← Chapters

နောင်တရခြင်းသည် အသုံးမဝင်တော့ပေ (၂)

Vol. 14 Ch. 220

နောင်တရခြင်းသည် အသုံးမဝင်တော့ပေ (၂)

Vol. 14 Ch. 220

ထိုအချိန်တွင် ယန်ကျင့်ရမ်သည် အသက်ရှုကြပ်ပြီး လင်းရှန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ကျင့်ကြံမှု၊ မှော်စွမ်းအားနှင့် ကိုယ်ခံပညာနည်းစနစ်များ

လင်းရှန်သည် ကဏ္ဍသုံးရပ်စလုံးတွင် သူ့ထက်သာလွန်သည် ။

တစ်ချိန်က လင်းရှန်သည် ယန်ကျင့်ရမ်အလွယ်တကူ အနိုင်ယူနိုင်သည့် အရည်အချင်းရှိသော သာမန်လူတစ်ဦးမျှသာဖြစ်သော်လည်း ယခုအခါတွင် သူသည် ဤအတိုင်းအတာအထိ တိုးတက်လာနေပြီဖြစ်သည်။

ယန်ကျင့်ရမ်သည် ခဏတာ မှင်တက်သွားသည်။

သို့သော် သူသည် စိတ်ခိုင်သောသူဖြစ်သည်။

သူသည် အသိအာရုံများဆီသို့ လျင်မြန်စွာ ပြန်ရောက်ပြီး သွားများကို အံကြိတ်ခဲ့သည်။

သူသည် မှော်စွမ်းအားနှင့် ကိုယ်ခံပညာဆိုင်ရာ ပညာရပ်များတွင် နိမ့်ကျနေသောကြောင့် သူ၏ ဓမ္မရတနာနှင့် ယှဉ်ပြိုင်ခဲ့ရသည် ။

သခင်၏အကူအညီမပါသော တပည့်တစ်ဦးဖြစ်သည့် လင်းရှန်ကဲ့သို့သော သာမန်လူတစ်ဦးသည် အထူးလက်နက်များ ပိုင်ဆိုင်မည်ဟု သူ မထင်ထားခဲ့ပေ။

အတွေးတစ်ခုဖြင့်  ယန်ကျင့်ရမ်သည် အစိမ်းရောင် အပြားလေးကို တစ်ဖန်ထုတ်ကာ ကောင်းကင်ပေါ်သို့ ပစ်ချပြီး အော်ဟစ်လိုက်သည် ။

"သွားစမ်း”

အစိမ်းရောင် အပြားလေးသည် လေထဲတွင် ကျယ်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ၁၀ မီတာ မြင့်သော ကျောက်ပြားကြီးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် လင်းရှန်ဆီသို့ တဟုန်ထိုး ထိုးကျသွားသည်။

ကျန်းဟောင်၏ရှုံးနိမ့်မှုမြင်ကွင်းသည် ယခုထိ သူတို့မြင်ကွင်းထဲတွင်ရှိနေသည်။ လင်းရှန်ဆီသို့ ကြီးမားသော ကျောက်ပြားကြီး ရောက်လာသည်ကို တွေ့လိုက်သော အခါတွင် အားလုံးက မျက်လုံးများပြူးကုန်၏

ရှီကျင့်ရှန်နှင့် အခြားသော အထက်အိမ်တော် တပည့်များက ပိုလို့တောင် စိုးရိမ်လာကြသည်။

ရှန်ကျီနင်သည် မျက်မှောင်ကျုံ့လိုက်ပြီး သူ့လက်ဖဝါးများကို အနည်းငယ် ရွှေ့လိုက်သည်။ လင်းရှန်ကို အချိန်မရွေး ကူညီရန် အသင့်ဖြစ်နေပြီဖြစ်သည်။

သို့သော်လည်း လူတိုင်းကို အံ့ဩစေတာက လင်းရှန်သည် တောင်ကြီးတစ်ခုလို ပြိုကျလာသည့် ဧရာမကျောက်ပြားကြီးကြီးကို ရင်ဆိုင်ရာတွင် မြေပြင်မှာ အမြစ်တွယ်ရပ်နေခဲ့တာပင်။

