Chapters

ငါ့နာမည်ကဖန်းကျို့

Vol. 46 Ch. 909

ငါ့နာမည်ကဖန်းကျို့

Vol. 46 Ch. 909

လူများ မပြင်ဆင်နိုင်သည့်အချိန်ကို အခွင့်ကောင်းယူကာ ပေထင်းဟွမ် သည် မြေကြီးကို အလျင်အမြန်ဆုပ်ကိုင်ကာ ခပ်လျင်လျင်ပင် ဖုန်မှုန့်များကို သူမ၏မျက်နှာကို သုတ်လိုက်သည်။ သူမခန္ဓာကိုယ်မှ အနံ့အသက်ဆိုးသည် ၁၀ မိုင်အကွာမှရနိုင်သလို သူမ၏မျက်နှာသည်လည်း သားရဲမစင်ကဲ့သို့ ပေကျံနေ သည်။ မည်သူမျ သူမကို မကြည့်ချင်ကြပေ။

“ဟင်း သခင်မလေးလင်ယင်ကို ဂရုမစိုက်နဲ့၊ ပြဿနာကလွဲပြီး သခင် ရှန်ကျွင်းကို ငါ သေချာရှင်းပြလိုက်မယ်” ထိုသက်လတ်ပိုင်းအရွယ်လူပြောလေ သည် “ကောင်လေးရဲ့နာမည်က ဘယ်သူလဲ၊ အဲအချိန်ကျရင် မင်းက ငါ့ရဲ့ ဝေးကွာနေတဲ့တူပါလို့ပြောရမှာလေ”

“ဟုတ်ပြီ” ပေထင်းဟွမ်သည် စကားတစ်ခွန်းမှမပြောဘဲ သဘောတူ လိုက်သည် “ကျွန်တော့်နာမည်က ဖန်းကျို့ပါ၊ လူကြီးတစ်ယောက်ရဲ့ တူမပြော နဲ့ သားအဖြစ်တောင် လုပ်လို့ရပါတယ်”

“ဟား ဟား ဟား ငါ့ဘဝမှာ မိန်းမမှမရှိတာ၊ မင်း ငါ့သားလုပ်မရမှ စိုး တယ်၊ မင်းက ငါ့တူဆိုပေမဲ့ ငါ့သားအရင်းလိုဆက်ဆံပေးမှာပါ” ပေထင်းဟွမ်၏ ပါးစပ်မှာ ဤမျှချိုမြိန်လှမည်ဟု ဖန်းချီထင်မထားသဖြင့် စိတ်လှုပ်ရှားနေသည် ပေထင်းဟွမ်သည် သူ၏တူအဖြစ်ဟန်ဆောင်ရန် မျိုးရိုးကိုပါ ပြောင်းပစ်ခဲ့၏။

ပေထင်းဟွမ် နာမည်ပြောင်းခဲ့သည်များကို ဖန်းချီ မည်သို့သိမည်နည်း။ ပေယဲ့၊ ဟွမ်ကျို့ သို့မဟုတ် ပေထင်းဟွမ်၏ နာမည်အခွဲများကို သန့်စင်သော မြို့တစ်ခုလုံးတွင် တားမြစ်ထားသည်။

နှင်းဖြူရောင်စစ်သည်တူညီဝတ်စုံဝတ်ထားပြီး စီရင်ချက်ဗိမာန်တံဆိပ်ကို ရင်ဘတ်တွင် ထိုးထားသဖြင့် နယ်နိမိတ်စောင့်များသည် ဖန်းချီတို့အဖွဲ့ ချည်းကပ်လာသည်ကိုမြင်သည်နှင့် ကျော်ဖြတ်ခွင့်ပေးမည်ပြုပြီးကာမှ မေးလေ သည် “သခင်ကြီး ဒီသူဖုန်းစားက မြို့ကို ဝင်မရမှာစိုးပါတယ်၊ ဒါကနတ်ဘုရားရဲ့ အမိန့်ပါ၊ ဒီနေ့ညသန်းခေါင်မှာ အပြင်ထွက်ခွင့်ပဲရှိပြီး ဝင်ခွင့်မရှိတော့ပါဘူး”

“ငါတောင် ဝင်ခွင့်မရှိဘူးလား” စီရင်ချက်ဗိမာန်၏ ဂိုဏ်းထောက်အနေ နှင့် ဖန်းချီ၏ရာထူးသည် နတ်ဘုရားနှင့်အကြီးအကဲများနောက် ဒုတိယလိုက် ကာ လင်ယင်ကဲ့သို့ သာမန်အကဲဖြတ်သူများထက် မြင့်သည်။

