အိမ်တော် ရှင်းလင်းခြင်း (၃)
Vol. 14 Ch. 215
ယန်ကျင့်ရမ်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲနေပြီဖြစ်သည်။
ယန်ရှင်း၏ မျက်နှာသည် ဖြူဖျော့နေပြီး ခြေထောက်များ တုန်ရီနေသည်။
စက္ကန့်အနည်းငယ်လောက် ထိတ်လန့်သွားပြီးနောက် သူက ရုတ်တရက် "ချီးပဲ ယန်မိသားစုက ဂိုဏ်းကို သစ္စာမဖောက်ဘူး”
သူစကားပြောပြီးသည်နှင့် ရှန်ကျီနင်၏ အကြည့်သည် ထက်မြက်သောဓားတစ်
လက်ကဲ့သို့ ရောက်လာပြီး လေးနက်သောအသံဖြင့် ပြောသည်။
"အမိန့်ထုတ်ပြီးပြီ ဆိုကတည်းက ခိုင်လုံတဲ့ သက်သေတွေရှိရမယ်၊ ငြင်းစရာနေရာ မရှိဘူး"
ရှန်ကျီနင်၏စကားကိုအတည်ပြုရန်အလင်းတန်းဆယ်ခုကျော်သည် အဝေးမှရုတ်တရက်ရောက်လာသည်။ လေထဲတွင်ခဏရပ်ပြီးနောက် ကျောင်းအဝင်ဝဆီသို့ ဥက္ကာပျံများကဲ့သို့ ပြေးသွားကြသည်။
" အကြီးအကဲ ၊ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေနဲ့ ဆရာတို့က ကျားဖြူတောင်တန်းသို့ ထွက်ခွါသွားကြပြီ။ ဂိုဏ်းရဲ့ကျင့်ကြံသူသခင်တွေနဲ့အတူ ယန်မိသားစုကို သုတ်သင်ပစ်တော့မှာ”
ရှန်ကျီနင်သည် စိတ်ပျက်လက်ပျက် ကြည့်နေခဲ့သော ဖြူဖတ်ဖြူလျောမျက်နှာနဲ့ ယန်မိသားစုဝင်များကို ကြည့်နေခဲ့သည်။
"အညံ့ခံကြ”
ထိုအချိန်တွင် ယန်မိသားစု တပည့်ပေါင်း နှစ်ဆယ်ကျော် ရှိနေသည်။ သူတို့အားလုံး စည်းဝေးခဲ့ကြသည်။
ယန်ရှင်းအပါအဝင် ဤတပည့်များအားလုံးသည် ဖျော့တော့သွားကြသည်။
ဝိညာဉ်လှိုဏ်ဂူအကြောင်း သူတို့အားလုံး မသိကြပေ။ ရှန်ကျီနင်ထံမှ ကြားပြီး တုန်လှုပ်ခြောက်ခြားသွားကာ လူများစွာလည်း အသိစိတ်လွတ်သွားကြသည်။
ယန်ကျင့်ရမ်သည် အမူအရာမပြောင်းဘဲ စူးရှသော မျက်လုံးများနဲ့ အထက်အိမ်တော်ရှိ တပည့်များကို ကြည့်လိုက်ပြီး ယန်မိသားစုတပည့်များကို ဖျော့တော့စွာ ကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး အခြေအနေမှာ မျှော်လင့်ချက်ကင်းမဲ့ကြောင်း နားလည်သွားသည်။ သူ့အနေနဲ့ စိတ်ဓာတ်တောင်ကျသွားသည်။
သူတို့သည် ဤမျှကြီးမားသောတန်ကြေးကို ပေးဆောင်ခဲ့ကြသော်လည်း ယခုအခါ မအောင်မြင်ဘဲ ထိုကဲ့သို့သော အခြေအနေတွင် ပြီးဆုံးသွားခဲ့သည်။
ဂိုဏ်းမှ အရာရှိများသည် ၎င်းတို့၏ ယန်မိသားစုကို ဖျက်ဆီးရန် ရှင်းရှင်းလင်းလင်း သဘောတူညီခဲ့သည်။
ယန်မိသားစု တစ်ခုတည်း၏ ခွန်အားဖြင့် ဂိုဏ်း၏ ကြီးကျယ်မှုကို တွန်းလှန်ရန် မဖြစ်နိုင်ပေ။
