← Chapters

ပေထင်းဟွမ်က ဘယ်မှာလဲ

Vol. 46 Ch. 912

ပေထင်းဟွမ်က ဘယ်မှာလဲ

Vol. 46 Ch. 912

လှေကားအဆုံးတွင် ဘယ်ဘက်ညာဘက်တွင် အကြီးအကဲ ၉ ယောက် ရပ်နေသည်။ သေသွားသည့်ဒုတိယအကြီးအကဲမှလွဲပြီး တခြားအကြီးအကဲများ သည် ဝိညာဉ်ဂိုဏ်းသို့မဟုတ် ကောင်းကင်အဆင့်များဖြစ်ကြသည်။ ထိုအဆင့် ထက်နိမ့်သူမပါဝင်ဘဲ သူတို့အောက်တွင် ကြယ်ဝိညာဉ်သခင်များဖြစ်သည့် ဂိုဏ်းထောက် အယောက် ၄၀ ကျော်ရှိသည်။

ထိုလူများသည် စီရင်ချက်ဗိမာန်တစ်ခုလုံးတွင် အမြင့်ဆုံးစွမ်းအားရှိသူ များဖြစ်ကြသည်။

မြေပေါ်တွင်ဒူးထောက်နေသည့်လင်ယင်၏ဘေးတွင် ဤခန်းမထဲတွင် အရေးကိစ္စများကို ဝင်ဆွေးနွေးရန်အရည်အချင်းမပြည့်မှီသည့် ဖန်းချီဖြစ်သည်။ ဖန်းချီသည် သူတို့ထဲတွင် အားအနည်းဆုံးဖြစ်ကာ ဓား ၂ လက်ကြယ်ဝိညာဉ် သခင်သာဖြစ်သည်။

စီရင်ချက်ဗိမာန်သည် ပင်မတိုက်ကြီးတွင် ပထမတန်းစားအင်အားစု အဖြစ် စာရင်းဝင်သည်။ ၎င်းသည် ယုံကြည်မှုစွမ်းအားပေါ်တွင် မှီခိုကြသည်။ ယန်ချန်းမှလွဲပြီး စီရင်ချက်ဗိမာန်တစ်ခုလုံး၏ တိုက်ခိုက်ရေးသက်ရောက်မှုကို မည်သည့်အင်အားစုမှ မစမ်းသပ်နိုင်ပေ။

ယခုအခါ ရှန့်ကျွင်းသည် နတ်ဘုရားအဆင့်သို့တက်သွားပြီဖြစ်ရာ အသစ် ပေါ်ထွက်လာသော ဇာမဏီမြို့မှလွဲပြီး တခြားအင်အားစုများသည် ဦးညွှတ်ပြီး အမိန့်နာခံရုံသာရှိတော့သည်။ ထို့အပြင် နတ်အဆင့်သည် ကောင်းကင်အဆင့် များ အားစိုက်ထုတ်လျှင်တောင် မမှီနိုင်သည့် အမြင့်တွင်တည်ရှိသည်။ နတ် ဘုရားအဆင့်တက်ပြီးနောက် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို ထိန်းချုပ် နိုင်မှုနှင့် စွမ်းအားတို့သည် သေကိန်းကြုံနိုင်သည်။ သာမန်စွမ်းအားသည် နတ် အဆင့်ကို ပျက်စီးအောင်မလုပ်နိုင်ပေ။

ယနေ့ည စီရင်ချက်ဗိမာန်၏အရေးကြီး ပွဲအခမ်းအနားအကြောင်းကို ဖန်းချီပြောလုက်သည်ကိုကြားသည်နှင့် မအေးမချမ်းဖြစ်နေသော ရှန့်ကျွင်း၏ မျက်နှာသည် တည်ငြိမ်သွားသည်။ သူ ခေါင်းညိတ်ပြီး ဖန်းချီ၏စကားများကို သဘောတူလေသည် “ဒီနေ့ညက လပြည့်ညပဲ၊ ညအရှင်သခင်နဲ့ ယန်ချန်းက သူတို့ဘာသာကာကွယ်ရတာနဲ့တင်အလုပ်များနေပြီ၊ ပေထင်းဟွမ်ကို ကူညီဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး၊ အဲတော့ ဟွမ်ချန်းမှာ နတ်ဘုရားလေးယောက်ရှိ နေရင်လည်းဘာလုပ်ရမှာလဲ၊ သူတို့တွေက ငါနဲ့ထိပ်တိုက်တွေ့ရဲမှတော့ အတွေးတစ်ခုတည်းနဲ့လုပ်ရုံပဲ၊ လှောင်အိမ်ထဲက ကြောင်လေးကို သတ်လို့ရ တယ်ပြီးတာနဲ့ ပေထင်းဟွမ်က သူမရဲ့ဝိညာဉ်ကို ဘယ်လိုစုစည်းပြီး ပြန်မွေးဖွား လာမလဲဆိုတာ ကြည့်တာပေါ့”

