နောင်တရခြင်းသည် အသုံးမဝင်တော့ပေ (၁)
Vol. 14 Ch. 219
ယန်ကျင့်ရမ်၏ သတ်ပစ်ရန် ရည်ရွယ်ချက်ကို သတိပြုမိလိုက်တော့ လင်းရှန်က မတုန်လှုပ်ပေ။ သူက ပြုံးကာ ဓားဖြင့် ထိုးလိုက်သည်။
သတ်ဖြတ်ရန် ရည်ရွယ်ချက်မှာ ယန်ကျင့်ရမ် ၏ရင်ဘတ်တွင် ပြည့်နှက်နေသော်လည်း သူဓားသည် လင်းရှန်ကို မရည်ရွယ်ပေ။ သူက လက်ဖဝါးကို ဆန့်ထုတ်ကာ ရုတ်တရက် လက်ချောင်းများကို ကွေးရင်း လေထဲသို့ လှမ်းဆွဲလိုက်သည်။
တခဏချင်းမှာပဲ အဖြူ၊ အစိမ်း၊ အပြာ၊ အနီနဲ့ အဝါရောင်တွေရှိတဲ့ ရောင်စုံဘောလုံးက ပေါ်လာသည်။ ၎င်းတို့က ရောယှက်ပြီး လင်းရှန်ဆီကို တွန်းပို့လိုက်သည်။
ချီဖိနှိပ်ခြင်းငါးပါး
လန်ကွမ်းထင်က ဤစွမ်းအားသုံးသည်ကို လင်းရှန် ယခင်က မြင်ဖူးသောကြောင့် ချက်ချင်းပင် မှတ်မိခဲ့သည်။
"မှော်စွမ်းအားလား ။ အပြန်အလှန်မတိုက်ရင် မယဉ်ကျေးရာကျမှာ။ အခု ငါ့အလှည့်”
ပြောပြီးသည်နှင့် လင်းရှန်သည် သူ့လက်ကိုထုတ်လိုက်သည်။ ဓားသွားများကဲ့သို့ မ
မြင်နိုင်သော ဓားစွမ်းအင် လေးစင်းသည် လျှပ်စီးကဲ့သို့ နေရာကိုထိုးဖောက်ကာ
ရောင်စုံဘောလုံးဆီသို့ ဦးတည်သွားသည် ။
လန်ကွမ်းထင်၏ ချီဖိနှပ်ခြင်းငါးပါးသည် ဓားစွမ်းအင်ခုနစ်ခုကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း ယန်ကျင့်ရမ်တွင် ထိုကဲ့သို့သော ကျင့်ကြံမှုအဆင့်မျိုး မရှိပေ။
လင်းရှန်၏ ကျင့်ကြံမှု အဆင့်နှင့်မှော်စွမ်းအား အဆင့်သည် ယခင်ကထက် များစွာ မြင့်မားလာသည်ကိုပင် ထည့်တွက်မထားပေ။
တိုက်မိလိုက်သည်နှင့် တပြိုင်နက် ဓားစွမ်းအင်လေးစင်းသည် ရုတ်တရက် လှည့်ပတ်ကာ သဲလွန်စမရှိဘဲ ရောင်စုံချီဘောလုံးကို ချေမှုန်းပစ်လိုက်သည်။
ဓားစွမ်းအင်လေးခုမှ နှစ်ခုသာ ပျောက်ကွယ်သွားပြီး ကျန်နှစ်ခုက နေရာကို ဆုတ်ဖြဲကာ ယန်ကျင်ရမ်ကို အနှိုင်းမဲ့ ပြင်းထန်သောဓားဖြင့် တိုက်ခိုက်ခဲ့သည်။
ယန်ကျင့်ရမ်၏အမူအရာမှာ အနည်းငယ်
ပြောင်းလဲသွား၏ သူသည် ဓားရှည်ကိုယမ်းကာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် ဓားစွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သည်။
