← Chapters

နောက်ကျနေသော စိန်ခေါ်မှု (၃)

Vol. 14 Ch. 218

နောက်ကျနေသော စိန်ခေါ်မှု (၃)

Vol. 14 Ch. 218

ရှီကျင့်ရှန်လည်း ထိတ်လန့်သွားပြီး "ညီလေးလင်း အလျင်မလိုပါနဲ့”

ယန်မိသားစု၏ ဝိညာဉ်လှိုဏ်ဂူကို လက်ဝါးကြီးအုပ်ရန် ရည်မှန်းထားသည့် အချက်အလက်သည် လင်းရှန်ဆီမှရသည်ကို သူတစ်ဦးတည်းသာသိသည်။ သတင်းရင်းမြစ်ကို ကာကွယ်ရန် ဖြစ်စေ ဤဂျူနီယာအစ်ကိုကို ချီးမြှောက်ရန် ဖြစ်စေ သူသည် လင်းရှန်ကိုဒဏ်ရာမရေစေချင်ပေ။

သို့သော် လင်းရှန်သည် ထိုစကားကိုကြားသောအခါ ယန်ကျင့်ရမ်ဘက်သို့ ဆက်မသွားမီ ရှီကျင့်ရှန်အား ခေါင်းညိတ်ပြခဲ့သည်။

ဒါကိုမြင်တော့ ရှီကျင့်ရှန်က ထိတ်လန့်သွားပြီး လင်းရှန်ကို တားချင်ပေမယ့် သင့်တော်တဲ့အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ပေ။

တစ်ချိန်တည်းမှာပင် အသိပြန်ဝင်လာသော အခြားအထက်အိမ်တော် တပည့်များအားလုံး ခေါင်းယမ်းလိုက်ကြသည်။

သူတို့တောင် ယန်ကျင့်ရမ်ကိုအနိုင် မယူနိုင်တာ ။ လင်းရှန်ကဘဘာလုပ်နိုင်မလဲ။

ရှန်ကျီနင်ကမျက်ခုံးပင့်လိုက်ပြီး မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာသည်။

လင်းရှန်၏ လုပ်ဆောင်ချက်များနှင့် အံ့ဩဖွယ်ရာ အရည်အချင်းများကို သူကြားသိခဲ့ရသည်။

သို့သော် အရည်အချင်းသည် သပ်သပ်တစ်ခုဖြစ်ပြီး ခွန်အားသည် အခြားအရာဖြစ်သည်။

လင်းရှန်သည် တောက်ပသောဝင်ပေါက်အဆင့်သို့  နှစ်ဝက်လောက်ကသာ တက်လှမ်းနိုင်ခဲ့သည်။ သူသည် ယန်ကျင့်ရမ်၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း လူတိုင်းက စောင့်ကြည့်နေကြပြီး ရှန်ကျီနင်သည် လင်းရှန်ကို ပြန်လာရန် တွန်းအားပေးနိုင်စွမ်း မရှိပေ။

သူ တုံ့ဆိုင်းနေချိန်တွင် လင်းရှန်သည် ကွင်းထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။

ယန်ကျင့်ရမ်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း လင်းရှန်ကို အေးစက်စွာ စိုက်ကြည့်ရင်း အသိပြန်ဝင်လာခဲ့သည်။

"ဒီလိုအချိန်မျိုးမှာ မင်း စင်ပေါ်တက်လာဖို့ မျှော်လင့်မထားဘူး”

"လွန်ခဲ့တဲ့ သုံးလလောက်က အကို့ကို တိုက်ချင်တယ်လို့ ပြောခဲ့တယ်၊ ကျွန်တော်ကတိကို တည်တာလေ”

လင်းရှန်က ဘာသိဘာသာ ပြုံးလိုက်သည်။

"ဒါဆို မင်းလိုချင်တာ ဒါ မဟုတ်လား"