ယန်မိသားစု ကျဆုံးခြင်းသည် နိဂုံးချုပ်ခြင်းပင်။
သို့သော်လည်း ယန်ကျင့်ရမ်သည် ဘာမှားသွားသည်ကို မသိနိုင်ပေ။
သို့သော် သူပြောပြလည်း အသုံးမဝင်တော့ပေ။ ယခုအချိန်တွင် ရှန်ကျီနင်မေးလျှင်ပင် သူသည် ဖြေမည်မဟုတ်ပေ။ သူ၏ ကြိုးစားအားထုတ်မှုကို ဖြုန်းတီးမည် မဟုတ်ေပေ။
သို့သော်လည်း တိုက်ခိုက်ခြင်းမရှိဘဲ လက်နက်ချမည်မဟုတ်ပေ။
အသက်ပြင်းပြင်းရှူရင်း ယန်ကျင့်ရမ်သည် ရုတ်တရက် ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ရှန်ကျီနင်အား ကြည့်ကာ သူ၏ အပြုအမူနှင့် သဘောထားကို ဖော်ပြလိုက်သည်။
"ယန်ကျင့်ရမ်ကိုသတ်တဲ့ မည်သူမဆို ရွှေအနှစ်သာရဆေး (၃) လုံးရရှိမယ်လို့ အကြီးအကဲက အမိန့်ပေးခဲ့တယ်”
သူပြောပြီးသည်နှင့် ရင်ပြင်ရှိ လေထုသည် ပြောင်းလဲသွားသည်။
တပည့်များသည် ယန်ကျင့်ရမ်အား စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်ကြသည်။
အဲဒါက ရွှေအနှစ်သာရဆေးပဲ။
၎င်းသည် ကျင့်ကြံသူသခင်၏ ကျွမ်းကျင်အဆင့်ကို ကြိုတင်နားလည်နိုင်စေရန်နှင့် ကျင့်ကြံမှုစွမ်းရည်ကို များစွာမြှင့်တင်ပေးနိုင်သည့် အဖိုးတန်ဆေးတစ်လက်ဖြစ်သည်။
ရွှေအနှစ်သာရဆေးပြား၏တန်ဖိုးကိုအရည်အသွေးအမှတ်များနဲ့ တွက်ချက်ပါက အနည်းဆုံး အလယ်အလတ် အမှတ် တစ်ရာလောက် တန်ဖိုးရှိမည်ဖြစ်သည်။
ဘယ်သူကမှ ရွှေအနှစ်သာရဆေးကိုရောင်းဖို့ ဆန္ဒရှိမှာမဟုတ်ပေ။
သို့သော် အာရုံပြန်ရောက်သောအခါ တပည့်အများစုမှာ ဝမ်းနည်းကြေကွဲနေပုံရသည်။
ယန်ကျင့်ရမ်သည် တောက်ပသော ဝင်ပေါက်အဆင့်တွင်ရှိနေသည်။ ထိုအဆင့်တွင် ရှိနေသော တပည့်များသာ သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်သည် ။ ကြာရှည်စွာအသက်ရှုခြင်းအဆင့်များက ၎င်းကို မေ့ထားရမည်။
ရှန်ကျီနင်ပြောသည်ကို ကြားသောအခါ ယန်ကျင့်ရမ်၏ အမူအရာ မည်းမှောင်သွားသည်။
နိုင်ယန်းကျောင်းသည် အဝင်ဝတွင် ပိတ်ထားပြီ ဖြစ်သည်။ ကျောင်းရှိ ယန်မိသားစုဝင်
များသည် လှောင်အိမ်ထဲမှ ငှက်များကဲ့သိုပင်။လွတ်မြောက်ရန် မျှော်လင့်ချက် မရှိသည်မှာ ထင်ရှားသည်။
ကျောင်းကိုသာ ပိတ်မထားခဲ့ဘူးဆိုရင်တောင် သူတို့ရဲ့ လွတ်မြောက်နိုင်ခြေက အရမ်းနည်းနေသည်။
အထက်အိမ်တော်ကျောင်းသား ကိုးဦးနှင့် အောက်အိမ်တော် တပည့် ရာနှင့်ချီရှိ၏ ယန်ကျင့်ရမ်သည် ထိုနေရာတွင် ကျင့်ကြံသူသခင်မဖြစ်ခဲ့လျှင် သူ ရုန်းထွက်ရန် မဖြစ်နိုင်ပေ။
