← Chapters

ပေထင်းဟွမ်က ဒီရောက်နေပြီ

Vol. 46 Ch. 913

ပေထင်းဟွမ်က ဒီရောက်နေပြီ

Vol. 46 Ch. 913

ဖန်းချီနှင့် အကြီးအကဲကြီးတို့ စကားများတော့မည်ကိုကြည့်ပြီး ရှန့်ကျွင်း သည် သူတို့နှစ်ယောက်ကြားမှရန်ပွဲကို အေးစက်သောအသံနေအသံထားနှင့် တားလိုက်သည် “ဟုတ်ပြီ ဒီနေ့ညက စီရင်ချက်ဗိမာန်အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ မင်းတို့က ကောင်းကောင်းသိတာပဲ၊ ပင်မတိုက်ကြီးမှာ တိုးတက်ဖို့လုပ်ရမှာကို ဒီမှာစကားများနေဖို့ စိတ်ရှိသေးတာလား၊ ငါမှန်းတာ မမှားဘူးဆိုရင် ပေထင်းဟွမ်က အခုလောက်ဆို မြို့အပြင်မှာရောက်နေ လောက်ပြီ၊ မြို့တံခါးပေါက်က အစောင့်အဖွဲ့ကို အမြန်သတင်းလွှင့်လိုက်၊ ပေထင်းဟွမ်ကို လုံးဝဝင်ခွင့်မပြုနဲ့”

“ဟုတ်ကဲ့ပါ”

“ပြီးတော့ ပေထင်းဟွမ် ဒီကိုတစ်ယောက်တည်းလာရမှာလို့ ငါ ပြောပြီး ပြီ၊ တကယ်လို့ ငါ့စကားကိုနားမထောင်ဘဲ တစ်ယောက်ယောက်အကူအညီပါ ရင် လှောင်အိမ်ထဲက ကြောင်လေး အသက်ရှင်မှာမဟုတ်ဘူး” ရှန့်ကျွင်းသည် အံကိုတင်းတင်းကြိတ်ပြီး လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ပုလ္လင်ကို ပေထင်းဟွမ်အမှတ်နှင့် ထုလိုက်သည် “ပေထင်းဟွမ် အသတ်မခံရရင်တောင် သူ့ရဲ့ ဇနီးလောင်းကြောင့် အသည်းကွဲတာကို ငါမြင်ရမှဖြစ်မယ်”

ရှန့်ကျွင်းဆီမှ အမိန့်လက်ခံရရှိပြီးနောက် အကြီးအကဲကြီးသည် လျင်မြန် စွာပင် စီစဉ်မှုများလုပ်တော့သည်။

စီရင်ချက်ဗိမာန်တစ်ခုလုံးသည် တားမြစ်ထားသည့်ရန်သူတစ်ယောက် နှင့် ရင်ဆိုင်ရတော့မည့်အတိုင်းပင်။ ရှန့်ကျွင်းသည် ပုလ္လင်ပေါ်တွင်ထိုင်နေပြီး အောက်မှ အကြီးအကဲများ၊ ဘုန်းတော်ကြီးများ၊ ဂိုဏ်းထောက်များသည် ထွက် မသွားကြပေ။ သမိုင်းတစ်လျှောက်တွင် စီရင်ချက်ဗိမာန်ကို ယခုလိုမျိုး သတိရှိ အောင်လုပ်နိုင်သည့် အင်အားစုမရှိခဲ့ဖူးသလိုပင်။ ဤအချိန်တွင် စီရင်ချက် ဗိမာန်မှ ဘုန်းတော်ကြီးများအားလုံးနီးပါးသည် ထိုလူရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

“သတင်းပို့ပါတယ်”

ခန်းမအပြင်ဘက်တွင် ဗိမာန်စစ်သည်၏အသံပေါ်ပေါက်လာပြီး နတ်ဘုရား၏ ခွင့်ပြုချက်နှင့်အတူ စစ်သည်သည် လျင်မြန်စွာပင် ခန်းမဆီသို့ ရောက်လာသည် “ရှန့်ကျွင်းက ထက်မြက်ပါတယ်၊ စစ်သည်တွေက ပေထင်းဟွမ်ရဲ့ ခြေရာလက်ရာကိုရှာတွေ့ပါပြီ၊ အခု သူက ချင်းယွဲ့တောကြီးထဲ မှာရှိပါတယ်၊ မြို့ကိုချောင်းမြောင်းတိုက်ခိုက်ဖို့ အခွင့်အရေးစောင့်ချင်ပါတယ်”

“ဟား ဟား ဟား အရမ်းကောင်းတယ်” ရှန့်ကျွင်းသည် နေရာမှထရပ်ကာ အေးစက်နေသောမျက်လုံးထဲတွင် သွေးဆာမှုများရှိနေသည် “ပေထင်းဟွမ်က ငါ ချထားတဲ့စည်းကနေ ကောင်းကင်နဲ့မြေကြီးကို ဖြတ်ပြီး ဘယ်လို ခိုးဝင်လာ မလဲဆိုတာ ကြည့်ချင်သေးတယ်”

