Chapters

ပေထင်းဟွမ် အစစ်နဲ့အတု

Vol. 46 Ch. 914

ပေထင်းဟွမ် အစစ်နဲ့အတု

Vol. 46 Ch. 914

“နောင်တရတာက မင်းပဲဖြစ်လိမ့်မယ်”

ရှန့်ကျွင်းသည် အံကြိတ်ကာ ထိုစကားများကို တစ်လုံးချင်းစီပြောလေ သည်။ အမုန်းတရားသည် သူ၏အကြောကို တိုက်စားကာ စကားကိုပင် ဖြောင့် အောင်မပြောနိုင်လောက်အောင် ဖြစ်စေသည်။

ထိုအချိန်တွင် မုချင်းလင်အား အကျဉ်းချထားသော အသက်လှောင်အိမ် သည် ရုတ်တရက်ကျိုးပျက်သွားသည်ကို အသိစိတ်ပင်လယ်ထဲမှသိလိုက်၏။ ရှန့်ကျွင်းသည် ရုတ်တရက်ခေါင်းမော့ပြီး မျက်စိရှေ့မှ ပေထင်းဟွမ်ကိုကြည့် လိုက်သည်။ ထိုအခါမှ သူ့မျက်နှာမှ မျက်နှာဖုံးမှာပျောက်သွားပြီး သူ မမှတ်မိ သည့် မျက်နှာတစ်ခုပေါ်လာသည်ကို တွေ့လိုက်ရသည်။

ညတွင် အလွန်တိတ်ဆိတ်လှပြီး သန့်စင်သောမြို့တစ်ခုလုံးကို ဖိနှိပ်ထား သည့်အရိပ်အယောင်မျိုးရှိနေသည်။ ချင်းယွဲ့လေဟာနယ်မှ တိုက်ခတ်လာ သော လေမှလွဲပြီး စီရင်ချက်ဗိမာန်တစ်ခုလုံးသည် မည်သည့်အသံမှမကြားရ ပေ။ ခန်းမကိုစောင့်ကြပ်နေသည့် ဗိမာန်စစ်သည်များပင် အသက်ကိုအောင့် ထားရန်ကြိုးစားကြလေသည်။ ဤလေထုတွင် လူအများသည် အသက်ရှူသံ ပင်မထွက်ရဲကြပေ။

ညလေကပင် သန့်စင်သောမြို့ကို လွှမ်းခြုံနေသော ထုံထိုင်းမှုကို အဝေး သို့ နှင်မထုတ်နိုင်ပေ။

လေထုသည် အလွန်ထူးဆန်းလွန်းသည်။ ပင်မခန်းမ၏ ကာကွယ်ရေးကို တာဝန်ယူထားသည့် စီရင်ချက်စစ်သည်ခေါင်းဆောင်သည် ထိုအချိန်တွင် လေးလံသောခြေလှမ်းများဖြင့် လျှောက်လာပြီး ပင်မခန်းမတံခါးကိုပိတ်ကာ ခန်းမအပြင်ဘက်မှ ကာကွယ်ရေးကို လူလဲရန် ကျယ်လောင်သောအသံဖြင့် အမိန့်ပေးလေသည် “အားတင်းထားကြ ဒီနေ့ညပြီးရင် ငါတို့တွေ အဆင်ပြေပြီ ရှန့်ကျွင်းပြောထားတယ် ဒီတာဝန်သာကောင်းကောင်းပြီးသွားရင် ဒီနေ့ည ကြိုးစားတဲ့သူတွေကို ဆုပေးမယ်”

“ကောင်းတယ် ဘာဆုလဲ ခေါင်းဆောင် ပြောပါဦး”

စိတ်ဓာတ်များတက်ကြွလာကြသည်။ မနက်ဖြန် ဆုရသည်ဖြစ်စေ မရ သည်ဖြစ်စေ ယနေ့ည ဘေးကင်းလျှင်ဖြစ်သည်။ ဤကဲ့သို့ လေးကန်မှုသည် လည်း မတော်တဆမှုများကို ဖြစ်စေသည်။

“ဟား”

အနောက်မှ ဆိုးယုတ်ပြီး ထူးဆန်းသည့်ရယ်သံအပြည့်ပါသော ခစ်ခနဲ ရယ်သွေးသံထွက်လာသည်မှာ လူတစ်ဦး၏ဆံပင်ကို အဆုံးထိထောင်သွားစေ သည်။ ဗိမာန်စစ်သည်သည် ရုတ်တရက်ခေါင်းလှည့်ကြည့်ရာ သူ့မျက်လုံးရှေ့ တွင် ငွေရောင်အလင်းတန်းတစ်ခုလက်သွားပြီး ခန္ဓာကိုယ်မှာအလိုလိုပျော့သွား ကာ လည်ပင်းမှ သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်ရင်း မြေပေါ်သို့လဲကျ သွားလေသည်။

