← Chapters

အိမ်တော် ရှင်းလင်းခြင်း (၂)

Vol. 14 Ch. 214

အိမ်တော် ရှင်းလင်းခြင်း (၂)

Vol. 14 Ch. 214

သုံးလကြာသွားသော်လည်း ဂိုဏ်းက ဘာမှမလုပ်ပေ။ နေကိုးစင်းဂိုဏ်း သို့မဟုတ်  နိုင်ယန်းကျောင်းရှိ အရာအားလုံးသည် ယခင်အတိုင်းပင် ငြိမ်သက်သွားခဲ့သည်။

"ဂိုဏ်းရဲ့ အဆင့်မြင့်အရာရှိတွေက ဘာတွေတွေးနေတာလဲ"

ရှီကျင့်ရှန်သည် စစ်ယွမ်ဖေကို သတင်းမပို့လောက်တာ မဖြစ်နိုင်ပေ။ စစ်ယွမ်ဖေကလည်း ဂိုဏ်းကို သတင်းမပို့ပဲ မနေလောက်ပေ။

ဂိုဏ်း၏အရာရှိများသည် တစ်စုံတစ်ရာကို စောင့်မျှော် နေတာကြောင့် 

ငြိမ်းချမ်းသော အခြေအနေရှိနေတာ  ပို၍ဖြစ်နိုင်ချေရှိသည်။

လင်းရှန်သည် သူ၏သံသယများကို ဖယ်ကာ ရင်ပြင်ဆီသို့ လျှောက်သွားသည်။

ယနေ့သည် သုံးလတစ်ကြိမ် တပည့်အဆင့် စိန်ခေါ်သည့်နေ့ဖြစ်သည်။

လင်းရှန်သည် ရင်ပြင်သို့ရောက်သောအခါတွင် လူများစည်ကားနေပြီပင်။ ပတ်ဝန်းကျင် လေထုကလည်း သက်ဝင်လှုပ်ရှားနေ၏ 

အားစိုက်ထုတ်ပြီးနောက် လင်းရှန်သည်ယန်ကျုံးရီနဲ့ စုနျန်ကို လူအုပ်ထဲတွင် တွေ့ရှိ ခဲ့သည်။

သူတို့နှစ်ယောက်လုံး ခရီးပန်းနေပုံရပြီး နဂါးချောက်နက်တောင်တန်းကနေ ပြန်ရောက်လာတာ သိသာသည်။

လင်းရှန် နှလုံးခုန်သံသည် မြန်ဆန်သွားကာ သူ့မျက်လုံးများတွင် တွေးတောစရာ အကြည့်များ တောက်ပလာသည်။

ထိုအချိန်တွင်  ယန်ကျုံးရီသည် လင်းရှန်ကို သတိပြုမိပြီး ပြုံးကာ လမ်းလျှောက်လာခဲ့သည်။

"မင်း ကျင့်ကြံရင်း ပျောက်သွားတယ်လို့တောင် ငါထင်နေတာ။ မင်းကို လိုက်ရှာရတော့မလားလို့”

"တပည့်တွေအားလုံး ကျားဖြူတောင်တန်းက ပြန်ရောက်ပြီလား" လင်းရှန်က ရုတ်တရက် မေးသည်။

"ရောက်ပြီ၊ ဒီနေ့က တပည့်အဆင့်စိန်ခေါ်မှုလေ”

ယန်ကျုံးရီသည် စုနျန်ကို ထူးထူးခြားခြားကြည့်ကာ အဘယ်ကြောင့် ဤကဲ့သို့ ရှင်းရှင်းလင်းလင်းမေးခွန်းမျိုး မေးရသနည်းဟု အံ့သြနေမိသည်။

လင်းရှန်သည် သူ့အဖြေကို စိတ်မ၀င်စားပေ။ သူက လှည့်ပတ်ကြည့်လိုက်ရာ မကြာမီ လူအုပ်ထဲတွင် ယန်ရှင်းကို တွေ့လိုက်ရသည်။

မမျှော်လင့်ဘဲ ယန်ကျင့်ရမ်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။

သာမာန်အားဖြင့် အထက်အိမ်တော် တပည့်များသည် အောက်အိမ်တော် တပည့်များ၏ စိန်ခေါ်မှုကို ကြည့်ရှုရန် လာလေ့မရှိပေ။  နှစ်ရက်အကြာ အထက်အိမ်တော် တပည့်များ စိန်ခေါ်ခံရသောအခါတွင်မှ ပေါ်လာလေ့ရှိသည်။

ထို့အတွက်ကြောင့် ယန်ကျင့်ရမ်သည် ထူးဆန်းသော အကြည့်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော်လည်း  လင်းရှန်သည် ယန်ကျင့်ရမ်ကို စိန်ခေါ်လိုကြောင်း အားလုံးသိသည်။  လူအများစုက ယန်ကျင့်ရမ်သည် ယင်းကြောင့် ကျောင်းသို့ စောစောပြန်လာသည်ဟု ထင်ခဲ့ကြသည်။