ညရောက်လာပြီဖြစ်သည်။ ချင်းယွဲ့လေဟနယ်မှ လေသည် မြို့တံတိုင်း ကို ဖြတ်တိုက်ခတ်လာသည်။ ညလေသည် အပူကိုသယ်ဆောင်လာပြီး မြို့၏ အေးစက်မှုကို အဖော်ပြုပေးသည်။ သို့သော် ယနေ့ညတွင် မည်သူမှ အိပ်မရ တော့မည်မှာ ထင်ရှားလွန်းသည်။

ရှန့်ကျွင်းသည် ဘုန်းတော်ကြီးတချို့ကို ခေါ်ကာ တံတိုင်းပေါ်တွင် ရပ်နေ သည်။ ထိုအချိန်တွင် လူတစ်စုသည် ချင်းယွဲ့တောကြီးထဲမှ ပြေးထွက်လာသည် ကို သူတို့ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ရှေ့တန်းမှလူသည် ပေထင်းဟွမ် မဟုတ်လျှင် မည်သူဖြစ်မည်နည်း။ ငွေရောင်မျက်နှာဖုံး၊ အရည်အသွေးမြင့်ပုံစံ ပန်းထိုးထားသော အနက်ရောင်ဝတ်ရုံနှင့် လေထဲတွင် ဆံပင်လွင့်နေသည်မှာ သူ ပြေးလာသည့်တစ်လျှောက်တွင် မျက်နှာမှ ငွေရောင်မျက်နှာဖုံးသည် လရောင်အောက်၌ တောက်ပနေသည်။

“ပေထင်းဟွမ် ဘယ်လိုလုပ် ဒီကိုလာရဲတာလဲ” ရှန့်ကျွင်းသည် မြို့တံတိုင်းပေါ်တွင်ရပ်ကာ ပေထင်းဟွမ်အား အေးစက်သောမျက်လုံးများနှင့် ကြည့်ပြီး သူ့ကို ဖိအားတစ်ခုနှင့် ဖျစ်ညှစ်ကြည့်သည်။ သို့သော် အင်အားတစ်ခုမှ ခုခံထားသည်။ အလွန်ပြင်းထန်သည့် ပထမအဆင့်ရတနာတစ်ခု၊ ဝိညာဉ် အဆင့် သို့ရောက်ခါစလူပင်။ သူ၏ခွန်အားမသုံးဘဲနှင့် သတ်နိုင်မည်မဟုတ်ပေ။

ပြေးသည့်ခြေလှမ်းများသည် ရုတ်တရက်ရပ်လိုက်သည်။ ပေထင်းဟွမ် သည် မြို့တံတိုင်းအောက်တွင် ရပ်လိုက်သည်။ သူမ၏ အနည်းငယ်ပိန်သွယ် သော ပုံရိပ်သည် မြို့တံတိုင်းနှင့် တစ်တန်းတည်းဖြစ်သွားသည်အထိ လေထဲသို့ တဖြည်းဖြည်းမြောက်တက်သွားသည် “ဘာလို့မလာရဲရမှာလဲ၊ မဖိတ်ဘဲလာလို့ မရဘူးလား၊ ခင်ဗျား ကျုပ်ကိုဖိတ်တာကို နောင်တမရဖို့ပဲမျှော်လင့်ပါတယ်”

ထိုအချိန်တွင် ရှန့်ကျွင်းသည် ဒေါသထွက်၍ရယ်လုမတတ်ပင်။ သူသည် ခေါင်းညိတ်လိုက်သည်။ အေးစက်သောမျက်လုံးထဲတွင် မုန်းတီးသောအရိပ်များ ထွက်လာသည်။ ဤကောင်လေး သူ၏စီရင်ချက်ဗိမာန်မှလူများကို မည်သို့ သတ်ဖြတ်ခဲ့ပုံများကို သူ ဘယ်သောအခါမှမေ့မည်မဟုတ်ပေ။

သူ မလွှတ်ပေးနိုင်ဆုံးအရာမှာ သူ နတ်ဘုရားအဆင့်သို့တက်ပြီးနောက် တွင် ဤကောင်လေးကို သတ်နိုင်လိမ့်မည်ဟုတွေးခဲ့သည်။ သို့သော် ဇာမဏီမြို့ ၏ နတ်ဘုရားအဆင့်လေးယောက်နှင့် ညအရှင်သခင်တို့မှ အင်အားနှင့် ခုခံထား လိမ့်မည်ဟုမည်သူသိမည်နည်း။

လက်ခံသင့်လား မခံသင့်ဘူးလား။

All Chapters