ကျန်ရှိသောဓားစွမ်းအင်ကိုတော့ သူဘာမျှမလုပ်နိုင်တော့ပေ။ ၎င်းက သူ့ရင်ဘတ်ကို ထိမှန်သော်လည်း ရုတ်တရက်ပေါ်လာသော အဝါရောင်မှော်အလင်းအလွှာတစ်ခုက တားလိုက်သည်။
ထိုအခါမှ ယန်ကျင့်ရမ်က အနည်းငယ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာ သူ့တွင် သာလွန်ကောင်းမွန်သော ခံစစ် လက်နက်ကို တပ်ဆင်ထားမိသည်။ မဟုတ်ပါက သူ ဒဏ်ရာရသွားပေလိမ့်မည်။
ဒါပေမယ့် အဲဒီနောက်မှာတော့ သူကြောက်ရွံ့နေခဲ့သည်။
သူ၏ ကြီးမားသော အသိပညာဖြင့်ပင် လင်းရှန်သည် မည်သည့်မှော်စွမ်းအား သုံးသည်ကို မပြောနိုင်ပေ။ ၎င်းက အစွမ်းထက်ပြီး သူ၏ ချီဖိနှိပ်ခြင်းငါးပါးကို ကျော်လွန်သွားခဲ့သည်။
ထို့အပြင် သူ၏ မှော်စွမ်းအားသည် လင်းရှန်ကို မယှဉ်နိုင်ပေ။
ယန်ကျင့်ရမ်သည် ရုတ်တရက် သူ့သွားများကို အံကြိတ်ကာ လေထဲသို့ ခုန်ဆင်းလိုက်သည်။ ထို့နောက် လင်းရှန်၏ ဦးခေါင်းထက်မှ ဓားဖြင့် ထိုးလိုက်သည်။
တခဏချင်းမှာပဲ လေပြင်းတိုက်မှုဟာ ဒီရေလို လှုပ်ခတ်လာပြီး သူ့အဝတ်အစားတွေ လွင့်ပျံကုန်၏ အကန့်အသတ်မဲ့ဖိအားက ကောင်းကင်မှ ဆင်းသက်လာကာ လင်းရှန်ကို ဆိုင်ကလုန်းမုန်တိုင်းနဲ့ ဖုံးအုပ်လိုက်ပြီး လွတ်မြောက်ဖို့ ခက်ခဲသွားသည်။
ရှီကျင့်ရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည် "ဒါက တိမ်တိုက်ဓားသွားပဲ”
တိမ်တိုက်ဓားသွားသည် ယန်ကျင့်ရမ်၏ အကောင်းဆုံး ကိုယ်ခံပညာဖြစ်သည်။ ၎င်းသည် လမ်းကြောင်းအဆင့်သို့ ရောက်ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယခင်က အထက်အိမ်တော် တပည့်အား စိန်ခေါ်သောအခါ ယန်ကျင့်ရမ်သည် ဟန်ယွဲ့ကိုအနိုင်ယူရန် ဤလှုပ်ရှားမှုကို အသုံးပြုခဲ့သည်။
တစ်နှစ်ခွဲကြာပြီးနောက် သူ၏ တိမ်တိုက်ဓားသွားသည် ပိုမို တိုးတက်လာပုံရသည်။ ထိုအရာကို အသက်သွင်းသောအခါ လေနှင့် တိမ်များကို ဖြတ်ထုတ်နိုင်စွမ်းရှိပုံရသည်။
ယန်ကျင့်ရမ်၏ ဓားတန်ခိုးကို မြင်လိုက်ရသဖြင့် ပတ်ဝန်းကျင်လူအုပ်က မအော်ဘဲ မနေနိုင်ပေ။
လင်းရှန်တစ်ယောက်သာ ငြိမ်သက်ပြီး နေခဲ့သည်။
"ဒီအချိန်က ကိုယ်ခံပညာနည်းစနစ်အချိန်လား”