ထိုသို့သောအခြေအနေမျိုးတွင် အကြီးအကဲသည် ထိုကဲ့သို့သောအမိန့်ကို ထုတ်ပြန်ဆဲဖြစ်သည်။ သူသည် သူ၏တပည့်များအား လေ့ကျင့်ပေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ယန်ကျင့်ရမ်သည် အသက်ပြင်းပြင်းရှူပြီး စိတ်ထဲမှ ဒေါသကို ထိန်းလိုက်၏ ထို့နောက်ငြိမ်သက်သွားလေသည်။
သူ မလွတ်မြောက်နိုင်တော့ဘဲ တိုက်ခိုက်လိုက်သည် ။
သူမသေခင်မှာ တစ်ယောက်ယောက်ကို ဆွဲခေါ်သွားနိုင်မည်ပင်။
ယန်ကျင့်ရမ်အမူအရာပြောင်းလဲတာကို မြင်တော့ ရှန်ကျီနင်သည် လေးနက်သော လေသံဖြင့် မေးလိုက်သည်။
"ဘယ်ဂျူနီယာလေးက သူ့ကို စိန်ခေါ်ချင်လဲ"
ထိုစကားကို ပြောပြီးတာနဲ့ အထက်အိမ်တော်တပည့်တွေရဲ့ မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်ကုန်၏
သူတို့လို အထက်အိမ်တော်ပည့်တွေအတွက်တောင် ရွှေရွှေအနှစ်သာရဆေး၏ သွေးဆောင်မှုဟာ အလွန်ကြီးမားသည်။
သုံးခုဆိုတော့ ပြောစရာမရှိတော့ပေ။
လူတိုင်းက ဒီဆုကို လိုချင်ကြသည်။
သို့ရာတွင် သူတို့၏ပြိုင်ဘက်သည် ယန်ကျင့်ရမ် ဖြစ်သောအခါတွင် သေသေချာချာ စဉ်းစားရပေမည်။
ယန်ကျင့်ရမ်သည် လွန်ခဲ့သည့် နှစ်ဝက်ခန့်ကတောက်ပသောဝင်ပေါက်၏ တတိယအဆင့်သို့ ရောက်ရှိခဲ့သည်။ ယခု နှစ်ဝက်ကျော်သွားကာ ဝိဥာဉ်ဂူ၏ အကူအညီကို ရယူထားသောကြောင့် သူ၏ ခွန်အားသည် အလွန်တိုးတက်နေ ပေလိမ့်မည်။
ထို့အပြင် သူသည် ဤတိုက်ပွဲတွင်ပိတ်မိနေသော သားရဲတစ်ကောင်ဖြစ်သည်။ သူ့ရှိသမျှကို ပုံအောတိုက်မည်ပင်။ သေချာပေါက် သတိမထားမိပါက ၎င်းတို့သည် ယန်ကျင့်ရမ်ကို မသတ်နိုင်ဘဲ ဆုံးရှုံးမှုများစွာကို ခံစားရမည်
ဖြစ်သည်။ သူတို့အနေနဲ့ သေချာစဉ်းစားရသည်။
ပေါင်းစည်းတိုက်ကြမယ်ဆိုရင်... သူတို့ ၏ ပြိုင်ဘက်သည် ပိတ်ဆို့ခံနေရပြီးသားပင်။ အတူတူ တိုက်ခိုက်ရမည်ဆိုပါက မစာနာရာကြသည်။
ထို့အပြင် မည်သူက ရွှေရွှေအနှစ်သာရဆေးပြားကို အခြားသူများနဲ့ မျှဝေလိုမည်နည်း။
အထက်အိမ်ဆော်မှ တပည့်များသည် နှုတ်ဆိတ်နေပြီး ချီတုံချတုံ ဖြစ်နေသည်ကို မြင်
သဖြင့် ယန်ကျင့်ရမ်က သူတို့ကို လှောင်ပြောင်နေသည်။
"ဘာလဲ၊ ငါ့ကို ဘယ်သူမှ လာမတိုက်ရဲဘူးလား”
အထက်အိမ်တော်မှ တပည့်များအားလုံးသည် မာနကြီးကြသည်။ သေတော့မည့် ယန်ကျင့်ရမ် ၏ လှောင်ပြောင်မှုကို မည်သို့ခံနိုင်ရည်ရှိမည်
