ချုံချီနဲ့တခြားသူတွေက ယန်ယဲ့ရဲ့ စာချုပ်သားရဲပဲ
Vol. 46 Ch. 904
ပေထင်းဟွမ်၏မျက်နှာသည် မည်းနက်သွားကာ သူ၏ပါးပြင်ကို ဆွဲဆိတ် ကာ ဦးခေါင်းကို အားပါပါပြန်တွန်းလိုက်သည် “ရှင့်ကို စိတ်ပူတာပေါ့”
သူမ၏နားရွက်ထိပ်များသည် နီရဲနေတုန်းပင်။ သူမ၏ရှက်ရွံ့မှု တစ်စတစ်စ ဆိုးဝါးလာသည်နှင့် ယန်ယဲ့သည် ကျေနပ်သွားကာ သူမအား မစနောက်တော့ဘဲ လက်တွဲကာ လေပေါ်သို့ပျံတက်လိုက်သည် “မင်းသွားရင် ချုံချီတို့ကို အဖော်ပြုခိုင်းလိုက်မယ်”
“မဟုတ်ဘူး” ပေထင်းဟွမ်သည် ခေါင်းခါကာ စီရင်ချက်ဗိမာန်ရှိရာဘက် သို့ ကြည့်လိုက်သည် “နတ်ဘုရားတွေက ရှင့်ကို ကြောက်ကြတယ်၊ ချုံချီကို ပေါ်လာခွင့်ပေးမှာမဟုတ်ဘူး၊ လင်အာကို အန္တရာယ်အဖြစ်မခံနိုင်ဘူး၊ သိတဲ့ အတိုင်းပဲ ကျွန်မက မိန်းကလေးဆိုတာကို သူမ သိတယ်၊ ကျွန်မ လော့ပေမြို့မှာ ရှိတုန်းက အကုန်လုံးက ကျွန်မကိုအနိုင်ကျင့်ကြတယ် ဒါပေမဲ့ သူမတစ်ယောက် ကပဲ ကျွန်မကိုကာကွယ်ပြီး ထွက်မသွားခဲ့တာ၊ သူမရဲ့အမေက ကျွန်မအမေရဲ့ အပျိုတော်ပဲ၊ ဒါပေမဲ့ သူမက ကျွန်မရဲ့အပျိုတော်မဟုတ်ဘူးလေ၊ သူမ ဒါတွေ လုပ်တာက ကျွန်မမိန်းကလေးဖြစ်ကြောင်း ဖုံးကွယ်ဖို့ပဲ၊ သူမ အန္တရာယ်များ အောင် ကျွန်မ ဘာမှမလုပ်နိုင်ဘူး”
“ချုံချီနှင့်တခြားသူတွေက ငါ့ရဲ့စာချုပ်သားရဲပဲ သူတို့တွေက ရှေးခေတ် တုန်းက အသက်ရှင်ကျန်ခဲ့တဲ့သားရဲတွေပဲ၊ သူတို့တွေက ဒီတိုက်ကြီးမှာ လူသား တွေမပိုင်ဆိုင်နိုင်တဲ့ ခွန်အားတွေရှိကြတယ်၊ သူတို့ကို မင်းနဲ့အတူခေါ်သွားလို့ရ တယ်” ယန်ယဲ့သည် ပေထင်းဟွမ်ကို ငြင်းဆန်ခွင့်မပြုပေ “သူတို့ကို ခေါ်သွား မယ်လို့ မင်း ကတိမပေးနိုင်ရင် မသွားရဘူး”
“ဒါပေမဲ့ လင်အာ...” ပေထင်းဟွမ်သည် ယန်ယဲ့ ယခုလိုလွှမ်းမိုးနိုင်ပုံကို တစ်ခါမှမမြင်ဖူးပေ။ ခေတ္တမျှကြာအောင် သူမသည် ဘာပြောရမည်ကို မသိတော့ပေ။
“ငါ သူမရဲ့အသက်ကို ဂရုမစိုက်တာကြောင့်မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့အတွက်က မင်းကိုအမှားမခံနိုင်ဘူး၊ မင်းက သူမကို ဘာမှအဖြစ်မခံနိုင်တာကို ငါသိလို့ ငါ့ကိုယ်စား မင်းကိုသွားခိုင်းတာ” ယန်ယဲ့သည် သန်မာပြီး စစ်မှန်သည်။
သူသည် နှစ်ပေါင်းထောင်ချီစောင့်လာပြီးဖြစ်သည်။ သို့သော် နောက်ထပ် နှစ်တစ်သောင်းစောင့်ရန် သူ့ကိုယ်သူ မဖျောင်းဖျနိုင်ပေ။ သူ၏အသက်များ သည် ကြီးချင်မှကြီးမည်၊ သို့သော် သူ့စိတ်သည် တိတ်တဆိတ် နည်းနည်းချင်းစီ ကြီးပြင်းလာခဲ့သည်။ တစ်နေ့တွင် သူသည် သူမ၏အသွင်အပြင်ကိုပင် မမှတ်မိ တော့မည်ကို သူ ကြောက်သည်။
“ဟုတ်ပြီ ကျွန်မ ရှင့်ကို ကတိပေးတယ်” ယန်ယဲ့၏ခွန်အားသည် လွှမ်းမိုး နိုင်သည်ဟု ခံစားမိပြီး ကတိပေးရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့သဖြင့် သဘောတူလိုက်သည် “ဒါပေမဲ့ ကိုယ်ရံတော်လေးယောက်ထဲက နှစ်ယောက်ပဲ ခေါ်သွားနိုင်မယ်၊ တခြားနှစ်ယောက်က ရှင့်နောက်ကိုလိုက်ရမှာပေါ့၊ မဟုတ် ရင် ဘယ်သူ့ကိုမှခေါ်မသွားနိုင်ဘူး”
