လှောင်အိမ်ထဲကလူက မုချင်းလင်
Vol. 46 Ch. 911
ပင်မခန်းမကြီး၏အလယ်တွင် ရွှေရောင်အသက်လှောင်အိမ်ရှိနေသည်။ လှောင်အိမ်၏အထက်တွင် ရွှေရောင်နတ်အလင်းခပ်ဖျော့ဖျော့ထွက်နေသည်။ ထိုအထဲတွင် စုတ်ဖွာပြီး အနည်းငယ်ညစ်ပေနေသော အဖြူရောင်ဇာဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်သည် ဝမ်းလျားမှောက်နေသည်။
သို့သော် သူမ၏မျက်လုံးထဲတွင် မျှော်လင့်ချက်ရှိနေသေးသည်။ သူမ မသေနိုင်သည်ကို ရှင်းလင်းစွာသိနေသလိုမျိုး၊ သူမကို တစ်စုံတစ်ယောက်မှ လာရောက်ကယ်တင်မည်ကို သိနေသကဲ့သို့ပင်။ သူမကို စွန့်ပစ်မည်မဟုတ်ပေ။
၎င်းသည် သန့်စင်သောမြို့တစ်ခုလုံး၏ အလယ်ဗဟိုကျသည်။ စီရင်ချက် ဗိမာန်တစ်ခုလုံးတွင် ကြယ်များနှင့်လသည် အတောက်ပဆုံးဖြစ်သည်။ ခန်းမ၏ ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်တွင် စီရင်ချက်နတ်ဘုရားရုပ်ထုရှိသည်။
လှောင်အိမ်ထဲမှလူသည် မုချင်းလင်ဖြစ်သည်။ သူမ စီရင်ချက်ဗိမာန်သို့ ရောက်လာသည်မှာ လတစ်ဝက်ကျော်ပြီဖြစ်သည်။ သူမသည် ဤတိုက်ကြီးရှိ နှစ်ပေါင်းထောင်ချီအတွင်းတွင် စီရင်ချက်ဗိမာန်အတွက် အလွန်တရာ တွက်ချက်ရသည့် အကျဉ်းသားဖြစ်လိမ့်မည်။ မြေအောက်အကျဉ်းတိုက်တွင် အချုပ်မခံရဘဲ ခမ်းနားထူးခြားသည့်ခန်းမထဲတွင် အချုပ်ခံနေရသည်။ စစ်သည် မည်မျှ စောင့်ကြပ်ခံနေရသည်ကိုလည်း သူမ မသိပေ။
“ရှောင်ဟွမ်း ဒီနေ့က ဘာနေ့လဲ”
မုချင်းလင်သည် ခေါင်းထဲမှ အပ်နှင့်ထိုးခံရသည့်နာကျင်မှုကို ကြံ့ကြံ့ခံနေ ရသည်။ သူမသည် နတ်အမှုန့်ကြောင့် ဝိညာဉ်ဆုတ်ယုတ်သွားသည်ကို အတတ် နိုင်ဆုံး သတိကိုစောင့်ကြပ်နေရသည်။ သို့သော် သူမ၏မှတ်ဉာဏ်အတော် အများ မှေးမှိန်သွားသည်ကို ခံစားမိနေတုန်းပင်။
စီရင်ချက်ဗိမာန်သည် တရားမျှတမှုကို တိုက်တစ်ခုလုံးအား ပြသရန် အတွက် စစ်မေးခြင်းဖြင့် သူမ၏ခန္ဓကိုယ်ကို မထိခိုက်စေပေ။ သို့သော် ပေထင်းဟွမ်မှ ခြေရာမပျက် လာကယ်မည့်အဖြစ်မျိုး အဖြစ်မခံပေ။
“ဒီနေ့ညပဲ”
မြူခိုးမည်းသည် လေထဲတွင်ပြည့်နှက်သွားသည်။ သွေးနီရောင်မျက်လုံး နှင့် နတ်မိစ္ဆာလူဝံသည် မြူခိုးမည်းထုတ်လွှတ်ကာ မုချင်းလင်အား ကာထား သည်။ ပြီးနောက် သူ၏စာချုပ်သခင်ကို အေးစက်သော်လည်း ဂရုစိုက်သည့် အသံနှင့်ပြောလေသည် “ခဏလောက်နားလိုက် နည်းနည်းတော့စောင့်ပေး ငါ မင်းကိုကယ်မယ်”
