

"ကောင်းပြီ၊ ငါ့ကို မျက်နှာချိုသွေးနေတာတာ ရပ်လိုက်။ မင်းငါ့ဆီက တစ်ခုခု အကူအညီလိုနေတာ ဖြစ်နိုင်မလား၊ ဘာလဲ ပြောလေ။"

တကယ်တော့ လင်းရှန်က ဒါကို မှန်းဆထားပြီးသားပင်။

အစာအတွက်သက်သက်သာဆိုရင် မြေခွေးနီက ဝူလောင်အကြောင်းပြောပြရုံပင် ။ဝူလောင် လိုက်လာမှုကနေ လွတ်မြောက်ဖို့ ဘာကြောင့် သူ့အသက်စွန့်မှာလဲ။

နတ်ဆိုးသည် မည်မျှပင် ကြင်နာပါစေ၊ သူတို့သည် အခြားသူများအတွက် မိမိကိုယ်ကို စတေးမည်မဟုတ်ဆဆပ။

ထို့ကြောင့် မြေခွေးနီတွင် သူ့အား မေးစရာတစ်ခုရှိမည်ဟု လင်းရှန် မှန်းဆခဲ့သည်။

လင်းရှန်၏ စကားကိုကြားတော့ မြေခွေးနီက  အံ့ဩသွားသည် ။ သူ့ကိုကြည့်ရင်း မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။

သူမသည် ဟန်ဆောင်မှုကို ရပ်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ငါ့မှာ နင့်ဆီကနေ အကူအညီလိုတာတစ်ခုရှိတယ်”

“ပြောလေ” လင်းရှန်က တည်ငြိမ်စွာပြောသည်။

"လွန်ခဲ့တဲ့ နှစ်လလောက်က ငါ့မျိုးနွယ်က

လူသားကျင့်ကြံသူ အုပ်စုတစ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ ငါ့ရဲ့ မျိုးနွယ်စုတော်တော်များများကို အရှင်လတ်လတ် ဖမ်းမိခဲ့တယ်။ ငါ့ရဲ့ မျိုးနွယ်စုတချို့နဲ့ ငါသာပဲလွတ်မြောက်နိုင်ခဲ့တာ”

"မင်းရဲ့ မျိုးနွယ်စုတွေကို ကယ်စေချင်တယ်လို့ တော့ ငါ့ကို မပြောနဲ့” လင်းရှန်က မျက်ခုံးပင့်လိုက်သည်။

မြေခွေးနီက လင်းရှန်ကို စိုက်ကြည့်နေသည် ။ အဖြေက သိသာသည်။

လင်းရှန်က ချက်ချင်းပြန်မဖြေပေ။ ခဏလောက်စဉ်းစားပြီး "အဲဒီတိုက်ခိုက်သူတွေရဲ့ အထောက်အထားတွေကို မင်းသိလား"

မြေခွေးက ခေါင်းညိတ်သည် “ သူတို့က နေကိုးစင်းဂိုဏ်းက”

လင်းရှန်သည် ဘာစကားမှ မပြောနိုင်ပေ။

"နေကိုးစင်းဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ငါ့ကို နေကိုးစင်းဂိုဏ်းကဖမ်းထားတဲ့ နတ်ဆိုးတချို့ကို ကယ်စေချင်တာလား၊ ထူးဆန်းတဲ့ အကြံအစည်ပဲ”

ဒါပေမယ့် မြေခွေးနီက ရှင်းပြသည်။

"နင့်အတွက် ငါက ခက်ခဲအောင်လုပ်တာ မဟုတ်ပါဘူး။ အဲ့ထဲက လူအနည်းငယ်ကို စစ်ဆေးမေးမြန်းဖို့ ငါဖမ်းခဲ့တယ်။ သူတို့က နေကိုးစင်းဂိုဏ်းက လာပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေက အာဏာပိုင်တွေရဲ့ အမိန့်နဲ့ မဟုတ်ဘူး။ သူတို့မျိုးနွယ်စု အကြီးအကဲတွေရဲ့ အမိန့်နဲ့လုပ်နေတာ”