ထို့အပြင် ကိုယ်ရံတော်လေးယောက်သည် ယန်ယဲ့၏စာချုပ်သားရဲဖြစ်ပြီး ပေထင်းဟွမ်၏သားရဲများမဟုတ်ကြပေ။ သူမသာ သူတို့ကိုခေါ်မသွားလျှင် ယန်ယဲ့သည် သူမကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
ခေတ္တမျှစဉ်းစားပြီးနောက် ယန်ယဲ့သည် ရွေးချယ်စရာမရှိတော့ဘဲ သဘောတူလိုက်ရတော့သည် “အရင်ဆုံးသန့်စင်တဲ့မြို့ကို သွားဖို့ပြောလိုက် မယ်၊ မင်းကို သန့်စင်တဲ့မြို့ကို ပို့ပေးမယ် ပြီးတော့ ငါ ယန်းမြို့ကို ပြန်သွားမယ်”
သည်တစ်ခေါက် ယန်ယဲ့ထွက်လာသည်မှာ ပေထင်းဟွမ်နှင့် နှစ်ယောက် တည်းရှိချင်၍ဖြစ်သည်။ ချုံချီတို့ကိုလည်းခေါ်မလာခဲ့ပေ။ သူတို့အားလုံးသည် အင်ပါယာမြို့တွင် အသင့်အနေအထားနှင့်စောင့်နေကြသည်။ ကိုယ်ရံတော် လေးယောက်သည် ယန်ယဲ့၏စာချုပ်သားရဲများဖြစ်လိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။ သို့သော် အသွင်ပြောင်းထားသည့်သားရဲများအားလုံးတွင် ထူးဆန်းသည့် စရိုက်လက္ခဏာများရှိကြသည်။ သို့သော် ကိုယ်ရံတော်လေး ယောက်တွင် ထိုကဲ့သို့စရိုက်လက္ခဏာများမရှိကြပေ။
“သူတို့တွေက ငါနဲ့အတူရှိလာတာ နှစ်ပေါင်းများစွာရှိပြီ သူတို့တွေက ပတ္တမြားကမ္ဘာက သားရဲတွေမဟုတ်ကြဘူး” သူတို့နှစ်ယောက်သည် လေပေါ် တွင်ပျံရင်းနှင့်ပင် ယန်ယဲ့သည် ပေထင်းဟွမ်အား စိတ်ရှည်လက်ရှည်နှင့် ရှင်းပြ လေသည် “နတ်မိစ္ဆာန်ဘုရားမသေဆုံးခင်က အမှောင်နတ်မိစ္ဆာဘုံကို ဖန်တီးခဲ့ တယ်လို့ ငါ ပြောခဲ့တယ်မလား၊ သူက ပတ္တမြားကမ္ဘာမှာနေကြတဲ့ သားရဲ အားလုံးနဲ့ နတ်မိစ္ဆာကျင့်ကြံသူအားလုံးကို အမှောင်နတ်မိစ္ဆာဘုံကို ပို့ခဲ့တယ်၊ ဒါပေမဲ့ တချို့က ပတ္တမြားကမ္ဘာမှာနေခဲ့ကြတယ်၊ သူ ဖန်တီးထားတဲ့ စည်းမျဉ်း အရ နတ်မိစ္ဆာကျင့်ကြံသူတစ်ယောက်က အမှောင်နတ်မိစ္ဆာဘုံက အားကောင်း တဲ့သားရဲဝိညာဉ်ကို ဆင့်ခေါ်နိုင်တယ်၊ ဒီအရည်အချင်းကို ဝိညာဉ်ထိန်းချုပ်လို့ ခေါ်တယ်”
“ဝိညာဉ်ထိန်းချုပ်ဟုတ်လား... နတ်မိစ္ဆာကျင့်ကြံသူတွေသုံးတဲ့ပညာလား ဒါပေမဲ့ ချုံချီ သူတို့တွေက ဝိညာဉ်ရောင်စဉ်လှိုင်းမဟုတ်ဘူးလေ” ပေထင်းဟွမ် သည် အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။
“သူတို့လေးယောက်က အဲတုန်းက ငါဆင့်ခေါ်ထားတဲ့ သားရဲဝိညာဉ်တွေ ပဲ၊ နောက်တော့ ငါ အမှောင်နတ်မိစ္ဆာဘုံကိုသွားတော့ သူတို့ကိုတွေ့ခဲ့တယ်၊ သူတို့နဲ့တိုက်ရိုက်စာချုပ်တည်ထောင်ခဲ့တာပဲ၊ ပြီးတာနဲ့ သူတို့က ငါ့နောက် လိုက်ပြီး အမှောင်နတ်မိစ္ဆာဘုံကနေ ထွက်လာခဲ့တယ်၊ နှစ်တွေအများကြီးက မျက်စိတစ်မှိတ်အတွင်း ကုန်သွားခဲ့တယ်” ယန်ယဲ့သည် ခံစားချက်ပါပါပြော လေသည်။