← Chapters

ညကွပ်မျက်၊ ဟွာယွိ

Vol. 46 Ch. 901

ညကွပ်မျက်၊ ဟွာယွိ

Vol. 46 Ch. 901

“အာ...”

စူးရှသောအော်သံသည် တောထဲတွင်ပဲ့တင်ထပ်နေရာ ထိုနေရာတွင် နေထိုင်သောငှက်များသည် အတောင်ပံခတ်ကာ အဘက်ဘက်သို့ ပျံပြေးကြ လေသည်။ ချင်းရှီသည် မြေပေါ်သို့ ပြုတ်ကျလေသည်။ သူမသာ အားကောင်း သော ကောင်းကင်အဆင့်မဟုတ်လျှင် ထိုအချိန်တွင် သူမ၏လည်ပင်းကျိုးသွား စေနိုင်ကာ အသက်ပြန်ရှင်နိုင်တော့မည်မဟုတ်ပေ။

တစ်ကွက်တည်း... တစ်ကွက်တည်းပင်။ ပေထင်းဟွမ် စွမ်းအားသုံးလိုက် သည်ကိုပင် မမြင်ရပေ။ သူမသည် သူမခန္ဓာကိုယ်၏ သဘာဝစွမ်းအားကို မှီခို ကာ ကောင်းကင်မှမြေပြင်ပေါ်ကျအောင် ချင်းရှီအားရိုက်ချပုံပင်။

“သူမကို သတ်လိုက် ငါ့အတွက် သူမကိုသတ်ပေး”

ပေထင်းဟွမ်သည် သူမ၏ခွန်အားအစစ်အမှန်ကို အခြေခံပြီး အနိုင်ယူ သွားလိမ့်မည်ဟု ချင်းရှီထင်မထားပေ။ သူမသည် လက်နက်၏အားသာချက်ကို အသုံးချသွားခြင်းဖြစ်မည်။ လက်နက်သည် တစ်လက်မတိုလျှင် တစ်လက်မ အန္တရာယ်ရှိခြင်းပင်။ ပေထင်းဟွမ်၏ ဓားပျော့နှင့်ယှဉ်လျှင် ချင်းရှီ၏ သုံးပေရှည် သောဓားသည် အနည်းငယ်တိုသလိုပင်။

ကိုယ်ရံတော် ၁၂ ယောက်သည် ဝိုင်းလိုက်ကြပြီး သူတို့လက်ထဲမှ ဓားရှည် ကို အားကောင်းသောဝိညာဉ်စွမ်းအင်နှင့် ယွမ်စါမ်းအင်ကို ပေါင်းစပ်ကာ ပေထင်းဟွမ်အား တစ်ယောက်ပြီးတစ်ယောက် ထိုးစိုက်လေသည်။

“ဟင်း တော်တော်အတွေးလွန်ကြတာပဲ”

ပေထင်းဟွမ်သည် ပေါ့ပါးစွာ အော်ဟစ်ပြီးနောက် မြေပြင်ကို ခြေထောက် ဖြင့်ထောက်ကာ ခန္ဓာကိုယ်ကို နောက်သို့လှန်ချလိုက်သည်။ သူမ ပြိုင်ဘက်၏ ဝိုင်းထားမှုမှ ရှောင်ထွက်ချိန်တွင် သူမလက်ထဲမှ ဓားပျော့သည် လေထဲတွင် ရေကူးနေသည့်နဂါးတစ်ကောင်ကဲ့သို့ လှိမ့်သွားကာ ကြီးမားသောစွမ်းအင် သည် လှိုင်းလုံးတစ်ခုလိုဖြစ်သွားလေသည်။ ငွေရောင်ပန်းများပွင့်လန်းသွားကာ ၎င်းသည် ပေထင်းဟွမ် အဂူး၏ ထူးခြားသောအရည်အချင်းများထဲမှ သင်ယူ ထားခြင်းဖြစ်သည်။ ပထမဆုံးအသုံးပြုရသည့်အတွက် သူမသည် မကျွမ်းကျင် သေးသော်လည်း ထိုလူများကို သတ်ရန်လုံလောက်သည်။

“ညကွပ်မျက် ဟွာယွိ”

တိုးညင်းစွာအော်လိုက်ပြီးနောက် ငွေရောင်ပန်း ၁၂ ပွင့်သည် လျင်မြန်စွာ ပွင့်လန်းလာပြီး ပေထင်းဟွမ်၏ဓားထိပ်မှ ခွဲထွက်ကာ အနည်းငယ်တုန်ခါလာ သည်။ လူ ၁၂ ယောက်သည် လျှပ်စီးကဲ့သို့အရှိန်နှင့် နောက်မှလိုက်လာကြ၏။

“ဘုန်း ဘုန်း ဘုန်း”

