Chapters

မင်းမကြာခင်ထွက်လို့ရမှာမဟုတ်ဘူး

Vol. 46 Ch. 910

မင်းမကြာခင်ထွက်လို့ရမှာမဟုတ်ဘူး

Vol. 46 Ch. 910

ဖန်းချီသည် လင်ယင်၏စကားလုံးထဲမှ ခြိမ်းခြောက်သည့်အရိပ်အယောင် ကို မမြင်မိသည့်ပုံပင်။ ဆန့်ကျင်ဘက်အနေနှင့် သူ့မှာ ပေထင်းဟွမ်သည် သူ၏ တူအရင်းဖြစ်နေသည့်အလား အလွန်ပင်ပွင့်လင်းလွန်းသည်။ “ရှန့်ကျွင်းကို ဒီနေ့ ညကျရင် ကျုပ်ကိုယ်တိုင်ပြောမှာပါ အဲတော့ လင်ယင်အကြောင်း စိတ်ပူ ဖို့မလိုပါဘူး”

ဒီနေ့ည.. ဒီနေ့ညသည် စီရင်ချက်ဗိမာန်အတွက် နေ့ကြီးနေ့မြတ်ဖြစ်၏။ လင်ယင်သည် ဖန်းချီ၏စကားလုံးထဲမှ သတိပေးချက်ကို သတိထားမိသည်။ မည်သည့်ကိစ္စပင်ဖြစ်စေကာမူ ယနေ့ညအထိစောင့်ရမည်။

လင်ယင်သည် အေးစက်စွာနှာမှုတ်လိုက်သည်။ မြို့တံခါးမှဝင်ပြီးနောက် သူမသည် ဖန်းချီတို့နှင့်အတူမသွားလိုတော့သဖြင့် စီရင်ချက်ဗိမာန်ခန်းမသို့ သူမ ဘာသာထွက်လာခဲ့လိုက်သည်။

“မင်းတို့လည်း သွားသင့်ပြီ၊ တစ်ခုခုလုပ်စရာရှိရင် သွားလုပ်ကြတော့ လုပ်စရာမရှိရင် မင်းတို့နေရာကို သွားနေရာယူလိုက်ကြတော့” ဖန်းချီသည် အတိအကျမညွှန်ကြားဘဲ အနောက်မှလိုက်လာသော အဖွဲ့ဝင်များကိုပြောလေ သည်။ ထို့နောက် ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်ကာ စီရင်ချက်ဗိမာန်ခန်းမ ဆီသို့ အလျင်စလိုသွားလေသည်။

မြို့တစ်မြို့လုံးတွင် ကျိမင်သည် နတ်ဘုရားအဆင့်သို့တက်သွားသဖြင့် ယန်ချန်းမြို့၏နတ်ဘုရားပေါ်ပေါက်လာပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ရာ လေထုသည် ဆူညံပြီး ပွက်လောရိုက်နေကြသည်။ နေရတိုင်းတွင် ယုံကြည်သူ များစုဝေးကာ သူ မည်မျှ အားကောင်းသည်၊ မြင့်မြတ်သည်၊ ထက်မြက်သည်ကို ပြောဆိုနေကြသည်။

မြို့အလယ်တွင် ကြီးမားသောရုပ်ထုတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုး တက်နေသည်။ ထိုရုပ်ထုသည် လူသားများရှိသည့်မြို့တိုင်းတွင်မြင်နိုင်သည်။ သို့သော် ဤမြို့မှရုပ်ထုကိုတော့ မမှီနိုင်ကြပေ။ မရေမတွက်နိုင်သောယုံကြည် သများသည် မြို့တံခါးဝမှစပြီး ဒူးထောက်ကာ ရုပ်ထု၏ခြေရင်းမှ ခြေချောင်း များကိုထုပြီး သူတို့အပေါ်သို့ နတ်အလင်းကျရောက်လာရန် မျှော်လင့်နေကြ သည်။

စီရင်ချက်ဗိမာန်အပေါ် ယုံကြည်ချက်သည် ဤတိုက်ကြီးရှိ လူတစ်ဝက် ကျော်ကို အုပ်မိုးနိုင်သည်။ အထူးသဖြင့် ရိုသေကိုင်းရှိုင်းတတ်သော သန့်စင် သောမြို့မှလူများသည် ပိုဆိုးသည်။