ဘုန်း

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များအောက်တွင် ကြီးမားသော အပြားကြီးသည် တောင်တစ်ခုကို ခွဲထုတ်နိုင်သည့် စွမ်းအားတစ်ခုဖြင့်  လင်းရှန်သို့ ပြုတ်ကျသွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လင်းရှန်သည် ရုတ်တရက် နိမ့်ဝင်သွားသည်။

ယန်ကျင့်ရမ်က ဝမ်းသာသွားသော်လည်း အနီးကပ်ကြည့်လိုက်တော့ သူ့အမူအရာက အေးခဲသွားသည်။

လင်းရှန်သည် တိုက်ခိုက်မှုကို သတိမထားမိသလို မလှုပ်ဘဲ ထိုနေရာတွင် ရပ်နေခဲ့သည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်ချပ်ဝတ်တန်ဆာအလွှာတစ်ခု ပေါ်လာသည်။

ချပ်ဝတ်တန်ဆာသည် အလင်းရောင်မှ ပေါင်းစပ်ထားသော်လည်း ၎င်းသည် အသက်ဝင်နေသလိုပင်။ ပြိုးပြိုးပြက်ပြက်ရှိသော ရွှေရောင်ချပ်ဝတ်တန်ဆာ အများအပြားသည် အမှန်တကယ်ဖြစ်ပုံရသည်။

ကြည့်လိုက်ရုံနဲ့ မပျက်စီးနိုင်ဘဲ ခိုင်မာသည့်ခံစားချက်ကို ပေးစွမ်းသည်။

ကြီးမားသော ကျောက်ပြားကြီးသည် အပေါ်မှ ပြိုကျလာပြီး မီးပွားများ ပေါက်ကွဲထွက်လာစေကာမူ ။ လင်းရှန်၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာ အတွင်းသို့ စိမ့်ဝင်သွားခြင်းမရှိပေ။

ယန်ကျင့်ရမ်မြင်လိုက်သည့် လင်းရှန်အရပ်အနည်းငယ်ပိုပုလာရသည့် အကြောင်းမှာ လင်းရှန်၏ခြေဖဝါးအောက်ရှိ ကျောက်တုံးသည် ဖိအားအောက်တွင် ကွဲအက် သွားသောကြောင့် ဖြစ်သည်။

ဒီမြင်ကွင်းကိုမြင်တော့ ယန်ကျင့်ရမ်က အံ့ဩသွားသည်။

သူသည် အစိမ်းရောင်အပြား၏ စွမ်းအားကို ကောင်းစွာသိရှိပြီး လင်းရှန်ကို ထိမိပါက သေနိုင်သည် သို့မဟုတ် ဒုက္ခိတဖြစ်နိုင်သည်ဟု တွေးထားသော်လည်း လင်းရှန်အနေနဲ့ လုံးဝ ထိခိုက်မှု မရှိလောက်ဟု မမျှော်လင့်ထားပေ။ .

တခြားလူတွေက ပိုလို့တောင် အံဩသွားသည်။

"အဲဒါဘာလဲ?"

"ကိုယ်ခံပညာလား။ ဒါမှမဟုတ် မှော်စွမ်းအားလား ?"

"ဘယ်လို ကိုယ်ခံပညာမျိုးက ဒဏ်ရာမရှိဘဲ အထူးလက်နက်ကိုတောင် တားဆီးနိုင်တဲ့အထိ အစွမ်းထက်တာလဲ”

တပည့်များစွာ အံ့ဩသွားကြသည်။

သို့သော် အထက်အိမ်တော် တပည့်များက ပို၍ပင် တုန်လှုပ်သွားကြသည်။

တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ တုန်လှုပ်ချောက်ချားစရာ အတွေးတစ်ခုက သူတို့စိတ်ထဲမှာ ပေါ်လာသည်။

