အိမ်တော်ရှင်းလင်းခြင်း (၁)၊
Vol. 14 Ch. 213
အချိန်တွေ ကုန်တာမြန်လေ၏
သုံးလအကြာ
လေ့ကျင့်ရေးခန်းထဲမှာတော့
လင်းရှန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကိုမှိတ်ထားလေ၏ ထိုြနောက် သူ့ရင်ဘတ်က တဖြည်းဖြည်း ငြိမ်သက်လာသည်။
ဘယ်အချိန်ရောက်နေမှန်းမသိဘဲ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ထိုခဏတွင် လျှပ်စီးလက်သလို ဖြစ်သွားပြီး လေ့ကျင့်ရေးခန်း တစ်ခုလုံး ရုတ်တရက် တောက်ပလာသည်။
“နောက်ဆုံးတော့ ငါ ဖြတ်ကျော်သွားပြီ…”
လင်းရှန်သည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပေ။
သူ၏ ကျင့်ကြံမှုသည် သူမျှော်လင့်ထားသည်ထက်ပင် ပိုမိုချောမွေ့ခဲ့သည်။
မူလက သူသည် တောက်ပသောဝင်ပေါက်ပဉ္စမအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ခဲ့သော်လည်း သုံးလအကြာတွင် သူသည် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လတိုင်းနီးပါး အောင်မြင်မှုတစ်ခုကို သူလုပ်ခဲ့ပြီး ဒါဟာ မယုံနိုင်စရာပင်။
သို့သော်လည်း လင်းရှန်ကို ပို၍ပင် ပျော်ရွှင်စေခဲ့သည်မှာ သူ၏ လမ်းကြောင်းအဆင့် ကိုယ်ခံပညာ နည်းစနစ်သည် နောက်ဆုံးတွင် ပိုမိုမြင့်မားသော အဆင့်သို့ ဖြတ်သွားခြင်းပင်ဖြစ်သည်။
ထို့အပြင် ၎င်းက အရည်ပျော်ခြင်းတွင်သာ ဖြစ်ပျက်ခဲ့တာ မဟုတ်ပေ။ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာသည်လည်း တစ်ချိန်တည်းတွင် ဖြတ်ကျော်သွားသည်။
[အမည်-လင်းရှန်]
[စွမ်းရည်: နားလည်မှု]
[အဆင့်- တောက်ပသော ဝပေါက်အဆင့်ဆဌမအဆင့် ၊ ၁၂ %]
[ကျင့်ကြံနည်းများ- နေကိုးစင်းကျမ်း( အထူးကျွမ်းကျင်အဆင့် ၈၅%)၊ အရည်ပျော်ခြင်း (စစ်မှန်သောကိုယ်ခံပညာအဆင့်) ၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ(စစ်မှန်သောကိုယ်ခံပညာအဆင့်)၊တိမ်တိုက်နဂါးစည်းချက်
(လမ်းကြောင်းအဆင့် ၃၀%)၊ နေကိုးစင်းအဆောင်ဓား (လမ်းကြောင်းအဆင့် ၂၅%)
[မှော်စွမ်းအား -ဓားစွမ်းအင်ခုနစ်ခု (အဆင့် ၄ ၊ ၂၃ %)၊လျှပ်စီးလက်ဝါး (အဆင့် ၄ ၊ ၁၈ %)၊စက္ကူလူသားရွေ့လျားမှု (အဆင့် ၃ ၊ ၄၅%)၊ အချုပ်စွမ်းအား (အဆင့် ၄၊ ၁၂%)လေဟုန်စီးခြင်း (အဆင့် ၃ ၊ ၄၅%)၊ရေကြေးမုံနည်းစနစ် (အဆင့် ၁ ၊ ၄၅%)]
[ကိုယ်ပွားအရေအတွက်- ၇(၁၈%)]
စစ်မှန်သော ကိုယ်ခံပညာအဆင့်
