သူဖုန်းစားလေး
Vol. 46 Ch. 907
လင်ယင်၏လက်ထဲရှိ အဆင့်နိမ့်ဝိညာဉ်လက်နက်အဆင့် ကြာပွတ်သည် သစ်ပင်ပေါ်မှ သူဖုန်းစားဆီသို့ ဝှီးခနဲအသံနှင့်အတူ ရောက်သွားသည်။ ရင်ဖို စရာမလိုအောင်ပင် သူဖုန်းစားကို လှိမ့်ပြိး မြေပေါ်သို့ ရိုက်ကျလေသည်။
“အာ..”
နာကျင်စွာဖြင့် အော်သံတစ်သံသည် သူဖုန်းစား၏ပါးစပ်မှ ထွက်ပေါ်လာ သည်။ သူဖုန်းစားလေးသည် မှင်တက်သွားပုံပင်။ သူသည် ဒဏ်ရာ အပြင်းအထန်ရသွားပုံပင်။ သူ့မျက်လုံးဖွင့်ရန် အချိန်အတော်ယူရသည်။ သူ၏ မည်းနက်သောမျက်လုံးများသည် တောင်းတွင်းညရှိ ကြယ်များကဲ့သို့ တောက်ပ သည်။ မျက်လုံးသည် ငေးငိုင်စွာဖြင့် လှည့်ပတ်ကြည့်လေသည်။
နောက်ဆုံးတွင် သူမ၏မျက်လုံးများသည် ဒေါသထွက်နေသော လင်ယင် ဆီသို့ ကျရောက်သွားသည်။ သူမသည် 'ဝိုး' ဟုအော်ပြီး ကျိန်ဆဲလေသည် “မိန်းမပျက် ဘာလုပ်တာလဲ ငါ့ဘာသာ အိပ်နေတာ မင်းကို ဘာရန်စမိလို့လဲ၊ ငါ့ကို ဘယ်လိုတောင်ရိုက်ရဲတာလဲ”
သူဖုန်းစားသည် မြေပေါ်တွင် လူးလှိမ့်နေပြီး အော်ငိုနေသည်မှာ အလွန် ပင် သနားစဖွယ်ကောင်းလေသည်။
လင်ယင်နှင့်အဖွဲ့သည် လူဒါဇင်ကျော်ပါဝင်သည်။ သူတို့သည် သန့်စင် သောသားရဲကိုဖမ်းရန် ရှင်းယွဲ့တောသို့ မနက်ကအတူဝင်ခဲ့သည်။ သန့်စင်သော သားရဲကို ဖမ်းရတာ ဘယ်လိုလုပ် အဲလောက်လွယ်မှာလဲ။ ကံကောင်းစွာပင် သူတို့၏ ခရီးသည် တန်ဖိုးရှိခဲ့သည်။ သူတို့သည် အဆင့်မြင့်ကြယ်ဝိညာဉ်သားရဲ နှစ်ကောင်ဖမ်းခဲ့သည်။ ထိုညကိုစဉ်းစားကြည့်လျှင် စီရင်ချက်ဗိမာန်တွင် အရေး ကြီးအခမ်းအနားရှိသဖြင့် သူတို့သည် ရှင်းယွဲ့တောမှ အလျင်စလိုပြန်လာခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဤမြင်ကွင်းကိုမြင်လိုက်ရသဖြင့် နစ်နာသွားသော အဖွဲ့ သားများသည် လင်ယင်အား ရှုတ်ချသည့်အကြည့်များနှင့် ကြည့်ကြလေသည်။ ဒီသူဖုန်းစားလေးပြောတာမှန်တာပဲ။ သူမဘာသာ အိပ်နေတာကို အိပ်နေတုန်း တံတွေးကျမယ်လို့ ဘယ်သူသိမှာလဲ။ သူများတံတွေးအောက်ကို ရောက်သွား တာ လင်ယွင်ကံမကောင်းတာ သေချာနေတာပဲ။ အဲတော့ သူဖုန်းစားလေးကို ဒီလိုဆက်ဆံတာ တကယ်လွန်တာပဲ။
ထိုလူများ၏မျက်လုံးထဲတွင် သူဖုန်းစားလေးသည် နှိမ့်ကျသည့်အသွင်မရှိ ဘဲ သူဖုန်းစားပုံရိပ်လုံးဝမရှိသည်ကိုမြင်နေရသည်။ ဆန့်ကျင်ဘက်အနေနှင့် ကြယ်များကဲ့သို့တောက်ပနေသော မည်းနက်သည့်မျက်လုံးများနှင့် အော်လိုက် ချိန်တွင် ပြည့်နေသည့်မောက်မာမှုများကိုကြည့်လျှင် အလွန်ပင် သက်တောင့် သက်သာရှိလှကာ လွှမ်းမိုးမှုသည် ထူးခြားလွန်းသည်။
