လူတိုင်းက အံ့ဩခြင်း (၁)
Vol. 14 Ch. 210
ဝူလောင်သည် ဝူကျင်းကို သတ်ပစ်သည့်ကိစ္စကို လျှော်ပစ်ပြီး ပြဿနာရှာတော့မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားသော်လည်း လင်းရှန်သည် အနောက်ဘက် ရွှံ့ညွန်ကြီးသို့ ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ မြေခွေးနီနဲ့ လမ်းခွဲပြီးနောက် နဂါးမြို့တော်ကို ချက်ချင်းပြန်သွားသည်။
လမ်းခွဲခြင်းမပြုမီတွင် မြေခွေးနီသည် လင်းရှန်းကို ဆက်သွယ်ရန် အဆောင်တစ်ခု ပေးခဲ့သည်။
သူသည် နဂါးချောက်နက်တောင်တန်းထဲသို့ ၀င်ပြီး ဝိညာဉ်အနှစ်သာရကို အဆောင်ထဲသို့ ထိုးသွင်းလျှင် သူမသည် လင်းရှန် တည်နေရာကို သိရှိနိုင်ပြီး သူနှင့် တွေ့ဆုံနိုင်မည်ဖြစ်သည်။
ထို့နောက် လင်းရှန်သည် မြေခွေးနီနာမည်ကို : ချိုးလီဟု သိခဲ့ခဲ့သည်။
ဟောင်ရှန်မြေခွေးအားလုံးက ချိုးကို ၎င်းတို့၏ မျိုးရိုးအမည်အဖြစ် ယူခဲ့ကြသည်။
နိုင်ယန်းကျောင်းကို ပြန်ရောက်ပြီးနောက် လင်းရှန်သည် မနားတော့ဘဲ ယန်ကျုံးရီကို တွေ့ဖို့ ချက်ချင်းသွားခဲ့သည်။
"အကိုရှီကျင့်ရှန်ကိုတွေ့ဖို့ နည်းလမ်းလား”
ယန်ကျုံးရီက အနည်းငယ် အံ့အားသင့်သွားပြီး "စီနီယာအကိုရှီကို မင်းဘာလို့ ရှာနေတာလဲ အထက်အိမ်တော်တပည့်တွေကို စိန်ခေါ်တာကို မေးချင်တာလား"
"အဲ့ဒါနဲ့ ဘာမှ မဆိုင်ပါဘူး၊ ငါ သူ့ကို တခြားတစ်ခုအတွက် ရှာနေတာ"လင်းရှန်က ဝိုးတဝါး ပြောသည် ။
အမှန်တော့ ဒီကိစ္စက အရေးကြီးသည်။ လူသိနည်းလေ ပိုကောင်းလေပင်။
လင်းရှန်က ထပ်မပြောချင်တော့တာကို မြင်တော့ ယန်ကျုံးရီက ထပ်မမေးတော့ပေ။ သူ့ရင်ဘတ်ကို ပွတ်သပ်ပြီး သဘောတူလိုက်သည်။
"အဲ့တာက အေးဆေးပါ။ ငါ့သတင်းကို စောင့်နေ”
ယန်ကျုံးရီသည် အလွန် အစွမ်းထက်နေသေးသည်။
ညနေပိုင်းတွင် လင်းရှန်သည် သူ့ဆန္ဒအတိုင်း ရှီကျင့်ရှန်နှင့် တွေ့ဆုံခဲ့သည်။
အထက်အိမ်တော်နှင့် အောက်အိမ်တော်နှစ်ခုစလုံးသည် နိုင်ယန်းကျောင်းတွင် ရှိသော်လည်း ၎င်းတို့ကို မတူညီသောနေရာများတွင် ခွဲခြားထားသည်။
သက်ဆိုင်ရာ တိုကင်ကိုင်ထားသော အထက်
