Chapters

ဖန်းချီ

Vol. 46 Ch. 908

ဖန်းချီ

Vol. 46 Ch. 908

လူနှစ်ယောက်အကြားတွင် အရေပြားချင်းထိပြီးသည့်နောက် ခံစားချက် ချင်း မတူတော့ဟု ဆိုကြသည်။ ကြာပွတ်မှတစ်ဆင့် ထိတွေ့ခြင်းဖြစ်သော် လည်း တစ်ဖက်လူ၏ခံစားချက်သည် တစ်မျိုးတစ်မည်ဖြစ်သွားသည်။

လင်ယင်နှင့် သူဖုန်းစားတို့အကြားမှ ခံစားချက်နှင့် သူဖုန်းစားလေးနှင့် သက်လတ်ပိုင်းလူတို့အကြားမှ ခံစားချက်တို့သည် ကွဲပြားမှုကိုဖြစ်စေသည်။

လင်ယင်သည် ခန္ဓာကိုယ်၏ခွန်အား အားလုံးကို ကြာပွတ်ထဲသို့ထည့်ပြီး သူဖုန်းစားကို ရိုက်လေသည်။ သက်လတ်ပိုင်းအရွယ်လူသည် သူ့ခန္ဓာကိုယ်တွင် တွယ်နေသော သူဖုန်းစားအား ကြည့်လိုက်သည်။ သူ့နှာခေါင်းထိပ်တွင် ရနံ့ ခပ် ဖျော့ဖျော့တစ်မျိုးရသဖြင့် လက်မြှောက်ကာ သူဖုန်းစားအားရိုက်ပြီး ဆုပ်ကိုင် လိုက်သည်။ ကျစ်ဆံမြီးပါလာသည်။

“လင်ယင် ငါ့ကို အနံ့နဲ့သေအောင်လုပ်နေတာလား” သက်လတ်ပိုင်းလူ ဆီမှ ခမ်းနားမှုတဟုန်ထိုးစီးဆင်းပြီး လင်ယင်ဆီသို့ တည့်တည့်တွန်းပို့လေ သည်။

ကောင်းကင်ပေါ်တွင် ထိပ်တိုက်တွေ့ဆုံမှုနှင့်အတူ ထိုလူသည် ကြယ် ၁ ပွင့် ဝိညာဉ်သခင်ဖြစ်နေသည်။

သူဖုန်းစားလေးသည် မျက်ခုံးများကိုအနည်းငယ်ပင့်ကာ လင်ယင်အား စဉ်းလဲစွာကြည့်လေသည်။ သူ့မျက်လုံးထဲမှ ရန်လိုသည့်အဓိပ္ပာယ်မှာ ထင်ရှား လွန်းသည်။ ဓား ၇ လက်ဝိညာဉ်သခင်ကြီးသည် ဓားနှင့်ကြယ် ၇ ဆင့်ဝိညာဉ် သခင်ရှေ့တွင် ကြည့်ရန်မလုံလောက်ပေ။

ကောင်းကင်နှင့်မြေကြီးအဆင့်ကြားတွင် ဤကဲ့သို့ခွန်အားကြားတွင် ကွာဟချက်မရှိပေ။

သေချာပေါက်ပင် လင်ယင်သည် သူဖုန်းစားလေး၏မျက်လုံးထဲမှ ရန်စ သည့်အကြည့်ကို အလွတ်မခံပေ။ သူမသည် ထိုအရာကိုဂုဏ်ယူသည်။ သူမ သည် စိတ်လှုပ်ရှားသည့်ခံစားချက်ရမိသည်။ ထိုအချိန်တွင် သူမသည် ဤ သူဖုန်းစားနှင့်ရှင်းရမည်ကိုသိသည်။ သူမသည် ချက်ချင်းပင် ဒေါသတကြီးပြော လိုက်သည် “သခင်ဖန်းချီ၊ သူဖုန်းစားက ကျွန်မခေါင်းပေါ်ကို တံတွေးထွေးချ လိုက်တာမမြင်ဘူးလား၊ ပြီးတော့ ကောင်းကင်အဆင့်အနေနဲ့ ဒီသူဖုန်းစားက တစ်ခုခုလွဲမှားနေတာကို မမြင်ဘူးလား”