လင်းရှန်သည် ကျယ်လောင်စွာ ရယ်မောကာ ကြောက်ရွံ့ခြင်းမရှိဘဲ သူ့ဓားကို ထုတ်လိုက်သည်။
ဤဓားစွမ်းအင် ပေါ်လာသည်နှင့် တပြိုင်နက် လင်းရှန်သည် နေကိုးစင်း
နတ်ဘုရားဓားကို အသုံးပြုနေကြောင်း လူအများက သိကြသည်။ သူတို့က မျက်မှောင်ကြုတ်ကုန်ကြသည်။
ကျန်းဟောင်သည် နေငါးလုံးကို ဆင့်ခေါ်နိုင်သော်လည်း သူ၏ နေကိုးစင်း နတ်ဘုရားဓားကို ယန်ကျင့်ရမ်က ဖျက်ဆီးပစ်ခဲ့သည်။ လင်းရှန်၏ နေကိုးစင်း နတ်ဘုရားဓားသည် ကျန်းဟောင်ထက် အားကောင်းနိုင်ပါ့မလား။
တူညီသောအရွေ့ကိုအသုံးပြုခြင်းသည် အဘယ်ကြောင့်နည်း။
သို့သော် သူတို့ မည်မျှမှားသည်ကို မကြာမီ သိလိုက်ရသည်။ သူတို့အမြင်အာရုံထဲတွင် နေကိုးလုံးသည် ရုတ်တရတ်ထွက်လာပြီး အသက်ရှုကြပ်သွားစေသည်။
နေကိုးစင်း
နေကိုးစင်းနတ်ဘုရားဓား၏ နောက်ဆုံးပုံစံ။
လူတိုင်းသည် အိပ်မက်ထဲတွင် နစ်မျောသွားသလို ခံစားလိုက်ရသည်။
ဘုန်း
လင်းရှန် ပတ်ဝန်းကျင်ရှိ မမြင်နိုင်သော စွမ်းအားများက ချက်ချင်း ကွဲအက်သွားသည်။
နေကိုးစင်းသည် ဆိုင်ကလုန်းမုန်တိုင်းကို တိုက်ခိုက်ပြီး ပြင်းထန်သောလေကို ဖျက်စီးလိုက်သည်။ ၎င်းတို့သည် ဥက္ကာပျံများကဲ့သို့ ယန်ကျင့်ရမ်ကို ပြင်းထန်စွာ တိုက်မိသွားသည်။
ဂျွတ်
ယန်ကျင့်ရမ်၏ ခန္ဓာကိုယ်ပေါ်ရှိ အဝါရောင်ဖျော့ဖျော့အလင်းရောင်သည် ပျောက်
ကွယ်မသွားမီ တစ်ခဏမျှသာ ကြာခဲ့သည်။ ထို့နောက်အဝေးကို လွင့်သွားသည်။
နောက်ဆုံးတော့ သူက ဟန်ချက်ပြန်ထိန်းပြီး မြေပေါ်ဆင်းသက်လာသည်။ သူစကားမပြောခင် လည်ချောင်းထဲမှာ ချိုမြိန်တဲ့အရသာကို ခံစားလိုက်ရပြီး သွေးတွေ ထွက်လာသည်။
ဘယ်သူမှ အသံထွက်မလာပေ။
အားလုံးက ကြောင်စီစီနဲ့ ဖြစ်ပျက်နေတာကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ကျန်းဟောင်၏ စိတ်တွေ လွတ်ထွက်သွားပြီး ခေါင်းတွေ တဆတ်ဆတ်တုန်လာသလို ခံစားလိုက်ရသည်။
သူသည် နေကိုးစင်းနတ်ဘုရားဓားတွင် နှစ်ပေါ င်းများစွာ နှစ်မြုပ်ခဲ့ပြီး နေလေးလုံး ပေါ်လာနိုင်သည့်အထိ အချိန်နှင့် အားထုတ်မှု ပမာဏ ဘယ်လောက်မှန်းမသိအောင် ကုန်ဆုံးခဲ့သည်။
သွေးမီးတောက်ဆေး၏အကူအညီဖြင့် နေငါးလုံးကိုသာ ဆင့်ခေါ်နိုင်ခဲ့သည်။