ဤသည်မှာ လမ်းကြောင်းအဆင့်ပြီးနောက် ကိုယ်ခံပညာအဆင့်ဖြစ်သည်။
"ကံမကောင်းစွာပဲ အကိုရှီနဲ့ တွေ့တုန်းကတော့ မြေအောက်ဝိညာဉ်ဂူအတွက်ပဲ စိတ်ပူပြီး စစ်မှန်တဲ့ ကိုယ်ခံပညာအဆင့်တွေကို လမ်းညွှန်ချက် တောင်းဖို့ မေ့သွားတယ်။"
လင်းရှန်က အနည်းငယ် ဝမ်းနည်းသွားသည်။
ဒါကို ချက်ချင်းပဲ သူ့စိတ်ထဲနေ ထုတ်လိုက်သည်။
ယခင်က စစ်မှန်သော ကိုယ်ခံပညာအဆင့်နည်းစနစ်များကို မသိခဲ့သော်လည်း ဤအဆင့်သို့ရောက်ပြီးသည့်နောက်တွင် ၎င်း၏စွမ်းအားကို သေချာစွာ နားလည် လာခဲ့သည်။
"စွမ်းအားက လမ်းကြောင်းအဆင့်ထက် အနည်းဆုံး လေးဆကနေ ငါးဆအထိ ရှိတယ်။ ဖြစ်နိုင်ရင် အဲ့ထက်ပိုမှာ”
လင်းရှန်၏ မျက်လုံးများသည် ရွှင်မြူးစွာဖြင့် တောက်ပလာသည်။
အကယ်၍ သူသည် ဝူလောင်၏ကိုယ်ခွဲကို နောက်တစ်ကြိမ်တွင် စစ်မှန်သော ကိုယ်ခံပညာအဆင့်အရည်ပျော်ခြင်းနှင့် တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာဖြင့် ရင်ဆိုင်ရပါက သူသည် ဤတစ်ကြိမ်တွင် သူ၏ပြိုင်ဘက်ကို တိုက်ခိုက်ရန် ခွန်အားရှိမည်မှာ သေချာသည်။ သူကြောက်လန့်တကြား ပြေးစရာမလိုတော့ပေ။
"လမ်းကြောင်းအဆင့်က တောက်ပသောဝင်ပေါက်အဆင့်နှင့် ကိုက်ညီရင် တောက်ပသောဝင်ပေါက်အဆင့်က ကျင့်ကြံသူသခင် အဆင့်နှင့် ကိုက်ညီမှုရှိမလားပဲ”
လင်းရှန်သည် အနည်းငယ် မသေချာပေ။အမှန်တကယ်တော့ တိုက်ပွဲတွင် စစ်မှန်သော ကိုယ်ခံပညာ၏ စွမ်းအားကို မစစ်ဆေးရသေးပေ။
သူ့အနေနဲ့ လေ့ကျင့်ရေးခန်းမှာ မသုံးဝံ့ချေ။
လမ်းကြောင်းအဆင့် အရည်ပျော်ခြင်း၏ စွမ်းအားကို နောက်ဆုံးအကြိမ် စမ်းသပ်တုန်းက သူသည် လေ့ကျင့်ခန်းကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သည်။
လေ့ကျင့်ရေးခန်းသည် စစ်မှန်သော ကိုယ်ခံပညာအဆင့်၏ စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"မနက်ဖြန် ဝိညာဉ်ရေးရာ သားရဲတစ်ကောင်ကိုစမ်းသပ်ဖို့ နဂါးချောက်နက် တောင်တန်းကို သွားမယ်။"
လင်းရှန် စိတ်ထဲမှာ အစီအစဉ်ဆွဲထားပြီး မျက်နှာပြင်ကို ကြည့်လိုက်သည်။
စစ်မှန်သော ကိုယ်ခံပညာအဆင့်သို့ ရောက်ပြီးနောက် တိုးတက်မှုမရှိသည်မှာ သိသာသည်။ စစ်မှန်သော ကိုယ်ခံပညာအဆင့်သည် အမြင့်ဆုံးအဆင့်ဖြစ်သည်။
ဤအရာက သူ့ကို အနည်းငယ်နောင်တရစေခဲ့သည်။
သူဆက်ပြီး တိုးတက်နိုင်ရင်ကောင်းမည်။
