← Chapters

သန့်စင်သောမြို့သို့ ခရီးသစ်

Vol. 46 Ch. 906

သန့်စင်သောမြို့သို့ ခရီးသစ်

Vol. 46 Ch. 906

ယန်ယဲ့၏မျက်ခုံးနှင့်မျက်လုံးများသည် မကြုံစဖူးမျက်နှာထားကို ပြသ လေသည်။ သူ၏မိန်းကလေး သူ့ကိုအလိုအပ်ဆုံးအချိန်တွင် သူမကို ကူညီရန် အစွမ်းအစမရှိပေ။ ပထမဆုံးအကြိမ်အနေနှင့် ယန်ယဲ့သည် သူ၏ခန္ဓကိုယ်၏ နာကျင်မှုကို မုန်းတီးမိသည်။ နှစ်ပေါင်းတစ်ထောင်အတွင်းတွင် ချုံချီနှင့် တခြား လေးယောက်တို့သည် အောက်သို့စိတ်ထိုးကျကာ ခေါင်းကိုက်သည့်အချိန်တိုင်း ကို နာကျည်းခဲ့သည်။ သို့သော် သူတစ်ယောက်တည်းသာ ပျော်ရွှင်ခဲ့ခြင်းဖြစ် သည်။

တစ်လတစ်ခါ နှလုံးထဲမှနာကျင်မှုကို စွဲလမ်းမှုသည် လွန်ခဲ့သည့်နှစ်တစ် သောင်းက သူမ၏ဝိညာဉ်ထွက်သွားခဲ့ချိန်က နာကျင်မှုကို အထင်ရှားဆုံးမှတ်မိ စေသည်။

သူမ ပြန်လာသည်ကို စောင့်ဆိုင်းစေသည်။

သို့သော် သည်အချိန်တွင် သူ မစောင့်နိုင်တော့ပေ။ သူသည် တစ်ရက်မျှ ပင်မစောင့်နိုင်တော့ဘဲ ဖြစ်နိုင်သလောက်မြန်မြန် လွန်ခဲ့သည့် နှစ်တစ်သောင်း က သံသရာနှင့် ဤအရာများအားလုံးကို အဆုံးသတ်ချင်မိသည်။ ထိုမှသာ သူတို့ ပြန်စတင်နိုင်မည်ဖြစ်သည်။

ပေထင်းဟွမ်သည် သူမ၏လက်ကိုမြှောက်ကာ ယန်ယဲ့၏မျက်ခုံးကို ဖြေ ပေးလိုက်သည်။ ဤမျှလှပသည့်မျက်ခုံးများ၊ တောက်ပသောမျက်လုံးများကို မည်သို့ တွန့်ချိုးခံရမည်နည်း။ “ကျွန်မက ဘယ်သူ့ကိုမှ မှီခိုတတ်တဲ့သူမဟုတ် ဘူးဆိုတာ ရှင်သိထားတာကြာလောက်ပါပြီ၊ ရှင်ဆိုရင်တောင် ကျွန်မ မမှီခိုချင် ဘူး၊ သန်မာတဲ့သူဘေးမှာ သန်မာတဲ့သူကပဲ သူနဲ့အတူ ပုခုံးချင်းယှဉ်ပြီးရပ်နိုင် မှာ၊ ယန်ယဲ့ ယန်ချန်းမှာ ကျွန်မကိုစောင့်နေပါ”

ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် ကြီးမားသည့်စွန်ကဲ့သို့ ရှင်းယွဲ့လေဟာ နယ်ဆီသို့ ပျံသွားလေသည်။

ရှင်းယွဲ့လေဟာနယ်သည် ပင်မတိုက်ကြီး၏ အမြင့်ဆုံးနေရာတွင်ရှိကာ ၎င်းမြေအနေအထားသည် ယန်ချန်း၏ အထူးသဘာဝနေရာမှလွဲပြီး ဤတိုက်ရှိ တခြားနေရာများထက်ပင် ပို၍မြင့်သည်။ သန့်စင်သောမြို့သည် ၃၃ ရက်မြို့နှင့် အနီးဆုံးဖြစ်သည်ဟုဆိုရမည်။

တိုက်ကြီးတစ်ခုလုံးတွင် စီရင်ချက်နတ်ဘုရားကို ယုံကြည်သူများ ဂါရဝ ပြုသည့်နေရာဖြစ်ပြီး စီရင်ချက်ဗိမာန်တည်ရှိရာနေရာလည်းဖြစ်သည်။

