နောက်ကျနေသော စိန်ခေါ်မှု (၁)
Vol. 14 Ch. 216
ပြင်းထန်သော လေလှိုင်းများသည် စူးရှထက်မြက်သော ဓားစွမ်းအင်နဲ့အတူ အရပ်
ရပ်သို့ ရွေ့လျားသွားသည်၊ အနီးနားရှိ လူများက မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်လွှဲရန် နောက်ဆုတ်သွားကြသည်။
ရင်ပြင်၏အလယ်ဗဟိုရှိ လှိုင်းလုံးကြီးများနှင့် အရပ်ရပ်သို့ ပစ်လွှတ်နေသော ဓားစွမ်းအင်များကိုကြည့်ရင်း ယန်ကျုံးရီသည် စကားမပြောနိုင်ပေ။
"အထက်အိမ်တော်က တပည့်တွေက တကယ်ပဲ တန်ခိုးကြီးတာပဲ”
စုနျန်က သဘောတူကာ ခေါင်းညိတ်လိုက်ပြီး ကွင်းပြင်ရှိ တိုက်ပွဲကို စိုက်ကြည့် နေသည်။
တခြားတပည့်တွေလည်း စေ့စေ့ကြည့်နေကြသည်။
အထက်အိမ်တော်မှ တပည့်များ တိုက်ပွဲဝင်သည်မှာ ရှားပါးလှသည်။
တပည့်အဆင့် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့လျှင်ပင် အထက်အိမ်တော်တပည့်များကို အချိန်တိုင်း လူတိုင်းစိန်ခေါ်မည်မဟုတ်ပေ။
ထို့အပြင် ယခုတိုက်ပွဲသည် သာမန်တိုက်ပွဲမဟုတ်ပေ။ မတူသည်မှာ စစ်မှန်သော ရှင်သန်ခြင်းနှင့်သေခြင်းတိုက်ပွဲဖြစ်သည်။
သူတို့ဆီက တစ်ခုခု သင်ယူနိုင်ရင် သူတို့အတွက် တော်တော်အကျိုးရှိမှာပင်။
လူအုပ်ထဲတွင် လင်းရှန်သည် မှိတ်တုတ်မှိတ်တုတ် မျက်လုံးများဖြင့် ကြည့်နေသည်။
သူသည် အောက်အိမ်တော် တပည့်များကြားတွင် အတည်ငြိမ်ဆုံးဖြစ်သည်။
နောက်ဆုံးတော့ ဒီလိုဖြစ်လာဖို့ သူမျှော်လင့်ထားပြီးသားပင်။
သို့သော် သုံးလအကြာတွင် ဂိုဏ်းသည် ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မတွေးမိခဲ့ပေ။
သို့သော် ဘာကြောင့် ဤကဲ့သို့ ဖြစ်ရသည်ကို လင်းရှန်အနေနဲ့ မရေရာသော အတွေးတစ်ခု ရှိနှင့်ပြီးဖြစ်သည်။
ကျားဖြူတောင်တန်းလှိုဏ်ဂူကို သိမ်းပိုက်ပြီးနောက် ယန်မိသားစုသည် နိုင်ယန်းကျောင်းမှတစ်ဆင့် လူသစ်စုဆောင်းရေးမစ်ရှင်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
ထိုအချိန်တွင် ကျားဖြူတောင်တန်းသို့ တပည့်အများအပြား ရောက်ရှိလာသည်။
ဂိုဏ်းက ယန်မိသားစုကို သုတ်သင်ချင်ရင် ဒီတပည့်တွေကို ဘယ်လိုမပါဝင်အောင် လုပ်ရမလဲဆိုတာ အဖြေရှာဖို့ လိုသည်။