စစ်မှန်သော ကိုယ်ခံပညာအဆင့် နည်းစနစ်များအပြင် သူ၏ မှော်စွမ်းအားများသည်လည်း အဆင့်အမျိုးမျိုးအထိ တိုးတက်လာသည်။
ဓားစွမ်းအင်ခုနစ်ခုသည် စတုတ္ထအဆင့်သို့ရောက်ရှိသွားခဲ့ပြီး တစ်ချိန်တည်းတွင် သူသည် ဓားစွမ်းအင်လေးခုကို ထုတ်လွှတ်နိုင်နေပြီဖြစ်သည်။
လျှပိစီးလက်ဝါးနဲ့ စက္ကူရွေ့လျားခြင်းနည်းစနစ်သည် စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့သည်။
လျှို့ဝှက်လက်စွဲစာအုပ်ပါ ဖော်ပြချက်များအရဤမှော်စွမ်းအားတှစ်ခုသည် အများဆုံး ပဉ္စမအဆင့်သို့သာ ရောက်ရှိနိုင်သည်။
တစ်နည်းဆိုရသော် မှော်စွမ်အားနှစ်ခုသည် ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရန် ခြေ
တစ်လှမ်းသာ လိုတော့သည်။
အခြားသော မှော်စွမ်းအားသုံးခုကတော့ လင်းရှန် များများစားစား အားမစိုက်ထားသောကြောင့် တိုးတက်မှုက သိပ်မရှိပေ။
ပထမတော့ လင်းရှန်သည် လေဟုန်စီးခြင်းကို အာရုံစိုက်ချင်ခဲ့သည်။
ဝူလောင်ကိုယ်ခွဲ၏ လိုက်ဖမ်းခြင်းကို ခံရပြီးမှ လွတ်မြောက်ခြင်းနည်းလမ်းများ၏ အရေးပါမှုကို သိရှိလာခဲ့သည်။
သို့သော်လည်း တိမ်တိုက်နဂါးစည်းချက်သည် စစ်မှန်သော ကိုယ်ခံပညာအဆင့်သို့ ရောက်ရှိပြီးနောက် ၎င်း၏အမြန်နှုန်းသည် လေဟုန်စီးခြင်းထက် များစွာပိုမို မြင့်မားလာမည်ကို သူသဘောပေါက်ခဲ့သည်။
လေဟုန်စီးခြင်းကို ပဉ္စမအဆင့်ထိ ကျင့်ကြံခဲ့လျှင်ပင် သူသည် ပို၍ နှေးကွေးသွားမည်ပင်။
လေဟုန်စီးခြင်းအတွက် အချိန်အများကြီး ပေးစရာမလိုပေ။
ဤမှော်စွမ်းအားကို အများအားဖြင့် လေထဲတွင် ပျံဝဲရန် အသုံးပြုကြပြီး ၎င်းက လင်းရှန် တောထဲ၌ လေ့ကျင့်နေချိန်တွင် နယ်မြေအချို့ကို ဖြတ်ကျော်ရန် လွယ်ကူစေသည်။
ထို့အပြင် စစ်မှန်သော ကိုယ်ခံပညာအဆင့်သို့ရောက်ရှိပြီးနောက် တိမ်တိုက် နဂါးစည်းချက်သည် လေဟုန်စီးခြင်းကဲ့သို့ပျံသန်းနိုင်စွမ်းရှိသည်။
"ဘာပဲဖြစ်ဖြစ် တိမ်တိုက်နဂါးစည်းချက်က စစ်မှန်သော ကိုယ်ခံပညာအဆင့် ရောက်တော့မယ်။ လေဟုန်စီးခြင်းနဲ့ ပတ်သက်ပြီးတော့ငါနောက်မှ ဆုံးဖြတ်ပါ့မယ်။"
စိတ်ထဲမှ အစီအစဉ်နဲ့အတူ လင်းရှန်သည် သူ့အာရုံကို မျက်နှာပြင်ဆီသို့ ပြန်လှည့်လိုက်သည်။
သုံးလအကြာတွင် အဋ္ဌမမြောက်ကိုယ်ပွားကို ပေါင်းစည်းခြင်း၏ တိုးတက်မှုသည် ၁၈% သို့ ရောက်ရှိသွားခဲ့သည်။