ယန်ကျင့်ရမ်သည် တိတ်ဆိတ်နေပြီး မျက်လုံးများကို မှိတ်ထားသည်။

လင်းရှန်ပြောခဲ့သလိုပင်….ယန်ကျင့်ရမ်သည် ယန်မိသားစုနဲ့ အရင်ပဋိပက္ခကြောင့် လင်းရှန်ကို သတ်ဖို့ အခွင့်အရေးကို ရနိုင်ခဲ့မယ်ဆိုရင် သူလက်လွှတ်မခံချင်ပေ။ သူဒီလိုလုပ်ရတာ သူ့အတွက် ဝမ်းသာစရာပင်။

သို့သော်  လင်းရှန်သည် ကျန်းဟောင်နှင့် သူ၏တိုက်ပွဲကို ရှင်းရှင်းလင်းလင်း ကြည့်ရှုခဲ့ပြီး သူ၏အင်အားကို ကောင်းစွာသိထားသော်လည်း စိန်ခေါ်ချက်ကို လက်ခံရန် အစပျိုးနေဆဲဖြစ်သည်။ လင်းရှန်က သူ့ကိုနိုင်မယ် ထင်နေတာလား

ဒါကိုစဉ်းစားလိုက်တော့ ယန်ကျင့်ရမ်က  စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

သို့သော် သူသည် အာရုံထွေပြားသော အတွေးများကို ချက်ချင်း ဖယ်ထုတ်လိုက်ပြီး လက်ရှိ အခြေအနေကို အာရုံစိုက်လိုက်သည်။

အရမ်းကြီး တွေးနေစရာ မလိုပေ။ သူတိုက်ခိုက်ရမည်ပင်။

လင်းရှန်၏ အရည်အချင်းသည် မြင်သာသည်။ သူ့ကိုပြိုင်ဘက်ကင်း ပါရမီရှင်ဟုပြောလျှင် ချဲ့ကားရာမကျပေ။ လင်းရှန်ကို သတ်နိုင်လျှင် သူ့မိသားစုကို လက်စားချေမည့် နိုင်ယန်းကျောင်းကို အနည်းငယ် ထိခိုက်စေမည်ပင်။ 

တစ်ခုတည်းသော ပြဿနာမှာ ရှန်ကျီနင် ဝင်ရောက်မစွက်ဖက်မီ လင်းရှန်ကို မည်ကဲ့သို့သတ်ရမည်ဆိုတာကိုပင်။

လင်းရှန်သည် ယန်ကျင့်ရမ် ဘာတွေးနေမှန်း မသိသော်လည်း ခန့်မှန်းရန် မခက်ခဲပေ။ သို့သော်လည်း သူဂရုမစိုက်ပေ။ သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် နေကိုးစင်းအဆောင်ဓားတစ်လက် ပေါ်လာသည်။

သန့်စင်သော ယန်စွမ်းအားမှော်ဓားသည် ထင်သာမြင်သာရှိသည်။ လူအများရှေ့တွင် ၎င်းကို အသုံးပြုလို့မရပေ။

နေကိုစင်းအဆောင်ဓားသည် လှည့်ကွက်ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

လင်းရှန်သည် သူ၏လက်နက်ကို ထုတ်လိုက်သောအခါ ရင်ပြင်သည် လျင်မြန်စွာ တိတ်ဆိတ်သွားသည်။

လေးလံသော လေထုသည် လေထဲတွင် တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

လူတိုင်းသည် အသက်ရှုကြပ်ပြီး ကွင်းကို စိုက်ကြည့်နေကြကာ ဤမမျှော်လင့် ထားသော စိန်ခေါ်မှုကို စောင့်မျှော်ကြည့်နေကြသည်။

ကလန်

ထက်မြက်ပြီး သေးသွယ်သောဓားလေးသည် တိတ်ဆိတ်ခြင်းမှုကို ထိုးဖောက် လိုက်သည် ။

တစ်ချိန်တည်းမှာပင် မှုန်ဝါးနေသော ရုပ်ပုံနှစ်ခုသည် အလင်းတန်းများကဲ့သို့ ပြင်းထန်စွာ တိုက်မိသွားသည်။

နောက်အခိုက်အတန့်တွင် တိုက်မိသံ ထွက်လာ သည်။ မီးပွားများ တောက်လောင် လာသောအခါ ဓားနှစ်ချောင်းသည် လျှပ်စီးလက်သလို ပူးယှက်နေ၏ ၎င်းတို့က ပုံစံအမျိုးမျိုးနဲ့ကခုန်ကာ လှုပ်ရှားသွားလာနေကြသည်။

