လူတိုင်းက အံ့ဩခြင်း (၂)
Vol. 14 Ch. 211
ဝူလောင်၏ ကိုယ်ခွဲကို ရင်ဆိုင်ရပြီး စွမ်းအားမဲ့သွားသည်ဟု ခံစားလာရသောအခါ လင်းရှန်သည် အာဏာရရန် ပို၍ပင် စိတ်အားထက်သန်လာခဲ့သည်။
တတ်နိုင်သမျှ အမြန်ဆုံး ကျင့်ကြံသူသခင် ဖြစ်လာမှသာလျှင် ဤကမ္ဘာကြီးတွင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိမည်ပင်။
သူသည် စစ်တုရင်ခုံပေါ်က နယ်ရုပ်မဟုတ်တော့ဘဲ စစ်တုရင်ခုံကို စိုးမိုးကာ လူတိုင်းကို ကြည့်နိုင်သော အရည်အချင်းများ ရှိရမည်။
သစ်သားအဆောက်အဦးကို ပြန်ရောက်ပြီးနောက် လင်းရှန်သည် လေ့ကျင့်ရေးခန်း ဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
သူသည် ချက်ချင်းပင် မကျင့်ကြံပေ ။
၎င်းအစား မျက်နှာပြင်ကို ဆင့်ခေါ်ပြီး နောက်ဆုံးကော်လံကို ကြည့်လိုက်သည်။
[ကိုယ်ပွားအရေအတွက်- ၆ (၁၀၀%)]
ရက်ပေါင်း ၂၀၀ ပြည့်သွားခဲ့ပြီဖြစ်သဖြင့် သူ၏ သတ္တမမြောက်ကိုယ်ပွားကို စတင်ပေါင်းစည်းလိုက်သည်။
ယနေ့မှာတော့ သတ္တမမြောက်ကိုယ်ပွားသည် ပြီးမြောက်ခဲ့သည်။
အသက်ပြင်းပြင်းရှူရင်း လင်းရှန်က ကိုယ်သူ ငြိမ်သက်သွားအောင်လုပ်ကာ သတ္တမမြောက် ကိုယ်ပွားကို ချက်ချင်း ခေါ်လိုက်သည်။
အရိပ်တစ်ခု ခွဲထွက်ပြီး ရုပ်လုံးပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သတ္တမမြောက် ကိုယ်ပွားက လင်းရှန်ရှေ့မှာ ပေါ်လာသည်။
[ သတ္တမကိုယ်ပွား]
[စွမ်းရည် : ကမ္ဘာကို အံ့ဩစေခြင်း]
[အဆင့်- တောက်ပသောဝင်ပေါက် တတိယအဆင့်၊ ၈၅ %]
[လက်ရှိကျင့်ကြံမှု- မရှိ]
"ကမ္ဘာကြီးကို အံ့ဩစေခြင်း ? အဲ့ဒီစွမ်းရည်က ဘယ်လိုမျိုးလဲ?"
လင်းရှန်၏ စူးစမ်းလိုစိတ်ကြောင့် အနီးကပ်ကြည့်လိုက်သည်။
သူဘယ်လို တုံ့ပြန်ရမှန်းမသိပေ။
[ကမ္ဘာကြီးကို အံ့ဩစေခြင်း : ပျိုးထောင်ခြင်းအနှစ်သာရနဲ့အတူ သင့်ခန္ဓာကိုယ်
နှင့် သင့်ဆန္ဒ ။ အနှစ်သာရကို စုဆောင်းပြီး နောက်တစ်ကြိမ်တွင် ၎င်းတိုက်ခိုက်မှုကို ထုတ်လွှတ်ပေးသည်။ စုဆောင်းထားလေလေ၊ တိုက်ခိုက်မှုက ပြင်းထန်လေဖြစ်သည်။]
လင်းရှန် အံ့အားသင့်သွားသည်။
ဒီစွမ်းရည်က ဓားအာဟာရ နည်းစနစ်ဟုခေါ်သော သူကြားဖူးသည့် ကိုယ်ခံပညာနဲ့ ခပ်ဆင်ဆင်တူသည်။
ဤကိုယ်ခံပညာသည် ဓားကို ထက်မြက်လာစေရန် စိတ်ဆန္ဒနှင့် အနှစ်သာရနဲ့အတူ ဓားကို ပျိူးထောင်ပေးသည်။
