← Chapters

ကမ္ဘာကို အံ့အားသင့်စေခြင်း (၃)

Vol. 14 Ch. 212

ကမ္ဘာကို အံ့အားသင့်စေခြင်း (၃)

Vol. 14 Ch. 212

ကျင့်ကြံသူ သခင်ဖြစ်ဖို့ အလွန်ခက်ခဲသည်။ 

ကျင့်ကြံသူများစွာသည် သူတို့၏ဘဝတစ်လျှောက်လုံး ဤအတားအဆီးကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။

ကျင့်ကြံသူသခင်ဖြစ်ရန် ၇၀% အခွင့်အလမ်းရှိရန်မှာ အလွန်ဖြစ်နိုင်ခြေ မြင့်မားနေပြီဖြစ်သည်။

နှစ်နှစ်မှ သုံးနှစ်သာ ကြာမည် မဆိုထားနှင့်။

ဒါကိုကြားတော့ ယန်ကျင့်ထင်၏ မျက်နှာပေါ်တွင် အပြုံးက ပွင့်လန်းလာသည်။

တစ်မိသားစုလုံးတွင် ယန်ကျင့်ရမ်သည် သူအကြိုက်ဆုံး ဂျူနီယာအဖွဲ့ဝင်ဖြစ်သည်။

သူ့တူလေးက အရည်အချင်းရှိပြီး တည်ငြိမ်တဲ့ စိတ်ထားရှိသူဖြစ်သည်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်ပြီး အကန့်အသတ်မဲ့ အနာဂတ်ကို ပိုင်ဆိုင်မည့်သူပင်။

ဘာမှ အမှားအယွင်းမရှိလျှင် ယန်ကျင့်ရမ်သည် ယန်မိသားစု၏ အကြီးအကဲ ဖြစ်လာနိုင်ဖွယ်ရှိသည်။

နှိုင်းယှဉ်ကြည့်ရင်တော့ သူ့တူ ယန်ရှင်း က စိတ်ပျက်စရာပင်။

သူသည် ဂုဏ်သိက္ခာရှိသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး မိသားစုသည် သူ့အတွက် အရင်းအနှီးများစွာ မြှုပ်နှံထားသော်လည်း သာမန်လူတစ်ဦးဆီမှ ရှုံးနိမ့်မှုကို အကြိမ်ကြိမ် ခံခဲ့ရသည်။

ခေါင်းယမ်းရင်း ယန်ကျင့်ထင်၏  အကြည့်တွေက လှိုဏ်ဂူဆီ ပြန်ရောက်သွားသည်။

"ဝိညာဉ်လှိုဏ်ဂူက အလုံးစုံ မဖွင့်ရသေးဘူး၊ အရောင်အဝါက လုံးဝ မငြိမ်သေးဘူး။ လူ လေးငါးယောက်လောက်အတွက်ပဲ ကန့်သတ်ထားပြီးသား။ နောက်ပြီး သူတို့က တစ်လအတွင်း ထွက်လာဖို့ လိုတယ်။ ဒါမှမဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်”

သူ့ကိုသတိပေးပြီးနောက်  ယန်ကျင့်ထင်က အကြောင်းအရာပြောင်းပြီး နှစ်သိမ့်ပေးသည်။

"ဒါပေမယ့်၊ ဒီအခြေအနေက သိပ်မကြာပါဘူး။ ဟောင်ရှန်မြေခွေးမျိုးနွယ်ရဲ့ သုံ့ပန်းတွေကို တောင်ရဲ့အောက်ခြေကို ပြောင်းရွှေ့ပြီးသွားပြီ။ မနက်ဖြန်ကစပြီး  သွေးစတေးမှုကို တစ်ယောက်ပြီး တစ်ယောက် လုပ်မှာ။  အနည်းဆုံး သုံးလအတွင်းမှာ ဝိညာဉ်လှိုဏ်ဂူကြီး လုံးလုံးပွင့်သွားလိမ့်မယ်။”