နှင်းဖြူရောင်မြို့တံတိုင်းသည် နေရောင်အောက်တွင် တောက်ပနေ သည်။ မြို့မျှော်စင်တွင် ရပ်နေသောသူတော်စင်များသည် တောက်လောင်သော နေရောင်အောက်တွင် မျက်လုံးပင်မခတ်ဘဲ ယုံကြည်သူများ မြို့တံခါးဝကို ဝင် လိုက်ထွက်လိုက်လုပ်နေသည်ကို စိုက်ကြည့်နေကြသည်။

သန့်စင်သောမြို့အနီးတွင် ပင်မတိုက်ကြီးတွင် အန္တရာယ်နေရာအဆင့်ရှိ သည့် ရှင်းယွဲ့တောကြီးတည်ရှိသည်။ မြင့်မားသောသစ်ပင်များသည် ကောင်းကင်ကို ထိပ်နေကာ သားရဲနှင့်ငှက်များသည် မိုးပေါ်ကိုမျှော်ကာ တွန် နေကြသည်။ သန့်စင်သောမြို့အနီးမဟုတ်လျှင် ယုံကြည်သူများသာ တစ်နှစ် ပတ်လုံးရှိသည်။ ဝင်ချည်ထွက်ချည်နှင့် ထိုနေရာမှမျိုးစုံသောသားရဲများနှင့် စွန့်စားသူများသည် သားရဲတောထက်ပင် မလျော့ပေ။

ထိုအချိန်တွင် အနီရောင်နေလုံးသည် အနောက်သို့ဝင်သွားပြီဖြစ်ကာ ဆည်းဆာသည် မြေပြင်ပေါ်သို့ တောက်ပနေသည်။ ဝက်သစ်ချပင် အကိုင်းများ သည် ဆန့်ထွက်နေသည်။ သစ်ကိုင်းပေါ်တွင် ညစ်ပတ်နေသောသူဖုန်းစား လှဲ နေသည်။ ညစ်ပေနေခြင်းကြောင့် သူမ၏မျက်နှာကိုပင် ရှင်းလင်းစွာမမြင်နိုင် ပေ။ နှုတ်ခမ်းထောင့်မှ စီးကျလာသောတံတွေးများသည် သစ်ရွက်များမှတစ် ဆင့် မြေပေါ်သို့ကျလေသည်။

“အိုး ဘကြီးလဲ”

ရှင်းယွဲ့တောကြီးမှ မစ်ရှင်လုပ်၍ပြန်လာသောအဖွဲ့တစ်ဖွဲ့သည် ဝက်သစ် ချပင်အောက်မှ ဖြတ်သွားချိန်ဖြစ်သည်။ အနီရောင်ဝတ်ထားသည့် လှပသော မိန်းကလေးသည် အလယ်မှလျှောက်လာသည်။ သူမသည် ခေါင်းပေါ်သို့ တစ်စုံတစ်ရာကျလာသည်ကို ခံစားမိလိုက်သည်။ သူမသည် လက်မြှောက်ပြီး သုတ်ပစ်လိုက်သည်။ ၎င်းသည် စိုစွတ်ပြီး စေးကပ်သည်။ တံတွေးနှင့်တူသည်။ အလွန်တရာ ရွံရှာဖွယ်ကောင်းရာ ညစားထားသည့်အရာများ ပြန်အန်ထွက် လုနီးပါးပင်။

အားလုံးမော့ကြည့်လိုက်ရာ သစ်ပင်အကိုင်းပေါ်တွင် အိပ်နေသော အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် သူဖုန်းစား၏ပါးပြင်ပေါ်မှ တံတွေးကျလာ ခြင်းဖြစ်သည်။

သူဖုန်းစားသည် ထူထဲသောသစ်ကိုင်းပေါ်တွင် ခြေလက်များကို ပျင်းရိစွာ ဆန့်ထုတ်လိုက်သည်။ စကားလုံးတစ်လုံးနှင့်ဖော်ပြရလျှင် ညစ်ပတ်သည်။ တံတွေးစီးနေသည့် ပါးပြင်ပေါ်တွင် ဖြူစွတ်သောအသားအရေအနည်းငယ်သာ ပေါ်လွင်နေသည်။ ထိုသူဖုန်းစားသည် အသက်မကြီးသေးဘဲ ၁၄ နှစ် ၁၅ နှစ် အရွယ်သာရှိသေးသည်။

သူမ၏ခေါင်းပေါ်သို့ကျလာသည်မှာ သူဖုန်းစား၏ တံတွေးဖြစ်သည်ကို သိသည်နှင့် အနီရောင်ဝတ်ထားသော လင်ယင်သည် ရူးသွားမတတ်ပင်။ ဒီ သောက်သူဖုန်းစားက အိပ်စရာနေရာမရှိလို့ ဒီမှာလာအိပ်ရပြီးတော့ သူမ ခေါင်း ပေါ်ကို တံတွေးကျအောင်လုပ်လိုက်သေးတယ်။

All Chapters