ပျမ်းမျှအမြန်နှုန်းသည် ငါးရက်လျှင် ၁% သာ ဖြစ်သည်။
ဤနှုန်းဖြင့် အဋ္ဌမမြောက်ကိုယ်ပွားကို ပြီးမြောက်ရန် ရက် ၅၀၀ အချိန်ယူရပေမည်။
“တစ်နှစ်ကျော်တောင်…”
လင်းရှန် ခဏလောက် စဉ်းစားကြည့်သည်။
ကိုယ်ပွါးအရေအတွက် တိုးလာသည်နှင့်အမျှ အသစ်များကို စုစည်းရန် အချိန် ပိုကြာလာသည်။
ဤနှုန်းဖြင့် ကိုးခုမြောက် ကိုယ်ပွားကို ပေါင်းစည်းရန် သုံးနှစ်မှ လေးနှစ်အထိ အချိန်ယူရပေမည်။
သို့သော်လည်း ဒုတိယအတွေးအရ ကျင့်ကြံသူသခင်ဖြစ်လာပြီးနောက် သူ၏ခွန်အားများ တိုးလာသည်နှင့်အမျှ သူစားရန် အိပ်ရန်မလိုတော့ပေ။ နှစ်နှင့်ချီ၍ ကျင့်ကြံနေနိုင်သည်။
ကြည့်ရတာ သုံးနှစ်ကနေ လေးနှစ်လောက်ထိ ဆိုတာ မကြာပေ။
"ထားလိုက်ပါ။ ခုနက ကိုယ်ပွါးခုနစ်ခုနဲ့ လုံလောက်နေပါပြီ”
လင်းရှန်သည် သူ့စိတ်ထဲမှ ကိုယ်ပွားများကို အာရုံခံကာ ပြုံးလိုက်သည်။
ကိုယ်ပွါးခုနစ်ယောက်၊ စွမ်းရည်အမျိုးမျိုးနဲ့အတူ သူ၏ ကျင့်ကြံမှုအမြန်နှုန်းသည် သာမန်ကျင့်ကြံသူများထက် ဆယ်ဆမှ အဆနှစ်ဆယ်အထိ မြင့်မားသည်။
သူတစ်လကြာ ကျင့်ကြံခြင်းသည် အခြားသူများအတွက် တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြိုးစားမှုနှင့် ညီမျှသည်။
ဉာဏ်ကြီးရှင်တွေလို့ ခေါ်တဲ့သူတွေထက် အများကြီး ပိုသည်။
"တောက်ပသောဝင်ပေါက် ဆဌမအဆင့်နဲ့ စစ်မှန်သော ကိုယ်ခံပညာအဆင့်တွေ၊ မှော်
စွမ်းအားတွေ၊ စွမ်းရည်တွေနဲ့ဆို သာမန် တောက်ပသောဝင်ပေါက် နဝမအဆင့် ကျင့်ကြံသူတွေတောင် ငါနဲ့မယှဉ်နိုင်တော့ဘူး”
လင်းရှန်သည် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
လွန်ခဲ့သည့်သုံးလနှင့် နှိုင်းယှဉ်ပါက သူ၏ ခွန်အားမှာ ခုန်ပျံကျော်လွှားကာ တိုးတက် လာခဲ့သည်။
သူသည် တောက်ပသောဝင်ပေါက် နဝမအဆင့်ရှိ တစ်စုံတစ်ယောက်ကဲ့သို့ အစွမ်းထက်သည်။
အကယ်၍ သူ၏ကိုယ်ပွားများပါ၀င်မည်ဆိုပါက ... တောက်ပသော နဝမအဆင့် ကျင့်ကြံသူ ရှစ်ဦးနှင့်အတူ ခင်းကျင်းဖွဲ့စည်းမှုကို အသုံးပြုလျှင် ဝူလောင် ကိုယ်ပွါးကိုပင် အနိုင်ယူနိုင်မည်ဟု လင်းရှန်က ယုံကြည်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက် လင်းရှန် ငြိမ်သက်သွားသည်။
သူက မတ်တပ်ထရပ်ပြီး လေ့ကျင့်ရေးခန်းထဲက ထွက်လာသည်။ သူထွက်လာပြီး ရင်ပြင်ကို လှမ်းကြည့်လိုက်တော့ စိတ်ရှုပ်သွားသည်။