ဟွမ်အာ ငါ့ကိုအခက်တွေ့အောင်မလုပ်ပါနဲ့တော့
Vol. 46 Ch. 905
ထိုအသံနေအသံထားတွင် ဘဝသံသရာ၏ အရသာရှိနေသည်။ ပေထင်းဟွမ်သည် ထိုအသံကိုကြားသည်နှင့် အနည်းငယ်ဝမ်းနည်းလာကာ ယန်ယဲ့၏ခါးကို နူးညံ့စွာဆုပ်ကိုင်လိုက်သည် “ပြောပါဦး ရှင်က အသက် အရမ်းကြီးနေပြီလား၊ ကျွန်မထက်အသက်ကြီးတာလား၊ နှစ်တွေ အများကြီး အများကြီး ကြီးတာလား”
ယန်ယဲ့သည် အနည်းငယ်အခက်တွေ့သွားကာ ခါးကို တွန့်လိုက်သည်။ သူ၏ ကြွက်သားများတောင့်တင်းသွားသည်။ ပေထင်းဟွမ်၏လက်သည် ချော်ထွက်သွားသော်လည်း သူဆွဲမထားဘဲ ရှောင်နေလိုက်သည်။ ပေထင်းဟွမ် သည် ချက်ချင်းပင် ဝမ်းနည်းသွားသည်။ သူ ဘယ်လိုလုပ် ဖုံးထားရဲမှာလဲ။ သူမ သည် လက်နှစ်ဖက်ဆန့်ထုတ်ကာ ယန်ယဲ့၏ခါးကို ပွေ့ဖက်ဆုပ်ကိုင်ပြီး ဖျစ်ညှစ်ထိတွေ့ရန်ကြိုးစားသော်လည်း ထိုလူသည် ကြွက်သားများဖြင့်ပြည့်နေ ရာမလွယ်ကူလှပေ။
“ဟွမ်အာ ငါ့ကိုအခက်တွေ့အောင်မလုပ်နဲ့”
ယန်ယဲ့သည် သတိလက်လွတ်ဖြစ်ကာ မိုးပေါ်မှကျလုမတတ်ဖြစ်သွား၏။ သူ့အဆင့်တွင် ကျသွားလျှင် တခြားသူများ ရယ်ခွင့်ပင်မရှိပေ။ သူသည် ထိုလူကို သွားရှာပြီး သေအောင်ရိုက်မည်ဖြစ်သည်။ ပေထင်းဟွမအား ရင်ခွင်ထဲထည့် ထားရင်းနှင့် အသံမှာလည်းကွဲအက်နေသည် “မင်း ယုံကြည်ချက်ရှိတယ်မလား ဟင်.. ငါ မင်းကို မကိုင်တွယ်နိုင်ဘူးလို့ထင်လို့ မင်း ပြဿနာတွေလိုက်ရှာနေ တာလား”
ပေထင်းဟွမ်သည် သူ့ခန္ဓာကိုယ်ကို ခံစားမိသည်။ သူမ၏မျက်နှာသည် ရုတ်တရက် ပူလာသည်။ သူမသည် ခေါင်းလှည့်လိုက်သည် “ကျွန်မကို ဘာလို့ လာဆွလဲ၊ ကျွန်မက ခေါင်းမာတဲ့လူဆိုတာ မသိဘူးလား”
ဟုတ်သည်။ သူမသည် သူမ၏ပန်းတိုင်ကို မရောက်ခင်ထိ လက်လျှော့ မည့်သူမဟုတ်ပေ။
သူမ၏မျက်နှာမှာ ပန်းရောင်ပြောင်းပြီး ပါးများနီရဲလာသည်ကိုကြည့်ပြီး ယန်ယဲ့သည် အနောက်သို့ အနည်းငယ်လှန်ကာ သူမနှင့်ဝေးရန်ကြိုးစားကာ ပိုပို၍စိတ်လှုပ်ရှားလာသဖြင့် ဤအချိန်မြန်မြန်ကုန်ဆုံးစေရန်မျှော်လင့်ပြီး သူမ ကို ပွေ့ဖက်မိသည် “မင်းက သခင်မလေးမုရဲ့ကိစ္စကို အရင် ရှင်းလိုက်ပါ၊ အဲဒါ ပြီးရင် ယန်ချန်းကို ဖြစ်နိုင်သလောက် မြန်မြန်သွားလိုက် ငါ မင်းကို ယန်ချန်းမှာ စောင့်နေမယ်”