ဒါကို သိပြီးနောက်မှာတော့ လူတော်တော်များများဟာ စိတ်လှုပ်ရှားစွာနဲ့ လင်းရှန်နဲ့ ယန်ကျင့်ရမ်ကြည့်ရင်း ချက်ချင်းဆိုသလို ပြောဆိုနေကြသည်။

" လင်း အဆင်ပြေလား? နှစ်ရက်အတွင်း စိန်ခေါ်မှုကို ယုံကြည်ချက်ရှိပြီလား” ယန်ကျုံးရီက အသံတိုးတိုးနဲ့မေးသည်။

စုနျန်က လင်းရှန်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

သူတို့နှစ်ဦးသည် လင်းရှန်၏ ခွန်အားနှင့် အရည်အချင်းကို ယုံကြည်သော်လည်း၊ သူ၏ပြိုင်ဘက်မှာအထက်အိမ်တော်၏ တပည့်တစ်ဦးဖြစ်ပြီး ကျောင်းတွင် သူ၏စွမ်းရည်ကြောင့်လည်း ကျော်ကြားသော ယန်ကျင့်ရမ်ဖြစ်သည်။ ဘာဖြစ်ဖြစ် သူတို့ အနည်းငယ် စိုးရိမ်မိသည်။

“စိတ်မပူပါနဲ့။”

လင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးပြီး ဘာမှပြန်မပြောပေ။

ယန်ကျင့်ရမ်ကို ဤနေရာတွင် မြင်လိုက်ရသဖြင့် ယနေ့ တပည့်အဆင့် စိန်ခေါ်ပွဲသည် ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ခံစားခဲ့ရသည်။

ယန်ကျုံးရီနှင့် စုနျန်သည် လင်းရှန်၏ အမူအရာ အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

သို့သော် လင်းရှန်သည် နှစ်ရက်အကြာ စိန်ခေါ်မှုကြောင့် ဤသို့ဖြစ်နေသည်ဟု ထင်မြင်ကာ ၎င်းတို့က သူ့ကို ဖိအားမပေးခဲ့ကြပေ။

ထိုအချိန်တွင် လူအုပ်ထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

ယန်ကျူံးရီနဲ့ စုနျန်က လှည့်ကြည့်ကာ အံ့အားသင့်သွားသည်။

လူတစ်စုက ရင်ပြင်သို့ ဖြတ်လာသည်။ ထိုအခါ  လူအုပ်ကြီးသည် ပင်လယ်ရေနဲ့ပတ်လိုက်ကဲ့သို့ လမ်းခွဲသွားကြသည်။

အပေါ်ကို လှမ်းကြည့်လိုက်တော့ လမ်းပြပုဂ္ဂိုလ်က အရပ်ရှည်ပြီး သာမာန်

ပုံပန်းသဏ္ဍာန်ရှိပေမယ့် ဂုဏ်သရေရှိ၏ သူကတော့ အထက်အိမ်တော် တပည့်ဆယ်

ယောက်၏ ခေါင်းဆောင်ဖြစ်သော ရှန်ကျီနင်ပင်။

သူ့နောက်မှာတော့ ထူးထူးခြားခြား အမျိုးသား၊ အမျိုးသမီး ရှစ်ယောက်ရှိနေ၏

ရှီကျင့်ရှန်၊ မူချွမ်ဟွာ၊ ကျန်းဟောင်… သူတို့အားလုံးက အထက်တန်းအိမ်တော် တပည့်တွေပင်။

ရင်ပြင်တွင်ရှိနေပြီဖြစ်သော ယန်ကျင့်ရမ် နှင့်အတူ အထက်အိမ်တော်မှ တပည့်ဆယ်ယောက်စလုံး တက်ရောက်ခဲ့ကြသည်။

"ဒါက စီနီယာအကို ရှန်ပဲ”

"အကိုရှီ၊ အကိုမူနဲ့ တခြားသူတွေလည်း ဒီမှာပဲ”

“ဘာဖြစ်လို့လဲ ။ ဘာလို့ အထက်အိမ်တော်တပည့်တွေအားလုံး ဒီကို ရောက်နေကြ တာလား။

"ဘာဖြစ်တာလဲ?"

လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးကြပြီး တပည့်များစွာ အံ့အားသင့် သွားကြသည်။

ဒီနေ့လို အောက်အိမ်တော် စိန်ခေါ်ပွဲနေ့ မဆိုထားနဲ့။ အထက်အိမ်တော် စိန်ခေါ်သည့်နေ့တွင်ပင် ထိပ်တန်း တပည့်ဆယ်ဦးစလုံး ပေါ်လာမည် မဟုတ်ပေ။ 

ဘာတွေဖြစ်နေတာလဲ?