အများအားဖြင့် ကျင့်ကြံသူသည် အဆက်မပြတ် ကျင့်ကြံကာ မိမိ၏ဓားသွားလိုသော ရည်ရွယ်ချက်ကို စုဆောင်းလေ့ရှိသည်။
သူတို့ တိုက်ခိုက်တဲ့ အချိန်မှာပဲ မြေကြီးကိုဖြိုခွင်းသည့် စွမ်းအားတွေ ပေါက်ကွဲထွက်လာသည်။
အလွန်ထူးဆန်းသော ကိုယ်ခံပညာတစ်ခုပင်။
ကမ္ဘာကြီးကို အံ့ဩစေခြင်း စွမ်းရည်သည် ဓားအာဟာရနည်းကဲ့သို့ အကျိုးသက်ရောက်ပုံရသည်။
အချိန်ကြာကြာ ကျင့်ကြံထားလေလေ၊တစ်စုံတစ်ယောက် တိုက်ခိုက်တဲ့အခါ ပြင်းထန်လေလေဖြစ်သည်။ ၎င်းက ကြည့်ရှုသူတိုင်းကို အံ့အားသင့်စေသည်။
လင်းရှန်က တုံ့ဆိုင်းသွားသည်။
ဒီစွမ်းရည်ကို သူဘယ်လိုထားရမလဲ မသိပေ။
ကမ္ဘာကြီးကို အံ့ဩစေခြင်းသည် သူ၏ ကျင့်ကြံမှုအတွက် အသုံးမတည့်တာ မရှိပေ။ ကိုယ်ခံပညာများ သို့မဟုတ် နေကိုးစင်းကျမ်းကို လေ့ကျင့်ခြင်းအတွက်တော့ အသုံးမဝင်ပေ။
သူသည် ရံဖန်ရံခါ လေ့ကျင့်ရန် အပြင်ထွက်ပြီးဝိညာဉ်သားရဲများကို လိုက်လံ ရှာဖွေတဲ့အခါ ထိုစွမ်းရည်က ၎င်းအတွက် မသင့်လျော်ပေ။
သို့သော် အခြားတစ်ဖက်တွင်မူ ဤစွမ်းရည်
သည် ဝှက်ဖဲအဖြစ် အသုံးပြုရန် အလွန်
သင့်လျော်သည်။
သူသည် သူ၏သတ္တမမြောက်ကိုယ်ပွားကို ကျင့်ကြံရန်နှင့် သူ၏အနှစ်သာရကို ဆက်လက်ကျင့်ကြံရန်အတွက် တိုက်ပွဲများတွင် ပါဝင်ခြင်းမပြုခိုင်းဘဲ ဒါကို အာရုံစိုက်စေနိုင်သည်။
အခြေအနေကိုလှည့်ပတ်ရန် အရေးကြီးသည့်အခိုက်အတန့်တွင် ၎င်းကို ဆင့်ခေါ်နိုင်သည်။
ကမ္ဘာကြီးကို အံ့ဩစေခြင်း၏ စွမ်းရည်ရှိသော သတ္တမမြောက် ကိုယ်ပွားသည် သူ၏ သတ်ဖြတ်ခြင်းလှုပ်ရှားမှု ဖြစ်နိုင်သည်။
မကြာသေးမီက ဝူလောင်ကိုယ်ခွဲ၏ နောက်ယောင်ခံလိုက်ခြင်းကို သတိရလိုက်တော့ လင်းရှန်သည် စိတ်ဆုံးဖြန်လိုက်သည်။
စစ်မှန်သော ဝှက်ဖဲကို ရရန် အချိန်တန်ပြီ ။
ဆုံးဖြတ်ချက်ချပြီးနောက် လင်းရှန်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ သတ္တမမြောက် ကိုယ်ပွားကို ပြန်ရုပ်သိမ်းလိုက်သည်။
နောင်တွင် အလွန်ဒုက္ခပေးသော အင်အားကြီးရန်သူနှင့် မကြုံတွေ့ပါက သူ၏ သတ္တမမြောက် ကိုယ်ပွားသည် သူ့စိတ်ထဲတွင်သာ ရှိနေနိုင်ပြီး ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။
ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် သူ၏သာလွန်ကိုယ်ခံပညာ ကိုယ်ပွါးကိုခေါပြီး ထောင်ကျုံးပိုင်နှင့် ရောင်းဝယ်ထားသော ရတနာများကို ထုတ်ယူလိုက်သည်။ ထို့နောက် စားသုံးရန် အားလုံးကို ပေးအပ်လိုက်သည်။
ကောင်းကင်ဘုံမနာလိုမှု၏စွမ်းရည်များ ပျောက်ကွယ်သွားပြီးနောက် ဤလေးလံသော တာဝန်သည် သာလွန်ကိုယ်ခံပညာကိုယ်ပွားပေါ်တွင်သာ ကျရောက်နိုင်သည်။
အလွန်အမင်းဉာဏ်ကောင်းခြင်းက ထိခိုက်စေနိုင်သည့် ကိုယ်ပွါးအတွက်တော့ ၎င်း၏ ကျန်ရှိသော သက်တမ်းကို မဖြုန်းတီးတာ ပိုကောင်းသည်။
ဝိညာဉ်ပျိုးထောင်ခြင်းဆေးပြားကို ထုတ်ယူရင်း လင်းရှန်သည် သူ၏ အာရုံပျံ့လွင့်သော အတွေးများကို ထိန်းကာ စတင် ကျင့်ကြံခဲ့သည်။
တောက်ပသောဝင်ပေါက် ပဉ္စမအဆင့်သို့ ဖြတ်ကျော်ခြင်းအပြင် အရည်ပျော်ခြင်းတွင် တိုးတက်မှုအချို့ပြုလုပ်ရန်လည်း ပြင်ဆင်ထားသည်။
လမ်းကြောင်းအဆင့်ပြီးတဲ့နောက်က ကိုယ်ခံပညာအဆင့်ကို သူအနေနဲ့ အချိန်အတော်ကြာ စောင့်မျှော်နေခဲ့သည်။
သူသည် နောက်ထပ် လက်ဖဝါးနည်းစနစ် ခုနစ်ခုသာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန်လိုအပ်ပြီး အရည်ပျော်ခြင်းသည် ပိုမိုမြင့်မားသော အဆင့်သို့ ဖြတ်သွားမည်ဖြစ်သည်။
နဂါးချောက်နက်တောင်တန်းအတွင်း နက်နဲရာရှိ
မထင်ရှားသော တောင်တန်းတစ်ခုတွင်။
အော်ဟစ်သံနှင့်အတူ ကြိုးကြာငှက်သည် ကောင်းကင်မှ ဆင်းသက်လာပြီး တောင်ပေါ်ရှိ ဂူကြီးတစ်ခုရှေ့သို့ ဆင်းသက်လာသည်။
ယန်ကျင့်ရမ်သည် ၎င်းကျောပေါ်မှ ဆင်းလာသည်။ သူ့အင်္ကျီလက်ကို ခါလိုက်ပြီး ကြိုးကြာငှက်ကို ဖယ်ကာ ဂူထဲသို့ လျှောက်သွားသည်။
ဂူဝင်ပေါက်၏ နောက်ကွယ်တွင် လူဆယ်ဦး တစ်ပြိုင်နက် သွားနိုင်သည့် ကျယ်ဝန်းသော လမ်းကြောင်းတစ်ခုရှိသည်။
လျှောက်လမ်းနှစ်ဘက်စလုံး၏ လေးမီတာမှ ငါးမီတာတိုင်းတွင် မြှပ်ထားသော ပုလဲများရှိပြီး လမ်းကြောင်းတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ တောက်ပစေသည့် အလင်းရောင်ကို ထုတ်လွှတ်ပေးသည်။
ဂူအဝင်ဝကို စောင့်နေတဲ့လူနှစ်ယောက်ရှိ၏
ယန်ကျင့်ရမ်ဝင်လာတာကိုမြင်တော့ သူတို့နှစ်ယောက်က ချက်ချင်း ဦးညွှတ်နှုတ်ဆက်
လိုက်သည်။
"သခင်လေး”
ယန်ကျင့်ရမ်က လျစ်လျူရှုကာ ခေါင်းညိတ်လိုက်ပြီး "ငါ့ဦးလေး ဒီမှာလား" ဟု ပေါ့ပေါ့ပါးပါး မေးသည်။
"အကြီးအကဲယန်က ဒီမှာရောက်နေတာကြာပါပြီ။"
