← Chapters

အဲဒီလေဟာနယ်ကလူလာတယ်

Vol. 46 Ch. 902

အဲဒီလေဟာနယ်ကလူလာတယ်

Vol. 46 Ch. 902

ချင်းရှီသည် နှစ်ခုလုံးကိုမရွေးနိုင်ပေ။ ရွေးလည်းမရွေးချင်ပေ။ သူမသည် ပေထင်းဟွမ်အား ကြောက်လန့်တကြားစိုက်ကြည့်ကာ အနောက်သို့ အလိုလို ဆုတ်သွားသည်။ ပေထင်းဟွမ်သည် သူမကို လွတ်မြောက်ခွင့်ပေးမည်မဟုတ် သည်ကို သူမသိသည်။ သူမ၏စိတ်သည် အဆက်မပြတ်လည်လာသည်။

“မင်းက သံမဏိသွေးနဲ့ ဆက်ဆံရေးကောင်းနေမှတော့ ပေထင်းဟွမ်နဲ့ လည်း ဆက်ဆံရေးကောင်းမှာပဲ၊ မင်းကို သတင်းတစ်ခုပြောပြရင် ငါ့ကို လွှတ် ပေးမှာလား” အထက်ရှိ ထိပ်တန်းအင်အားစုများအကြားတွင် သတင်းများစွာ ရှိသည့်ပုံပင်။

ပေထင်းဟွမ်သည် သူမအား အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့် လေသည်။ ခေတ္တမျှကြာသောအခါ သူမ၏နီရဲသောနှုတ်ခမ်းများ အနည်းငယ် ပွင့်ဟလာသည် “အဲဒါက မင်းပြောမယ့်သတင်းက အဖိုးတန်လား မတန်လား ပေါ်မှာမူတည်တယ်”

“ဟုတ်တယ် ဟုတ်တယ် သေချာတာပေါ့” ချင်းရှီသည် ပေထင်းဟွမ်အား အပေါ်အောက်ကြည့်လေသည်။ သို့သော် ပေထင်းဟွမ်၏ သရုပ်မှန်ကိုမမြင်ရ သေးရာ ခက်ခက်ခဲခဲနှင့် တံတွေးမျိုချပြီး ပေထင်းဟွမ်အား ထိုက်ယိနန်းတော် ၏ အလျှို့ဝှက်ဆုံးသတင်းကို ပြောပြလေသည်။ “ငါတို့ ငါတို့ ဒီတစ်ခေါက် စစ်ပွဲ ဘုံတောကိုဝင်လာရတာက သန့်စင်သောရွှံ့နွံတောကို ရှာဖို့ပဲ၊ ဘာလို့လဲဆို တော့ အဲဒီလေဟာနယ်က လူကလာတော့မယ်၊ သန့်စင်သောရွှံ့နွံတောမှာ ဝရုန်းသုန်းကားလုပ်နိုင်တာက နှစ်ယောက်ပဲရှိတယ်လို့ပြောတယ်၊ တစ်ယောက်က နတ်မိစ္ဆာဧကရာဇ် တစ်ယောက်က ဧကရီပဲ”

“ဘာလို့လဲ” ပေထင်းဟွမ်၏နှလုံးသားသည် ကြီးမားသောလှိုင်းဂယက် များဖြင့် မွှေနှောက်လိုက်သလိုပင်။ သို့သော် သူမ၏မျက်နှာသည် တည်ငြိမ်နေ ဆဲပင် “သူတို့က ဘာလို့ နတ်မိစ္ဆာဧကရာဇ်နဲ့ ဧကရီဖြစ်ရတာလဲ၊ သူတို့က ဘယ်သူတွေလဲ”

ချင်းရှီသည် ပေထင်းဟွမ်၏မေးခွန်းကြောင့် မတွေးတတ်အောင်ဖြစ်သွား သည်။ သို့သော် စဉ်းစားကြည့်လိုက်ရာ ဤမိန်းကလေးသည် လူမသိသူမသိ ဖြစ်သည်။ ထို့ကြောင့် မျိုးရိုးမြင့်မိသားစုမှ တိုက်ရိုက်ဆက်ခံသူမဖြစ်နိုင်ပေ။ ဘိုးဘွားဂူသင်္ချိုင်းသည် မီးခိုးများနှင့်ပြည့်နေခြင်းဖြစ်မည်။ ထို့ကြောင့်ပင် ဤ ကဲ့သို့ အားကောင်းသောမိန်းကလေးရှိနေခြင်းပင်။ ခွန်အားရှိသော်လည်း တိုက်ကြီးပေါ်ရှိ ဤကဲ့သို့လျှို့ဝှက်ချက်တချို့ကို မသိပေ။