“အင်း” ပေထင်းဟွမ်၏ဦးခေါင်းသည် သူ့ရင်ခွင်ကို နူးညံ့စွာပွတ်သပ် လိုက်သည်။ နေ့စဉ်အတူတကွရှိလာခဲ့ရာ မသိလိုက်ခင်မှာပင် သူသည် သူမ၏ အကျင့်တစ်ခုလိုဖြစ်လာကာ ယခုအခါ ထိုအကျင့်ကိုအတင်းပြောင်းလဲနိုင်ခဲ့ သည်။ ပေထင်းဟွမ်သည် ထိုအရာကိုကျင့်သားမရသေးပေ။ စိတ်ထဲတွင် အနည်းငယ်တွယ်တာမှုရှိနေသေးသည် “ကျွန်မကို ကြိုပြောလို့ရမလား၊ ကျွန်မ မီးတောက်မြို့ကိုသွားရင် မီးတောက်မြို့စားက ဘာလုပ်ချင်တာလဲ”
ယန်ယဲ့သည်ခေါင်းငုံ့သွားပြီး သူမ၏ဆံဖျားထိပ်လေးကို နှာခေါင်းနှင့် နမ်းရှုတ်ကာ လက်နှစ်ဖက်နှင့် သူမ၏ကျောပြင်ကို ပွတ်သပ်ပေးလိုက်သည် “ဟွမ်အာသိချင်ရင် စောစောလာခဲ့၊ စိတ်မပူပါနဲ့ သူက မင်းကို လက်ထပ်ချင်မှာ မဟုတ်ပါဘူး၊ ကမ္ဘာကြီးက တရားပါတယ်၊ သူလုပ်နိုင်ဦးမှာမဟုတ်ဘူး”
“တကယ်လား၊ ဒါဆို သူမြန်မြန်လုပ်ရမှာပေါ့၊ တခြားသူရှိနေရင် တခြား သူကို ကျွန်မ ကတိပေးလိုက်တော့မယ်” ပေထင်းဟွမ်သည် စနောက်စွာဖြင့် ပြောလေသည်။
အစက သူမသည် ယန်ယဲ့အား ပျော်ရွှင်အောင်လုပ်ခြင်းဖြစ်သော်လည်း မထင်မှတ်စွာပင် သူသည် ဝမ်းနည်းသွားလေသည်။ ယန်ယဲ့သည် သူမ၏ ဆံနွယ်ကို နမ်းရှိုက်လိုက်သည် “မဟုတ်ဘူး ငါ့ဟွမ်အာက ဘယ်လိုလုပ်ဖြစ်မှာ လဲ၊ မင်းက သွားရမယ့်လမ်းအဝေးကြီးလိုသေးတယ်၊ လုပ်စရာတွေလည်း အများကြီးရှိသေးတယ်၊ ပြီးတော့ ဟွမ်အာ အသင့်ပြင်လို့မပြီးခင်ကို သူ ဒီကိစ္စ တွေကို အရင်ပြီးရမှာမဟုတ်ဘူးလား”
လုပ်စရာအများကြီးရှိသည့်လမ်းကိုပြောရလျှင် လက်ရှိတွင် တစ်ခုတည်း နေသည်မဟုတ်ပါလား။ ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲတွင် ခေါင်းမော့ ကာ မျက်စိမှေးပြီး စီရင်ချက်ဗိမာန်ရှိသည့်ဘက်သို့ ကြည့်လိုက်သည် “လပြည့် ညကလွဲပြီး ဘယ်နေ့မှာ ကပ်ဘေးရင်ဆိုင်ရလို့လဲ၊ အဲနေ့ကို ဘာလို့ရွေးချယ် တာလဲ”
“ငါ ကပ်ဘေးရင်ဆိုင်ရတာကို မင်းစိတ်က အေးချမ်းမှာမဟုတ်ဘူး၊ စီရင် ချက်ဗိမာန်ရဲ့ စီရင်ချက်လှံတံက သခင်ကြီးရဲ့လက်နက်ပဲ၊ ဒီတိုက်ကြီးမှာ လေဟာနယ်ရဲ့ အကန့်အသတ်ကြောင့် အမြင့်ဆုံးကျင့်ကြံမှုအဆင့်က နတ် ဘုရားဧကရာဇ်အဆင့်ပဲ၊ ငါက ကောင်းကင်နဲ့မြေကြီးစွမ်းအားကို မှီခိုပြီး သခင် ကြီးလက်နက်အဖြစ် လှုံ့ဆော်မယ်၊ အဲဒါကြောင့် လပြည့်ညက စီရင်ချက်ဗိမာန် ရဲ့ အားအကောင်းဆုံးနေ့ပဲ”
ယန်ယဲ့သည် အနည်းငယ် တွန့်ဆုတ်စွာနှင့် “အဲနေ့က ငါ့ရဲ့အားအနည်း ဆုံးလည်းဖြစ်တယ်”