အိမ်တော်မှ တပည့်များသာ အထက်အိမ်တော်သို့ ဝင်နိုင်သည်။
အထက်အိမ်တော်တပည့်များ၏ နေအိမ်များရှိ ဝိညာဉ်အနှစ်သာရ သိပ်သည်းဆသည် အောက်အိမ်တော် တပည့်များထက် များစွာသာလွန်သည်။
ကောင်းကင်အဆင့် တပည့်များ နေထိုင်သည့် အဆင့် (A)သင်ကြားရေးအခန်းသည်ပင် ၎င်းနှင့်ယှဉ်လျှင် နိမ့်ကျလွန်းလှသည်။
သစ်သားအဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် လင်းရှန်သည် လေထဲရှိ ဝိညာဉ်စွမ်းအင်ကို ချက်ချင်းခံစားလိုက်ရသည်။
ဝိညာဉ်ရေးရာအနှစ်သာရက သူ့အပေါ်ကို ဖြတ်သွားတဲ့အခါ ချက်ချင်းဆိုသလို အတွင်းရော အပြင်ပါ သက်တောင့်သက်သာ ခံစား လိုက်ရသည်။
"ဝိညာဉ်ရေးရာအနှစ်သာရက အရမ်းကြွယ်ဝတာပဲ” လင်းရှန်က ပြောသည်။
ဤအိမ်သည် နက်နဲလှသော အိမ်ကြီးအဆင့်သို့ ရောက်နိုင်သည်ဟု သူ ခန့်မှန်းသည်။
ဝိညာဉ်ရေးရာ အနှစ်သာရ ပေါများသော နေရာတွင် ကျင့်ကြံခြင်းသည် လူတစ်ဦး၏ ကျင့်ကြံမှုကို နှေးကွေးတာမျိုး မဖြစ်နိုင်ပေ။
လင်းရှန်နဲ့ ဘေးချင်းကပ် လမ်းလျှောက်နေသည့် ရှီကျင့်ရှန်က ပြုံးပြီး "ညီလေး လင်းရဲ့ အရည်အချင်းနဲ့ ဆို ဒီမှာ နေရာတစ်ခုရနိုင်ဖို့ သိပ်မကြာပါဘူး" ဟု ပြောခဲ့သည်။
ရှီကျင့်ရှန်က စိတ်သဘောဖြူပေမဲ့ အံ့ဩသွားသည်။
လင်းရှန်လောက် မြန်မြန်ဆန်ဆန် တိုးတက်နေတဲ့သူကို မတွေ့ဖူးပေ။
ကျောင်းကို စတင်ဝင်ရောက်ပြီး တစ်နှစ်မပြည့်မီတွင် လင်းရှန်သည် တောက်ပသောဝင်ပေါက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် လင်းရှန်က ယန်ကျင့်ရမ်ကို စိန်ခေါ်လိုကြောင်း သတင်းထွက်နေသည်ကို ရှီကျင့်ရှန်က ကြားသိရသည်။
သူသာ အောင်မြင်ခဲ့မယ်ဆိုရင် လင်းရှန်သည် နိုင်ယန်းကျောင်း တည်ထောင်ပြီး ကတည်းက အချိန်တိုအတွင်း ပထမဆုံး အထက်အိမ်တော်တပည့် ဖြစ်လာသူ ဖြစ်မည်ပင်။
သူ့အရည်အချင်းက ရင်သပ်ရှုမောစရာပင်။
ဒါပေမဲ့
ရှီကျင့်ရှန်သည် ရုတ်တရက် တစ်ခုခုကို တွေးပြီး လင်းရှန်ကို သတိပေးလိုက်သည်။
"ညီလေးလင်း၊ ဂျူနီယာညီလေးယန်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါတွေ့ခဲ့တယ်၊ သူ့ရဲ့ ကျင့်ကြံမှုက မကြာသေးခင်ကမှ တိုးတက်လာတဲ့ပုံပဲ” သုံးလအတွင်း တပည့်အဆင့် စိန်ခေါ်မှုမှာ သတိထားရမယ်”