လူတော်တော်များများက တစ်စုံတစ်ခု လွဲချော်နေတယ်လို့ ခံစားရပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြသည်။

ရင်ပြင်၏ထောင့်တစ်နေရာတွင် ရှန်ကျီနင်နှင့် အခြားလူများကို တွေ့ရတော့ ယန်ရှင်က  အံ့သြသွားသည်။

"အစ်ကို ရှန်ကျီနင်နဲ့ တခြားသူတွေ ဒီကို ဘာလို့ ရောက်နေတာလဲ"

"ငါမသိဘူး”

ယန်ရှင်းက အံ့အားသင့်သွားသည်။  ယန်ကျင့်ရမ်ကို လှည့်ကြည့်လိုက်တော့ သူ့အစ်ကို၏ အမူအရာသည် အလွန်လေးနက်လာသည်ကို သဘောပေါက်လိုက်သည်။

တစ်ခုခုတော့ လွဲနေပြီဆိုတာ သူသိလိုက်သည်။

အထက်အိမ်တော် တပည့်များသည် ယနေ့ ဤနေရာတွင် ထူးထူးခြားခြား လုပ်စရာ တစ်ခုခု ရှိရမည်။

ယန်ကျင့်ရမ်သည် အထက်အိမ်တော်၏ ထိပ်တန်းတပည့် ဆယ်ဦးတွင် တစ်ဦးဖြစ်သော်လည်း  သူသည် အဆိုပါ အခွင့်အခါကို လုံးဝ သတိမထားမိပေ။ ဤသည်မှာ အလွန်ဆိုးရွားသော နိမိတ်ဖြစ်မည်မှာ သေချာသည်။

ယန်ရှင်းက ဒါကိုတွေးပြီး ထိတ်လန့်သွားသည်။

ရှန်ကျီနင်ဦးဆောင်ပြီး အထက်အိမ်တော်မှ တပည့်ကိုးယောက်သည် လူအုပ်ကြီးရှေ့မှာ ရပ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ရင်ပြင်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။

အားလုံးက အထက်အိမ်တော် တပည့်တွေကို စိုက်ကြည့်ပြီး ဒီနေ့ဒီမှာ ပေါ်လာရတဲ့ အကြောင်းရင်းအား ရှင်းပြမှာကို စောင့်နေကြသည်။

လူတိုင်း၏အကြည့်အောက်တွင်  ရှန်ကျီနင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျယ်လောင်စွာပြောသည်။

"ဂိုဏ်းရဲ့အမိန့်ကိုဖတ်ဖို့ အကြီးအကဲရဲ့အမိန့်အရ ဒီနေ့ဒီမှာရောက်နေတာ။"

ဤစကားကို သူပြောသည်နှင့်တပြိုင်နက် တပည့်များအားလုံး အံ့အားသင့်သွား ကြသော်လည်း ရှန်ကျီနင်ကို မနှောက်ယှက်ဝံ့ဘဲ ဂရုတစိုက် နားထောင်နေလေသည်။

နောက်အခိုက်အတန့်တွင် ရှန်ကျီနင်က အမိန့်တစ်ခုထုတ်ပြီး လေထဲသို့ ပစ်ချလိုက်သည်။

ချက်ချင်းပင် အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အမိန့်သည် လေထဲတွင် ပျံဝဲနေပြီး တာအို၀တ်စုံဝတ်ထားသော အဘိုးအိုတစ်ဦး၏ ရုပ်သွင်သည် ထိုပေါ်တွင် ဖြည်းညှင်းစွာ ပေါ်လာသည်။

စူးရှထက်မြက်သော မျက်လုံးများနဲ့အတူ တပည့်များသည် ၎င်းက နေကိုးစင်းဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဖြစ်ကြောင်း ချက်ချင်း သိကြသည်။

အဘိုးအိုသည် ဖြည်းညှင်းစွာပြောကာ သူ၏နက်ရှိုင်းသောအသံသည် ရင်ပြင်တစ်ခုလုံး ပျံ့နှံ့သွားသည်။

"ယန်မိသားစုက ဂိုဏ်းရဲ့ကျေးဇူးကို လျစ်လျူရှုပြီး ကျားဖြူတောင်အောက်က ဝိညာဉ်လိုဏ်ဂူကို သိမ်းပိုက်ဖို့ ရည်ရွယ်ခဲ့တယ်။ ဒါဟာ ဂိုဏ်းကို သစ္စာဖောက်တာနဲ့ ညီမျှတယ်။ သူတို့ရဲ့ ပြစ်မှုတွေကို ပြစ်ဒဏ်ပေးရမယ်။ ဒီနေ့ ဂိုဏ်းဆရာကြီးရဲ့ အမိန့်အရ ဂိုဏ်းကိုရှင်းလင်းရေးလုပ်ပြီး ယန်မိသားစုကို ဖျက်ဆီးပစ်မယ်”

သစ္စာဖောက်တွေ … ဂိုဏ်းက သူတို့ကိုဖျက်ဆီးတော့မယ်

ထိုစကားကို ပြောပြီးသည်နှင့် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားကာ မြေပြင်ပေါ် အပ်ပြုတ်ကျသံကိုပင် ကြားလိုက်ရသည်။

မရေတွက်နိုင်သော တုန်လှုပ်ခြောက်ခြားသည့်အကြည့်များသည် ယန်မိသားစုထံ လှည့်သွားသည် ။

All Chapters