“ရှန့်ကျွင်းက ထက်မြက်ပါတယ်၊ ဒီနေ့ညက လပြည့်ညပဲ စီရင်ချက် ဗိမာန်ရဲ့ လနတန်ဘုရားအလင်းတောက်ပပြီး ကျုပ်တို့ကို အားအကောင်းဆုံး စွမ်းအားပေးမှာ၊ ဇာမဏီမြို့က နတ်ဘုရားလေးပါးတောင်မှ စီရင်ချက်ဗိမာန်ရဲ့ နတ်တိုက်ပွဲအလင်းကို ခံနိုင်ရည်မရှိဘူး၊ ကျုပ်တို့က ပေထင်းဟွမ်နဲ့ ဟွမ်ချန်း တို့ ပိုက်ကွန်ထဲလာတိုးတာကို စောင့်နေရုံပဲ” ဖန်းချီသည် တရိုတသေ ဦးညွှတ် လေသည်။ သူ့မျက်လုံးထဲမှ အကြံအစည်ကိုတော့ မည်သူမှမမြင်နိုင်တော့ပေ။

“ဂိုဏ်းထောက်ဖန်းချီပြောတာမှန်တယ် ရှန့်ကျွင်းက ထက်မြက်တယ်” ဖန်းချီနှင့် ဆက်ဆံရေးကောင်းသော ဘုန်းတော်ကြီးတစ်ပါးသည် ထွက်လာပြီး ရှန့်ကျွင်းအား ချီးကျူးလေတော့သည် “နတ်ဘုရားရဲ့ စွမ်းအားကြောင့်သာ မဟုတ်ရင် ကျုပ်လည်း အင်ပါယမြို့တော်က ဒီကြောင်လေးကို ဖမ်းဖို့ အခွင့်အရေးရလာမှာပဲ၊ မဟုတ်ရင် ကျုပ်တို့မှာ ဒီလိုအခွင့်အရေးကောင်းရှိမှာ မဟုတ်ဘူး၊ ပေထင်းဟွမ်ဆိုတဲ့ မြေခွေးလေးက ကောက်ကျစ်တယ်၊ ဒီတစ်ခါ သူ့ကို အလွတ်မပေးဘူး”

“အခု သူက ဘယ်မှာလဲ၊ အကြီးအကဲကြီး ကောက်ကျစ်တဲ့ မြေခွေးလေး ပေထင်းဟွမ်က ကျုပ်သန့်စင်တဲ့မြို့မှာရောက်နေပြီလို့တော့ မပြောနဲ့နော်” ရှန့်ကျွင်းသည် အကြီးအကဲကြီးကို အေးစက်သောမျက်လုံးများဖြင့် ကြည့်လေ သည်။ သူ့အကြည့်ရောက်လာသည်နှင့် အကြီးအကဲကြီးသည် တစ်ကိုယ်လုံး တုန်ယင်သွားသည်။

သန့်စင်သောမြို့တစ်ခုလုံး၏ကာကွယ်မှုကို အကြီးအကဲကိုယ်တိုင် လုပ်ထားခြင်းဖြစ်ပြီး ပေထင်းဟွမ် ဝင်လာရန်အခွင့်အရေးရှိမည်မဟုတ်ပေ။ သူသည် ခေါင်းကို အားပါပါယမ်းလိုက်သည် “ရှန့်ကျွင်းက ထက်မြက်ပါတယ်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ လက်အောက်ငယ်သားက လွန်ခဲ့တဲ့ လဝက်က တည်းက တစ်မြို့လုံးကို အမိန့်ပေးပြီးပါပြီ၊ ထွက်သွားတဲ့သူကိုပဲခွင့်ပြုမယ် ဘယ်သူ့ကိုမှဝင်ခွင့်မပြုပါဘူး၊ နတ်ဘုရားရဲ့ အမိန့်ကို ဂိုဏ်းထောက်ဖန်းချီလို လူမျိုးကလွဲပြီး ဘယ်သူမှ လွန်ဆန်ရဲမှာမဟုတ်ပါဘူး”

ဖန်းချီသည် ရှန့်ကျွင်းအား တရိုအသေဦးညွှတ်ပြီးနောက် အကြီးအကဲကို ပြောလေသည် “အကြီးအကဲ ဒီနေ့ညပြီးရင် ဒီလက်အောက်ငယ်သားက တူ ဖြစ်တဲ့သူကို အကြီးအကဲဆီ ကိုယ်တိုင်ခေါ်လာပေးပါ့မယ်၊ အဲအချိန်ကျရင် ကျုပ်တူက ဟွမ်ချန်းနဲ့ ဆက်စပ်နေမလားဆိုတာ ကူကြည့်ပေးပါဦး”

All Chapters