သို့သော် လင်းရှန်သည် နေကိုးလုံး အတူတကွ ပေါ်ထွက်သည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။
၎င်းက ကျန်းဟောင်၏အဆင့်ထက် အဆပေါင်းများစွာ မြင့်မားခဲ့သည်။
ကျန်းဟောင်သည် ဤမျှကြီးမားသောကွာဟချက်ဖြင့် မနေနိုင်ပေ။
"ဘယ်လောက်တောင် တန်ခိုးကြီးတဲ့ နေကိုးစင်း နတ်ဘုရားဓားလဲ”
ရှန်ကျီနင်က အံ့သြသွားသည်။
“သူက စစ်မှန်သော ကိုယ်ခံပညာအဆင့်ကို ရောက်လုနီးနေပြီ”
"ဂျူနီယာညီလေးလင်းရဲ့ ကိုယ်ခံပညာစွမ်းရည်က အဆတာ်လေးထူးချွန်တယ်လို့ ကျွန်တော်ကြားဖူးတယ်။ သူက ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကတည်းက လမ်းကြောင်းအဆင့် ကိုယ်ခံပညာကို တတ်ကျွမ်းနေပြီတဲ့။ အဲ့တာ ကောလဟာလမဟုတ်နိုင်ဖူး”
ဒါကိုကြားတော့ ရှီကျင့်ရှန်နဲ့ တခြားသူတွေရဲ့ နှလုံးခုန်သံတွေ မြန်သွားသည်။
စစ်မှန်သော ကိုယ်ခံပညာသည် ကိုယ်ခံပညာ၏ အမြင့်ဆုံးအဆင့်ဖြစ်သည်။
ကြီးမြတ်သောလမ်းသည် မဝေးလှတော့ပေ။
ဤအဆင့်သို့ရောက်ရှိသွားသော ကိုယ်ခံပညာသည် ကိုယ်ခံပညာရပ် နယ်ပယ်ကိုကျော်လွန်ကာ ဓမ္မ တာအိုနယ်ပယ်သို့ရောက်ရှိသွားခဲ့ပြီပင်။
တောက်ပသောဝင်ပေါက် နဝမအဆင့်ရှိ ကျင့်ကြံသူ သုံးသည့် စစ်မှန်သော ကိုယ်ခံပညာနည်းစနစ်ကို ကျင့်ကြံသူသခင်များပင် လျှော့တွက်ဝံ့မည်မဟုတ်
ကြောင်း ကောလဟာလများ ထွက်ပေါ်ဖူးသည်။
ရှန်ကျီနင်သည် လင်းရှန်ကို အလွန်အထင်ကြီးမိကြောင်း တစ်ချက်ပြောနိုင်သည်။
လင်းရှန်၏ နေကိုးလုံးသည် အမှန်တကယ်ပင် ချီးမွမ်းထိုက်ပေသည် ။
လင်းရှန်သည် ရှန်ကျီနင်၏ အကဲဖြတ်ချက်ကို မသိခဲ့ပေ။ သိခဲ့လျှင်လည်း ရှန်ကျီနင်၏ ဆင်ခြင်တုံတရားနှင့် အသိပညာအတွက် ချီးမွမ်းနေပေလိမ့်မည်။
ပုံမှန်အခြေအနေအရ သူသည် နေခြောက်လုံးကိုသာ တစ်ပြိုင်နက်တည်း ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
သို့သော် ထိုအချိန်တွင် လင်းရှန်သည် သန့်စင်သော ယန်ခန္ဓာကိုယ်သို့ ပြောင်းသွားခဲ့သည်။
ယန်စွမ်းအား ကိုယ်ခံပညာရပ်၏စွမ်းအား +၁၀၀% တိုးမြှင့်မှုအောက်တွင် ဤဓား၏စွမ်းအားသည် နေကိုးလုံးကို ဆင့်ခေါ်သည့်အထိ ပေါက်ကွဲထွက်လာသည် ။