မူချွမ်ဟွာက တံတွေးမျိုချလိုက်ပြီး ရှန်ကျီနင်ကို လှည့်ကြည့်လိုက်သည်။ သူက တုံ့ဆိုင်းနေပြီး “စီနီယာ အစ်ကို ရှန်…”

လူတိုင်း၏ စူးစူးရဲရဲကြည့်နေသော အကြည့်များကို မြင်လိုက်ရတော့ ရှီကျင်နင်က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“မမှားနိုင်ဘူး။ညီလေးလင်း က စစ်မှန်တဲ့ ကိုယ်ခံပညာအဆင့်ကို သုံးနေတာ”

ဒါကိုကြားတော့ ရှီကျင့်ရှန်နဲ့ တခြားသူတွေက ထိတ်လန့်သွားကြသည်။

လင်းရှန်သည် စစ်မှန်သော ကိုယ်ခံပညာကိုပင် ကျွမ်းကျင်ခဲ့သည်။

မယုံနိုင်စရာပင်။

ရှီကျင့်ရှန်သည် လင်းရှန်၏ ကျောပြင်ကို အိပ်မက် မက်နေသကဲ့သို့ ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။

လင်းရှန်သည် ကြာရှည်စွာအသက်ရှုခြင်းအဆင့်တွင်  လမ်း​ကြောင်းအဆင့် ကိုယ်ခံပညာကို ကျွမ်းကျင်လာသောအခါ လူများစွာကို ထိတ်လန့်စေခဲ့သည်။

ဆရာတွေတောင် ချီးကျူးကြသည်။

အဲ့လောက်က မထူးခြားသလိုပင်။ လင်းရှန်သည် စစ်မှန်သော ကိုယ်ခံပညာအဆင့် ကိုတောင် ကျွမ်းကျင်ခဲ့သည်။

၎င်းသည် တောက်ပသောဝင်ပေါက်အဆင့်ကျင့်ကြံသူအဖို့ ကျင့်ကြံသူသခင်ကိုပင် လှုပ်ခတ်သွားစေနိုင်သည့် အစွမ်းထက်သော ကိုယ်ခံပညာအဆင့်တစ်ခုဖြစ်သည်။

ညီလေးလင်းက အထင်ကြီးစရာ ကောင်းတာပဲ။

မရေမတွက်နိုင်သော တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များအောက်တွင် လင်းရှန်၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာသည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

လင်းရှန်သည် ယန်ကျင့်ရမ်၏လက်ဆီသို့ ပြန်ရောက်သွားသော အစိမ်းပြားကို တစ်ချက်ကြည့်လိုက်ပြီး ထူးဆန်းသော အလင်းရောင်တစ်ခုက သူ့မျက်လုံးများတွင် တောက်ပလာသည်။

"ကောင်းလိုက်တဲ့ ဓမ္မရတနာ”

လင်းရှန်က သူ့ကို လှောင်ပြောင်နေသည်ဟု ယန်ကျင့်ရမ်က တွေးမိပြီး သူ့အမူအရာက မဲမှောင်သွားသည်။

လင်းရှန်သည် သူ့နှလုံးသားထဲမှ အမှန်တရားကို ပြောနေခြင်းဖြစ်သည်ကို သူနည်းနည်းမှ မသိခဲ့ပေ။

အစိမ်းပြား၏ တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးနိုင်သော်လည်း တားမြစ်ထားသောရွှေရောင်ချပ်ဝတ်တန်ဆာသည် စစ်မှန်သော ကိုယ်ခံပညာအဆင့် ခံစစ်တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

စွမ်းအားအရ အစိမ်းပြားသည် သူ၏ မှင်ကျောက်ကဲ့သို့ အစွမ်းထက်သည်။

အဲ့တာက ယန်ကျင့်ရမ်၏ ကျင့်ကြံမှုအဆင့် မမြင့်မားသောကြောင့်သာဖြစ်သည်။

ယန်ကျင့်ရမ်သာ တောက်ပသောဝင်ပေါက် နဝမအဆင့်တွင်ရှိပါက လင်းရှန်အနေနဲ့ ကျောက်ပြားကို ပိတ်ဆို့ထားနိုင်လျှင်ပင် ခုလောက် လွယ်ကူမည် မဟုတ်ပေ။