ကျားဖြူတောင်တန်းက တပည့်တွေကို ပြန်ခိုင်းရင် ရန်သူကို သတိပေးသလို ဖြစ်နိုင်သည်။
ထို့ကြောင့် ဂိုဏ်း၏ အထက်အရာရှိများသည် အဆင့်စိန်ခေါ်ခြင်းနေ့ကို အထူးရွေးချယ်ခဲ့ကြသည်။
ဤနေ့တွင် တပည့်အားလုံးသည် နိုင်ယန်းကျောင်းသို့ ပြန်လာကြမည်။ အဲ့တော့ ယန်မိသားစုက သံသယဖြစ်လာမည်ကို စိုးရိမ်နေစရာ မလိုပေ။
သို့သော် လင်းရှန်သည် ဤတစ်ခုတည်းသောအကြောင်းပြချက်မဟုတ်ဟု ယောင်ဝါးဝါးခံစားလိုက်ရသည်။
သုံးလက နည်းနည်းကြာနေသလိုပင်။
ဂိုဏ်း၏ မြင့်မြတ်သော အရာရှိများ၏ စိတ်နေစိတ်ထားနှင့် အပြုအမူအရ လှုပ်ရှားမှုကို နှောင့်နှေးစေတာက ယန်မိသားစုမှ အန္တရာယ်ပေးမည့် တပည့်တစ်စု၏ လုံခြုံရေးအတွက်လား
အဖြေက ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့သည်။
လင်းရှန်သည် အခြားထည့်သွင်းစဉ်းစားမှုများရှိသည့် ဂိုဏ်း၏ ထိပ်တန်းအရာရှိများ နေရာက တွေးမိသည်။
ပူးပေါင်းကြံစည်မှုတစ်ခုလို သဘောထားလိုပါက ယန်မိသားစုမြေအောက်ဝိညာဉ်ဂူကို ဖွင့်ပြီးမှ အရာအားလုံးကို ရယူလိုသောကြောင့် ၎င်းတို့လုပ်ဆောင်မှုကို နှောင့်နှေးစေခဲ့သည်ဟု သူထင်သည်။
ဤနည်းအားဖြင့် ငှက်နှစ်ကောင်ကို ကျောက်တုံးတစ်လုံးဖြင့် သတ်ပစ်သလိုပင် ။ သစ္စာဖောက်များကို ချေမှုန်းနိုင်ရုံသာမက လုံးဝဖွင့်ထားသည့် ဝိညာဉ်ဂူကိုလည်း ရရှိနိုင်မည်ဖြစ်သည်။
"ဒီလိုဆိုရင် ယန်မိသားစုကို ဂိုဏ်းကအသုံးချတာပေါ့။ ယန်မိသားစုမှာ ဘာမှမကျန်တော့အောင် လုပ်တာပေါ့”
လင်းရှန်က အံ့ဩသွားသည်။
သို့သော် ယင်းသည် ထင်ကြေးပေးမှုတစ်ခုသာဖြစ်သည်။
ဒါ့ကမှန်တယ်ဆိုရင်တောင် သူနဲ့ဘာမှမဆိုင်ပေ။
ယန်မိသားစုမှာ ဖြစ်ပျက်ခဲ့သမျှအတွက် သူကပျော်နေပြီး သူတို့ကို လုံးဝသနားမှာ မဟုတ်ပေ။
လင်းရှန်၏ အတွေးများ ပြိုင်ဆိုင်နေချိန်တွင် တိုက်ပွဲသည် ပို၍ပင် ပြင်းထန်လာသည်။
တိုက်ပွဲတွင် နှစ်ဖက်စလုံးသည် တောက်ပသောဝင်ပေါက်အဆင့်တွင်ရှိကြပြီး ဓားများကို ကောင်းစွာအသုံးပြုကြသည်။ သူတို့ချင်းတိုက်မိတဲ့အခါ ဓားသွားသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ဓားစွမ်းအင်က နေရာပေါင်းစုံကို လွင့်ပျံနေပြီး အပူချိန်ပါလျော့ကျလာသည်။ ရံဖန်ရံခါ လျှပ်စီးလက်ဝါးကဲ့သို့ မှော်စွမ်းအားမျာ:ကို သုံးကြပြီး တော်တော်ကို ကြောက်စရာကောင်းသည်။