ပေထင်းဟွမ်၏မျက်လုံးများသည် မြို့ထောင့်တစ်ထောင့်ချင်းစီကို ဝေ့ဝဲ ကြည့်လိုက်သည်။ ထိုတုံးအသောလူများကိုကြည့်ပြီး ပေထင်းဟွမ်သည် ရယ်ရ သည်ဟုသာ ခံစားရသည်။ သူမ၏မျက်လုံးများသည် အေးစက်စွာနှင့် မြို့ အလယ်တွင်ရှိသော မြို့၏အထင်ကရရုပ်ထုပေါ်သို့ ရောက်သွားသည်။ ထို့အပြင် သူမသည် စိတ်ထဲမှအေးစက်စွာပြောလိုက်သည် “ခင်ဗျားက အချိန် မရွေးထွက်သွားလို့မရတော့ဘူး ပြီးတော့ ဝက်လိုမျိုးတုံးအတဲ့ကျိမင်ကို ရွေးမိ တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်လိုက်တော့”

“ဒါက စီရင်ချက်ဗိမာန်ပဲ” ဖန်းချီသည် ရုပ်ထုအနောက်ရှိ အနောက်တိုင်း ဘုရားကျောင်းကဲ့သို့ နန်းတော်တစ်ခုကို ညွှန်ပြကာ ပေထင်းဟွမ်အား ပြော လိုက်သည် “တံခါးပေါက်ကနေဝင်သွားလိုက်ရင် စီရင်ချက်ဗိမာန်ရဲ့ ပင်မခန်းမ ပဲ၊ ဒီနေ့ည ဘယ်မှမသွားနဲ့ အထူးသဖြင့် ခန်းမအနားကိုမသွားမိစေနဲ့၊ အဲဒီမှာ စီရင်ချက်ဗိမာန်အတွက် အရေးကြီးတဲ့အကျဉ်းသားကို စောင့်ကြပ်နေတဲ့ ဗိမာန် ရဲ့အားအကောင်းဆုံး စစ်သည်တွေရှိတယ်၊ မင်း အနားသွားလိုက်ရင် သူတို့ စွမ်းအားသက်ရောက်မှုကိုခံလိုက်ရရင် ပြဿနာတက်လိမ့်မယ်”

“ချောပေါက် အဲလိုမျိုး အရေးကြီးတဲ့နေရာကိုမသွားပါဘူး၊ ဒါပေမဲ့ ဦးလေး ကျွန်တော့်ကို အခုဘယ်ခေါ်သွားမလို့လဲ” ပေထင်းဟွမ်၏ နက်ရှိုင်း သော မျက်လုံးများသည် ပင်မခန်းမပေါ်သို့ လေးလံစွာရောက်သွားသည်။ ဖန်းချီ ၏ သတိပေးချက်မရှိဘဲနှင့် ထိုနေရာတွင် ကာကွယ်ရေးများမည်မျှထူနေပြီး အားကောင်းသောတပ်များ မည်မျှများနေမည်ကို ပြောနိုင်သည်။

ဖန်းချီသည် ရည်ရွယ်ချက်ရှိရှိနှင့် သူမကို ကူညီနေသည်ကို ပေထင်းဟွမ် မပြောနိုင်လျှင် သူမ၏အရင်ဘဝနှင့် လက်ရှိဘဝတွင် နေလာသည်မှာ အလဟ ဿဖြစ်သွားလိမ့်မည်။ ဖန်းချီ၏သရုပ်မှန်သည် စီရင်ချက်ဗိမာန်၏ ဂိုဏ်းထောက်မျှသာ ရိုးရှင်းလိမ့်မည်မဟုတ်သည်ကို သူမ သိသည်။

သို့သော် သည်အချိန်တွင် ပေထင်းဟွမ် မေးရန်မလိုပေ။ အချိန်တန်လျှင် အလိုလိုသိလာလိမ့်မည်ဖြစ်သည်။

ပင်မခန်းမသည် စီရင်ချက်ဗိမာန်တစ်ခုလုံး၏အလယ်တွင်တည်ရှိသည်။ ၎င်းသည် ကျိမင်မှ တရားဝင်တာဝန်များကို ဖြေရှင်းသည့်နေရာပင်ဖြစ်သည်။ ၎င်းသည် နတ်ဘုရားအလား ဖြူစွတ်ခမ်းနားပြီး နေရာတိုင်းတွင် သန့်စင်သော အလင်းများ လင်းထွက်နေသည်။