နည်း။ အဲ့တာက သူတို့ကို ဒေါသထွက်စေသည်။
တစ်စုံတစ်ယောက်သည် ချက်ချင်းပင် လူအုပ်ထဲမှ ထွက်လာပြီး အော်ဟစ် လိုက်သည်။
"မင်း ဘာလို့ မာနကြီးနေတာလဲ။ ယန်ကျင့်ရမ် ၊ ငါမင်းကိုတိုက်မယ်။"
အဲ့တာက ကျန်းဟောင်ပင်။
ကျန်းဟောင်သည် ရွှေအနှစ်သာရဆေးပြားအတွက် ရှီကျင့်ရှန်နှင့် တစ်ကြိမ်ယှဉ်ပြိုင် ခဲ့ဖူးသော်လည်း ကံမကောင်းစွာပဲ အဆုံးတွင် ရှုံးနိမ့်ခဲ့ပြီး ဆေးကိုရယူရန် အခွင့်အရေးကို လက်လွတ်ခဲ့ရသည်။
ထို့အတွက်ကြောင့် သူသည် ရွှေအနှစ်သာရဆေးကိုလိုချင်သည်။ သူသည် ရွှေအနှစ်သာရဆေးပြားသုံးလုံးအတွက် အတော် စိတ်အားထက်သန် နေခဲ့သည် ။သို့သော် ယန်ကျင့်ရမ်က စွမ်းအားရှိတာကြောင့် သူ စွမ်းဆောင်နိုင်မည်ဟု မယုံကြည်ခဲ့ပေ။ ခဏလောက်စောင့်ပြီး တခြားသူတွေက ယန်ကျင့်ရမ်၏ခွန်အားကို စမ်းကြည့်တာကိုကြည့်ချင်မိသည်။
ယန်ကျင့်ရမ်သည် ဤမျှမာနကြီးပြီး ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေမည်ဟု မည်သူထင်မည်နည်း။
ကျန်းဟောင်က ဒါကို ဘယ်လို ခံနိုင်ရည်ရှိနိုင်မလဲ။
"ယန်မိသားစုက မြေအောက်ဝိဥာဉ်ကို အခုမှပဲ ရတာပါ။ယန်ကျင့်ရမ်က ကျင့်ကြံဖို့ ဝင်နိုင်ရင်တောင် အဲ့တာက သိပ်မကြာလောက်သေးဘူး။ သူ့ရဲ့ တိုးတက်မှု ဘယ်လောက်ပဲရှိပါစေ၊ အကန့်အသတ်တော့ ရှိမှာပဲလေ။ ငါက အထက်အိမ်တော်ထဲကို ဝင်လာတာ သူ့ထက်တစ်နှစ်စောတယ်။ဒီကောင်ကို အနိုင်မယူနိုင်ဘူးလို့ မယုံဘူး”
သူ့အတွေးများ နယ်ချဲ့ပြီးသောအခါ ကျန်းဟောင်သည် ငြိမ်သက်သွားသည်။ သူ့အင်္ကျီလက်ကို လှန်လိုက်သည်နှင့် လက်ဖဝါးပေါ်မှ နေကိုးစင်း နတ်ဘုရားဓားတစ်ချောင်း ပေါ်လာသည်။ အေးစက်သော ဓားဖျားက ယန်ကျင့်ရမ်ကို ညွှန်ပြလိုက်သည်။
"ဒီနေ့ မင်းငါ့ရဲ့ နေကိုးစင်း နတ်ဘုရားဓားကို မြည်းစမ်းကြည့်”
ယန်ကျင့်ရမ်သည် မျက်လုံးများကို မှိတ်ထားပြီး အေးစက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
"ငါ မစောင့်နိုင်တော့ဘူး”
သူနောက်ဆုံးစကားပြောပြီးချိန်တွင် ယန်ကျင့်ရမ်သည် သူ၏ဓားကို ထုတ်လိုက်ပြီး ကျန်းဟောင်ဆီသို့ လျှပ်စီးကဲ့သို့ ပစ်ခတ်ခဲ့သည်။
သူက အေးစက်စွာ ပြုံးပြီး မကြောက်မရွံ့ ရှေ့သို့ တိုက်ခိုက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သောတိုက်ပွဲတစ်ခုတွင် ပါဝင်ခဲ့ကြသည် ။