လင်းရှန်၏အမူအရာပြောင်းသွားပြီး  အသံတိုးတိုးနဲ့ပြော၏ "တိုက်ခိုက်သူတွေက ယန်

မိသားစုက မလား”

မြေခွေးနီက အံ့အားသင့်သွားပြီး “အဲဒါ ဘယ်လိုသိတာလဲ” ဟု စူးစမ်းသည်။

လင်းရှန်က မဖြေဘဲ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏

မျှော်လင့်ထားသည့်အတိုင်းပင်။

လွန်ခဲ့သည့်လအနည်းငယ်တွင် မြေခွေးမျိုးနွယ်ကို ပစ်မှတ်ထားသည့် နေကိုးစင်းဂိုဏ်းနှင့် ပတ်သက်သော သတင်းမရရှိခဲ့သော်လည်း တစ်စုံတစ်ဦးမှ ၎င်းတို့ကို တိုက်ခိုက်ခဲ့သည်။

မြေခွေးမျိုးနွယ်သည် တစ်နှစ်ပတ်လုံး နဂါးချောက်နက်တောင်တန်း၏ နက်ရှိုင်းရာတွင် နေထိုင်ခဲ့ပြီး တောင်တန်းတွင် မစ်ရှင်လုပ်ဆောင်သည့် ယန်မိသားစုမှသာလျှင် မြေခွေးမျိုးနွယ်ကို ရှာဖွေစရာမလိုပဲ တိုက်ခိုက်နိုင်မည်။

သို့သော်လည်း ယန်မိသားစုသည် ကျားဖြူတောင်တန်းလှိုဏ်ဂူကို ပြုပြင်နေရမည့် အစား မြေခွေးမျိုးနွယ်ကို အဘယ်ကြောင့် တိုက်ခိုက်ခဲ့သနည်း။

ထို့အပြင် မြေခွေးနီပြောစကားအရ ယန်မိသားစုသည် မြေခွေးနတ်ဆိုး အမြောက်အမြားကို အရှင်လတ်လတ်ဖမ်းဆီးခဲ့သည်။ သူတို့ဘာလုပ်ဖို့များလဲ

လင်းရှန် များများတွေးလေ၊ တစ်ခုခုမှားနေပြီဟု ခံစားရလေလေဖြစ်သည်။

ယန်မိသားစုက တစ်ခုခုကို ကြံစည်နေတာသိသာသည်။

လင်းရှန်သည် မြေခွေးနီကို ငုံ့ကြည့်ကာ ရုတ်တရက် မေးသည် "မြေခွေးမျိုးနွယ် ကနတ်ဆိုးမျိုးနွယ်ကြီးငါးခုရဲ့ အောက်ခြေအဆင့်မှာ  ရှိနေပေမဲ့ မင်းက တန်ခိုးကြီးတဲ့ နတ်ဆိုးမျိုးနွယ်တစ်ခုကပဲလေ။ ဘယ်လိုတောင် ယန်မိသားစာကိုရှုံးတာလဲ" ဟု မေးလိုက်သည်။

ယန်န်မိသားစုသည် အားနည်းနေပြီဖြစ်ပြီး သူတို့၏အင်အားမှာ ထင်ရှားသော မျိုးနွယ်စုများထက် အနည်းငယ်သာလွန်သည်။

မိသားစုကြီးငါးစုသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်နေကြသော်လည်း မိသားစုတစ်စု၏ အင်အားဖြင့် နတ်ဆိုးမျိုးနွယ်ကို သုတ်သင်ရန် မလွယ်ပေ။

နေကိုးစင်းဂိုဏ်းတစ်ခုလုံးသည် ကျားမျိုးနွယ်ကို သုတ်သင်ရန် ထွက်သွားရသည်။

မြေခွေးမျိုးနွယ်က ကျားမျိုးနွယ်ထက် နိမ့်ကျရင်တောင် ယန်မိသားစုက ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အရာတော့ မဟုတ်ပေ။

ထိုစကားကို ကြားသောအခါတွင် လူနှင့်တူသော ခါးသီးသည့် အပြုံးသည် မြေခွေး၏ မျက်လုံးများမှ တောက်ပလာသည်။