စီရင်ချက်ဗိမာန်၏ အကြီးအကဲ၏ တစ်ဦးတည်းသော မြေးမအနေနှင့် လင်ယင်သည် သန့်စင်သောသားတော်ဂူဟောက်၏ သတို့သမီးလောင်း အလောင်းအလျာဖြစ်ခဲ့ဖူးသည်။ သူမသည် အားကောင်းသည်။ သူမ မည်သည့် အခါက ယခုလို အရှက်ကွဲမှုနှင့် ကြုံဖူးသနည်း။
ထင်ရှားစွာပင် သူဖုန်းစားလေးသည် သူမ၏ခေါင်းပေါ်သို့ တံတွေးထွေး လိုက်ခြင်းပင်။ သူဖုန်းစားလေးသည် အမှိုက်ထဲတွင် အစာရှာစားသူဖြစ်သည်ကို တွေးမိပြီးနောက် လင်ယင်သည် ဝမ်းဗိုက်ထဲမှ လှိုက်လှိုက်လှဲလှဲ ရွံရှာမိသည်။ သူမသည် သူဖုန်းစားလေးကို ကြာပွတ်နှင့် အနိုင်မယူနိုင်သဖြင့် သူမ ဘာကို အလိုရှိနေသနည်း။
“သူဖုန်းစားအနံ့နဲ့ သခင်မလေးကို ဘယ်လိုတောင် ငေါက်ရဲတာလဲ၊ ငါတို့ ဘယ်သူတွေလဲဆိုတာ သိရဲ့လား” လင်ယင်သည် ရှေ့တိုးပြီး လက်ထဲမှ ကြာပွတ်လက်ကိုင်ဖြင့် သူဖုန်းစားကို ညွှန်ပြပြီး သုန်မှုန်သောမျက်နှာပေါ်မှ အေးစက်မှုနှင့်အတူ ပြောလေသည်။
သူဖုန်းစားလေးသည် မြေပေါ်တွင် ခြေလက်ဆန့်ကာ လင်ယင်အား မရိုး သောမျက်လုံးများဖြင့်ကြည့်ပြီး ရေရွတ်လေသည် “ငါမလုပ်နိုင်ပါဘူး၊ ငါ သေသွားမှာပေါ့၊ ငါက နတ်ဘုရားတွေရဲ့ အကဲဖြတ်ခံရတဲ့ တရားသူကြီးပါလို့ ပင်မတိုက်ကြီးကလူတွေကိုပြောလိုက်မယ်၊ ကြာပွတ်နဲ့ရိုက်တဲ့ စီရင်ချက်ဗိမာန် ကလူတွေက ကောင်းတာလား ဆိုးတာလား”
“မင်း.. မင်း... မင်းကို သေအောင်ရိုက်မယ်” လင်ယင်သည် ကြာပွတ်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်ပြီး သူဖုန်းစားလေးဆီသို့ ဝေ့ယမ်းလိုက်သည်။
“အာ.. ငါသေတော့မယ်”
နောက်ကျသွားလေပြီ။ သူဖုန်းစားလေးသည် မြေပေါ်မှ ထခုန်ကာ မထင်မှတ်စွာပင် ဝိညာဉ်စွမ်းအင်ထည့်ထားသော ကြာပွတ်သည် အဖွဲ့ထဲရှိ သက်လတ်အပိုင်းအရွယ် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ဆီသို့ ရောက်သွားလေ၏။ ထိုလငယ်သည် ပြေးပြီးအော်လေသည် “လုပ်ပါဦး လုပ်ပါဦး ငါသေတော့မယ်”
ကြိုးတစ်ခုရောက်လာပြီး အဖွဲ့တစ်ဖွဲ့လုံး သေလုမျောပါးပင်။ အားလုံး သည် ထိုသူဖုန်းစားကို ရှောင်ရှားကြသည်။ သက်လတ်ပိုင်းအရွယ်လူလည်း ချွင်းချက်မရှိပေ။ ကူကယ်ရာမဲ့စွာပင် သူဖုန်းစားသည် သက်လတ်ပိုင်းအရွယ်လူ ကို ရေဘဝဲကဲ့သို့ဖက်ထားပြီး မလွှတ်ပေ။ သူသည် ခေါင်းလှည့်ပြီး လင်ယင် အားကြည့်လေသည်။ သူ့မျက်လုံးထဲမှ အထင်သေးမှုနှင့် ရန်စမှုများသည် လင်ယင်အား သတ်လုနီးပါးပင်။