"ငါတော့ အဲဒီအချိန်ထိ မစောင့်နိုင်တော့ဘူး”
လင်းရှန်သည် သူ့ဘာသာ တွေးတောရင်း အမူအရာ တင်းမာသွားကာ "ကျွန်တော်မှာ ယန်မိသားစုနဲ့ ပတ်သက်တဲ့အကြောင်း အကိုရှီကိုပြောစရာရှိနေတယ်”
လင်းရှန်၏ အလွန်လေးနက်သော အမူအရာကို မြင်လိုက်ရသောအခါတွင် ရှီကျင့်ရှန် အနည်းငယ် ထိတ်လန့်သွားသည် ။
"ညီလေးလင်း၊ ကျေးဇူးပြုပြီး ထိုင်ပါအုံး”
လင်းရှန်က ထိုင်ပြီး မြေအောက်ဝိညာဉ်လှိုဏ်ဂူအကြောင်း ချက်ချင်းပြောလိုက်သည်။
သူသည် သတင်းအရင်းအမြစ်ကို ဖုံးကွယ်မထားဘဲ ချိုးလီမှ လာသည်ဟု ရှီကျင့်ရှန်အား ပြောပြသည်။
သူက ဝူလောင်နဲ့ အဖြစ်အပျက်ကို ချန်လှပ်ထားခဲ့သည်။
ဒါကိုကြားတော့ ရှီကျင့်ရှန်က အံ့အားသင့်သွားပြီး အတော်ကြာအောင် စကားမပြောနိုင်ပေ။
ယန်မိသားစုသည် ဂိုဏ်း၏နောက်ကွယ်တွင် ၎င်းတို့အတွက် မြေအောက်ဝိညာဉ်ဂူကို ယူထားချင်နေသည်။ ဒါကကြီးမားတဲ့ အလျော်အစားပင်။
သတင်းပြန့်သွားသည်နှင့် တပြိုင်နက် ဂိုဏ်းတွင်း အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်မည်မှာ သေချာသည်။
ရှီကျင့်ရှန်သည် အလွန်ထက်မြက်ပြီး လင်းရှန် က သူ့ကို ဘာကြောင့် ဒီလိုပြောသည်ကို ချက်ချင်း သဘောပေါက်သွားသည်။
"မင်း ဘာကိုဆိုလိုမှန်း နားလည်ပါတယ် ဆရာကြီးကို အခုသွားတွေ့မယ် ။ အဲ့မတိုင်ခင် ကျေးဇူးပြုပြီး ဘယ်သူ့ကိုမှ မပြောပါနဲ့”
"ကျွန်တော်နားလည်ပါတယ်”
လင်းရှန်လည်း လေးနက်စွာ ခေါင်းညိတ်ပြလေ၏ သူသည် ပုတီးစေ့ကို ထုတ်ကာ ရှီကျင့်ရှန်အား ပေးလိုက်သည်။
ဤသည်မှာ လေးနက်သောကိစ္စဖြစ်သည်။ ရှီကျင့်ရှန်က အချိန်ဆွဲမနေပေ။ ပုတီးစေ့ကိုယူပြီးပြီးချင်း ထလိုက်သည်။
"ညီလေးလင်း၊ ခွင့်ပြုပါအုံး”
ပြောပြီးသည်နှင့် ရှီကျင့်ရှန်က ပြေးထွက်သွားသည်။
ရှီကျင့်ရှန် အမြန်ထွက်သွားတာကို မြင်မှ လင်းရှန်က တိတ်တဆိတ် သက်ပြင်းချ လိုက်သည်။
ယန်မိသားစု၏ အကြံအစည်ကို ဖော်ထုတ်လိုပါက ၎င်းကို လုပ်ဆောင်ရန် လုံလောက်သော အခွင့်အာဏာရှိသူ ဖြစ်ရမည်။