ဒါကိုကြားတော့ ယန်ကျင့်ရမ်က ချက်ချင်းဆိုသလို အရှိန်အဟုန်နဲ့ ဝင်လာခဲ့သည်။
ရှည်လျားသောလမ်းကိုဖြတ်ကျော်ပြီးနောက် ယန်ကျင့်ရမ်သည် လမ်းသိပ် မလျှောက်ရဘဲ မြင်ကွင်းတစ်ခုက ရုတ်တရက်ပေါ်လာသည်။ သူသည် လင်းထိန်နေသော ဂူထဲသို့ ရောက်နေပြီဖြစ်သည်။
အဆိုပါ ဥမင်လှိုဏ်ဂူသည် အလွန်ကျယ်ဝန်း၏ ၎င်းသည် ပန်းကန်လုံး ပြောင်းပြန်ပုံသဏ္ဍာန်ဖြစ်ပြီး နေရာတိုင်းတွင် လူလုပ်တူးဖော်မှု သဲလွန်စများ အများအပြားရှိနေသည်။ မကြာသေးမီကမှ တူးဖော်ပြီး တိုးချဲ့ထားသည်မှာ သိသာသည်။
ဥမင်လှိုဏ်ခေါင်းသို့ ဝင်ပြီးနောက် ယန်ကျင့်ရမ်သည် အလယ်ကဂူကို ချက်ချင်း ကြည့်လိုက်သည်။
လှိုဏ်ဂူသည် မီတာနှစ်ဆယ်မှ သုံးဆယ်ခန့်ရှည်လျားပြီး အတွင်း၌ ပုံမှန်မဟုတ်ဘဲ နက်ရှိုင်းသည်။ လေပြင်းကဲ့သို့ မြည်သံများမှာလည်း အလွန်ကြောက်စရာကောင်း လှသည်။
အဲ့တာက အဝေးမှ မဖိတ်ခေါ်ထားသောဧည့်သည်ကို ဝင်လာမည်ကို စောင့်ဆိုင်းနေသော သားရဲပါးစပ်နှင့်တူသည်။
ဂူပတ်လည်တွင် ရေတွင်းနှင့်တူသော ကျောက်စိမ်းအလွှာတစ်ခုရှိသည်။
ယန်ကျင့်ရမ်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ အစွန်အဖျားအနီးတွင် ရပ်နေသော ယန်ကျင့်ထင်ကို လျင်မြန်စွာ တွေ့လိုက်ရသည်။
"ဦးလေးကျင့်ထင်”
ယန်ကျင့်ထင်သည် ယန်ကျင့်ရမ်ရောက်ရှိလာသည်ကို အတော်ကြာကတည်းက သတိပြုမိသည်။ သူက ဝိညာဉ်ရေးရာအသိစိတ်ကို လှည့်ပတ် ဖြန့်ကျက်ထားသည်။ သူမျက်နှာပေါ်တွင်အပြုံးတစ်ခုပေါ်လာလေ၏
"ကျင့်ရမ်၊ မင်း ထပ်ပြီးဖြတ်ကျော်သွားပြီလား"
မေးခွန်းဆိုပေမယ့် သူ့လေသံက အရမ်း ခိုင်မာနေသည်။
ယန်ကျင့်ရမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူက ခေါင်းညိတ်ကာ "လွန်ခဲ့တဲ့ သုံးရက်က မှ တောက်ပသောဝင်ပေါက် စတုတ္ထအဆင့်ကို ဖြတ်ကျော် သွားတာ”
သူက ဂူကို လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ တဖျပ်ဖျပ်
တောက်နေသည်။
“ဒီဝိညာဉ်ဂူက ကောလဟာလတွေပြောထားသလိုပဲ တကယ်ကို အံ့သြစရာကောင်းပါတယ်။ ကျွန်တော် ကျင့်ကြံတာ တစ်လပဲ ရှိပေမယ့် အရင်တုန်းက ကြိုးကြိုးစားစား သုံးလကနေ လေးလလောက် ကျင့်ကြံတာလောက် ပြီးသွားတယ်။ သုံးနှစ်လောက်ကျင့်ကြံလိုက်ရင် ကျွန်တော် ကျင့်ကြံသူသခင်ဖြစ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာတယ်”