ငွေရောင်အလင်းသည် သေမင်းကောက်ရိတ်ဓားကဲ့သို့ လေကိုဖြတ်သွား ပြီး တံခါးကိုစောင့်ကြပ်သည့် စစ်သည်များသည် လှုပ်ရှားရန်အချိန်မရှိလိုက်ပေ။ သူတို့ လဲမကျခင်တွင် လည်ပင်းကိုအေးစက်သောခံစားချက်တစ်ခုဖြတ်သွား သည်ကိုသာ ခံစားလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် လဲကျသွားလေ၏။

“ဟင်း လူသတ်တာက အမြဲတမ်း ငါ့ဆရာရဲ့ ထူးခြားတဲ့အရည်အချင်းပဲ၊ အပြစ်တင်ချင်ရင် မင်းတို့နတ်ဘုရားတွေ ငါ့ရဲ့ ပြောင်းပြန်စကေးကိုသာ အပြစ် တင်လို့ရမယ်”

ပုံရိပ်တစ်ခုသည် ပင်မခန်းမ၏တံခါးပေါက်တွင် ပေါ်လာပြီး မျှော်စင်ပေါ် တွင် မြင်ခဲ့သည့်ပုံရိပ်နှင့် တစ်ထေရာတည်းဖြစ်နေသည်။ ကွာခြားမှုမှာ ၎င်း သည် ဖန်းချီ စီရင်ချက်ခန်းမသို့ ခေါ်လာသော ပေထင်းဟွမ်အစစ်ဖြစ်နေသည်။ ထိုအချိန်တွင် သူမသည် လက်ထဲတွင် အေးစက်သောအလင်းနှင့် ဓားတိုကို ကိုင်ထားသည်။ သွေးဆာနေသော မှော်အရည်အချင်း၊ အကျဉ်းထောင် တိုက်ခိုက်မှု သတ်ဖြတ်မှုတို့သည် ပေထင်းဟွမ်ကို ကူညီပေးခြင်းဖြစ်သည်။

ပေထင်းဟွမ်၏လက်ထဲမှ အေးစက်သောအလင်း လက်သွားချိန်တွင် လူ ၁၀ ယောက်အဖွဲ့သည် မြေပေါ်သို့လဲကျသွားသည်မှာ ချွင်းချက်မရှိပေ။ ထိုအလင်းသည် ပို၍ယစ်မူးစေပြီး အေးစက်သောအလင်းနှင့်အတူ ထွက်ပေါ် လာခဲ့သည်။

ပင်မခန်းမထဲမှ အသက်လှောင်အိမ်ထဲတွင် အပြင်ဘက်သို့စောင့်ကြည့် နေသည့် သွေးဆာသည့်မျက်လုံးနှင့်နတ်မိစ္ဆာမျောက်ဝံသည် တစ်စုံတစ် ယောက်လာသည်ကိုမြင်သည်နှင့် မုချင်းလင်ကို အလျင်အမြန်ပင်နှိုးလေသည် “သခင် သူမ ရောက်လာပြီ”

သူမ ရောက်လာပြီ။ သူမ ရောက်လာပြီ။

မုချင်းလင်သည် ချက်ချင်းပင် နိုးလာကာ လှောင်အိမ်ထဲမှထပြီး လကို နင်းလာသော ပင်မခန်းမဝင်ပေါက်ရှိပေထင်းဟွမ်ကိုကြည့်လေသည်။ သူမ သည် ပြောင်မြောက်သော အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ငွေရောင် ခြည်ဖင့်ထိုးထားသော ပန်းများသည် ပွင့်လန်းနေပြီး သူမ၏ဆံနွယ်ရှည်များ လွင့်နေသည်။ ငွေရောင်မျက်နှာဖုံးအောက်တွင် မျက်လုံးနက်နက်တစ်စုံသည် ဆောင်းတွင်းညရှိ ကြယ်များကဲ့သို့ တောက်ပပြီး ဆိုးသွမ်းပုံပင်။ အညှာတာ ကင်းသည့်အကျင့်စရိုက်နှင့် လွှမ်းမိုးနိုင်သော ဘုရင်တစ်ပါးအလား တစ်လှမ်း ချင်းလျှောက်လာသည်။