သူမ၏ ဝမ်းတွင်းပါစာချုပ်သားရဲသည် စိတ်စွမ်းအားတိုက်ခိုက်မှုအား ကောင်းသည့် သွေးမျက်အိမ်နှင့် အမှောင်အမျိုးအစားသားရဲလူဝံမဟုတ်လျှင် မုချင်းလင်သည် အသက်လှောင်အိမ်အောက်တွင် နတ်အမှုန့်ကြောင့် အရူး တစ်ယောက်ဖြစ်သွားမလား စိုးရိမ်ဖွယ်ရာရှိသည်။
အမှောင်နှင့်အလင်းသည် တစ်ခုနှင့်တစ်ခု ချုပ်ထိန်းနိုင်သည့်ဓာတ် သဘောရျိသည်။ သွေးနီရောင်နတ်မိစ္ဆာလူဝံ၏ စွမ်းအားနှင့် အမှောင်ဓာတ်မှ ခွဲ ထုတ်ထားမှုကြောင့် မုချင်းလင်သည် ရုတ်တရက် ဝိညာဉ်သန့်စင်သွားသလို ခံစားရကာ အိပ်ပျော်သွားလေသည်။
ပင်မခန်းမ၏ဘေးဘက်အခန်းတွင် ရှန့်ကျွင်းသည် ပုလ္လင်ပေါ်တွင်ထိုင်နေ သည်။ သူ၏အေးစက်သောမျက်လုံးများသည် နတ်ဘုရားခြေရင်းတွင် ထိုင်နေ သည့် မိန်းကလေးပေါ်သို့ကျရောက်နေသည်။ နဂိုက အနီရောင်ဝတ်စုံဝတ်ထား သော လင်ယင်သည် နတ်ဘုရားရှေ့တွင် ဖြစ်သလိုမဝတ်ရဲပေ။ သူမသည် နှင်းဖြူရောင်တူညီဝတ်စုံကို လဲလိုက်ပြီဖြစ်ကာ နတ်ဘုရားရှေ့တွင် ဒူးထောက် နေသည်။
“ဂိုဏ်းထောက်ဖန်းချီက မသင်္ကာစရာကောင်းတယ်လို့ ပြောလိုက်တာ လား၊ သူက သန့်စင်တဲ့မြို့ကို သရုပ်မှန်ခွဲမရတဲ့ သူဖုန်းစားကိုတောင် ခေါ်လာ သေးတယ်ပေါ့”
ရှန့်ကျွင်း၏အသံသည် အေးစက်နေသည်။ နတ်ဘုရားအဆင့်သို့ တက်ပြီး နောက် သူသည် ပို၍အာဏာကြီးလာပုံရကာ အသံသည် ပို၍နက်လာသည်။ ပင်မခန်းမကြီးတစ်ခုလုံးတွင် နတ်ဘုရားအဆင့်အောက်ဖြစ်သည့် အကြီးအကဲ များ၊ ဘုန်းတော်ကြီးမား ဂိုဏ်းထောက်များ အစရှိသဖြင့် ရှိနေကြသည်။ သူ မျက်မှောင်ကြုတ်လိုက်သဖြင့် သူ၏အသံကြောင့် ဖိနှိပ်ခံလိုက်ရသည်မှာ ရှင်းလင်းလွန်းသည်။
လင်ယင်သည် တုန်ယင်သွားသည်။ ထိုအချိန်တွင် သူမသည် ပြဿနာရှာ မိသည့်အတွက် နောင်တရမိသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ကျည်ကိုကိုက်ကာ ပြောစရာရှိသည်များကို ပြောရတော့သည် “ဟုတ်တယ် စည်းမျဉ်းတွေလည်းဖောက်တယ်”
“သခင်ကြီး” အသံတစ်ခုသည် ဘေးခန်းမတံခါးမှထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ဖန်းချီသည် တံခါးကိုကျော်ကာ လှေကားများရှေ့သို့ လျှေက်လာသည်။ သူသည် အစောက လင်ယင်တင်ပြထားသည့် သတင်းကို မကြားလိုက်ရသည့်အလား ဒူးထောက်နေသော လင်ယင်အား သာမာန်ကာလျှံ ကာကြည့်လေသည်။ “ရှန့်ကျွင်း နတ်ဘုရားရဲ့ရောင်ခြည်တော်အောက်မှာ ဒီ လက်အောက်ငယ်သားက ဒီနေ့သခင်လင်ယင်ရဲ့အကူအညီနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ တူကိုရှာတွေ့ခဲ့ပါတယ်၊ လက်အောက်ငယ်သားက တူလေးကို ဒီနေ့ည ပွဲအပြီးမှာ ခေါ်လာပြီး ဂါရဝပြုခိုင်းဖို့ ပြင်ဆင်နေလို့ပါ”