အဆုံးတွင် ယန်ကျင့်ထင်လို ကျင့်ကြံသူ သခင်တောင် စိတ်လှုပ်ရှားစွာပြောနေ၏

ဒီတစ်ကြိမ်မှာတော့ ယန်မိသားစုက အရာအားလုံးအပေါ်လောင်းကြေး ထပ်ခဲ့သည်။ သူတို့ရှေ့က ဒီဝိဥာဉ်လိုဏ်ဂူအတွက် တစ်မိသားစုလုံးရဲ့ ကံကြမ္မာကို ပုံအပ်ခဲ့သည်။

ဝိညာဉ်ဂူကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်သရွေ့ မိသားစု ပြန်လည်နိုးထလာရန် နီးကပ်လာပြီဖြစ်သည်။

နောင်ဆယ်နှစ်တွင် ယန်မိသားစုသည် လွန်ခဲ့သော အနှစ်တစ်ရာမှ အောင်မြင်မှုကို ပြန်လည်ရရှိမည်ပင်။

သူတို့သည် အဓိက မိသားစုသုံးစုနှင့် တန်းတူပင် ဖြစ်လာနိုင်သည်။

ထိုအချိန်တွင် ယန်မိသားစုသည်  နဂါးမြို့တော်တွင် တန်ခိုးအရှိဆုံး မိသားစု ဖြစ်လာမည်မှာ သေချာသည်။

ဒါကိုတွေးရင်း ယန်ကျင့်ထင်က  ရင်ခုန်နေ၏

ယန်ကျင့်ရမ်၏ မျက်လုံးများမှ အလင်းရောင်သည်လည်း ပိုမိုတောက်ပလာသည်။

ဤအခိုက်အတန့်တွင် လျင်မြန်သော ခြေသံများက သူတို့၏ စကားဝိုင်းကို အနှောင့်အယှက်ပေးလိုက်သည်။

ယန်ကျင့်ရမ်က နောက်ပြန်လှည့်ကြည့်လိုက်တော့ ယန်ရှင်းသည် ​​အမြန်လမ်းကနေ ထွက်လာတာကို တွေ့လိုက်ရသည်။

"အစ်ကို..."

ယန်ကျင့်ရမ်အနားမှာ ရပ်နေသည့် ယန်ကျင့်ထင်ကိုတွေ့လိုက်ရတော့ ယန်ရှင်းက ချက်ချင်း လန့်သွားပြီး သူ့အသိစိတ်က အနည်းငယ် တုန်လှုပ်သွားသည်။

"ဦးလေးရော ဒီမှာရောက်နေလား။"

ယန်ကျင့်ထင်က သူ့ကို  မသိမသာ စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူ့ဦးလေးသည် ယန်ရှင်းကို မကြည်မှန်း ယန်ကျင့်ရမ်သိသည်။  ကောင်လေးကို ကြိမ်းမောင်းမည်ကို စိုးရိမ်သဖြင့် “ဘာဖြစ်တာလဲ ။မင်းကဘာလို့ အရမ်းစိတ်ပူ နေတာလဲ”

ထိုမှသာ  ယန်ရှင်းသည် လေးနက်သောကိစ္စရပ်ကို သတိရသွားသည် ။

"အစ်ကို၊ နိုင်ယန်းယန်ကျောင်းကနေ ကျွန်တော်အခုမှပြန်လာတာ။ လင်းရှန်က အထက်အိမ်တော်ကို သတင်းပို့ပြီး သုံးလအတွင်း တပည့်အဆင့်စိန်ခေါ်မှုမှာ အကို့ကို စိန်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်။ သူကအတော်ဆိုးနေပြီ”

ယန်ရှင်း၏ ဒေါသတကြီး အမူအရာကို ကြည့်ရင်း ယန်ကျင့်ရမ်က မျက်မှောင်ကြုတ် လိုက်သည်။

"လင်းရှန်က အောက်အိမ်တော်က ကောင်းကင်အဆင့် တပည့်တစ်ဦးလေ ။ ပြီးတော့ သူက တောက်ပသော ဝင်ပေါက်အဆင့်ကို ဖြတ်ကျော်သွားပြီလေ။ သူ့အတွက် အထက်အိမ်တော်တပည့်ကို စိန်ခေါ်တာ သာမန်ပဲ မဟုတ်ဘူးလား”

"အင်း..."