အောက်အိမ်တော်၏ တပည့်တစ်ယောက်အနေနဲ့ သူ့မှာ ထိုအာဏာ မရှိတာ သေချာသည်။
ရှီကျင့်ရှန်သည် အထက်အိမ်တော်၏ တပည့်ဖြစ်သော်လည်း သူသည်အဲ့လောက် အရးမပါပေ။
လင်းရှန်သိသမျှလူတွေအားလုံးထဲမှာ စစ်ယွမ်ဖေကသာ ဒီလိုဩဇာရှိသည်။
ကျင့်ကြံသူတဖြစ်လဲ အောက်အိမ်တော်၏ အကြီးအကဲတစ်ဦး အနေဖြင့် စစ်ယွမ်ဖေသည် နိုင်ယန်းဂိုဏ်းတွင်ပင် အဆင့်အတန်းမြင့်မားခဲ့သည်။
ပို၍အရေးကြီးသည်မှာ သူသည် သြဇာကြီးသောမိသားစုမှမဟုတ်ပဲ ၎င်းတို့ကိုပင် ဆန့်ကျင်နေသူပင် ဖြစ်သည်။
ယန်မိသားစုက သီးသန့်လုပ်ခဲ့တာကို သူသိလျှင် သြဇာရှိတဲ့ မိသားစုတွေရဲ့ စွမ်းအားကို အားနည်းသွားစေမယ့် ဒီအခွင့်အရေးကြီးကို လက်လွှတ်လိုက်ဖို့ နေနေသာသာ၊
ယန်မိသားစုကို ဖုံးဖိထားပေးမှာ မဟုတ်ပေ။
ဤနည်းအားဖြင့် ယန်မိသားစုသည် ဘေးဆိုးမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထို့ပြင် လင်းရှန်သည် နောက်ကွယ်တွင် ပုန်းအောင်းနေနိုင်ပြီး လာမည့်မုန်တိုင်းကို ခံနိုင်ရည်ရှိရန် မလိုအပ်ပေ။
"အခု ဂိုဏ်းရဲ့ အထက်အဆင့်အထိ ရောက်လိမ့်မယ်။"
အကျဉ်းချခြင်းပုတီးစေ့ကို လွှဲပြောင်းပေးပြီးနောက် လင်းရှန်သည် အခြားမည်သည့် အရာမှ ဝင်စွက်ဖက်စရာ မလိုပေ။
စိုးရိမ်ပူပန်မှုတွေအတွက် သူ့စွမ်းအင်တွေကို အလဟသ မဖြုန်းတီးချင် တော့တာကြောင့် ဒီကိစ္စကို သူ့စိတ်ထဲကနေ ရိုးရိုးရှင်းရှင်း ထုတ်လိုက်သည်။
အထက်အိမ်တော်မှထွက်ပြီးနောက် လင်းရှန်သည် အရည်အသွေးခန်းမသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
ဒီခရီးစဉ်မှာ ရခဲ့တဲ့ သံနက်အရိုးအားလုံးကို လွှဲပြောင်းပေးပြီးနောက် စုစုပေါင်း အလယ်အလတ်အရည်အသွေးအမှတ်(၁၈)ခု ရရှိခဲ့သည်။
ထို့နောက် လင်းရှန်သည် လဲလှယ်ရေးခန်းမသို့ သွားကာ သူ၏ အလယ်အလတ် အရည်အသွေးအမှတ် အားလုံးကို ဝိညာဉ်ပျိုးထောင်ခြင်း ဆေးပြားများနဲ့ လဲလှယ်ခဲ့သည်။
"ဒီဝိညာဉ်ပျိုးထောင်ခြင်းဆေးပြားတွေကတောက်ပသောဝင်ပေါက် ပဉ္စမအဆင့်ကို ကျော်ဖြတ်ဖို့ လုံလောက်တယ်”
သူ့သိုလှောင်အိတ်ထဲက ဝိညာဉ်ပျိုးထောင်ခြင်းဆေးပြား ၁၅ ပုလင်းကို ကြည့်ပြီး လင်းရှန်စိတ်လှုပ်ရှားသွားသည် ။