ဖန်းချီ၏မျက်နှာသည် မှေင်မိုက်သွားကာ သူ့ခန္ဓာကိုယ်မှ ဖိနှိပ်မှုထွက် လာပြီး အစောင့်စစ်သည်များကို နောက်ဆုတ်သွားစေသည်။ ဖန်းချီ၏ အနောက်တွင် လင်ယင်၏အသံထွက်ပေါ်လာသည် “သခင်ကြီးဖန်းချီ ရှင်က သာ စည်းမျဉ်းကို ချိုးဖောက်နေတဲ့သူပဲ၊ ရှင့်ရာထူးကိုသုံးပြီး သူများကို ဖိနှိပ်ချင် တုန်းလား”

လူကြီးနှစ်ယောက် စကားများနေကြသည်ကိုကြည့်ပြီး မြို့စောင့်များ သည် ဖန်းချီ၏ နောက်ဆုတ်ရန်သတိပေးချက်ကို ကြားပြီးနောက် လျင်မြန်စွာ ပင်ရှေ့တိုးကာ ပြောလေသည် “သခင်ကြီး ဒီသူဖုန်းစားလေးကို ဝင်ခိုင်းချင်ရင် မဖြစ်နိုင်တာတော့မဟုတ်ပါဘူး၊ သူ့သရုပ်မှန်က ရှင်းရင် ဝင်လို့ရပါပြီ”

နတ်ဘုရားများ တိုက်ခိုက်လျှင် မှင်စာက ကြားထဲကခံရသည်။ သူသည် သန့်စင်သောမြို့တော်တွင်နေထိုင်သည့် သာမန်မြို့တံခါးစောင့်တစ်ဦးသာဖြစ် သည်။ သူသည် လူကြီးနှစ်ယောက်ကြားမှ တိုက်ပွဲအကြားတွင် မသေလိုပေ။ သူတို့ထဲမှတစ်ယောက် လက်ချောင်းလှုပ်လိုက်သည်နှင့် သူကို သေအောင် ချေမွနိုင်သည်။

“သူက ငါ့တူပဲ အဲလောက်ဆိုရပြီလား” ဖန်းချီသည် ခမ်းနားသောအကြည့် ဖြင့်ကြည့်လိုက်သည်။ အကြီးအကဲကြီး၏မြေးမအဖြစ် ရာထူးကိုမှီခိုနေသော လင်ယင်ပင် နောက်သို့ဆုတ်ရလေသည်။

လင်ယင်၏မျက်လုံးထဲတွင် သံသယရှိနေသည်။ ဖန်းချီသည် ဓားကြယ် ဝိညာဉ်သခင်ခွန်အားတစ်ခုတည်းရှိသည်ဟု သူမ အမြဲခံစားနေရသည်လား။ တစ်ခါတရံတွင် သူ၏ခွန်အားသည် သူမ၏အဘိုးနှင့်ပင်ယှဉ်နိုင်သလို ထင်ယောင်ထင်မှားခံစားရလေသည်။

စီရင်ချက်ဗိမာန်၏အကြီးအကဲကြီးအနေနှင့် သူ၏ခွန်အားသည် ‌ဝိညာဉ် ဂိုဏ်းထိပ်ဆုံးသို့ရောက်ပြီး နတ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့ သည်။ ရော့ဖန်းချီ၏ခွန်အားသည် သူမ၏အဘိုးနှင့်ယှဉ်နိုင်ပုံရသည်။

“သခင်ကြီးဖန်းချီ တိုက်ဆိုင်လိုက်တာ၊ သွားရည်တွေကျပြီးတဲ့နောက် သခင်ကြီးဖန်းချီက တူကိုရှာတွေ့သွားလိမ့်မယ်လို့ထင်မထားဘူး ပျော်နေပြီပေါ့ လေ”

လင်ယင်သည် ပေထင်းဟွမ်အား အထက်အောက်ကြည့်လေသည်။ တူ ဟုတ်လား။ ငရဲသွားလိုက်လေ။ ဒီသူဖုန်းစားမှာ ဘယ်လိုအစွမ်းအစရှိလဲတော့ မသိဘူး။ သူ့အလုပ်သူပဲသိတဲ့ ဂိုဏ်းထောက်ဖန်းချီက သူ့အတွက် ရပ်တည်ပေး နေသေးတယ်။