ယန်ရှင်း၏ အမူအရာသည် ခဏတာ ငြိမ်သက်သွားသည် ။

"ဒါပေမယ့် လင်းရှန်က တခြား အထက်အိမ်တော်ကျောင်းသားတွေကို စိန်ခေါ်ဖို့ မရွေးချယ်ခဲ့ဘူးလေ။ သူက ယန်မိသားစုကို ဒေါသထွက်နေတာ သိသာတယ်လေ”

ယန်ကျင့်ရမ်သည် ယန်ရှင်းကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

သူသည် အထက်အိမ်တော်တပည့်အဖြစ် တိုးမြှင့်ခံရတာ သုံးလခန့်သာ ရှိသေးသည်။ အထက်အိမ်တော်တပည့်များထဲတွင် သူက အားအနည်းဆုံးဖြစ်သည်။ အထက်အိမ်တော်တပည့်များကို စိန်ခေါ်လိုသူတိုင်းသည် သူ့ကိုရွေးချယ်မည်ပင်။ ဒါက  သာမာန်ပင်။

လင်းရှန်က သူ့ကို တမင်စိန်ခေါ်ရင်တောင် ဘာဖြစ်လဲ

သူသည်  လင်းရှန်ကို မျှတပြီး ထောင့်ကျကျ အနိုင်ယူမည်ပင်။

ဘာလို့ စိတ်ရှုပ်စရာနဲ့ ဒေါသဖြစ်စရာ ရှိနေမလဲ။

အခုအချိန်မှာ မိသားစုတစ်စုလုံးက ဝိညာဉ်ဂူကိုဖွင့်ဖို့ ကြိုးစားနေကြပြီး သူတို့မိသားစုအနာဂတ်အတွက် အသက်အန္တရာယ်ကို စွန့်စားနေကြသည်။

ယန်မိသားစုမှ တိုက်ရိုက်ဆင်းသက်လာသူတစ်ဦးအနေဖြင့် ယန်ရှင်းသည် လင်းရှန် ကဲ့သို့ မသက်ဆိုင်သောလူတစ်ဦးကို အာရုံစိုက်ခဲ့ပြီး သူ၏အတိတ်အာဃာတများကို စွန့်လွှတ်ရန် ငြင်းဆန်ခဲ့သည်။

အကောင်းဆုံးကတော့ ဒီကိစ္စ၏ပြင်းထန်မှုကို မသိသလို ကြီးမားတဲ့ ပုံရိပ်ကို မမြင်နိုင်ဘူးလို့ ဆိုလို့ရသည်။

ပြတ်ပြတ်သားသားပြောရလျှင် သူသည် အမြင်ကျဉ်းသည်။

"ဟူး”

ယန်ကျင့်ထင်သည် သည်းမခံနိုင်တော့ပေ။ အေးစက်စွာ အော်ဟစ်လိုက်ပြီး အင်္ကျီလက်ကို လှန်လိုက်သည်။

"အစ်ကို၊ ဦးလေးက..."

ယန်ရှင်းသည် သူ့အမှားကို သတိထားမိသွားသည်။ယန်ကျင့်ထင် ဒေါသတကြီး ထွက်သွားသည်ကို မြင်သောအခါ စိတ်ညစ်သွားခဲ့သည်။

ယန်ကျင့်ရမ်သည် အတွင်းစိတ်က သက်ပြင်းတစ်ချက်ကို ထပ်ခါထပ်ခါ ချနေသော်လည်း ထုတ်ဖော် မပြပေ။ အဲ့ဒီအစား တည်ငြိမ်စွာပြောသည်။