အချိန်တိုလေးအတွင်းမှာပင် စစ်မြေပြင်၏ မီတာ ၅၀၀ အတွင်း ဧရိယာသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျောက်တုံးများ ကွဲအက်သွားကာ အရာအားလုံး ရှုပ်ပွသွားခဲ့သည်။
ကြည့်ရှုနေကြသော တပည့်များသည် ရင်ပြင်၏အစွန်းသို့ ရောက်လုနီးသည့်အထိ နောက်ဆုတ်သွားသည်။
တပည့်များစွာသည် ပြောစရာ စကားမရှိပေ။ ယန်ကျင့်ရမ်နှင့် ကျန်းဟောင်တို့၏ အင်အားကြောင့် တုန်လှုပ်သွားကြသည်။
အထက်အိမ်တော် တပည့်များသာ တိုက်ပွဲ၏ နောက်ဆက်တွဲ လှုပ်ခတ်မှုဒဏ်ကြောင့် မထိခိုက်ဘဲ ကျန်ရစ်ခဲ့ကြသည်။
အောက်အိမ်တော်မှ တပည့်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် စစ်မြေပြင်ကို ပိုမိုရှင်းလင်းစွာ မြင်ကြသည်။ သူတို့အမူအရာတွေကလည်း ငြိမ်သက်နေ၏
"အဲဒါကိုကြည့်ခြင်းအားဖြင့် ယန်ကျင့်ရမ်က တောက်ပသော ဝင်ပေါက် ပဉ္စမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကျန်းဟောင်က သူ့ပြိုင်ဘက်မဟုတ်နေဘူးပဲ” ရှီကျင့်ရှန်က မျက်မှောင်ကြုတ်လိုက်သည်။
မူချွမ်ဟွာ အံ့အားသင့်သွားကာ "ဝိညာဉ်လှိုဏ်ဂူက အဲ့လောက် အစွမ်းထက်တာလား။ ယန်ကျင့်ရမ်က လွန်ခဲ့တဲ့ နှစ်ဝက်လောက်က တတိယအဆင့်ပဲ ရှိသေးတယ်၊ ဒါပေမယ့် အချိန်တိုအတွင်းမှာ အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်သွားခဲ့တယ်”
ဤစကားကိုကြားသောအခါ အခြားအထက်အိမ်တော်တပည့်များ၏ အမူအရာများ ပြောင်းလဲသွားကာ စိတ်လှုပ်ရှားနေပုံရသည်။
သူတို့သာ ကျင့်ကြံရန် ဝိညာဉ်ဂူထဲသို့ ဝင်နိုင်လျှင်ကျင့်ကြံမှုသည် ယန်ကျင့်ရမ်ကဲ့သို့ လျင်မြန်စွာ တိုးတက်လာမည် မဟုတ်ပါလော
ဘုန်း
ကွင်းထဲမှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။
တိုက်မိမှုကြောင့် တောက်လောင်နေသော အဖြူရောင်လျှပ်စီးကြောင်းနှစ်ခု ပေါ်လာသည်။ ကောင်းကင်တွင် လေလှိုင်းများ တိုးထွက်လာပြီး ကျန်းဟောင်သည် သူ့ကိုယ်သူ မရပ်တန့်မီ ခုနစ်မီတာမှ ရှစ်မီတာအထိ ဆုတ်ခွာသွားခဲ့သည်။ သူက ယန်ကျင့်ရမ်ကို ထိတ်လန့်စွာကြည့်လိုက်သည်။