ယန်ကျင့်ရမ်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်တော့ လင်းရှန်က ပြုံးကာ ထပ်မရှင်းပြတော့ပေ။

"အပြန်အလှန်ဆိုတော့ အခုက ငါ့အလှည့်ပဲ”

လင်းရှန်တွင် မှင်ကျောက်ပါရှိသော်လည်း လူတိုင်းရှေ့တွင် ၎င်းကို အသုံးမပြုနိုင်ပေ။

ဒါပေမယ့် မှင်ကျောက်ဟာ သူ့တစ်ခုတည်းသော ဝှက်ဖဲမဟုတ်ခဲ့ပေ။

ရယ်မောသံကြားမှ လင်းရှန်သည် သူ့လက်ဖဝါးကို ရှေ့သို့ ဖိလိုက်သည်။

သူ၏ လှုပ်ရှားမှုများအပြီးတွင် နေရာသည် မရေမတွက်နိုင်သော သစ်လုံးများနှင့် ကျောက်တုံးများလိမ့်လာသကဲ့သို့ ကျယ်လောင်စွာ မြည်လာသည်။

လူတိုင်း၏ ထိတ်လန့်သော အကြည့်များအောက်တွင် ထူထဲပြီး နီမြန်းသော လက်ဖဝါးကြီးတစ်ခုသည် လေထုထဲမှ ထွက်ပေါ်လာပြီး မီတာတစ်ရာကျော်ထိ ဖြတ်ကျော်သွားသည်။  ၎င်းက ကောင်းကင်ပြာပြာကို ဖြတ်ကာ 

ယန်ကျင့်ရမ်ဆီသို့ ဦးတည်သွားလေသည်။

လင်းရှန်၏စကားကိုကြားသောအခါ  ယန်ကျင့်ရမ်သည် သတိနဲ့နေ၏ လင်းရှန်ကို လျှော့မတွက်ဝံ့တော့ပေ။

သို့သော် သူမည်ကဲ့သို့တွေးနေပါစေ။  လင်းရှန်၏ လှုပ်ရှားမှုသည် အလွန်ကြောက်စရာကောင်းမည်ဟု မျှော်လင့်မထားပေ။

ကြီးမားသော အနီရောင် လက်ဖဝါးကြီးသည် ကောင်းကင်မှ ဆင်းသက် လာသည်နှင့်အမျှ ယန်ကျင့်ရမ်၏ အမြင်အာရုံတွင် တောက်လောင်နေသော အနီရောင်မီးလုံးများ ပြည့်နှက်နေ၏ သူ့အပေါ်တွင်တောင်တစ်ခုရှိနေပြီး တောင်ထိပ်သည် ပြိုကျလုနီးပါးဖြစ်နေပြီဟု ချက်ချင်းခံစားလိုက်ရသည်။

တိုက်ခိုက်မှုမစခင်မှာ ဖိအားတွေက သူ့ကို အသက်ရှူကြပ်စေခဲ့သည်။

ယန်ကျင့်ရမ်၏အမူအရာသည် သိသိသာသာပြောင်းလဲသွားသည်။ သူသည် ကျောက်ပြားကို ထပ်မံထုတ်ယူပြီး ကြီးမားသော လက်ဖဝါးနီကြီးကို ထိပ်တိုက်တွေ့ရန်အတွက် ကြီးမားသော အပြားတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ဘုန်း

ခဏတာအတွင်း ကောင်းကင်မှာ ဥက္ကာပျံနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိသလိုပင်..မြေပြင်တစ်ခုလုံးနဲ့ ကောင်းကင်ကြီးတောင် လှုပ်ခတ်သွားလေ၏

All Chapters