ချင်းရှီသည် ပေထင်းဟွမ်အား စိတ်ထဲမှအထင်သေးမိသွားသော်လည်း ရွေးချယ်စရာမရှိတော့သဖြင့် စိတ်ရှည်ရှည်နှင့် ရှင်းပြလေသည် “လွန်ခဲ့တဲ့ နှစ် တစ်သောင်းတုန်းက ပတ္တမြားကမ္ဘာက နတ်မိစ္ဆာဧကရာဇ်ကြောင့် နှစ်ပိုင်းကွဲ သွားခဲ့တာ၊ နောက်တော့ တိုက်ကြီးသုံးခုအဖြစ်ကွဲသွားခဲ့တယ်၊ အဲဒါက သန့်စင် သောမြေမှ ဝရုန်းသုန်းကားဖြစ်သွားစေတာ အံ့ဩစရာတော့မဟုတ်ပါဘူး၊ ဧကရာဇ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက သူက ကစဥ့်ကလျားနတ်အရင်း အမြစ်ရဲ့ ပိုင်ရှင်လို့ပြောလို့ရတယ်၊ ရောက်လာဖို့အချိန်ရောက်ပြီ”

“အဲဒါဘယ်လိုလာမှာလဲ ဘယ်ကနေလာမှာလဲ” ယန်ယဲ့၏ လှုပ်ရှားမှု သည် ထိုမျှအားကောင်းလိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။ သူသည် သူ၏ ရန်သူကိုဆွဲဆောင်နိုင်သည်ဟုထင်ထားသော်လည်း သူ့ကိုထိခိုက်အောင် လုပ်မည့်လူအားလုံးကို ဆွဲဆောင်လိမ့်မည်ဟု ထင်မထားပေ။

“ငါ အဲလိုပြောရင် မင်း မင်း ငါ့ကိုလွှတ်ပေးမှာမလား” ချင်းရှီသည် ချင့်ချိန် စွာမေးလေသည်။ သူမ ပေထင်းဟွမ်ကို ရင်ဆိုင်ဖြေရှင်းလေလေ ထို မိန်းကလေးသည် အပြင်ပန်းမြင်ရသည်နှင့်မတူသည်ကို ချင်းရှီ ခံစားမိလေဖြစ် သည်။ သူမသည် ထက်မြက်ပြီး ချစ်စရာကောင်းသည်။ သို့သော် အလွန်တရာ ရက်စက်သည့်လူမျိုးဖြစ်သည်။

လူ ၁၂ ယောက်ကို ဓားတစ်ချက်တည်းနှင့် မျက်တောင်မခတ်ဘဲ ခုတ်ခဲ့ သည်။ ချင်းရှီသည် သူမတွင် နှလုံးသားမဲ့နေသလားဟုပင် မေးမိသည်။

“ငါပြောသလိုပဲ အဲဒါက တန်ဖိုးရှိလား မရှိလားဆိုတာ မင်းပြောတဲ့အပေါ် မှာမူတည်တယ်” ပေထင်းဟွမ်သည် ခေါင်းလွှဲလေသည်။ “၃၃ ရက်မြောက်နေ့ က ဆင်းလာတဲ့သူတွေက ယန်ယဲ့မဟုတ်ဘူးဆိုတာ သိတယ် အဲဒါ ငါ့အတွက် အသုံးမဝင်ဘူး တခြားသတင်းပြောင်းပေး”

“ဟုတ်ပြီ” ချင်းရှီသည် တစ်စုံတစ်ခုကို သတိရသွားသည့်ပုံပင် “သန့်စင် တဲ့ရွှံ့နွံမြေမှာ ပြဿနာတွေဖြစ်တုန်းက သခင်ပေထင်းဟွမ်ရဲ့ သတို့သမီး လောင်းကို စီရင်ချက်ဗိမာန်ကဖမ်းသွားတယ်လို့ပြောတယ်၊ အခု ဟွမ်ချန်းက လူတွေအကုန်လုံးက သခင်လေး ၉ ကိုရှာနေကြတယ်၊ သခင်ပေထင်းဟွမ်က ညသခင်အိမ်တော်ကိုသွားပြီး အသနားခံမျာမဟုတ်ဘူးလို့ပြောတယ်၊ သူက ဘယ်လိုလုပ် သခင်လေး ၉ ရဲ့သတို့သမီးလောင်ကို လပြည့်ညမှ ကွပ်မျက်မှာ လဲ၊ ရှင်းယွဲ့လေဟာနယ်က လရောင်အောက်မှာဆို ထိပ်ဆုံးရောက်နေတာ”

“သေစမ်း” ပေထင်းဟွမ် မည်မျှပင် အောင့်အီးထားစေကာမူ ဤအခိုက် အတန့်တွင် ကျိန်ဆဲမိသည်။ သူမသည် ချင်းရှီအား ကြည်လင်သောမျက်လုံးများ နှင့် စိုက်ကြည့်ပြီး အေးစက်စွာပြောလေသည် “ကျိန်”

All Chapters