လအနည်းငယ်အတွင်း ယန်ကျင့်ရမ်၏ တိုးတက်မှုအဆင့်သည် တောက်ပသော ဝင်ပေါက်အဆင့်ပဉ္စမအဆင့်သို့ ရောက်ရှိသွားမည်ဟု သူဘယ်တုန်းကမှ မျှော်လင့်မထားပေ။
မြင့်မားသော ကျင့်ကြံမှုအဆင့်မရှိလျှင် ကျန်းဟောင်သည် ၎င်း၏ကိုယ်ခံပညာဖြင့် ယန်ကျင့်ရမ်ကို အနိုင်ယူရန် ယုံကြည်မှုမရှိတော့ပေ။
"ချီးပဲ”
ကျန်းဟောင်၏ အမူအရာမှာ ညိုးငယ်သွားသည်။
သူ ဆုတ်ခွာချင်သော်လည်း သူမည်မျှ အစွမ်းထက်သည်ကို ယန်ကျင့်ရမ်အား သိစေလိုကြောင်း ကြွားဝါခဲ့ပြီးပြီပင်။ ဤကဲ့သို့ ဆုတ်ခွာသွားပါက နောင်တွင် ကျောင်း၌ မည်ကဲ့သို့ ဂုဏ်သိက္ခာနဲ့ နေရမည်နည်း။
ဒါကိုစဉ်းစားရင်း ကျန်းဟောင်က စိတ်ထဲထင့်နေ၏
"ထားလိုက်ပါ ရွှေအနှစ်သာရဆေးပြားသုံးလုံးရရင် ငါ့ဆုံးရှုံးမှုအတွက် လုံလောက် ပါတယ်”
စစ်ပွဲသည် အရေးတကြီးဖြစ်နေပြီ။ စိတ်ဆုံးဖြတ်ပြီးနောက် ကျန်းဟောင်သည် ဆေးလုံးတစ်လုံးကို ထုတ်ကာ မျိုချလိုက်သည်။
ရှီကျင့်ရှန်နှင့် အခြားသူများသည် ကျန်းဟောင် မျိုချလိုက်သော ဆေးလုံးကို မြင်သောအခါ အံ့သြသွားကြသည်။
"သွေးမီးတောက်ဆေး”
ဝိညာဉ်အနှစ်သာရကို ဒြပ်ငါးပါးနှင့် ယင်ယန် စွမ်းရည်အဖြစ် ပိုင်းခြားထားခြင်းမရှိပေ။
ကိုယ်ခံပညာ သို့မဟုတ် မှော်စွမ်းအားများကို အသုံးပြုသည့်အခါမှသာ မတူညီသော စွမ်းအားများကို ပြသနိုင်မည်ဖြစ်သည်။
သို့သော် အချို့သော အထူးဆေးပြားများသည် ဝိညာဉ်အနှစ်သာရကို ယာယီအားဖြင့် စွမ်းအားတစ်ခု ပိုင်ဆိုင်နိုင်အောင် လုပ်နိုင်သည်။
သွေးမီးတောက်ဆေးပြားသည် ထိုကဲ့သို့သော အထူးဆေးများထဲမှ တစ်ခုဖြစ်သည်။
ဆေးသောက်ပြီး နာရီဝက်ကြာသောအခါ သုံးစွဲသူ၏ ဝိညာဉ်ရေးရာအနှစ်သာရသည် ယင်ယန် ဝိညာဉ်ရေးအနှစ်သာရအဖြစ်သို့ ယာယီပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအခါ ယန်အမျိုးအစား ကိုယ်ခံပညာ သို့မဟုတ် မှော်စွမ်းအား၏ စွမ်းအားသည် အလွန်တိုးလာမည်ဖြစ်သည်။
ရှင်သန်ခြင်းနှင့်သေခြင်းတိုက်ပွဲတွင် အချိန်ကိုက်ဖြစ်လျှင် ဆေးလုံးသည် အခြေအနေအရပ်ရပ်ကို ပြောင်းလဲနိုင်သည့် ဝှက်ဖဲဖြစ်လာနိုင်သည်။