"လင်းရှန်အတွက် မင်းဘာမှ စိတ်ပူစရာ မလိုဘူး။ ငါဘာလုပ်ရမလဲဆိုတာ ငါသိတယ်”

"ပြီးတော့ မင်းကျင့်ကြံဖို့ အာရုံစိုက်ရမယ့်အချိန်ရောက်ပြီ။ မင်းကို နောက်တစ်အုပ်စုမှာ ဝိညာဉ်ဂူထဲဝင်နိုင်ဖို့ ငါကူညီပေးမယ်။ မင်းရဲ့ ကျင့်ကြံမှု အဆင့်တစ်ဆင့် နှစ်ဆင့်တိုးဖို့ တစ်လလောက်တော့ လုံလောက်လိမ့်မယ်။ မင်း ဒီအခွင့်အရေးကို သေချာ ဆုပ်ကိုင်ရမယ်”

ဒါကိုကြားတော့ ယန်ရှင်းက ဝမ်းသာအားရနဲ့ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

"ဟုတ်​ကဲ့ အကို၊ ကျွန်တော် သေချာ​ပေါက်​  ဝိညာဉ်ဂူထဲမှာ ကျင့်ကြံပါ့မယ်”

သူသည် ကြာရှည်စွာအသက်ရှုခြင်း ပဉ္စမအဆင့်တွင်ရှိနေ၏ ဝိညာဉ်ဂူတွင် တစ်လကြာ ကျင့်ကြံပါက ဆဋ္ဌမအဆင့်သို့ တက်လှမ်းရန် ပြဿနာမရှိပေ။ 

အားလုံးအဆင်ပြေပြေ ဖြစ်သွားရင်တော့  သတ္တမအဆင့်ကိုရောက်သွားနိုင်သည်။

ဒီလိုသာဆိုရင် နောက်သုံးလအကြာ တပည့်အဆင့်စိန်ခေါ်မှုတွင်  သူသည် မြေကမ္ဘာအဆင့် တပည့်အဖြစ်သို့ တိုးမြှင့်ခံရမည်မှာ သေချာသည်။

ယန်ရှင်း၏ကတိစကားကိုကြားတော့ ယန်ကျင့်ရမ်သည် ပို၍သက်တောင့်သက်သာ ရှိလာသည်။

“ကောင်းပြီ၊ အခုမှစပြီး အရေးမကြီးတဲ့အရာတွေကို အာရုံစိုက်မနေနဲ့”

"သုံးလကြာရင် နိုင်ယန်းကျောင်းကို အတူတူပြန်ကြမယ်။"

ဒီလိုအချိန်မျိုးမှာ သူတို့က ခါတိုင်းလို အရာတွေကို လုပ်ပြီး ဘယ်သူ့မှ သတိမထားမိအောင် နေရမည်။

ထို့ကြောင့် တပည့်အဆင့် စိန်ခေါ်သည့်နေ့တွင် နိုင်ယန်းကျောင်းသို့ ပြန်သွားခဲ့သည်။

လင်းရှန်၏စိန်ခေါ်မှုနှင့်ပတ်သက်၍ ယန်ကျင့်ရမ်က စိတ်မ၀င်စားပေ။

ဝိဥာဉ်ဂူမှာဆို သုံးလအကြာတွင် တောက်ပသောဝင်ပေါက်  ပဉ္စမအဆင့်သို့ ဖြတ်ကျော် သွားမည်ဖြစ်သည်။

ထိုအချိန်တွင် တောက်ပသော ဝင်ပေါက်အဆင့်သို့ ခုမှ တက်လှမ်းခဲ့သော လင်းရှန်မပြောနှင့်။  ကျန်းဟောင်နှင့်  မူချွမ်ဟာကဲ့သို့သော လူများပင် သူ့ပြိုင်ဘက် ဖြစ်မည်မဟုတ်ပေ။

အခု အရေးကြီးဆုံးက ဝိညာဉ်လိုဏ်ဂူကို အမြန်ဆုံး အပြီးဖွင့်ဖို့ပင်။

All Chapters