ဟွမ်အာ ငါ့အတွက် စိတ်မကောင်းဖြစ်နေတာလား
Vol. 46 Ch. 903
ချင်းရှီသည် ချက်ချင်းပင် အပျော်လွန်သွားသည်။ ဤကဲ့သို့ အရေးကြီး သတင်းသည် ဤမိန်းကလေး၏စိတ်ကိုလှုပ်ခတ်သွားစေလိမ့်မည်ဟု ထင်မထားပေ။ သခင်လေး ၉ ၏ သတို့သမီးလောင်းသတင်းသည် သူမကို လမ်းဖောက်ပေးခဲ့သည်။ သူမ သိချင်လာသည်။ ဒီကောင်မလေးက ဘယ်သူလဲ။
“ကျွန်ုပ်ချင်းရှီက ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို ဘာမှပြန်မပြောပါဘူးလို့ ကျိန်ဆိုပါတယ်၊ ပြီးတော့ သံမဏိသွေးအဖွဲ့ဝင်များကို လုံးဝလက်စားမချေပါ ဘူး ကောင်းကင်နဲ့မြေကြီး ကတိဖောက်ဖျက်ခဲ့ရင် သေပါစေ”
သစ္စာဆိုမှုကျလာကာ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကျရောက်လာပြီး ပေထင်းဟွမ် စကားပြောသည်ကိုပင် မစောင့်ဘဲ ချင်းရှီသည် လေပေါ်တွင် လျင်မြန်စွာမြောက်တက်သွားပြီး နောက်ပြန်လှည့်မကြည့်ဘဲ သားရဲတော အပြင်ဘက်သို့ ပျံပြေးသွားလေသည်။ တောသည် သေဆုံးနိုင်သည့်နေရာဖြစ် သည်။ ပေထင်းဟွမ်နှင့်တွေ့ခဲ့ခြင်းနှင့်ယှဉ်လျှင် ထိုကြမ်းတမ်းသောငှက်ကြီး များသည် သူမကို ပို၍စိတ်လုံခြုံမှုပေးသလို ချင်းရှီခံစားရလေသည်။
လပြည့်ည...
စကားလုံးသုံးလုံးပင်။ ကျိန်စာကဲ့သို့ ပေထင်းဟွမ်၏စိတ်ထဲတွင် ထပ်ခါ ထပ်ခါပဲ့တင်ထပ်နေသည်။ မကြာခင် လပြည့်ညရောက်တော့မည်ကို သူမ မေ့ နေခဲ့ပုံပင်။ သစ်ရွက်များအကြားမှကြည့်လိုက်ရာ သူမသည် ကောင်းကင်ပေါ် တွင် တွဲလဲခိုနေသော အနီရဲရဲနေကိုမြင်နေရသည်။ စစ်ပွဲဘုံတောရှိ ညတိုင်းတွင် သူမသည် ဘန်ယဲ့၏ ရင်ခွင်တွင်အသိုက်ဆောက်ကာ သူ၏ အားကောင်းသော နှလုံးခုန်သံကို နားထောင်ပြီး အိပ်မောကျခဲ့သည်။ လပြည့်ညရောက်ရန် တစ်လ တောင်မကျန်တော့သည်ကို သူမ မေ့နေခဲ့သည်။
သူမ ပြန်မွေးဖွားလာစက လော့ပေမြို့အစွန်ရှိ နေဝင်တောတွင် ကိုးရောင် နဂါးနှင့် ဇာမဏီဥကို ရှာသည့်အချိန်က ယန်ယဲ့ထွက်လာသည့်မြင်ကွင်းကို မှတ်မိနေတုန်းပင်။ သူမသည် ရှက်လွန်းကာ ဘာကိုမှဂရုမစိုက်သလို ဖြူဖျော့ လာသည်။
ချင်းလင်သည် သူမ၏လူငယ်ဘဝကို မြှုပ်နှံပြီး အကောင်းဆုံးအချိန်၊ လော့ပေမြို့ကဲ့သို့ လူသူမဲ့သောမြို့ငယ်တွင်နေခဲ့စဉ်က သူမကဲ့သို့ အမှိုက်ကို စောင့်ရှောက်ပြီး သူမ နှင့် အချိန်ကုန်ဆုံးခဲ့သည်။ ယခုအခါ ချင်းလင်သည် သူမ အတွက် ထပ်မံလုပ်ပေးပြန်သည်။ ဤကဲ့သို့ဘေးကပ်ဆိုးကို အချိန်ကြာမြင့်စွာ ခံလာခဲ့သည်။ နောက်ဆုံးတွင် သေတော့မှာလား။