အေးစက်သော ဓားစွမ်းအင်သည် ချက်ချင်းပင် ပျံ့နှံ့သွားသည်။

ယန်ကျင့်ရမ်၏ အမူအရာမှာ သူ့ဓားဖျားကဲ့သို့ အေးစက်နေ၏ သူ့ဓားဖျားမှ ဖျက်ဆီးခြင်းစွမ်းအား ထွက်လာပြီး လင်းရှန်ကို မုန့်တိုင်းတစ်ခုလို တိုက်ခတ်နေသည်။ လေထုသည် ချက်ချင်းဆိုသလို ပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။

ထိုကဲ့သို့ ပြင်းထန်သောတိုက်ခိုက်မှုကို လင်းရှန်သည် တည်ငြိမ်စွာ ရင်ဆိုင်နေသည်။ သူ့လက်ထဲမှ ဓားရှည်သည် လျင်မြန်စွာ ခုန်နေသော အလင်းဘောလုံးတစ်ခုလို လှည့်ပတ်နေပြီး လေအကာအကွယ်ပြုလုပ်ကာ ဝင်လာသော ဓားစွမ်းအင်ကို တစ်လုံးပြီးတစ်လုံး ဖြိုခွဲပစ်လိုက်သည်။

သူတို့နှစ်ဦးသည် ကိုယ်ခံပညာ သို့မဟုတ် မှော်စွမ်းအားများကို အသုံးမပြုဘဲ ၎င်းတို့၏ ကျင့်ကြံမှုနှင့် ဓားနည်းစနစ်များဖြင့်သာ တိုက်ခိုက်ခဲ့ကြသည်။

ဒါတောင် ကောင်းကင်မှာ ပြည့်နေတဲ့ ဓားစွမ်းအင်သည် တပည့်တွေကို ကြောက်ရွံ့တုန်လှုပ်စေသည်။

"ဘယ်လောက် အစွမ်းထက်တဲ့ ဓားစွမ်းအင်လဲ”

"ယန်ကျင့်ရမ်ကို ထားလိုက်ပါ ။ လင်းရှန်ရဲ့ ဓားသိုင်းက ဒီလောက် အစွမ်းထက်မယ်လို့ မျှော်လင့်မထားဘူး”

"လင်းရှန်နဲ့ ယန်ကျင့်ရမ်က ခွန်အားမျှနေသလိုပဲ”

"မယုံနိုင်စရာပဲ၊ လင်းရှန်ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်နေပြီလဲ။"

အားလုံးက တအံ့တသြ အော်ဟစ်ကြသည်။

တပည့်များစွာ တုန်လှုပ်သွားကြသည်။

လင်းရှန်သည် လုံးလုံးမရှုံးနိမ့်ပါက ယန်ကျင့်ရမ်နှင့် ရင်ဆိုင်နိုင်ဖွယ် မရှိဟု သူတို့ထင်ခဲ့ကြသည်။

သို့သော် ယခုတော့ သူတို့နှစ်ဦးက ညီတူမျှတူ ဖြစ်နေပုံရသည်။

အောက်အိမ်တော်မှ တပည့်များ အံ့အားသင့်နေချိန်တွင် ရှီကျင့်ရှန်နှင့် အခြားအထက်အိမ်တော် တပည့်များက ထိတ်လန့်သွားကြသည်။

သူတို့ သတိပြန်ဝင်လာပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ကြသည်။

တောက်ပသောဝင်ပေါက် ဆဌမအဆင့်။

လင်းရှန်သည် တောက်ပသောဝင်ပေါက်  ဆဌမအဆင့်သို့ ရောက်ရှိခဲ့သည်။ သူသည် ယန်ကျင့်ရမ်ထက်ပင် အဆင့်တစ်ဆင့်မြင့်နေခဲ့သည်။