" ဒါကို နင်က မသိနိုင်ပေမယ့် ငါတို့ မြေခွေးမျိုးနွယ် က ကျားမျိုးနွယ် ၊ စပါးအုံးမျိုးနွယ်နဲ့  ဝက်ဝံမျိုးနွယ်တွေနဲ့ မတူဘူး ။ ငါတို့မှာ တိုက်ခိုက်ဖို့ စွမ်းအားမရှိဖူး။ ငါတို့က နဂါးချောက်နက် တောင်တန်းကြီးထဲမှာပဲ နေတာ။ ငါတို့တည်နေရာကို  ကောင်းကောင်းဖုံးကွယ်နိုင်ဖို့ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀)က မြေခွေးမျိုးနွယ်ကို  မျိုးနွယ်စု ဆယ်ခုထက်မနည်း ခွဲခြားလိုက်တာ ။ ဟောင်ရှန် မျိုးနွယ်ကလည်း အဲ့ထဲက တစ်ခုပဲ”

"ငါတို့ မျိုးနွယ်စုမှာက  အဖွဲ့ဝင် တစ်ထောင်လောက်နဲ့ ကျင့်ကြံသူသခင်သုံးဦးပဲရှိတာ။ ယန်မိသားစုက တစ်ချိန်တည်းမှာ ကျင့်ကြံသူ ခုနစ်ဦးကနေ ရှစ်ဦးကို စေလွှတ်ခဲ့တယ်လေ။ ငါတို့က သူတို့နဲ့မယှဉ်နိုင်ဖူးလေ”

လင်းရှန်သည် ထိုကဲ့သို့ လျှို့ဝှက်ချက်ကို ကြားရမည်ဟု မမျှော်လင့်ခဲ့ပေ။

မြေခွေးမျိုးနွယ်သည် နတ်ဆိုးမျိုးနွယ်ကြီးငါးခုတွင် အလျှို့ဝှက်ဆုံးဖြစ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

သေးငယ်သော  အဖွဲ့ခွဲနဲ့ဆို ၎င်းတို့သည် ဖုံးကွယ်နေရန် ပိုမိုလွယ်ကူသည်။

သို့သော် ချို့ယွင်းချက်ရှိသည်။ မကောင်းသော ရည်ရွယ်ချက်နဲ့ ရန်သူများက အသိုက်ကို ရှာဖွေတွေ့ရှိသည်နှင့် သေးငယ်သော မျိုးနွယ်စုသည် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် ခက်ခဲသည်။

ဟောင်ရှန်က ဥပမာတစ်ခုဖြစ်သည်။

"ယန်မိသားစုက မင်းတို့ကို ဘာလို့ဖမ်းချင်တာလဲ"လင်းရှန်က မေးသည်။

ယန်မိသားစုသည် လက်ရှိတွင် ကျားဖြူလိုဏ်ဂူကို ပြုပြင်ရန် တာဝန်ယူထားသည်။  

သူတို့က နတ်ဆိုးများကို သတ်ဖို့ တောင်တန်းနက်နဲရာများအထိ ပြေးမလာလောက်ပေ။ အရှင်လတ်လတ် ဖမ်းဖို့ နေနေသာသာ ရှာဖွေရန်ခက်ခဲသော မြေခွေးနတ်ဆိုးကိုလည်း ရွေးချယ်ခဲ့သည်။ 

ဒီနောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုခုရှိရမည်။

ဤအကြောင်းပြောသောအခါ မြေခွေး၏အမူအရာသည် ရုတ်တရက် ပို၍ လေးနက်လာသည်။

"ငါ့ရဲ့စုံစမ်းစစ်ဆေးမှုအရ ယန်မိသားစုက မြေအောက်ဝိညာဉ်လှိုဏ်ဂူကို ရှာဖွေတွေ့ရှိ ခဲ့တာဖြစ်မယ်”

မြေအောက်ဝိညာဉ်လှိုဏ်ဂူလား

လင်းရှန် အံ့အားသင့်သွားသည်။

ဝိညာဉ်လှိုဏ်ဂူဟု ခေါ်ဝေါ်သော ဂူဗိမာန်ကို အခြား ဂူပုံစံအဖြစ် မြင်နိုင်သည်။

All Chapters