“စီရင်ချက်ဗိမာန် ငါ့ကိုဒေါသထွက်အောင်လုပ်တာ အောင်မြင်ပါတယ်၊ အစက ဒီတိုက်ကြီးပေါ်မှာ သန့်စင်တဲ့မြို့ကို နှစ်ရက်လောက်ထပ်ထားမလို့ပဲ၊ မင်းတို့က သေဖို့စိတ်မရှည်တော့ဘူးဆိုတော့ ဖြည့်ဆည်းပေးရမှာပေါ့” ပေထင်းဟွမ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူမ၏ တစ်ကိုယ်လုံးမှရောင်ဝါသည် ငရဲမှထွက်လာသည့်အတိုင်း လူသတ်မည့် ရောင်ဝါ သည် မြင်နိုင်သောလှိုင်းဂယက်ပုံစံအတိုင်း ဖြန့်ကျက်လာရာ ယန်ယဲ့ ပင်အလွယ်တကူ မချည်းကပ်ရဲလောက်အောင်ဖြစ်စေသည်။
လော့ပေမြို့အစွန် နေဝင်တောအစွန်းတွင် သူ သမကို ပထမဆုံးမြင်ခဲ့ သည်။ ထိုအချိန်က သူမ၏ လူသတ်မည့်အရောင်အဝါ အပြည့်အစုံကိုမြင်ခဲ့ သည်။ လွန်ခဲ့သည့် နှစ်တစ်သောင်းက ဤကဲ့သို့စုစည်းမှုမျိုးကို မည်သူ့ဆီကမှ မမြင်ဖူးပေ။ ခိုင်မာသောလူသတ်မည့်အရိပ်အယောင်ပင်။
“ဟွမ်အာ”
တိုးညင်းသောခေါ်သံတစ်ခုကြောင့် ပေထင်းဟွမ်သည် ဒေါသမှ လွတ်မြောက်သွားသည်။ သူမသည် စိတ်ထဲမှဒေါသကို တဖြည်းဖြည်းဖိနှိပ်ကာ ယန်ယဲ့ရှိရာဘက်သို့ မျှော်ကြည့်လေသည်။ သူမခန္ဓာကိုယ်မှ လူသတ်မည့် ရောင်ဝါသည် လျော့သွားပြီး သူမ၏အေးစက်သောမျက်လုံးများသည် ယန်ယဲ့ ကို မြင်သည်နှင့် နွေးတက်လာသည်။
“ည”
ပေထင်းဟွမ်သည် ယန်ယဲ့ဆီသို့လျှောက်သွားသည်နှင့် သူ မစောင့်နိုင် တော့ဘဲ သူ၏အင်္ကျီလက်ကိုဖြန့်ကျက်ကာ သူမကို ရင်ခွင်ထဲထည့်ပြီး တင်းကြပ်စွာပွေ့ဖွက်ကာ စိတ်မကောင်းစွာနှင့်မေးလေသည် “ဘာတွေစိုးရိမ် နေတာလဲ၊ စိတ်မပူပါနဲ့ မိန်းကလေးမု ဘာမှဖြစ်မှာမဟုတ်ပါဘူး၊ စီရင်ချက် ဗိမာန်က နောက်ကွယ်မှာ အများကြီးလုပ်ခဲ့တာ၊ ဒါပေမဲ့ ဖြစ်နိုင်သလောက် နန်လင်းကိုယုံကြည်ရမယ်၊ ပြီးတော့ တစ်ခုခုတော့စီစဉ်ထားရမယ် စီရင်ချက် ဗိမာန်ကို ဘာမှလုပ်ခိုင်းလို့မရဘူး”
ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာဖြင့် အသက်ရှူထုတ်လိုက်ကာ သူမကိုယ်သူမလည်း စိတ်ထဲမှ အနည်းငယ်အထင်သေးမိသည်။ သူမသည် အသက်မရှူနိုင်တော့ဘဲ လက်မြှောက်ကာ ယန်ယဲ့၏မျက်နှာကို ပွတ်သပ်လေ သည် “ယဲ့ ကျွန်မ လပြည့်ညမှာ ရှင်နဲ့အဖော်မပြုပေးနိုင်မှာစိုးတယ်၊ စိတ်မပူပါ နဲ့၊ ကျွန်မ လင်အာရဲ့ကိစ္စကိုဖြေရှင်းပြီးရင် လပြည့်ညမှာ ခံစားရမယ့်နာကျင်မှု ကို လျော့အောင်လုပ်ဖို့ နည်းလမ်းရှာပေးပါမယ်၊ ရှင့်ကို အဲလိုမျိုး ဘယ်တော့မှ ထပ်မခံစားစေရဘူး”
ပေထင်းဟွမ်၏မျက်လုံးများသည် အလွန်လေးနက်နေကာ မျက်လုံးထဲမှ ဝမ်းနည်းမှုကို မျက်လုံးနှင့်ပင်မြင်နိုင်သည်။ ယန်ယဲ့သည် သူ့မျက်လုံးထဲတွင် မြင်နေရပြီး သူ့နှလုံးသားတစ်ခုလုံးသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေ သည်။ သူသည် ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်လေသည် “ဟွမ်အာ ငါ့အတွက် စိတ်မကောင်းဖြစ်နေတာလား”