ကျန်းဟောင်က ယန်ကျင့်ရမ်ကို ရှုံးသွားကြောင်း မြင်လိုက်ရတာတောင် သူတို့ သိပ်ပြီး မတုန်လှုပ်ခဲ့ပေ။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ… ဒီကောင် ဘယ်လိုကျင့်ကြံခဲ့တာလဲ။  မယုံနိုင်စရာပဲ” ဟု အထက်အိမ်တော်မှ တပည့်တစ်ဦးက အံ့အားသင့်စွာ ရေရွတ်သည်။

အထက်အိမ်တော်ပည့် အများစုက ပြောချင်တာချင်းတူနေ၏ သူတို့က အလိုအလျောက် ခေါင်းတညိတ်ညိတ် လုပ်နေကြသည် ။

ရှီကျင့်ရှန်က အနည်းငယ် အံ့အားသင့်သွားပြီး မြေပြင်ပေါ်မှာ အမြစ်တွယ်သလို မတ်တပ်ရပ်နေသည်။

လင်းရှန်၏ ကျင့်ကြံမှုအဆင့်သည် သူ့လောက် မြင့်မားမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

လွန်ခဲ့သော နှစ်ဝက်က လင်းရှန်သည် တောက်ပသော ဝင်ပေါက်အဆင့်တွင်သာ ရှိသေးသည်။

ရှီကျင့်ရှန်သည် အိပ်မက်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ သူ့စိတ်က မျောပါနေ၏ 

ကျန်းဟောင်သည်သည် အံ့ဩသွားပြီး စကားမပြောနိုင်ပေ။

ယန်ကျင့်ရမ်ကတော့ အကြောင်းပြချက်တစ်ခုရှိသည်။ ဝိညာဉ်ဂူ၏အကူအညီဖြင့် သူ၏ ကျင့်ကြံမှုမှာ ခုန်ကျော်တက်သွားစေရန် ကျိုးကြောင်းဆီလျော်ခဲ့သည်။

ဒါပေမယ့် လင်းရှန်က ဘာဖြစ်သွားတာလဲ။

သူ့ရဲ့ တိုးတက်နှုန်းက မယုံနိုင်စရာပင်။

တခြားလူတွေ ဘာလုပ်သင့်လဲ။

“ညီလေးလင်းက သူခွန်အားကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ” ရှန်ကျီနင်မျက်နှာတွင် အံ့ဩမှုတစ်ခုပေါ်လာသည်။

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် စင်မြင့်ပေါ်၌ တိုက်ခိုက်နေကြသော လူနှစ်ဦးသည် တစ်ချိန်တည်း ကွဲကွာသွားကာ ဆုတ်ခွာသွားကြသည်။

ယန်ကျင့်ရမ်သည် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများတွင် ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်ပေ။

လင်းရှန်ထုတ်ဖော်ပြသခဲ့သော ကျင့်ကြံမှုနှင့် ခွန်အားကြောင့်လည်း သူလည်း အံ့အားသင့်သွားသည်။

သူသည်  လင်းရှန်ထက်စောပြီး  တောက်ပသောဝင်ပေါက် အဆင့်သို့ တက်လှမ်းခဲ့ပြီး ဝိညာဉ်လှိုဏ်ဂူ၏အကူအညီဖြင့် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သည်။

သို့သော် လင်းရှန်သည် သူ့ထက် အချိန်တိုတိုအတွင်း ကျင့်ကြံထားရုံသာမက ကျင့်ကြံမှုကို အရှိန်မြှင့်ရန် ဝိညာဉ်ဂူလည်းမရှိပေ။ သို့သော် လင်းရှန်၏ ကျင့်ကြံမှုမှာ သူ့ထက် မြင့်မားသည်။

“သူ ဘယ်လောက်တောင် အရည်အချင်း ရှိနေတာလဲ”

သူ၏ ထိတ်လန့်မှုမှ ပြန်လည်သက်သာလာပြီးနောက် ယန်ကျင့်ရမ်သည် ရုတ်တရက် လူသတ်ရန် ကြံရွယ်ခဲ့သည်။

လင်းရှန်စွမ်းဆောင်မှုမှာပို၍ထူးချွန်လေလေ၊သူ့ကိုသတ်ပြီးနောက်  

နေကိုးစင်းဂိုဏ်းက  ဆုံးရှုံးမှုကြီးလေလေဖြစ်သည်။

All Chapters