ပေထင်းဟွမ် သူတို့၏အသက်ကို ရိတ်သိမ်းမည့်အရေးကို မည်သူမှ ထိုနေရာတွင် ရပ်စောင့်မနေပေ။ အားလုံးသည် လက်နက်များကို ခွန်အားနှင့် ရစ်ပတ်ကာ ပေထင်းဟွမ် လွှတ်လိုက်သော ငွေရောင်ပန်းများကို ခုခံလေသည်။ သို့သော် ငွေရောင်ပန်းသည် အစူးရှဆုံးလက်နက်ဖြစ်သည်။ တားမရသော အဟုန်နှင့် ၎င်းသည် ပေါက်ကွဲသွားလေသည်။ ထိုပစ်လွှတ်မှုကို မည်သည့် အင်အားကမှ မတားနိုင်ဘဲ နောက်ဆုံးတွင် အားလုံး၏ခန္ဓာကိုယ်အတွင်းသို့ တည့်တည့်စိုက်ဝင်သွားကာ အလွန်နီရဲသောအရောင်နှင့်အတူ ပေါက်ကွဲလေ သည်။

“မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး”

ချင်းရှီသည် ကူကယ်ရာမဲ့စွာကြည့်နေသည်။ ကိုယ်ရံတော်များထဲတွင် အားအကောင်းဆုံး ကိုယ်ရံတော်ခေါင်းဆောင်သည် ဓားရှည်ကိုသုံးပြီး ပေထင်းဟွမ်၏ ပန်းပွင့်တိုက်ကွက်ကို တိုက်ခိုက်ချိန်တွင် သူ၏ဓားရှည်ပါ ကျိုး သွားလိမ့်မည်ဟုထင်မထားပေ။ ပေထင်းဟွမ် ပစ်လိုက်သည်မှာ လက်နက် အသေးဖြစ်လိမ့်မည်ဟုထင်မထားပေ။ ဤကဲ့သို့အားကောင်းသော ပန်းဓား သည် စွမ်းအင်ရှိသေဓားရှည်ကိုပင် ကျိုးသွားစေနိုင်သည်။

ဘုန်း

ပန်းဓားသည် သူမ၏ကိုယ်ရံတော်၏ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ဝင် ပြီးနောက် ခေတ္တမျှရပ်သွားကာ ပေါက်ကွဲသွားသည်ကိုမြင်လိုက်ရသည်။ ငွေရောင်အလင်းတန်းထဲတွင် အသွေးနှင့်အသားများသည် မိုးရွာသကဲ့သို့ ကျလာပြီး ကျိုးပြတ်သွားသော ခြေလက်များသည် ပြန့်ကျဲသွားသည့်မြင်ကွင်း မှာ ချင်းရှီ၏မျက်လုံးထဲ ထင်ဟပ်လာလေသည်။

ထိုမြင်ကွင်းကြောင့် သူမ၏ဝိညာဉ်သည် ခန္ဓာကိုယ်မှခွဲထွက်သွားသလို ပင်။ သူမ သတိပြန်ဝင်လာရန် အချိန်အတော်ကြာသွားပြီး ဓားပျော့နှင့် တဖြည်းဖြည်းချည်းကပ်လာသည့် ပေထင်းဟွမ်အား ပြန်ကြည့်ပြီး ကြောက်လန့်တကြား နောက်ဆုတ်ကာ ရေရွတ်ပြီးမေးလေသည် “မင်းက ဘယ်သူလဲ၊ မင်းက ဘယ်သူလဲ”

“ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး အရေးကြီးတာက မင်း ဒီနေ့ စစ်ပွဲ ဘုံတောကနေ ထွက်သွားမယ်ဆိုရင် သံမဏိသွေးက အန္တရာယ်များလိမ့်မယ်” ပေထင်းဟွမ်သည် ပြုံးပြီး ထိုရိုးရှင်းသောအချက်ကို တည်ငြိမ်စွာပင် ရှင်းပြလေ သည်။

“မဟုတ်ဘူး မဟုတ်ဘူး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါ ကျိန်ဆိုတယ် ငါ ဘယ်တော့မှမလုပ်ဘူး” ချင်းရှီသည် ပျာယာခတ်စွာဖြင့်ပြောလေသည် “ပြီးတော့ မင်းသူငယ်ချင်း အဲဒီယွိရုန်းကယ်ကို ငါ့ထိုက်ယိနန်းတော်ရဲ့ နတ် လက်နက်နဲ့ ချုပ်ထားတာ မင်းသာ ငါ့ကိုလွှတ်ပေးမယ်ဆိုရင် သူ့ကို ပြန်ဖြည် ပေးပါ့မယ်”

“မလိုဘူး” ပေထင်းဟွမ်သည် ဖြည်းဖြည်းချင်း သူမဆီသို့ ချည်းကပ်သွား လေသည် “မင်းသေရင် သခင်ကိုအသိအမှတ်ပြုထားတဲ့ လက်နက်က အလိုလို ပြန်ပြေသွားမှာ၊ အဲလိုဆို ချုပ်ထားတာလည်းပြေသွားမှာပဲ၊ ပြောပါဦး မင်းရဲ့ ကိုယ်ပိုင်အကြောကို ဖောက်ခွဲပြီးသတ်သေမှာလား ငါသတ်ပေးရမလား”

All Chapters