ဖန်းချီသည် သူ့ခန္ဓာကိုယ်ကို ရေဘဝဲကဲ့သို့ ရစ်ပတ်နေသော သူဖုန်းစားကို ငုံ့ကြည့်လိုက်သည်။ ထိုအခါမှပင် သူဖုန်းစားသည် ခေါင်းမော့လိုက်ရာ အကြည့် ချင်းဆုံသွားပြီး သူဖုန်းစားသည် သူ့မျက်လုံးထဲတွင် သနားစရာအကြည့်ပြသ လေသည်။ တဒင်္ဂအတွင်းမှာပင် ၎င်းသည် ဖန်းချီ၏စိတ်ကို တိုက်ရိုက် ရိုက်ခတ် ကာ သူ့လက်ကိုမြှောက်ပြီး သူဖုန်းစားလေးကို တွေဝေမှုမရှိ ကာကွယ်လိုက် သည် “ဒီသူဖုန်းစားက တစ်ခုခုမှားနေတယ်လို့မမြင်ပါဘူး၊ မှီခိုစရာ အဖေ အမေမရှိတဲ့ သူဖုန်းစားကို အနိုင်ကျင့်ရင် နတ်ဘုရားရဲ့တမန်တော်အနေနဲ့ ယုံကြည်သူတွေက မင်းကို ဘယ်လိုဆက်ဆံတော့မှာလဲ”

“သခင်ကြီးဖန်းချီ ရှင်...”

လင်ယင် စကားမဆုံးခင်မှာပင် သူဖုန်းစားသည် မျက်ရည်များကျလာပြီး ဝမ်းနည်းပက်လက်အော်ငိုလေသည် “ဟီး ဟီး ကျွန်မက အခုမှ ဒီကိုရောက်လာ တာ၊ ဝူး ဝူး မြို့တံခါးစောင့်တဲ့ အစ်ကိုကြီးနဲ့ ဦးလေးတွေက ကျွန်မကို ဝင်ခွင့် မပေးကြဘူး၊ သူတို့တွေက လူဆိုးတွေကိုဖမ်းရမယ်တဲ့ ဟီး ဟီး စီရင်ချက်ဗိမာန် က ကျွန်မကို မကြိုက်ကြဘူးလား”

“မဟုတ်ဘူး မဟုတ်ဘူး” ဖန်းချီသည် သူဖုန်းစားလေးကို သဘောမကျ ဖြစ်တုန်းပင်။ တကယ်တော့ သူဖုန်းစားလေးသည် မျက်ရည်နှင့်နှပ်ချေးများကို သူ၏ သူတော်စင်ဝတ်ရုံနှင့် တွေဝေမှုမရှိ သုတ်နေသည်။ သို့ဖြစ်ရာ သူသည် ရွေးချယ်စရာမရှိတော့ဘဲ သူဖုန်းစားလေးကို ကိုင်ထားရတော့သည်။ သူသည် သူမ၏လက်ကိုကိုင်ပြီး ရှေ့ဆက်လျှောက်လေသည် “ဒါဆို ဦးလေးက မင်းကို ခေါ်သွားပေးမယ်”

“ဘာ” လင်ယင်သည် ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားပြီး လက်ထဲမှကြာပွတ်သည် ရှေ့သို့ရောက်သွားကာ သူဖုန်းစားလေးအား ပိတ်ကာ လေသည် “သန့်စင်တဲ့မြို့တစ်ခုလုံးက သိုင်းစည်းမျဉ်းအောက်မှာ ရှိနေတာ၊ စီရင်ချက်ဗိမာန်ကလူတွေကလွဲပြီး ဘယ်သူမှဝင်လို့မရဘူး၊ သခင်ကြီးဖန်းချီ က နတ်ဘုရားတွေရဲ့ အမိန့်ကို ဆန့်ကျင်နေပြီလား”

အဲလောက်တောင် တင်းကြပ်တာလား။ အဲဒါကြောင့်ကိုး အရင်တုန်းက လူသေတွေကို အဝင်မခံတာ။

မည်သူမှမမြင်လိုက်ပေ။ သို့သော် သူဖုန်းစားလေး၏မျက်လုံးထဲတွင် အလင်းရောင်ခပ်ဖျော့ဖျော့လက်သွားသည်။ မှန်သည်။ ထိုသူဖုန်းစားလေးသည် ပေထင်းဟွမ် ဟန်ဆောင်ထားခြင်းပင်။ သူမသည် သစ်ပင်ပေါ်တွင်လှဲကာ ညအထိအိပ်ကာ မြို့သို့ဝင်ရန် အခွင့်အရေးကို စောင့်နေသည်။ မထင်မှတ်စွာ ပင် သူမသည် စီရင်ချက်ဗိမာန်မှလူများဖြတ်သွားသည်ကိုမြင်လိုက်ရသည်။ တံတွေးသာ ဤလွှမ်းမိုးသောမိန်းကလေးပေါ်မကျလျှင် ပိုကောင်းမွန်သည့် ရွေးချယ်မှုဖြစ်လာမည်လား။